Monday, December 11, 2017

ကျန်းမာပျော်ရွှင်အောင် သီတင်းတပတ်ကို ဘယ်နှစ်ကြိမ် လိင်ဆက်ဆံမလဲ

ကျန်းမာပျော်ရွှင်အောင် သီတင်းတပတ်ကို ဘယ်နှစ်ကြိမ် လိင်ဆက်ဆံမလဲ

သင့်အနေနဲ့ ယုံချင်မှ ယုံမယ်၊ လက်ခံချင်မှ လက်ခံလိမ့်မယ်။ ဒါပေမယ့် ဟန်ချက်ညီမှုတွေနဲ့ တည်ရှိနေတဲ့ သဘာဝတရားကြီးမှာ သက်ရှိ လူသားတဦးအနေနဲ့ သီတင်းတပတ်လုံး လိင်ဆက်ဆံမှု လုံးဝ မရှိလို့လည်း မကောင်းသလို လိင်ဆက်ဆံမှု အကြိမ်ရေများနေလို့လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်လိမ့်မယ်ဗျ။ ဒီတော့ ဘယ်လို ဟန်ချက်ညီညီ လိင်ဆက်ဆံမှုကို တရက်၊ ဒါမှမဟုတ် သီတင်းတပတ်၊ ဒါမှမဟုတ် တလမှာ ဘယ်နှစ်ကြိမ် ထိတွေ့ကြမလဲဗျာ။ အဲဒီအတွက် အမေရိကန်နိုင်ငံ၊ တိုရန်တိုတက္ကသိုလ်ကနေ လေ့လာထားချက်ကို နည်းနည်းလောက် ဖောက်သည်ချပြချင်ပါတယ်။

Wednesday, December 6, 2017

သားဆက်ခြားထိုးဆေး (Contraceptive Injection)

www.myanmarhealthcentre.com
သားဆက်ခြားထိုးဆေး (Contraceptive Injection)

သားဆက်ခြားထိုးဆေး  (Contraceptive Injection) သည် အလွန်ထိရောက်၍ အန္တရာယ်ကင်းသော သားဆက်ခြားသည့် နည်းလမ်းဖြစ်သည်။ သားဆက်ခြားဆေး ၁ လုံး၏ အာနိသင်သည် အနည်းဆုံး ၁၃ ပတ်ကြာမြင့်သည်။ သို့သော် ဆေးအမျိုးအစား ပေါ်မူတည်သည်။

သားဆက်ခြားထိုးဆေး (Contraceptive Injection) ဆိုတာဘာလဲ?

သားဆက်ခြားဆေးတွင် ပရိုဂျက်စထိုဂျင် (Progestogen) ဟော်မုန်းပါဝင်သည်။ ထိုဆေးကို ၁၉၆၀ ခုနှစ်ကျော် ကာလ ကတည်းက တကမ္ဘာလုံးတွင် စတင်အသုံးပြုခဲ့ကြသည်။ ဒီပို-ပရိုဗာ (Depo-Provera®) သည် အသုံးအများဆုံးသော ဆေးအမျိုးအစားတစ်ခုဖြစ်ပြီး ၁၂ ပတ်ကြာလျှင် ၁ ကြိမ် ထိုးရန် လိုအပ်သည်။ ဆရနာ ပရက်စ် (Sayana Press®) သည် လည်း ဒီပို-ပရိုဗာ (Depo-Provera®) နှင့် ဆင်တူသည့် ဆေးဖြစ်သည်။ နိုရစ်တီရတ် (Noristerat®) အမည်ဖြင့်လည်း ရရှိ နိုင်ပြီး ထိုဆေးသည် ၈ ပတ်ကြာလျှင် ၁ ကြိမ် ဆေးထိုးရန် လိုအပ်သည်။

 မွေးကျွတ်နာပေါက်တယ်ဆိုတာ

** မွေးကျွတ်နာပေါက်တယ်ဆိုတာ **
----------------------

ဒီဆောင်းပါးမှာပါဝင်တဲ့ခေါင်းစဉ်တွေကတော့

1. မွေးကျွတ်နာဆိုတာဘာလဲ

2. မွေးကျွတ်နာဖြစ်စေသော အကြောင်းအရင်းများ

3. မွေးကျွတ်နာ၏ ရောဂါလက္ခဏာများ

4. ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ

5. စစ်ဆေးခြင်း

6. အိမ်တွင်းကုထုံးများ

7. ဆေးဝါးကုထုံးများ

8. မွေးကျွတ်နာမဖြစ်အောင် ကာကွယ်ခြင်း တို့ဖြစ်ပါတယ်။

Tuesday, December 5, 2017

ကလေးနှင်းခူ (Baby Eczema)

ကလေးနှင်းခူ (Baby Eczema)

1. ကလေးငယ်တွေမှာဘာကြောင့်  နှင်းခူရောဂါဖြစ်ရသလဲ။

        ကလေးရဲ့ခန္ဓာကိုယ်မှ  ceramides  နည်းနည်းသာထုတ်နိုင်ခြင်းကြောင့်ဖြစ်ရတာပါ။  Ceramides ဆိုတာ အရေပြားကို အကာအကွယ်ပေးတဲ့အဆီဆဲလ်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ceramides အလုံအလောက်မရှိပါက အရေပြားမှာရေဓာတ်ဆုံးရှုံးကာ အသားခြောက်ခြင်းကိုဖြစ်စေပါတယ်။ မိဘမှာ နှင်းခူဖြစ်ဖူးပါက ကလေးမှာလည်းဖြစ်နိုင်ခြေများပါတယ်။  အရေပြားမှာအပြစ်အနာအဆာရှိသွားပြီး ပိုးဝင်သွားခြင်းကလည်း နှင်းခူဖြစ်စေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

*********************************************************

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသားနဲ့ အတူတူနေတာနဲ့ ချက်ခြင်းရတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အတူနေပြီး ရက်အနည်းငယ်အတွင်းမှာ ကိုယ်ဝန်မရအောင် တားလို့ ရနိုင်တာပါ။ အားလုံးက အချိန်မှီ၊ အချိန်ကိုက် ဖြစ်နေဖို့ အရေးကြီးပါတယ်။
.

အတူနေပြီးနောက် အမျိုးသားရဲ့ သုတ်ပိုးက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ  ခြောက် ရက်လောက်အထိ အသက်ရှင်နိုင်ပါတယ်။ အကယ်၍ ဒီ ခြောက်ရက်အတွင်းမှာ သားဥကြွေခဲ့ရင် သုတ်ပိုးနဲ့ သားဥပေါင်းပြီး သန္ဓေသားလောင်းလေးအဖြစ် သားအိမ်နံရံမှာ တွယ်ကာ တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ ဒါကို ကိုယ်ဝန်ရှိတယ်လို့ခေါ်တာပါ။
.

Monday, December 4, 2017

သုတ်ရည်ပြင်ပထုတ်လွှတ်နည်း

သုတ်ရည်ပြင်ပထုတ်လွှတ်နည်း

သုက်ကောင်များမိန်းမကိုယ်ထဲသို့ဝင်ရောက်ခြင်းမှရှောင်ကြဉ်ရန်သုတ်ရည်မထုတ်ခင် လိင်တံကိုရုပ်သိမ်းထားရပါမယ်။
စနစ်ကျကျအသုံးပြုပါက ၇၃% သက်ရောက်မှုရှိပြီးပြည့်စုံစွာအသုံးပြုပါက ၉၆%  အကျိုးသက်ရောက်မှုရှိပါတယ်။
အချိန်တိုင်းပြီးပြည့်စုံစွာလုပ်ဆောင်ရန်ခက်ခဲပါတယ်။
လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်နိုင်ပါ။
ဟော်မုန်းမပါ၊ပစ္စည်းကိရိယာမပါဝင်ပါ။

သုက်ရည်ပြင်ပထုတ်လွှတ်နည်းဆိုတာဘာလဲ

သုက်ရည်ပြင်ပထုတ်လွှတ်နည်းကိုဒီကစုံတွဲတွေအရမ်းသုံးကြပါတယ်။လိင်ဆက်ဆံနေစဉ်အမျိုးသားသည်အမျိုးသမီးမိန်းမကိုယ်နဲ့ဝေးရာပြင်ပမှာသုက်ရည်စွန့်ထုတ်ဖို့ကြိုးစားလိမ့်မယ်။သုက်ကောင်က သားဥနဲ့မတွေ့တော့သန္ဓေအောင်ခြင်းကတားဆီးပြီးသားဖြစ်သွားပါတယ်။

ဒီနည်းကိုစနစ်ကျကျအသုံးပြုပါကအရမ်းထိရောက်မှုမရှိပါ။တစ်နှစ်မှာစုံတွဲ၁ဝဝမှာ၂၇ယောက်လောက်ကကိုယ်ဝန်ရနိုင်ပါတယ်။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကလုပ်ဖို့အလွန်ခက်ခဲပြီးအချိန်တိုင်းမှန်မှန် ကန်ကန်လုပ်ရင်အမျိုးသမီး၁ဝဝမှာ၎ယောက်က တစ်နှစ်မှာကိုယ်ဝန်ရနိုင်ပါတယ်။

ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်များ မဖြစ်မနေစားသုံးပေးသင့်သည့် အစားအသောက် (၁၀) မျိုး

ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်များ မဖြစ်မနေစားသုံးပေးသင့်သည့် အစားအသောက် (၁၀) မျိုး

အာဟာရမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အစားအစာများကို ဖွံ့ဖြိုးဆဲကလေးငယ်များအား ဂရုတစိုက်ကျွေးဖို့ရန် အင်မတန်ကို အရေးကြီးပါသည်။ ကလေးများလိုအပ်သည့် စွမ်းအင်ပမာဏနှင့် အာဟာများမှာ လူကြီးများနှင့် အထူးပင်ကွာခြားမှုရှိလှပါသည်။ ကြီးထွားဖွံ့ဖြိုးဆဲအဆင့်တွင် ကလေးများ၏ခန္ဓာကိုယ်မှာ တိကျမျှတသည့်ဗီတာမင်နှင့် သတ္တုဓာတ်များအထူးလိုအပ်သဖြင့် မိမိရင်သွေးငယ်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ဂရုတစိုက်ရွေးချယ်ကျွေးမွေးဖို့လိုအပ်ပါသည်။

ထို့ကြောင့် မည်သည့်အစားအစာများက ကြီးထွားဖွံ့ဖြိုးဆဲ ကလေးငယ်များ၏ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရန်အတွက် လိုအပ်သည့် အာဟာရဓာတ်များကို ပေးစွမ်းနိုင်မလဲဆိုတာ သိရှိစေရန် ဝေမျှပေးလိုက်ရပါတယ်။

HIV ပိုးကူးစက်ခံနေရမှန်းဘယ်လိုသိနိုင်မလဲ

HIV ပိုးကူးစက်ခံနေရမှန်းဘယ်လိုသိနိုင်မလဲ

HIV ပိုးကူးစက်ခံရပြီးအစောပိုင်းကာလများတွင် အများစုသည် မည်သည့် ရောဂါလက္ခဏာမှ မခံစားရပဲ လူနည်းစုတွင်သာ မပြင်းထန်လှသော လက္ခဏာများတွေ့ရှိရတတ်ပါသည်။ HIV ပိုးကူးစက်ခံရခြင်းရှိမရှိ အသေချာဆုံးသော နည်းလမ်းမှာ ရောဂါပိုးရှိမရှိ သွေးစစ်ဆေးကြည့်ခြင်းပင် ဖြစ်ပါသည်။

HIV ပိုးရှိသူအများစုသည်မိမိတို့၏ အလုပ်နှင့် လူမှုပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်း ကျန်းမာစွာနေထိုင်နိုင်ကြသည်။ သိသာထင်ရှားသော ရောဂါလက္ခဏာများလည်း ပြသချင်းမရှိပေ။ ထို့ကြောင့် HIV ပိုးရှိသူအများစုသည် မိမိ၌ ရောဂါပိုးရှိနေကြောင်း သတိပြုမိခြင်းမရှိပေ။

Friday, December 1, 2017

ကိုယ်ဝန်ဆောင်နေတုန်းမှာ သတိပြုရမယ့် ရောဂါလက္ခဏာများ

“ကိုယ်ဝန်ဆောင်နေတုန်းမှာ သတိပြုရမယ့် ရောဂါလက္ခဏာများ”

သင်ကိုယ်ဝန်ဆောင်နေတုန်းမှာ သင်ရော သင့်မိသားစုရောဟာ အခုပြောပြမယ့် ရောဂါလက္ခဏာတွေကို သတိပြုသင့်ပါတယ်။

ဒီရောဂါလက္ခာတွေထဲက တစ်ခုခုဖြစ်ခဲ့ရင် ဆေးရုံ ဆေးခန်းတစ်ခုခုကို နေ့ညမဆိုင်း ချက်ချင်း သွားပြသင့်ပါတယ်။
၁။ မိန်းမကိုယ်ကနေ သွေးဆင်းရင်၊
၂။ ခေါင်း အရမ်းကိုက်ပြီး အမြင်မှုန်ဝါးရင်
၃။ တက်ရင်၊ သတိလစ်ရင်၊ အန်ရင်
၎။ ရင်ညွန့် (ဒါမှမဟုတ်) ညာဘက်နံရိုးအောက်မှာ အောင့်ရင်
၅။ ၀မ်းဗိုက် အလွန်အမင်း ဆက်တိုက် နာရင်
၆။ ဖျားပြီး အိပ်ရာကနေ မထနိုင်လောက်အောင် အားနည်းရင်
၇။ အသက်ရှူမြန်ရင်၊ အသက်ရှူခက်ရင်

အောက်မှာရေးထားတဲ့ ရောဂါလက္ခာတွေထဲက တစ်ခုခုဖြစ်ခဲ့ရင်တော့ ဆေးရုံ ဆေးခန်းတစ်ခုခုကို အမြန်ဆုံး သွားပြသင့်ပါတယ်။
၁။ မျက်နှာ၊ လက်နဲ့ ခြေထောက်တွေ ဖောရောင်ရင်
၂။ ဆီးသွားနည်းရင်
၃။ ဆက်တိုက် ပြင်းပြင်းထန်ထန် အန်ရင်
၎။ ဖျားရင်၊ နေမကောင်းဖြစ်ရင်
၅။ ဗိုက်နာရင်
၆။ ကိုယ်ဝန်ဆောင်နေတုန်းမှာ ကလေးလှုပ်ရှားမှု လျော့နည်းလာရင် ၊ မလှုပ်တော့ရင်။

အပေါ်ကပြောခဲ့တဲ့ လက္ခဏာတွေအကြောင်းကို မိသားစုနဲ့ ဆွေးနွေးတိုင်ပင်ထားပါ။ တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်လာရင်လဲ ဆေးရုံ/ဆေးခန်း လိုက်ပို့ပေးဖို့ကို အကူအညီတောင်းထားလိုက်ပါ။

သားဆက်ခြားသောက်ဆေး

သန္ဓေတားစားဆေးကို ဘယ်နေ့မှာ စသောက်ရမလဲ

 - ရာသီပေါ်တဲ့နေ့မှာစသောက်နိုင်ရင်စိတ်အချရဆုံးဖြစ်ပါတယ်။
 - လွန်ခဲ့တဲ့ (၅) ရက်အတွင်းမှာမှ ရာသီစလာထားတယ်ဆိုရင်လည်း စသောက်လို့ ရပါတယ်။
 - နို့ထွက်နည်းစေတဲ့အတွက် နို့တိုက်မိခင်တွေ မွေးဖွားပြီး (၆) လ နေမှ စသောက်ပါ။ (၆) လ အတွင်းမှာ ကလေးကိုနို့ဖြတ်ရင်တော့ နို့ဖြတ်ပြီးပြီးချင်း သောက်နိုင်ပါတယ်။
 - နို့မတိုက်တဲ့ မိခင်တွေကတော့ ကလေးမွေးပြီး (၃) ပတ် ပြည့်ရင် စသောက်လို့ရပါတယ်။
 - ကိုယ်ဝန်ပျက်ကျပြီး (၇) ရက်အတွင်း စသောက်နိုင်ပါတယ်။
 - တခြား သားဆက်ခြားနည်း တစ်ခုခုက ပြောင်းလျှင် ပြောင်းချင်း စသောက်နိုင်ပါတယ်။
 - စသောက်ရမယ့်ရက်ကျော်နေပေမယ့် ကိုယ်ဝန်မရှိတာ သေချာရင်တော့ ဘယ်ရက်မှာဖြစ်ဖြစ် ဆေးကတ်စသောက်လို့ရပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ ဆေးစသောက်ပြီး (၇) ရက်အတွင်း လိင်ဆက်ဆံတာကို ရှောင်ပါ။ မရှောင်နိုင်ရင် ကွန်ဒုံးသုံးစွဲပါ။

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

ရေးသားသူ Dr. Phio Thiha

သားဆက်ခြားတဲ့ကိစ္စဟာ အိမ်ထောင်သည်တိုင်းအတွက် အင်မတန်မှကို အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေးစတဲ့ အကျိုးကျေးဇူးတွေအများကြီးပဲ ရှိတာမို့ ဒါကို စုံတွဲတော်တော်များများက အလေးထား လုပ်ဆောင်လာကြပါတယ်။ ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးသွားရင် စုံတွဲတစ်တွဲအနေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဘ၀တစ်ခုကို ဖြတ်သန်းမယ်၊ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုရောက်အောင် သွားကြမယ် ဆိုတဲ့အခါ အဆင်သင့်မဖြစ်သေးဘဲ ကလေးမရသွားအောင် ကြိုတင်ပြင်ဆင်လာကြတယ်။

အဲဒီအခါ အမျိုးသမီးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်မနဲ့ အသင့်တော်ဆုံး သားဆက်ခြားနည်းက ဘာဖြစ်မလဲ ဆိုတာပါပဲ။ တစ်ခါမှကလည်း မသုံးဖူး၊ အရွယ်တွေက ငယ်သေးတော့ ဒီဆေးတွေ သုံးလို့ ၀လာပြီး မလှတော့မှာကလည်း စိုးသေးတယ်၊ ဒီကြားထဲမှာ တခြားအမျိုးသမီးကြီးတွေရဲ့ စကားကလည်း တစ်စွန်းတစ်စ ကြားထားလေတော့ ပိုပြီး ဝေခွဲရခက်နေတတ်ပါတယ်။

တကယ်တော့ ဘယ်နည်းလမ်းနဲ့ သင့်တော်တယ်ဆိုတာ ဘယ်သူကမှ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရတာပါ။ ဒီလိုရွေးချယ်ဆုံးဖြတ်နိုင်ဖို့ကိုသာ ကျွန်တော်တို့ ဆရာဝန်တွေက ကူညီပေးရတာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီလို မိသားစုစီမံကိန်းဆွဲတော့မယ်၊ သားဆက်ခြားဖို့အတွက် ပြင်ဆင်တော့မယ်ဆိုရင် စဉ်းစားသင့်တာတွေကို အဆင့်လိုက် ရေးသွားပါမယ်။

Wednesday, November 29, 2017

အာဟာရချို့တဲ့သောကလေးများတွင် တွေ့ရသော ကျန်းမာရေးပြဿနာများ

အာဟာရချို့တဲ့သောကလေးများတွင် တွေ့ရသော ကျန်းမာရေးပြဿနာများ

ကလေးအရွယ်ဆိုတာ လောကမှာ နေထိုင်ရန်လိုအပ်တဲ့ အသိပညာ၊ ဗဟုသုတ အပါအဝင် အရာအားလုံးကို လေ့လာသင်ယူနေချိန်ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ အားအင်တွေ အများကြီးလိုအပ်ပါတယ်။ အဲဒီအားတွေရဖို့ဆိုတာ အစားအသောက်ကို ပုံစံမှန်ကန်အာဟာရပြည့်ဝစွာ ကျွေးမွေးရမည်ဖြစ်တဲ့အပြင် မိမိကလေး အာဟာရချို့တဲ့မှုတွေရှိမရှိ၊ ဖွံ့ဖြိုးမှုနောက်ကျခြင်းရှိမရှိကို လေ့လာ စောင့်ကြည့် ဂရုစိုက်ပေးရပါမယ်။ ဒီလို လုပ်ဖို့ဆိုတာကလည်း အနည်းဆုံးမိခင် နှင့် ကလေးကို အနီးကပ်စောင့်ရှောက်နေသူတွေက အာဟာရချို့တဲ့သောအခါ ဖြစ်တတ်တဲ့ လက္ခဏာတွေ သိထားရန် လိုအပ်ပါတယ်။

၁။ စိတ်ဓာတ်ကျမယ်၊ စိတ်လှုပ်ရှားလွယ်မယ်။

Monday, November 27, 2017

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

အဆင်သင့်မဖြစ်သေးခင်မှာ ကိုယ်ဝန်မရရှိစေဖို့အတွက် သန္ဓေတားနည်းအမျိုးမျိုးကို အသုံးပြုပြီး သန္ဓေတားလို့ရပါတယ်။ သန္ဓေတားခြင်းက မိသားစုစီမံကိန်းချခြင်းနဲ့ မိသားစုတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေနေဖို့အတွက် အထူးအရေးကြီးပါတယ်။ သန္ဓေတားနည်းတွေမှာ ကွန်ဒုံး၊IUD၊သန္ဓေတားဆေးတွေ၊ ရက်တွက်နည်း၊ အမျိုးသား သားကြောဖြတ်ခြင်း နဲ့ အမျိုးသမီးသားကြောဖြတ်တဲ့ နည်းလမ်းတွေအပါအဝင် နည်းလမ်းအမျိုးမျိုးကိုသုံးပြီး သန္ဓေတားလို့ရပါတယ်။

ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိတဲ့ သန္ဓေတားနည်းပေါင်းများစွာရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ ပိုလွယ်ကူရိုးရှင်းရသလဲဆိုတာရဲ့ အဓိကအဖြေပါပဲ။

အမျိုးသမီးတိုင်းဟာနေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံချင်းမတူညီကြတာကြောင့် တစ်ဦးနဲ့တစ်ဦး သင့်တော်တဲ့သားဆက်ခြားနည်းချင်းလည်းကွဲပြားနိုင်ပါတယ်။ အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ သန္ဓေတားနည်းအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရပိုလွယ်ကူမှာပါ။ ဘယ်တစ်ခုက ကိုယ့်အတွက် အသင့်တော်ဆုံးလဲဆိုတာကို ဒီထက်ပိုပြီးသိနိုင်ဖို့အတွက်ကတော့ ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။

Saturday, November 25, 2017

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)

       ဆီးလမ်းကြောင်းဆိုတာ ခန္ဓာကိုယ်ကနေ မကောင်းတဲ့အညစ်အကြေးတွေနဲ့ရေတွေကို ဆီးထဲကစွန့်ပစ်ဖို့အတွက် ပါဝင်အလုပ်လုပ်ရတဲ့ ကိုယ်တွင်းအင်္ဂါပစ္စည်းတွေကို စုပေါင်းပြီးခေါ်တာပါ။ ဆီးလမ်းကြောင်းမှာ အောက်ပါ အင်္ဂါအစိတ်အပိုင်းများပါဝင်ပါတယ်။

(1) ဆီးသွားပြွန် - ဆီးအိမ်ကဆီးတွေကို ခန္ဓာကိုယ်အပြင်ဘက်ကိုစွန့်ထုတ်ဖို့အတွက် ကြားခံသယ်ပို့ပေးရတဲ့ ပြွန်ငယ်လေးပါ။

(2) ဆီးအိမ် - ဆီးမသွားခင်စပ်ကြားအချိန်မှာဆီးတွေကိုသိုမှီးထားတဲ့အိတ်ပါ။

(3) ဆီးပြွန် - ကျောက်ကပ်နဲ့ဆီးအိမ်ကိုချိတ်ပေးထားတဲ့ပြွန်ပါ။

(4) ကျောက်ကပ် - ပဲကြီးစေ့နဲ့ပုံစံတူတဲ့ ကျောက်ကပ်တွေဟာသွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်ပြောင်းလဲပေးပါတယ်။

        ဒီဆီးလမ်းကြောင်းရဲ့ တစ်နေရာရာမှာ ဘက်တီးရီးယားပိုး ကူးစက်ခံရတာကိုဆီး လမ်းကြောင်းပိုးဝင်ခြင်း (UTI) လို့ခေါ်ပါတယ်။



♦ ဘာကြောင့်ဆီးလမ်းကြောင်းပိုးဝင်ရသလဲ

သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း

www.myanmarhealthcentre.com
သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning)

သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning) သည် မှန်ကန်စွာ လိုက်နာမှုရှိပါက ကိုယ်ဝန် မရစေရန် တားဆီးရာတွင် ထိရောက်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဤစာစောင်တွင် သဘာဝနည်းလမ်းဖြင့် ကိုယ်ဝန်တားဆီးရာတွင် ပြုလုပ်ရမည့် အချက်များကို ရှင်းလင်းပြောကြားမည်မဟုတ်သော်လည်း ထိုနည်းလမ်းသည် ကိုယ်ဝန်တားဆီးခြင်းကို မည်ကဲ့သို့ လုပ်ဆောင်သနည်းဆိုသည့် အခြေခံအကြောင်းတရားများကို ရှင်းပြပေးလိမ့်မည်။

သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning) ဆိုတာဘာလဲ?

သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning) သည် မည်သည့် ဆေး (သို့) ပစ္စည်းများကိုမျှ အသုံးမပြုဘဲ ကိုယ်ဝန်တားဆီးသည့် နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းသည် မမျိုးဥကြွေသည့် အချိန်ကို မှီတည်၍ တွက်ချက်ခြင်းဖြစ်သည်။ မ မျိုးဥကြွေချိန်သည် ကိုယ်ဝန်ရနိုင်သည့် အချိန်ဖြစ်သည်။ ထိုအချိန်တွင် လိင်ဆက်ဆံခြင်း ကို ရှောင်ခြင်း (သို့) အခြားသော သားဆက်ခြားနည်းလမ်း (ဥပမာ - ကွန်ဒုံးအသုံးပြုခြင်း) ကို အသုံးပြုခြင်းဖြင့် ကိုယ်ဝန်ကို တားဆီးနိုင်သည်။ ထိုနည်းလမ်းသည် အလွန်ထိရောက်သော နည်းလမ်းဖြစ်သည်။ သို့သော် ထိုနည်းလမ်းကို အိမ်ထောင်ဖက် ၂ ဦးစလုံးမှ အတိအကျ အလွန်ဂရုတစိုက် လိုက်နာရန် လိုအပ်သည်။ ဤနည်းလမ်း တွင် ဓာတုပစ္စည်းများ အသုံးပြုခြင်းမရှိသဖြင့် ဘေးထွက်ဆိုးကျိုး မရှိပေ။



သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning) သည် မည်မျှ အကျိုးရှိသနည်း?

အကယ်၍ ဤနည်းလမ်းကို မှန်ကန်စွာ အသုံးပြုသော အမျိုးသမီး အယောက် ၁၀၀ တွင် ၁ - ၉  ယောက်သည် ကိုယ်ဝန်ရနိုင်သည်။ မည်သည့် သားဆက်ခြားခြင်းနည်းလမ်းကိုမျှ အသုံးမပြုပါက အမျိုးသမီး ၈၀ - ၉၀ သည် ကိုယ်ဝန်ရနိုင်သည်။ အကယ်၍ နည်းလမ်းကို မှန်ကန်စွာ အသုံးမပြုပါက အာနိသင်နည်းပါးသည်။

မည်သည့်အချိန်တွင် သန္ဓေအောင်နိုင်သနည်း?

သန္ဓေအောင်သည့်အချိန်သည် အများအားဖြင့် ရာသီစက်ဝန်းတစ်ခုတွင် ၈-၉ ရက်ကြာမြင့်သည်။ ထိုရက်များသည် မ မျိုးဥမကြွေမှီ ၇ ရက်မှ မ မျိုးဥကြွေပြီး ၁-၂ ရက်အထိကြာမြင့်တတ်သည်။ မ မျိုးဥကြွေခြင်းဆိုသည်မှာ အမျိုးသမီး သည် သားဥအိမ်မှ မ မျိုးဥကို လွှတ်ထုတ်သော အချိန်ဖြစ်သည်။ ၁ လလျှင် ၁ ကြိမ်ဖြစ်လေ့ရှိသည်။ မ မျိုးဥသည် ၂၄ နာရီအသက်ရှင်နိုင်သည်။ သို့သော် သုတ်ပိုးသည် လိင်ဆက်ဆံပြီးနောက် ၇ ရက်အထိ အသက်ရှင်နိုင်သည်။ ထို့ကြောင့် သန္ဓေအောင်သည့်အချိန်သည် မ မျိုးဥမကြွေမှီ ၇ ရက်မှ စတင်ခြင်းဖြစ်သည်။ ထို့ကြောင့် အကယ်၍ မည်သည့် အချိန်တွင် မ မျိုးဥကြွေမည်ကို အတိအကျ သိမည်ဆိုပါက မည်သည့်ရက်များတွင် သန္ဓေအောင်နိုင် သည်ကို ကြိုတင်သိရှိနိုင်သည်။

မ မျိုးဥကြွေချိန်ကို ဘယ်လိုသိနိုင်သလဲ?

မ မျိုးဥကြွေချိန်ကို သိရှိခြင်းသည် အဓိကအချက်ဖြစ်သည်။ ထို့ကြောင့် မ မျိုးဥကြွေချိန်ကို သိနိုင်သည်ဟု မိမိကိုယ်ကို ယုံကြည်မှုရှိပါက သဘာဝနည်းဖြင့် သားဆက်ခြားခြင်းသည် အလွန်ထိရောက်သော နည်းလမ်းဖြစ်သည်။ သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်းကို တွက်ချက်နိုင်ရန်အတွက် ရာသီစက်ဝန်းအချိန်ကို ၃လမှ ၆ လအထိ လေ့လာရန်နှင့် ကောင်းမွန်ရှင်းလင်းသည့် ညွှန်ကြားချက်များကို ရရှိရန်လိုအပ်သည်။ အကယ်၍ ရာသီလာချိန်မမှန်ပါ က မ မျိုးဥကြွေချိန်ကို တွက်ချက်ရန် ခက်ခဲသည်။

အောက်ပါအချက်များကို နေ့စဉ် မှတ်တမ်းလုပ်ထားရန် လိုအပ်သည်။

·         ကိုယ်အပူချိန်တိုင်းတာခြင်း။

မ မျိုးဥကြွေချိန်တွင် ကိုယ်အပူချိန်သည် အနည်းငယ်မြင့်တက်လျက်ရှိပြီး ရာသီလာသည့်အချိန်အထိ မြင့်မား လျက်ရှိသည်။ သို့သော် ထိုအချက်ကို လွှမ်းမိုးသည့် အချက်များစွာရှိသည်။ (ဥပမာ - နေမကောင်းဖြစ်ခြင်း နှင့် ကိုယ်အပူချိန်ကျစေသည့် ပါရာစီတမောကဲ့သို့သော ဆေးများသောက်ခြင်း) ။ အကယ်၍ မနက်တိုင်း အိပ်ယာမှမထမှီ (အိပ်ယာနိုးနိုးခြင်း) ကိုယ်အပူချိန်ကို တိုင်းမည်ဆိုပါက ပုံစံအညွှန်းတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ရလိမ့်မည်။ ထိုပုံစံအညွှန်းက မည်သည့်ရက်တွင် မ မျိုးဥကြွေသည်ကို ပြသမည်ဖြစ်သည်။

·         သားအိမ်ခေါင်းမှ အရည်များထုတ်ခြင်း။

ထိုပြောင်းလဲမှုသည် ရာသီစက်ဝန်းတစ်လျှောက်ဖြစ်လျက်ရှိသည်။

-      ရာသီလာပြီးသည် ယောနိလမ်းကြောင်းတွင် အရည်မရှိဘဲ ရက်အနည်းငယ် ခြောက်သွေ့နေတတ်သည်။

-      မ မျိုးဥမကြွေမှီ ၈ ရက်အလိုတွင် ယောနိလမ်းကြောင်းတွင် စိုစွတ်လာပြီး စေးကပ်၍ အဖြူပြစ်ပြစ် လာ သည်။

-      မ မျိုးဥမကြွေမှီ ၄ ရက်အလိုတွင် ယောနိလမ်းကြောင်းတွင် အရည်ပိုများလာပြီး အရည်သည် ကြက်ဥအကာကဲ့သို့ ချွဲကျိကျိဖြင့် အကြည်ဖြစ်လာသည်။

-      မ မျိုးဥကြွေချိန်တွင် (သို့) မမျိုးဥကြွေပြီးနောက် အရည်များသည် နောက်ရာသီစက်ဝန်းအချိန်အထိ ပြန်ခြောက်သွေ့သွားသည်။



ထို့ကြောင့် ယောနိလမ်းကြောင်းရှိ အရည်များ ပြောင်းလဲမှုများကို ကြည့်ခြင်းဖြင့် မ မျိုးဥမကြွေမှီ ၇-၈ ရက်အလိုကို တွက်ချက်နိုင်သည်။

·         ရာသီလာသည့် ရက်အရေအတွက်။

မ မျိုးဥသည် ရာသီစလာသည့် ရက်မတိုင်မှီ ၁၂ မှ ၁၆ ရက်အလိုတွင် ဖြစ်ပေါ်လေ့ရှိသည်။ အကယ်၍ ရာသီစက်ဝန်းသည် ရက်အတိအကျ မှန်မှန်လာပါက မ မျိုးဥကြွေခြင်းကို တွက်ချက်ရာတွင် အကူအညီဖြစ်ပေ လိမ့်မည်။

·         မ မျိုးဥကြွေခြင်းကို သိနိုင်သည့် ပစ္စည်း။

ထိုပစ္စည်းများကို ပြည်ပနိုင်ငံများရှိ ဆေးဆိုင်များတွင် ၀ယ်ယူနိုင်သည်။ အမျိုးအစား ၂ မျိုးရှိသည်။ ထို ၂ မျိုးစလုံးသည် ဟော်မုန်းပမာဏကို တိုင်းတာခြင်းဖြစ်သည်။ အမျိုးအစား ၁ ခုသည် ဆီးတွင်ပါဝင်သော ဟော်မုန်းပမာဏကို တိုင်းတာပြီး နောက်တစ်မျိုးသည် တံတွေးတွင်ပါဝင်သော ဟော်မုန်းပမာဏကို တိုင်းတာ သည်။

ဆီးကိုအခြေခံ၍ တိုင်းတာသော ပစ္စည်းသည် လူတီနိုင်းစင်းဟော်မုန်း (Luteinising Hormone - LH) ပမာဏများနေခြင်း (သို့) တဟုတ်ထိုးတက်လာမှုကို ရှာဖွေခြင်းဖြစ်သည်။ ထိုသို့မြင့်တက်လာမှုသည်  မ မျိုးဥ မကြွေမှီ ၁ - ၂ ရက်ခန့်အလိုတွင် ဖြစ်ပေါ်လေ့ရှိသည်။ အင်္ဂလန်နိုင်ငံတွင် အများဆုံးအသုံးပြုသော ထို ပစ္စည်း၏ အမည်မှာ ပါစိုနာ (Persona®) ဖြစ်သည်။ လူတီနိုင်းစင်းဟော်မုန်း (Luteinising Hormone - LH) ပမာဏအနည်းငယ်သည် သွေးနှင့် ဆီးများတွင် အမြဲတမ်း ပမာဏ အနည်းငယ်ခန့်ရှိသော်လည်း မ မျိုးဥမကြွေမှီရက်များတွင် ထိုပမာဏသည် ၂ မှ ၅ ဆအထိ မြင့်တက်လာသည်။

တံတွေးကို အခြေခံ၍ တိုင်းတာသော ပစ္စည်းသည် မ မျိုးဥကြွေချိန်နှင့် နီးကပ်လာပါက အီစထိုဂျင် (Oestrogen) ပမာဏ မြင့်တာလာခြင်းကို တိုင်းတာခြင်းဖြစ်သည်။ အီစထိုဂျင် (Oestrogen) ပမာဏ မြင့်တက်လာသည့်အတွက် တံတွေးတွင် ဆားပါဝင်မှုများလာသည်။ ဆားများခြောက်သွေ့လာသည့်အခါ ငှက်မွှေးတောင်သဏ္ဍာန် သလင်းကျောက်ပုံဆောင်ခဲများ ဖြစ်လာသည်။ ထိုတိုင်းတာသည့်စက်ဖြင့် တံတွေး ခြောက်သွားသည့်အခါ ငှက်မွှေးတောင်သဏ္ဍာန် သလင်းကျောက်ပုံဆောင်ခဲများကို တွေ့နိုင်သည်။ တံတွေးကို အခြေခံ၍ တိုင်းတာခြင်းသည် ဆီးကိုအခြေခံ၍ တိုင်းတာခြင်းထက် တိကျမှု နည်းသည်။ ထိုနည်းလမ်းများ သည် ကိုယ်ဝန်မရရန် တားဆီးခြင်းအတွက် အကြံပေးခြင်းမဟုတ်ဘဲ ကိုယ်ဝန်ကို မိမိလိုချင်သည့် အချိန်တွင် စနစ်တကျ ယူနိုင်ရန် အကူအညီပေးခြင်းဖြစ်သည်။

ကလေးအား မိခင်နို့တိုက်ကျွေးခြင်းသည် သဘာဝနည်းဖြင့် သားဆက်ခြားသည့် နည်းလမ်းလား?

မှန်ပါသည်။ ထိုနည်းလမ်းကို နို့တိုက်ကျွေးခြင်းဖြင့် ရာသီလာခြင်းကို ရပ်တန့်၍ သားဆက်ခြားသည့် နည်းလမ်းဟု ခေါ်သည်။ ကလေးနို့စို့ခြင်းသည် မ မျိုးဥကြွေခြင်းကို တားဆီးပေးသည့် ဟောမုန်းကို လှုံ့ဆော်ပေးသည်။ အကယ်၍ မိခင်နို့ကို ကလေး ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ပါက (သို့) ကလေးမွေးပြီးသည့်အချိန်မှစ၍ ရာသီ သွေးမဆင်းပါက ကလေးမွေးပြီး ၆ လအတွင်း မ မျိုးဥမကြွေပေ။ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်း ဆိုသည်မှာ ကလေးအား မိခင်နို့မှလွဲ၍ မည်သည့်အစာမျှ မကျွေးခြင်း (သို့) အခြားသော အရည်များကို မတိုက်ခြင်း ဖြစ်သည်။

အမျိုးသမီး အယောက် ၁၀၀ တွင် ၁ ယောက်ထက်နည်းသူတွင်သာလျှင် ထိုအခြေအနေတွင် ကိုယ်ဝန်ထပ်ရနိုင် သည်။ သို့သော် ကလေးနို့တိုက်ကျွေးခြင်းကို လျော့ချပြီးသည်နှင့် (သို့) ရာသီသွေး ပြန်စပေါ်ပြီးသည်နှင့် မိခင် နို့တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားသည့် နည်းလမ်းသည် သားဆက်ခြားရာတွင် မထိရောက်တော့ပေ။

သဘာဝနည်းဖြင့် သားဆက်ခြားရန် မည်ကဲ့သို့ သင်ယူနိုင်သလဲ?

အကယ်၍ သဘာဝနည်းဖြင့် သားဆက်ခြားခြင်းကို ရွေးချယ်မည်ဆိုပါက ဆရာဝန် (သို့) သွားဖွားမီယပ် အထူးကု ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

သတိပြုရန်

အထက်တွင် ဖော်ပြထားသော အချက်အလက်များမှာ မိမိတို့ကိုယ်တိုင် ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ပြုလုပ်ရန်အတွက် မဟုတ်ပဲ မိမိတွင် ဖြစ်ပေါ်နေသောရောဂါအခြေအနေ များကို စောလျင်စွာ သတိထားမိစေရန် နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသခြင်းများကိုမူ တတ်သိကျွမ်းကျင်သော ဆရာဝန်များနှင့်သာ တိုင်ပင်ပြသ၍  ကုသမှုခံယူသင့် ပါသည်။

www.myanmarhealthcentre.com

Friday, November 24, 2017

အရေးပေါ်သားဆက်ခြားဆေး

အရေးပေါ်သားဆက်ခြားဆေး

ယေဘူယျအားဖြင့်

အရေးပေါ်သားဆက်ခြားဆေး (EC)နဲ့ သားအိမ်တွင်းထည့်ပစ္စည်း IUD တွေက အကာအကွယ်မဲ့ဆက်ဆံပြီး မျိုးအောင်နိုင်တဲ့အခွင့်အလမ်း လျှော့ကျအောင် ပြုလုပ်ပေးပါတယ်။အရေးပေါ်ဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံမှု (ဥပမာ – အဓမ္မကျင့်ခံရခြင်း၊ ချစ်နယ်ကျွံခြင်း၊ အိမ်ထောင်သည်များ သားဆက်ခြားနည်းလမ်းတစ်ခုခုကို လွဲမှားသွာအသုံးပြုမိခြင်း၊ အတူနေပြီး မည်သည့်သားဆက်ခြားနည်းလမ်းမှ မသုံးမိခြင်း) စတဲ့အခြေအနေတွေမှာ သုံးသင့်ပါတယ်။အကာအကွယ်မဲ့လိင်ဆက်ဆံပြီး (၅)ရက်ကြာတဲ့အထိ သုံးလို့ရပါတယ်။အရေးပေါ်သောက်ဆေးတွေဟာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။အရေးပေါ်သောက်ဆေးတွေဟာ တခြားသားဆက်ခြားနည်းတွေလောက် ထိရောက်မူမရှိပါဘူး။အရေးပေါ်သောက်ဆေးကို အကာအကွယ်မဲ့ဆက်ဆံပြီး ၇၂ နာရီအတွင်းသောက်ပါက ၈၈ ရာခိုင်နှုန်းအထက် ထိရောက်ပါတယ်။ကြေးနီ IUD ကို အကာအကွယ်မဲ့ဆက်ဆံပြီး ၁၂၀ နာရီအတွင်း ထည့်သွင်းပါက ၉၉.၉ ရာခိုင်နှုန်းထိရောက်မှုရှိပါတယ်။

အရေးပေါ်သားဆက်ခြားဆေး(EC)ဆိုတာဘာလဲ။

အရေးပေါ်သန္ဓေတားဆေးထက် ကွန်ဒုံးကို ပိုသုံးသင့်တဲ့ အချက် (၄) ချက်

အရေးပေါ်သန္ဓေတားဆေးထက် ကွန်ဒုံးကို ပိုသုံးသင့်တဲ့ အချက် (၄) ချက်

မြန်မာနိုင်ငံမှာ စုံတွဲတွေဟာ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအစား အရေးပေါ် သန္ဓေတားဆေးကို သုံးလေ့သုံးထ ရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တခါ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးဖို့အတွက် အောက်က အချက်လေးတွေကို လေ့လာကြည့်ကြရအောင်။

၁။ ကွန်ဒုံးမှာ ဘေးထွက်ဆိုးကျိုးမရှိပါ။
အရေးပေါ်သန္ဓေတားဆေးသောက်တိုင်း သင့်ရဲ့အဖော်တွင် တန်ပြန်သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဥပမာ - မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ သွေးဆင်းခြင်း နှင့် ရင်သားတင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သင့်ဆက်ဆံဖော်ရဲ့ ရာသီသွေးဆင်းခြင်းကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။
Latex (ရာဘာစေး)နဲ့ ဓာတ်မတည့်သူတွေက လွဲလို့ ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါဘူး။

၂။ ကွန်ဒုံးဟာ ပို၍ ယုံကြည် စိတ်ချရပါတယ်။
အကယ်၍ ကွန်ဒုံးကိုသာ မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ကိုယ်ဝန်ရရှိနိုင်ချေ ၉၈% ကာကွယ် ပေးနိုင်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးကလည်း ကိုယ်ဝန်ရရှိနိုင်ချေကို
• ၂၄နာရီအတွင်း သောက်မယ်ဆိုရင် ၈၅% လျှော့ချပေးနိုင်ပြီး
• ၂၅နာရီမှ ၄၈နာရီအတွင်း သောက်မယ်ဆိုရင် ၅၈% လျှော့ချပေးနိုင်ပါတယ်။
အဲတော့ ကွန်ဒုံးဟာ အရေးပေါ်သန္ဓေတားဆေးထက် အနည်းဆုံး ၁၃% ပို၍ ကိုယ်ဝန်ရရှိနိုင်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ အရေးပေါ်သန္ဓေတားဆေးက လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးများကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
တစ်ချို့STIs လိုရောဂါပိုးများဟာ မြင်တွေ့နိုင်ဖို့ ခက်ခဲပြီး အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် မည်သူမဆို ပိုးသယ်ဆောင်လာနိုင်သူ ဖြစ်နိုင်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးဟာ လိင်မှတဆင့်ကူးစက်နိုင်သော ရောဂါပိုးများ (HIV, AIDS) အပါအ၀င် ဘယ်ရောဂါပိုးကိုမှ ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
ကွန်ဒုံးကို မှန်ကန်စွာ သုံးခြင်းကသာ လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးများကို အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၎။ အရေးပေါ် အခြေအနေအတွက်သာ ဖြစ်သည်။
အရေးပေါ်သန္ဓေတားဆေးသည် လိင်ဆက်ဆံပြီးတိုင်း သောက်ရန်အတွက်ထုတ်လုပ်ထားတာ မဟုတ်ပါ။ အရေးပေါ်ဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေမှာသာ သောက်သုံးရန်ဖြစ်ပါတယ်။ ဥပမာ -
 ကွန်ဒုံးပေါက်ပြဲသွားခြင်း
 နေ့စဉ်သုံးသန္ဓေတားဆေးသောက်ရန် မေ့လျော့ခြင်း
 သန္ဓေတားထိုးဆေး နောက်ကျသွားခြင်း
အကယ်၍ သင်နဲ့ သင့်အဖော်ဟာ ကွန်ဒုံးကို လုံးဝမသုံးချင်ဘဲ ပုံမှန်လိင်ဆက်ဆံဖြစ်မယ်ဆိုရင် အခြား နည်းလမ်းတွေနဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ဖို့ အကြံပြုချင်ပါတယ်။ ဥပမာ -
• နေ့စဉ်သုံးသန္ဓေတားသောက်ဆေး
• နေ့စဉ်သုံးသန္ဓေတားထိုးဆေး
• သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

Sources : Web Md, Health Line, HS, Women's Health Specialist.

4 Reasons Emergency Contraceptive Pills Aren't a Substitute for Condoms

In Myanmar, for many couples, using emergency contraceptive pills instead of condoms routinely is thought of as normal.

However, here are some things to consider before the next time you have sex.

1) Condoms are more reliable at preventing pregnancy.

With correct use,condoms are 98% effective at preventing pregnancy.

Emergency contraception only reduces the risk of pregnancy by:
85% if taken within 24 Hours of sex.
58% if taken within 25-48 Hours.

2) Condoms Produce No Side Effects

If your partner is using emergency contraceptive pills, possible side effects include nausea, vomiting, headaches, feeling tired, fatigue, feeling dizzy, lower abdominal pain, vaginal bleeding and breast tenderness. These pills can also affect your partner's menstrual cycle.

Condoms have no side effects for you and your partner (as long as neither is allergic to latex), provided you use them correctly.

3) Emergency contraception does not protect you against sexually transmitted infections (STIs).

Anyone can be a carrier of an STI, and they may not know it, because not all STIs produce noticeable symptoms immediately. Using emergency contraceptive pills provides no protection against STIs including HIV/AIDS.

Used correctly, the male condom is the best protection for both people against transmission of infection.

4) Emergency contraceptive pills are for EMERGENCIES

Emergency contraceptive pills are not intended for regular or routine use. They are called EMERGENCY contraception because they are meant for emergencies, such as in cases of:

- a condom breaking,
- rape,
- a woman missing a birth-control pill,
- a woman being late to get her injectable contraceptive dose.

If you and your partner really don't like using condoms, there are other more effective options for preventing pregnancy, such as oral contraceptive pills, IUDs and injectable contraceptives.

Sources: Web MD, Health Line, NHS, Women’s Health Specialist.


Thursday, November 23, 2017

ပုံမှန်ကိုယ်ဝန်တားနည်းလမ်းအမျိုးမျိုး

ပုံမှန်ကိုယ်ဝန်တားနည်းလမ်းအမျိုးမျိုးရဲ့ စိတ်ချရမှုကို နှိုင်းယှဉ်ပြထားပါတယ်။
အပေါ်ဆုံးအတန်းက စိတ်အချရဆုံဖြစ်ပြီး
အောက်ဆုံးအတန်းက စိတ်ချရမှု အနည်းဆုံးဖြစ်တယ်။

ဆယ်ကျော်သက်လူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ Ecce2 လို အရေးပေါ်ကိုယ်ဝန်တားဆေးက ပါတောင်မပါဘူး။ ဘာလို့လဲဆိုတော့ သူက ပုံမှန်ကိုယ်ဝန်တားနည်းလမ်းမဟုတ်ဘဲ အရေးပေါ်မထင်မှတ်ဘဲ လိင်ဆက်ဆံဖြစ်သွားတဲအခါမှာ သုံးရတာမို့လို့မပါတာပါ။
အရေးပေါ်ဆေးက အခု ပုံမှာ ပါတဲ့နည်းလမ်းတွေထက် စိတ်ချရမှုနည်းပါတယ်။

ပုံမှန် မကြာခဏ လိင်ဆက်ဆံမှုရှိတယ်ဆို ပုံမှန်ကိုယ်ဝန်တားနည်းလမ်းတွေထဲက  မိမိနှစ်သက်ရာ ၊ မိမိနှင့်အဆင်ပြေမယ့်အရာ ကို ရွေးချယ်သင့်ပါတယ်။
အီးဇီးတူးလိုမျိုးအရေးပေါ်ဆေးက တော့ အရေးပေါ်ဖြစ်တဲ့အခါ မှာ သုံးစွဲသင့်ပါတယ်။
ကိုယ်ဝန်တားနည်းအမျိုးမျိုးအကြောင်းကို ဒီပေ့ခ်ျမှာတင်ပေးထားပါတယ်။ သေချာလေ့လာပြီး ကိုယ့်အတွက်မှန်ကန်တဲ့အရာကို ကိုယ်တိုင်ရွေးချယ်နိုင်ကြပါစေ..

Tuesday, November 21, 2017

လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက်နာကျင်ခြင်း

www.myanmarhealthcentre.com
လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက်နာကျင်ခြင်း

လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါနေရာနှင့် တင်ပဆုံခွက်အတွင်း နာကျင်ခြင်းကို ဒစ်ပရှုး နီးယား (Dyspaurenia) ဟု ခေါ်သည်။ အမျိုးသမီးဦးရေမည်မျှတွင် ထိုဝေဒနာကို ခံစားနေရသည်ကို မည်သူမျှ မသိရှိပေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးအများစုသည် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိသောကြောင့် ဖြစ်သည်။ သို့သော် လည်း အမျိုးသမီးများကို မေးမြန်းထားသော အချက်အလက်များအရ အမျိုးသမီး ၁၀ ယောက်တွင် ၁ - ၄ ယောက်သည် ထိုဝေဒနာကို ခံစားရသည်။ အများအားဖြင့် အိမ်ထောင်ကျစအချိန်ကာကလများနှင့် သွေးဆုံးခါနီးအချိန်များတွင် အဖြစ်များ သည်။
လိင်ဆက်ဆံပါက နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းတရားများစွာ ရှိသည်။ အကြောင်းတရားအများစုမှာ ဆိုးရွားခြင်း မရှိ သော်လည်း လိင်ဆက်ဆံခြင်းကို ထိခိုက်နိုင်ပြီး နောက်ဆုံးတွင် အိမ်ထောင်ရေးအဆင်မပြေမှုများ ဖြစ်လာနိုင်သည်။ ထိုဝေဒနာ သည် နာကျင်ခြင်းကြောင့် လိင်ဆက်ဆံရာတွင် စိတ်ကသိကအောက်ဖြစ်ခြင်း ၊ စိတ်ကသိကအောက်ဖြစ်ခြင်းကြောင့် ယောနိ လမ်းကြောင်း ခြောက်သွေ့ပြီး နောက်ထပ်နာကျင်ခြင်းစသည့် အဆိုးသံသရာကို လည်စေနိုင်သည်။
လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ကို ဖြစ်စေသော အကြောင်းတရားများကို ကုသပြီးသော်လည်း နာကျင်ခြင်းမှာ ဆက်ဖြစ်နေ တတ်သည်။ အထူးသဖြင့် မကုသဘဲ အချိန်အတန်ကြာထားပါက ထိုသို့ဖြစ်နိုင်သည်။ ထိုအကြောင်းပြချက်များ ကြောင့် ဆရာဝန်နှင့် အမြန်ဆုံးတွေ့ဆုံ၍ ဖြစ်ပေါ်စေသော အကြောင်းအရာများကို ရှာဖွေပြီး ကုသမှုများကို အမြန်ဆုံးခံယူရန် အရေးကြီးပေသည်။ ဤစာစောင်တွင် လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ကို ဖြစ်စေသော အကြောင်းအရာများနှင့် အမျိုးအစားများအကြောင်းကို ဆွေးနွေးထားပါသည်။

လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ဆိုတာ ဘာလဲ?
----------------------------------------
လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ဆိုသည်မှာ လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီး မျိုးပွားအင်္ဂါနေရာနှင့် တင်ပဆုံခွက်အတွင်း နာကျင်ခြင်းကို ခေါ်သည်။ လိင်ဆက်ဆံပါက အပေါ်ယံနေရာများတွင် နာကျင်ခြင်း (Superficial Dyspareunia) နှင့် လိင်ဆက်ဆံပါက နက်ရှိုင်းသည့်နေရာများတွင် နာကျင်ခြင်း (Deep Dyspareu-nia) ဟူ၍ ၂ မျိုး ခွဲခြားနိုင်သည်။ ထို ၂ မျိုးကို ဖြစ်ပေါ်စေသော အကြောင်းအရာများမှ မတူညီသကဲ့သို့ ကုသမှုများမှာလည်း ကွဲပြားသည်။

ဝက်ခြံထွက်ခြင်း 

ဝက်ခြံထွက်ခြင်း

ဒေါက်တာမြတ်စန္ဒာကျော်
ပါမောက္ခ၊ အရေပြားအထူးကု ဆရာဝန်ကြီး မြောက်ဥက္ကလာပဆေးရုံကြီး။

မေး. ၀က်ခြံအကြောင်း သိပါရစေ ဆရာမ။
ဖြေ. အရေပြားရှိ အဆီကျိတ် လမ်းကြောင်းလေးတွေ (Pilosebaceous Units)နဲ့ မွေးညင်းပေါက် လေးတွေ (Hair Follicles)ရဲ့ ပိတ်ဆို့ ရောင်ရမ်းတာ ဖြစ်ပါတယ်။

မေး. ၀က်ခြံက ဘယ်နေရာတွေမှာ ထွက်လေ့ ရှိပါသလဲ ဆရာမ။
ဖြေ. မျက်နှာ၊ လည်ပင်း၊ ပခုံး၊ လက်မောင်း အပေါ်ပိုင်း၊ ရင်ဘတ်၊ ကျောနဲ့ တင်ပါးတွေမှာ ၀က်ခြံထွက်လေ့ ရှိပါတယ်။

မေး. ဘယ်အချိန်တွေမှာ ၀က်ခြံအထွက် များပါသလဲ ဆရာမ။
ဖြေ. အရွယ်ရောက်ချိန်မှာ ၀က်ခြံအထွက် များပါတယ်။ အသက် ၁၈ နှစ်တွင် ၀က်ခြံအထွက်များဆုံး ဖြစ်ပြီး ယောက်ျားလေးတွေက မိန်းကလေးတွေထက် ၀က်ခြံပိုထွက် တတ်ပါတယ်။

ဝက်ခြံညစ်ပြီး နောင်တမရစေဖို့နဲ့ နောက်ထပ်မထွက်လာအောင် ဘယ်လိုလုပ်မလဲ 

ဝက်ခြံညစ်ပြီး နောင်တမရစေဖို့နဲ့ နောက်ထပ်မထွက်လာအောင် ဘယ်လိုလုပ်မလဲ
-------------------------------------------------
အသက် ၁၁ - ၃၀ အတွင်းလူ၅ယောက်မှာ ၄ယောက်ဟာ ဝက်ခြံပေါက်လို့ စိတ်ညစ်ဖူးကြမှာပါ။ ဘဝမှာ အနည်းဆုံး တစ်ခါလောက်တော့ ဝက်ခြံပေါက်ဖူး ကြမှာပါ။ ဝက်ခြံဟာ ရုပ်ဆိုးစေရုံသာမက ကိုယ့်ကိုကိုယ် ယုံကြည်မှုကိုလည်း လျော့နည်းစေပါတယ်။ လူတွေဟာ ဝက်ခြံပေါက်ရင် ဘယ်လိုညစ်ရမလဲ အရင်မလေ့လာပဲ တန်းညစ်ကြတာများပါတယ်။ အဲ့လိုဆိုရင် အမာရွတ်ကျန်တတ်ပါတယ်။ ဝက်ခြံကို ထပ်မထွက်အောင် ဘယ်လိုညစ်ရမလဲဆိုတာ ကြည့်ကြရအောင်

ဘယ်လိုညစ်ရမလဲ
----------------
အရက်ပြန် အပ် နဲ့ တစ်ရှူး နှစ်ရွက် စတာတွေ လိုအပ်ပါတယ်။ အရက်ပြန်နဲ့ အပ်ကို ပိုးအရင်သတ်ပါ။ ပြီးရင်အပ်နဲ့ ဝက်ခြံကို ဖောက်ပါ။ တစ်ရှူးကို လက်ညိုး ၂ ချောင်းထိပ်မှာ ပတ်ပြီး ဖြေးဖြေးညစ်ပါ။ တအားမညစ်ပါနဲ့။

နောက်ထပ် ထပ်မထွက်အောင် ဘယ်လိုကာကွယ်ရမလဲ
---------------------------------------------
ပွဲတစ်ခုခုသွားစရာရှိရင် ဝက်ခြံဟာ အရမ်းစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ညစ်လိုက်တာကတော့ အမြန်ဆုံး ဖယ်ရှားနည်းပါပဲ။ ဒါပေမဲ့ ကံမကောင်းရင် ပိုဆိုးသွားနိုင်ပါတယ်။

အဆီပြန်တဲ့မျက်နှာက ဝက်ခြံထွက်နိုင်ခြေ ပိုများတဲ့အတွက် အဆီတအားမပြန်အောင် ကြိုတင်ကာကွယ်ပါ။ ကိုယ့်မျက်နှာကို ဂရုစိုက်ပါ။ အဓိက ကတော့ မျက်နှာကို သန့်သန့်ရှင်းရှင်းထားပါ။ သင့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးနဲ့ မနက်တစ်ခါ ညတစ်ခါ မျက်နှာသစ်ပါ။ ပြီးရင် Moisturizer လိမ်းပါ။ Moisturizer ကို သင့်အသားရေနဲ့ သင့်တော်တာကိုသုံးဟာ။ အဆီပြန်တဲ့သူဟာ အသားခြောက်တဲ့သူသုံးတဲ့ moisturizer မသုံးသင့်ပါဘူး။ ဝက်ခြံရှင်းထုတ်ဖို့ အဓိကနည်းလမ်းကတော့ သင့်တော်ပြီး အရည်အသွေးမြင့် ပစ္စည်းတွေသုံးပေးခြင်းပါပဲ။

ဘဝနေထိုင်မှုပုံစံ ပြောင်းလဲပေးတာဟာလည်း ဝက်ခြံထွက်တာကို တားဆီးပေးပါတယ်။ ဘာနည်းလမ်းတွေလဲဆိုတာ ကြည့်ကြရအောင်နော်

အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား

အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား

လူသိများတဲ့ ယုံတမ်းစကားတစ်ခုကတော့ အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရနိုင်စွမ်းဟာ ပုံမှန်အချိန်ထက် ရာသီလာချိန်မှာ ပိုနည်းတတ်ပေမယ့် အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်ရှိနိုင်ပါတယ်။

ရာသီလာခြင်းဆိုတာ ဘာလဲ။

ရာသီလာခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက မလိုအပ်တော့တဲ့ တစ်ရှူးတွေကို ထုတ်လုပ်လိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီတစ်ရှူးတွေဟာ ကလေးငယ် အမျိုးသမီးကိုယ်ခန္ဓာအတွင်း ဖွံ့ဖြိုးနိုင်တဲ့ သားအိမ်အတွင်းက လာတာဖြစ်ပါတယ်။

လတိုင်းမှာ အမျိုးသမီးရဲ့ သားအိမ်ဟာ မျိုးအောင်တဲ့ မျိုးဥကို လက်ခံဖို့ ထူလာတတ်ပါတယ်။ တကယ်လို့ မျိုးဥဟာ မျိုးမအောင်ဘူးဆိုရင်တော့ အမျိုးသမီးဟာ ကိုယ်ဝန်မရရှိပဲ ဒီနံရံတွေဟာ ကိုယ်ခန္ဓာအတွင်းကနေ သွေးအဖြစ် မိန်းမကိုယ်မှ ဆင်းလာနိုင်ပါတယ်။

ဒီဖြစ်စဉ်ကို ရာသီလာခြင်းလို့ ခေါ်ပြီး ဒါဟာ လစဉ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ ရာသီလာနေပြီဆိုရင် ဒါဟာ သွေး သေးငယ်တဲ့ ပမာဏနဲ့ မလိုအပ်တဲ့ တစ်ရှူးတွေကို ကိုယ်ခန္ဓာက ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ မိန်းကလေးတွေ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ရင့်ကျက်လာတာနဲ့ အမျှ ပုံမှန်ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ရာသီလာနေစဉ် ကိုယ်ဝန်ရရှိနိုင်ပါသလား။

လူအတော်များများက ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန် မရရှိနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်ကတော့ သူမ ရာသီလာနေစဉ်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။

ဒါဟာ အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

    မိန်းမကိုယ်မှ သွေးထွက်ခြင်း အကုန်လုံးဟာ ရာသီသွေးမဟုတ်ပါဘူး။ တခါတရံမှာ မိန်းကလေးတစ်ယောက်ဟာ သားဥကြွေချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဒီအချိန်ဟာ ကိုယ်ဝန်အများဆုံးရနိုင်ချိန် ဖြစ်ပါတယ်။ သားဥကြွေခြင်းကြောင့် သွေးဆင်းခြင်းကို ရာသီသွေးနဲ့ မှားတတ်ကြပါတယ်။
    တခါတရံမှာ ရာသီလာပြီးပြီးချင်း (သို့) ရာသီလာပြီး ရက်အနည်းငယ်အတွင်းမှာ သားဥကြွေခြင်း ဖြစ်နိုင်ပါတယ်။ မိန်းကလေး အားလုံးဟာ သားဥကြွေတဲ့အချိန်မတူညီတာကြောင့် ဘယ်အချိန်မှာ ကိုယ်ဝန်ရရှိမှု အများဆုံးဖြစ်နိုင်မလဲဆိုတာ မသိရှိဖို့ မဖြစ်နိုင်ပါဘူး။ သုက်ပိုးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ၁ ရက် ၂ ရက်ကနေ ၅ ရက်အထိ နေနိုင်တာမို့ သုက်လွှတ်ပြီး ၇၂ နာရီကျော်ကြာတဲ့အထိ ကိုယ်ဝန်ရှိနိုင်တာမို့ ရာသီလာနေစဉ် အချိန်မှာ ကိုယ်ဝန်ရှိခြင်းဟာလည်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
    ရာသီလာစဉ်မှာ ကိုယ်ဝန်ရှိနိုင်ခြေဟာ နည်းပေမယ့် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီအချိန်ဟာ ကိုယ်ဝန်ရလိုရင် လိင်ဆက်ဆံရမယ့် အချိန်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ အချိန်တိုင်းမှာ အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ရှိနိုင်ခြေနဲ့ အတူ သင့်မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါ တွေ ဖြစ်တဲ့ ကလက်မိုင်ဒီယား၊ လိင်အင်္ဂါ ကြွက်နို့တွေနဲ့ HIV ရောဂါ ကူးစက်ခံရနိုင်ပါတယ်။ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံမယ်ဆိုရင်လည်း မမျှော်လင့်ပဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါရရှိမှုကနေ ကာကွယ်ဖို့ ကွန်ဒုံးကို အချိန်တိုင်း အသုံးပြုသင့်ပါတယ်။
တကယ်လို့ သင်ဟာ ကိုယ်ဝန်ရလိုပြီး တစ်နှစ် (သို့) တစ်နှစ်ကျော်ကြာအောင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး မရဘူးဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆရာဝန်တွေက သင့်သားဥကြွေချိန်ကို ဆန်းစစ်ခြင်း၊ စစ်ဆေးမှုတွေ ပြုလုပ်ခြင်းနဲ့ ကိုယ်ဝန်ရရှိဖို့ ရာနှုန်းများစေတဲ့ ကုသမှုတွေ ပြုလုပ်ခြင်းကို အကြံပေးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် HelloSayarwon.com မှ ကူးယူဖော်ပြပါသည်။

ရေးသားသူ Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

လိင်ဆက်ဆံပြီးနောက် ဆီးလမ်းကြောင်းနာကျင်ခြင်း

လိင်ဆက်ဆံပြီးနောက် ဆီးလမ်းကြောင်းနာကျင်ခြင်း

လိင်ဆက်ဆံပြီးနောက်မှာ ဘာ့ကြောင့်ဆီးလမ်းကြောာင်းနာကျင်နေရပါသလဲ။ ဒီဆောင်းပါးလေးမှာ အချက်အလက်တစ်ချို့ကို တင်ပြထားပါတယ်။

ဆီးလမ်းကြောင်းနာကျင်ခြင်း(dysuria)ဆိုတာ ဘာလဲ?

dysuriaဆိုတာ ဆီးလမ်းကြောင်းနဲ့ပတ်သက်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မသက်မသာခံစားရတာကိုဆိုလိုတာပါ။

ဘယ်သူတွေက ဆီလမ်းကြောင်းနာကျင်မှုကို ခံစားရပါမလဲ?

အသက်အရွယ် ကျားမမရွေး လူတိုင်းတော့ ဆီးလမ်းကြောင်းနာကျင်ခြင်းဖြစ်ဖူးပါတယ်။ အမျိုးသမီးတွေကတော့ ပိုအဖြစ်များပါတယ်။ သူတို့က ဆီးလမ်းကြောင်းပိုးဝင်ဖို့ ပိုလွယ်ကူလို့ပါ။ ပြီးတော့ကိုယ်ဝန်ဆောင်မိန်းမတွေနဲ့ ဆီးချိုရှိတဲ့သူတွေမှာလည်း အဖြစ်များပါတယ်။

ဆီးလမ်းကြောင်းနာကျင်မှုကို ဖြစ်စေတဲ့တရားခံက ဘာပါလဲ?

အကြောင်းရင်းကတော့အမျိုးမျိုးရှိပါတယ်။ အများစုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ မိန်းမအဂါင်္ပိုးဝင်ခြင်း ရောင်ယမ်းခြင်းတို့ပဲဖြစ်ပါတယ်။

ရောင်ယမ်းစေတာတွေကတော့ လိင်ဆက်ဆံခြင်း၊ တားဆေးအသုံးပြုခြင်း၊ ဆပ်ပြာသို့မဟုတ်မိန်းမကိုယ်ဆေးတဲ့ခရင်မ်တွေနဲ့ဓာတ်မတည့်ခြင်း စသဖြင့် ရှိပါတယ်။

တကယ်လို့ အမျိုးသားတစ်ယောက်က ဆီးလမ်းကြောင်းခဏခဏနာကျင်နေမယ်ဆိုရင် ပိုးဝင်တာသာမက ရောဂါတစ်ခုခုပါဖြစ်နိုင်ပါတယ်

ဘယ်လိုကုသမလဲ?

နာကျင်မှုlevelကို မူတည်ပြီးတော့ လူနာတစ်ယောက်ခြင်းစီအလိုက် ကုသပေးရမှာဖြစ်ပါတယ်။ အများအားဖြင့်တော့ ပိုးသတ်ဆေးကို အသုံးပြုကြပါတယ်။

ရောင်ယမ်းမှုများကိုလည်း သက်သာအောင် irretantsတွေ အသုံးပြုကုသမှုပေးပါတယ်။ ဆီးသွားနေစဉ်နာကျင်မှုကို လျော့ချပေးဖို့ အဆင့်တွေအများကြီးလိုက်နာဆောင်ရွက်ရပါမယ်။

နေ့တိုင်းရေများများသောက်ပါ။ ဆေးကုသမှုကိုလည်း စနစ်တကျ ခံယူပါ။

လိင်ဆက်ဆံပြီးနာကျင်မှုဟာ စိတ်မကျေနပ်မှုကိုဖြစ်စေပါတယ်။ တကယ်လို့ အပေါ်မှာပြောထားတဲ့ ရောဂါအခြေအနေတွေတွေ့ရင်တော့ ဘာမှမစိုးရိမ် မတုံ့ဆိုင်းမနေပဲ ဆရာဝန်နဲ့အမြန် ကုသမှုခံယူပါ။

ဒါမှမဟုတ်လည်း ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆီက ကုသဖို့ အကြံဥာဏ်ယူပါ။

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
Hellosayarwon.com

Monday, November 20, 2017

အရေးပေါ်သန္ဓေတားဆေးထက် ကွန်ဒုံးကို ပိုသုံးသင့်တဲ့ အချက် (၄) ချက်

အရေးပေါ်သန္ဓေတားဆေးထက် ကွန်ဒုံးကို ပိုသုံးသင့်တဲ့ အချက် (၄) ချက်

မြန်မာနိုင်ငံမှာ စုံတွဲတွေဟာ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအစား အရေးပေါ် သန္ဓေတားဆေးကို သုံးလေ့သုံးထ ရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တခါ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးဖို့အတွက် အောက်က အချက်လေးတွေကို လေ့လာကြည့်ကြရအောင်။

၁။ ကွန်ဒုံးမှာ ဘေးထွက်ဆိုးကျိုးမရှိပါ။
အရေးပေါ်သန္ဓေတားဆေးသောက်တိုင်း သင့်ရဲ့အဖော်တွင် တန်ပြန်သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဥပမာ - မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ သွေးဆင်းခြင်း နှင့် ရင်သားတင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သင့်ဆက်ဆံဖော်ရဲ့ ရာသီသွေးဆင်းခြင်းကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။
Latex (ရာဘာစေး)နဲ့ ဓာတ်မတည့်သူတွေက လွဲလို့ ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါဘူး။

၂။ ကွန်ဒုံးဟာ ပို၍ ယုံကြည် စိတ်ချရပါတယ်။
အကယ်၍ ကွန်ဒုံးကိုသာ မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ကိုယ်ဝန်ရရှိနိုင်ချေ ၉၈% ကာကွယ် ပေးနိုင်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးကလည်း ကိုယ်ဝန်ရရှိနိုင်ချေကို
• ၂၄နာရီအတွင်း သောက်မယ်ဆိုရင် ၈၅% လျှော့ချပေးနိုင်ပြီး
• ၂၅နာရီမှ ၄၈နာရီအတွင်း သောက်မယ်ဆိုရင် ၅၈% လျှော့ချပေးနိုင်ပါတယ်။
အဲတော့ ကွန်ဒုံးဟာ အရေးပေါ်သန္ဓေတားဆေးထက် အနည်းဆုံး ၁၃% ပို၍ ကိုယ်ဝန်ရရှိနိုင်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ အရေးပေါ်သန္ဓေတားဆေးက လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးများကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
တစ်ချို့STIs လိုရောဂါပိုးများဟာ မြင်တွေ့နိုင်ဖို့ ခက်ခဲပြီး အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် မည်သူမဆို ပိုးသယ်ဆောင်လာနိုင်သူ ဖြစ်နိုင်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးဟာ လိင်မှတဆင့်ကူးစက်နိုင်သော ရောဂါပိုးများ (HIV, AIDS) အပါအ၀င် ဘယ်ရောဂါပိုးကိုမှ ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
ကွန်ဒုံးကို မှန်ကန်စွာ သုံးခြင်းကသာ လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးများကို အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၎။ အရေးပေါ် အခြေအနေအတွက်သာ ဖြစ်သည်။
အရေးပေါ်သန္ဓေတားဆေးသည် လိင်ဆက်ဆံပြီးတိုင်း သောက်ရန်အတွက်ထုတ်လုပ်ထားတာ မဟုတ်ပါ။ အရေးပေါ်ဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေမှာသာ သောက်သုံးရန်ဖြစ်ပါတယ်။ ဥပမာ -
 ကွန်ဒုံးပေါက်ပြဲသွားခြင်း
 နေ့စဉ်သုံးသန္ဓေတားဆေးသောက်ရန် မေ့လျော့ခြင်း
 သန္ဓေတားထိုးဆေး နောက်ကျသွားခြင်း
အကယ်၍ သင်နဲ့ သင့်အဖော်ဟာ ကွန်ဒုံးကို လုံးဝမသုံးချင်ဘဲ ပုံမှန်လိင်ဆက်ဆံဖြစ်မယ်ဆိုရင် အခြား နည်းလမ်းတွေနဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ဖို့ အကြံပြုချင်ပါတယ်။ ဥပမာ -
• နေ့စဉ်သုံးသန္ဓေတားသောက်ဆေး
• နေ့စဉ်သုံးသန္ဓေတားထိုးဆေး
• သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

Sources : Web Md, Health Line, HS, Women's Health Specialist.

4 Reasons Emergency Contraceptive Pills Aren't a Substitute for Condoms

In Myanmar, for many couples, using emergency contraceptive pills instead of condoms routinely is thought of as normal.

However, here are some things to consider before the next time you have sex.

1) Condoms are more reliable at preventing pregnancy.

With correct use,condoms are 98% effective at preventing pregnancy.

Emergency contraception only reduces the risk of pregnancy by:
85% if taken within 24 Hours of sex.
58% if taken within 25-48 Hours.

2) Condoms Produce No Side Effects

If your partner is using emergency contraceptive pills, possible side effects include nausea, vomiting, headaches, feeling tired, fatigue, feeling dizzy, lower abdominal pain, vaginal bleeding and breast tenderness. These pills can also affect your partner's menstrual cycle.

Condoms have no side effects for you and your partner (as long as neither is allergic to latex), provided you use them correctly.

3) Emergency contraception does not protect you against sexually transmitted infections (STIs).

Anyone can be a carrier of an STI, and they may not know it, because not all STIs produce noticeable symptoms immediately. Using emergency contraceptive pills provides no protection against STIs including HIV/AIDS.

Used correctly, the male condom is the best protection for both people against transmission of infection.

4) Emergency contraceptive pills are for EMERGENCIES

Emergency contraceptive pills are not intended for regular or routine use. They are called EMERGENCY contraception because they are meant for emergencies, such as in cases of:

- a condom breaking,
- rape,
- a woman missing a birth-control pill,
- a woman being late to get her injectable contraceptive dose.

If you and your partner really don't like using condoms, there are other more effective options for preventing pregnancy, such as oral contraceptive pills, IUDs and injectable contraceptives.

Sources: Web MD, Health Line, NHS, Women’s Health Specialist.

Sunday, November 19, 2017

ဂနိုရောဂါ (သို့မဟုတ်) ဆီးပူညောင်းကျ ရောဂါ (Gonorrhoea)

www.myanmarhealthcentre.com
ဂနိုရောဂါ (သို့မဟုတ်) ဆီးပူညောင်းကျ ရောဂါ (Gonorrhoea)

အကယ်​၍ သင့်​ထံတွင်​ ဂနိုရောဂါ ( သို့) ဆီးပူ​ညောင်းကျရှိသည်​ဟု သံသယရှိပါက ​​ရောဂါလက္ခဏာ မပြသည့်​တိုင်​ ဆရာဝန်​နှင့်​တိုင်​ပင်​သင့်​ပါသည်​။ပိုးသတ်​​ဆေးများမှာ ဂနို​ရောဂါကို ထိ​ရောက်​စွာ ကုသနိုင်​ပါသည်​။သင် နှင့်​ လိင်​ဆက်​ဆံဖက်​အ​ဖော်​ (သို့မဟုတ်)​ အ​ဖော်​များသည်​လည်း ​ရောဂါလက္ခာ မပြသည့်​တိုင်​ ​ရောဂါရှိမရှိ ​သွေးစစ်​၍ ​​ဆေးကုသမှု ခံယူရပါမည်​။ဆေးကုသမှု မပြီးဆုံးခင်​ အထိ မည်​သူတဦးတ​ယောက်​နှင့်​မှ လိင်​ဆက်​ဆံမှု မပြုရပါ။ ။

ဂနို​ရောဂါ (Gonorrhoea) ဆိုတာဘာလဲ?

ဂနိုဆိုသည်​မှာ လိင်​ဆက်​ဆံရာမှတဆင့်​ ကူးဆက်​တတ်​​သော ​ရောဂါဖြစ်​သည်​။ ဂိုနိုကောကပ် (Gonococcus) ဟု​ခေါ်​သော ဘက်​တီးရီးယား ပိုးတမျိုး​ကြောင့်​ဖြစ်​​သော ​ရောဂါဖြစ်​သည်​။

ဂနိုရောဂါဘယ်​လို ကူးစက်​ခံရ နိုင်​သလဲ?
ရောဂါပိုးရှိသူနှင့်​ အကာအကွယ်​ ကွန်​ဒုံးမပါပဲ လိင်​ဆက်​ဆံရာမှတဆင့်​ ကူးစက်​တတ်​ပါသည်​။ပုံမှန်​နည်းလမ်းဖြင့်​ လိင်​ဆက်​ဆံခြင်းအပြင်​ ပုံမမှန်​​သော လိင်​ဆက်​ဆံခြင်းများဖြစ်​​သော စအို (သို့မဟုတ်​) ပါးစပ်​ဖြင့်​လိင်​ဆက်​ဆံခြင်းဖြင့်​လည်းကူးစက်​တတ်​ပါသည်​။ လိင်​ကွဲ လိင်​ဆက်​ဆံခြင်း (Heterosexual) (ဥပမာ - အမျိုးသမီးနှင့်​ အမျိုးသား ) သာမက လိင်​တူ လိင်​ဆက်​ဆံခြင်း ( Homosexual) (ဥပမာ - အမျိုးသား အမျိုးသားချင်း ) မှလည်း ​ရောဂါကူးနိုင်​ပါသည်​။ အမျိုးသားများ နှင့်​ အမျိုးသမီးများတွင်​​ ​ရောဂါအဖြစ်​အများဆုံး​နေရာမှာ ဆီးလမ်း​ကြောင်း​နေရာဖြစ်​ပြီး စအိုနှင့်​ ပါးစပ်​တွင်​လည်း ​ရောဂါပိုးဝင်​​ရောက်​နိုင်​ပါသည်​။ မိန်းမကိုယ်​မှ ထွက်​​သော အရည်​မှတဆင့်​ ရောဂါပိုးကူးစက်​နိုင်​​သော်​လည်း အမျိုးသမီးချင်းလိင်​ဆက်​ဆံရာမှ ကူးစက်မှု​နှုန်းမှာအလွန်​ နည်းပါသည်​။

အမျိုးသမီးများတွင်​ ဖြစ်ပွားသော ဂနို​ရောဂါ ရဲ့လက္ခဏာတွေက ဘာတွေလဲ?

အမျိုးသမီးများတွင်

(၁) ​ရောဂါပိုးရှိ​သောအမျိုးသမီး ၂​ယောက်​​လျှင်​ တ​ယောက်​နှုန်းမှာ အဖြူဆင်းများခြင်း (သို့) ပုံမှန်​မဟုတ်​​သော အဖြူဆင်းခြင်း

(၂) ၄​ယောက်​လျှင်​ တ​ယောက်​မှာ ၀မ်းဗိုက်​​အောက်​ပိုင်း နာကျင်​ခြင်း

(၃) ​သွေးဆင်းများခြင်း သို့မဟုတ်​ ​တစ်​လထဲတွင်​ ​သွေးနှစ်​ကြိမ်​ဆင်းခြင်း

(၄) ဆီး​အောင့်​ခြင်း၊ ဆီးကျင်​ခြင်းစ​သော ဆီးလမ်း​ကြောင်းပိုးဝင်​​သော ​ရောဂါလက္ခဏာများနှင့်​ တခါတရံ မှားတတ်​ပါသည်​။

(၅) စအို​နောက်​ပိုင်းရှိ မစင်အိမ် (Rectum) တွင်​ ပိုးဝင်​ခြင်း ( စအိုဖြင့် လိင်ဆက်ဆံခြင်းပြုသူများ) နှင့် လည်ပင်းအတွင်းအနောက်ပိုင်း အစာပြွန်အနီး ​တွင်​ပိုးဝင်​ခြင်း ( ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းပြုသူများ)
များမှာ သိသာထင်​ရှား​သော ​ရောဂါလက္ခာများ မပြတတ်​ပဲ စအို ယားယံခြင်း၊ လည်​​ချောင်းနာခြင်းများဖြင့်​သာ သတိထား မိတတ်​ကြပါသည်​။

အမျိုး သားများတွင်​ဖြစ်ပွားသော ဂနို​ရောဂါ ရဲ့လက္ခဏာတွေက ဘာတွေလဲ?

အမျိုးသားဆီးလမ်း​ကြောင်း ပိုးဝင်​ခြင်းမှာ အဓိက ​ရောဂါလက္ခာ ဖြစ်​ပါသည်​။ ​ရောဂါပိုးရှိသူနှင့်​ လိင်​ဆက်​ဆံမှု ပြုပြီး ၅ ရက်မှ ၇ ရက်​အတွင်း ​ရောဂါလက္ခဏာပြတတ်​ပါသည်​။

ရောဂါလက္ခဏာများမှာ
(၁) အမျိုးသားအဂါင်္မှ အချွဲဆင်းခြင်း (အတွင်းခံ တွင်ံစွန်းထင်း ​နေတတ်​ပါသည်​ )
(၂) ဆီးကျင်​ခြင်း
(၃) ဆီးသွား၍ မ၀ခြင်း
(၄) ဆီးခဏခဏ သွားခြင်း
(၅) အမျိုးသား အင်္ဂါ ယားယံခြင်း
(၆) ဆီးလမ်း​ကြောင်းထိပ်​ ​ယောင်​ယမ်းပြီး အနီရောင်ဖြစ်နေခြင်း

ရောဂါပိုးရှိ​သော အမျိုးသား ၁၀ ​ယောက်​လျှင်​ ၉ ​ယောက်​မှာ ​ရောဂါလက္ခာ ပြ​သော်​လည်း ပိုးရှိသော အမျိုးသမီး ၂ ​ယောက်​ လျှင်​ ၁ ​ယောက်​မှာ ​ရောဂါလက္ခာ မပြ​ကြောင်း ​တွေ့ရှိရပါသည်​။

ဆေးမကုဘဲထားလျှင် ဘာဖြစ်မှာလဲ?

 ရောဂါလက္ခာ များမှာေ​ဆးကုသမှု မခံယူ​သော်​လည်း တချိန်​ချိန်​တွင်​ ​ရောဂါ​ ​ပျောက်​ကင်းနိုင်​ပါသည်​။ ရက်​သတ္တပတ်​ အနည်းငယ်​ သို့မဟုတ်​ ၆ လ အတွင်း ​ရောဂါ​ပျောက်​ကင်းနိုင်​ပါသည်​။ သို့​သော်​ ​ဆေးကုသမှု မခံယူလျှင်​ ပိုး​ကောင်​များမှာ ဆီးလမ်း​ကြောင်းတွင်​ ရှိ​နေနိုင်​ပြီး နောက်​တကြိမ်​ ​ရောဂါပြန်​ဖြစ်​နိုင်​ပါသည်​။ ထို့​ကြောင့်​ ​ရောဂါလက္ခာ ပြသည်​ဖြစ်​​စေ မပြသည်​ဖြစ်​​စေ ​ဆေးကုသမူ မခံယူ ထားလျှင်​ အခြားသူ များသို့ ပိုးကူစက်​နိုင်​ပါသည်​။

ရောဂါပိုးရှိမရှိ စစ်​​ဆေးဖို့လိုမလား?
ဂနိုပိုး ကူးစက်​ခံထားရသည်​ဟု သံသယ ရှိပါက စစ်​​ဆေးမှု ခံယူရန်​ မိမိမြို့နယ်​ရှိ ခုခံကျကာလသား တိုက်​ဖျက်​​ရေးဌာနသို့ သွား​ရောက်​၍ လိုအပ်​​သောစစ်​​ဆေးမှု ပြုလုပ်​သင့်​ပါသည်​။ ဂနို​ရောဂါပိုးရှိ မရှိသိ​စေရန်​ ဆီးနမူနာ (သို့မဟုတ်​) လိင်အင်္ဂါ မှ ထွက်​​သော အ​ရည်​နမူနာ ယူသင့်​ပါသည်​။ အမျိုးသား များတွင်​ အမျိုး သားအင်္ဂါဆီးလမ်း​ကြောင်း၊ အမျိုးသမီး များတွင်​ မိန်းမကိုယ်​အင်္ဂါ အတွင်းပိုင်း( သို့မဟုတ်)​ သားအိမ်​​အဝအတွင်းပိုင်းမှ နမူနာယူရပါမည်​။ လိင်​မှတဆင့်​ ကူးဆက်​တတ်​​သောအခြား ​ရောဂါ ရှိမရှိ စစ်​​ဆေးရမည် ဖြစ်ပါသည်​။

ရောဂါဆိုးရွားလာပါက အမျိုးသမီး များတွင်​ ဖြစ်နိုင်ခြေရှိသော ​နောက်​ဆက်​တွဲ​ ဆိုးကျိုးတွေက ဘာတွေလဲ?
                       
အမျိုးသမီး များတွင်​ ​ရောဂါပိုးမှာ သားအိမ်​အထိ ပျံနှံ၍ တင်ပဆုံခွက်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းခြင်း (Pelvic Inflammatory disease)  ဖြစ်​တတ်​ပါသည်​။ ယင်းအခြေအနေသည် နာတာရှည်​ မိန်းမကိုယ်အင်္ဂါ​​အောင့်​ခြင်း၊ က​လေးမရနိုင်​ခြင်းများ ဖြစ်​တတ်​သည်​။ ပိုးမှာ ဝမ်းဗိုက်အောက်ပိုင်းမှတဆင့် အသည်းသို့လည်း ပျံ့ နှံ့  နိုင်​ပါသည်​။ မိန်းမကိုယ်အင်္ဂါ​ပေါက်​ တဖက်​တချက်​စီရှိ ဘာသိုလင် ဂလင်းများ ( Bartholin glands) တွင်​ ပိုးဝင်​၍ ​ရောင်​ယမ်းပြီး ပြည်​တည်​နာ ( Abscess) ဖြစ်​တတ်​ပါသည်​။

ကိုယ်ဝန်ဆောင်မိခင်များတွင် ရောဂါဖြစ်ပွားပါက ဘယ်လိုဆိုးကျိုးတွေရမှာလဲ?

ကိုယ်​၀န်​​ဆောင်​များတွင်​ က​လေးပျက်ကျ​ခြင်း၊ လမ​စေ့ပဲ က​လေး​မွေးခြင်း၊ ပုံမှန်​မဟုတ်​​သော​နေရာများတွင်​ သ​န္ဓေတည်​ခြင်းများဖြစ်​တတ်​ပါသည်​။ ကိုယ်​၀န်​​ဆောင်​ချိန်​တွင်​ ပိုးကူးစက်​ခံရပါက ​မွေးလာ​သောက​လေးတွင်​ အော့ပ်သားလ်မီးရား နီယိုနေတိုရမ် (Opthalmia Neonatorum) ဟုခေါ်သော ​မွေးရာပါ မျက်​စိ​ရောဂါဖြင့်​ ​မွေးလာနိုင်​ပါသည်​။

ရောဂါဆိုးရွားလာပါက အမျိုးသားများတွင်​​ ဖြစ်နိုင်ခြေရှိသော ​နောက်​ဆက်​တွဲ​ ဆိုးကျိုးတွေက ဘာတွေလဲ?

အချို့အမျိုးသားများတွင်​ ပိုးမှာ ဆီးလမ်း​ကြောင်းမှ တဆင့်​ ဆီးကြိတ်​ ( Prostate) သို့ ပျံ့ နှံ့တတ်​ပါသည်​။ ဆီးလမ်း​ကြောင်းကျဉ်းခြင်း ( Urethral Stricture) မှာမူ အ​တွေ့ရ နည်း သော်လည်း ဖြစ်ပွားနိုင်သော အခြေနေတစ်ခုဖြစ်သည်​။ ​ရောဂါပိုးများ​သွေးထဲသို့​ရောက်​၍ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပြန့်နှံ့ခြင်း ​ရှားပါးသည်​။ အမျိုးသားချင်း လိင်​တူ ဆက်​ဆံ​သော သူများတွင်​မူ စအိုလမ်း​ကြောင်း (သို့မဟုတ်)​ လည်​​​ချောင်းတွင်​ ရောဂါပိုးကူးစက်​ခံရနိုင်​သည်​။

 ဂနို ​ရောဂါကို ဘယ်လိုကုသမှာလဲ?
အများအားဖြင်း ပိုးသတ်​​ဆေး ထိုး​ဆေး တကြိမ်​ နှင့်​ ​သောက်​​ဆေး တစ်​ကြိမ်​ ဖြင့်ကုသရမည်။ သို့​သော်​ တခါတရံ အခြားမတူညီ​သော ကုထုံးများ (Guideline) များကိုလည်း လိုအပ်​သလို အသုံးပြုပါသည်​။ ဥပမာ- မိမိတွင်​ ပိုးသတ်​​ဆေးတမျိုးမျိုး ကို ဆေးမတည့်ခြင်း (Allergy)   ရှိပါက (သို့မဟုတ်)​ အခြား​​ရောဂါပိုးများလည်း ကူးစက်​ခံထားရပါက မိမိနှင့်​သင့်​​တော်​​သော ကုသမှုကို ခံယူရပါမည်​။

မိမိနှင့်​ လိင်​ဆက်​ဆံဖက်​ကို ​ဆေးကုသရန်​ လိုအပ်​ပါသလား?
လိုအပ်​ပါသည်​။ မိမိနှင့်​လိင်​ဆက်​ဆံဖက်​တွင်​ ​ရောဂါလက္ခာ မပြသည့်​တိုင်​ ပိုးရှိမရှိ စစ်​​ဆေးမှု ခံယူရပါမည်​။ ​ရောဂါ ပိုးမရှိသည့်​တိုင်​ မိမိနှင့်​လိင်​ဆက်​ဆံဖက်​အား ​ဆေးကုသမှု ခံယူ​စေရပါမည်​။ အဘယ့်​​ကြောင့်​ဆို​သော်​ ဂနို​ရောဂါဖြစ်​​စေ​သော ပိုးများသည် အကာအကွယ်​မပါပဲ​ လိင်​ဆက်​ဆံချိန်​တွင်​ အများဆုံး ကူးစက်​တတ်​ပါသည်​။ ​ဆေးကုသမှု ခံယူထားခြင်းဖြင်​ ၀င်​​ရောက်​လာနိုင်​​သော့ ​ရောဂါပိုးများကို ​သေ​စေနိုင်​ပါသည်​။ ပိုးကူးစက်​ခံထားရ​သော မိမိ၏ လိင်​ဆက်​ဆံဖက်​အား ​ဆေးဝါးကုသခြင်းမပြုလုပ်​ထားပါက မိမိအား ​ရောဂါပိုး တဖန်​ပြန်​လည်​၍ ကူးစက်​နိုင်​ပါသည်​။ အကယ်​၍ သင့်​ထံတွင်​ ​ရောဂါလက္ခာ မပြပဲ ပိုးကူးစက်​ခံရပါက တချိန်​ချိန်​တွင်​ ​ရောဂါလက္ခာ ပြလာနိုင်​ပါသည်​။ ထို့​ကြောင့်​ ၃ လအတွင်း မိမိနှင့်​ လိင်​ဆက်​ဆံမှု ပြုခဲ့သူများအားလုံးကို စစ်​​ဆေးမှု ပြုလုပ်​၍ ​ဆေးဝါးကုသမှု ​ပေးသင့်​ပါသည်​။

ဆေးထိုး၊ ဆေးသောက်ပြီးလျှင် ရောဂါအရှင်းပျောက်ပြီလား?

ဆရာဝန် ​ သို့မဟုတ်​ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု​ပေးသူများသည်​ ​ဆေးကုသမှု ​ပြီးဆုံးပြီး​နောက်​ ယင်းတို့၏ ကုသမှု ​အောင်​မြင်​ မှု ရှိ ၊မရှိ ကိုလူနာအား ပြန်​လည်​ ​ခေါ်ယူ၍ ကြည့်​ရှု့​လေ့ရှိကြပါသည်​။ ထိုသို့ကြည့်​ရှု ရာတွင်​ ​ရောဂါလက္ခာ သက်​သာမှု ရှိမရှိ  ၊ ​ရောဂါပိုး ရှိမရှိကို ပြန်​လည်​စမ်းသပ်​ခြင်းများလည်း ပါဝင်​သည်​။ တခါတရံတွင်​ ​ဆေးကုသမှု ပြီးဆုံးသည့်​တိုင်​ ​ရောဂါပိုးများ ရှိ​နေ​သေးလျှင်​ အခြားလိုအပ်​​သောကုသမူ များကို ဆက်​လက်​ ခံယူရန်​လိုအပ်​သည်​။ သင်​နှင့်​ သင်​၏အ​ဖော်​မှာ ​ဆေးကုသမှု ခံယူခြင်းမပြီးမချင်း လိင်​ဆက်​ဆံခြင်းကို ​ရှောင်​ကြဉ်​ရမည်​။

ဆေးကုသမှု ခံယူပြီး ဘယ်အချိန်အထိ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမှာလဲ?

 ပုံမှန် ​အားဖြင့်​ ​ဆေးကုသမှုခံယူပြီး အနည်းဆုံးတပတ်​အတွင်း ​လိင်​ဆက်​ဆံခြင်းမပြုရပါ။ အထက်​တွင်​ ​ဖော်​ပြထား​သော ပိုးသတ်​​ဆေး​သောက်​၍ ​ဆေးကုသမှု ခံယူထား​သော လူနာများ၏ ​သွေးထဲတွင်​ ပိုးကင်းရှင်းရန်​ ရက်​​ပေါင်းများစွာ ကြာတတ်​ပါသည်​။

ဂနို​ရောဂါပိုးကို ကာကွယ်​နိုင်​ပါသလား?

ဂနိုအပါအ၀င်​ အခြားလိင်​မှတဆင့်​ ကူးဆက်​တတ်​​သော ​ရောဂါပိုးများကို​ကာကွယ်​နိုင်​ရန်​ လိင်​ဆက်​ဆံမှု ပြုလုပ်​လျှင်​ (ပုံမှန်‌ မဟုတ်​​သော လိင်​ဆက်​ဆံခြင်းများ(​ ဥပမာ- ပါးစပ်​ သို့ စအိုဖြင့်​ ဆက်​ဆံခြင်း) အပါအ၀င် )  အကာအကွယ်​ ကွန်​ဒုံးကို အသုံးပြုသင့်​ပါသည်​။

ဘယ်လိုလူတွေမှာ ရောဂါပိုးကူးစက်တာများလဲ?

လိင်​ဆက်​ဆံဖက်​များ​သောသူများတွင်​ လိင်​မှတဆင့်​ကူးစက်​တတ်​​သော​ရောဂါပိုးများ ကူးစက်မှု​နှုန်း မြင့်​မားတတ်​ပါသည်​။

ဂနို​ရောဂါ (သို့မဟုတ်)​ အခြားလိင်​မှတဆင့်​ကူးဆက်​တတ်​​သောေ​ရောဂါ ရှိသည်​ဟု သံသယ ဖြစ်လျှင်ဘာလုပ်ရမလဲ?

အကယ် ​၍ သင့်​ထံတွင်​ ဂနို​ရောဂါ သို့မဟုတ်​ အခြားလိင်​မှတဆင့်​ကူးဆက်​တတ်​​သောေ​ရောဂါ ရှိသည်​ဟု သံသယ ရှိပါက ခုခံကျ ကာလသားတိုက်​ဖျက်​​ရေးဌာန (သို့မဟုတ်​) နီးစပ်​ရာ ​ဆေးခန်းများတွင်​ ​ဆေးကုသမှု ခံယူသင့်​ပါသည်​။
ခုခံကျ ကာလသားတိုက်​ဖျက်​​ရေး ဌာန သို့ ဆရာဝန်​လွှဲစာမ ပါပဲ သွား​ရောက်​ကုသမှု ခံယူနိုင်​ပါသည်​။ အနီးဆုံး​ဆေးရုံ (သို့မဟုတ်​) ကျန်းမာ​ရေး​ဌာန များတွင်​ လည်းစုံစမ်းနိုင်​ပါသည်​ ။

သတိပြုရန်

အထက်တွင် ဖော်ပြထားသော အချက်အလက်များမှာ မိမိတို့ကိုယ်တိုင် ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ပြုလုပ်ရန်အတွက် မဟုတ်ပဲ မိမိတွင် ဖြစ်ပေါ်နေသောရောဂါအခြေအနေ များကို စောလျင်စွာ သတိထားမိစေရန် နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသခြင်းများကိုမူ တတ်သိကျွမ်းကျင်သော ဆရာဝန်များနှင့်သာ တိုင်ပင်ပြသ၍  ကုသမှုခံယူသင့် ပါသည်။

From...www.myanmarhealthcentre.com


Friday, November 10, 2017

Google Maps ဘယ်လိုသုံးမလဲ

Google Maps ဘယ်လိုသုံးမလဲ

မြေပုံဆိုတာ ခရီးသွားလာရာမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။
ကိုယ်သိတဲ့ နေရာဒေသတစ်ခုကို သွားလာရာမှာ မြေပုံမပါတာ ပြဿနာမရှိပေမယ့် ကိုယ်မရောက်ဖူး ၊ အကျွမ်းတ၀င်မရှိတဲ့နေရာဒေသကို သွားရင်တော့ မြေပုံမပါရင် အခက်အခဲတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ တက်စီငှားစီးတာ ၊ လမ်းသွားလမ်းလာတွေကို မေးတာတွေနဲ့ ဖြေရှင်းလို့ရပေမယ့် တော်တော် ကသိကအောင့်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းတစ်လုံးရှိရုံနဲ့ ကိုယ်ရောက်ရှိတဲ့ မြို့ရဲ့ တည်နေရာ ၊ သွားလိုတဲ့ နေရာဒေသအကွာအဝေး ၊ စီးနင်းနိုင်တဲ့ဘတ်စ်ကား ၊ တက်စီမောင်းနှင်ဖို့ ကြာချိန်စတာတွေကို ကြည့်ရှုနိုင်တဲ့ Google Maps အသုံးပြုပုံလေးကို တင်ပြချင်ပါတယ်။ တော်တော်လည်းအသုံးတည့်တဲ့ နည်းပညာအခြေပြုဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ Google Maps ဟာ လူအများစုအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေမှာ ပါရှိပြီးသား ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ https://maps.google.com/ ကနေလည်း ၀င်ရောက်အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ

၁။ Google Maps ထဲ စတင်ဝင်လိုက်တာနဲ့ သင့်ရဲ့ Location နေရာကို သိဖို့ GPS စနစ်ကို ဖွင့်ရမှာဖြစ်ပါတယ်။ ပြီးရင် သင်လက်ရှိရောက်နေတဲ့နေရာကို ပြသပေးနေမှာဖြစ်ပါတယ်။

၂။ အဲဒီလို တွေ့မြင်ရပြီဆိုရင် သင်သွားလိုတဲ့ နေရာအမည်ကို ဖုန်းအပေါ်ပိုင်းမှာရှိတဲ့ Search box မှာရိုက်ထည့်ပေးပါ။ ပြီးတာနဲ့ ဖုန်းအောက်ဘက်မှာ ဖော်ပြထားတဲ့ ကားပုံသဏ္ဍာန် (သို့) လူလမ်းလျှောက်နေတဲ့ပုံသဏ္ဍာန်လေးကို နှိပ်လိုက်ပါ။

၃။ သင်ရောက်ရှိနေတဲ့နေရာနဲ့ သင်သွားလိုတဲ့နေရာကို သွားရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပြပေးပါလိမ့်မယ်။ ခရီးကြာချိန်ကိုလည်း ပြပေးပါလိမ့်မယ်။ ကိုယ်ပိုင်ကားနဲ့ သွားရင် ကြာချိန်ဘယ်လောက် ၊ ဘတ်စ်ကားနဲ့ သွားရင်ကြာချိန်ဘယ်လောက် ၊ လမ်းလျှောက်ရင် ကြာချိန်ဘယ်လောက်ဆိုပြီး အသီးသီးပြပေးပါလိမ့်မယ်။ ဖြတ်လမ်းအနေနဲ့ သွားရောက်နိုင်တဲ့ လမ်းကြောင်းတွေကိုလည်း ပြသပေးပြီး ကြာချိန်ဘယ်လောက် လျော့နိုင်တယ်ဆိုတာကိုလည်း ပြပေးထားပါတယ်။ (ပြည်ပနိုင်ငံတွေမှာတော့ ဘတ်စ်ယာဉ်လိုင်းနံပါတ်တွေကိုပါ ဖော်ပြပေးထားပြီး မြန်မာနိုင်ငံမှာတော့ ဘတ်စ်ယာဉ်လိုင်းနံပါတ်တွေ မဖော်ပြနိုင်သေးပါ)

၎။ ဒါ့အပြင် တက်စီနဲ့ သွားရင်ကြာမယ့်အချိန် ကျသင့်နိုင်တဲ့ တက်စီဈေးနှုန်းတွေကိုလည်း ဖော်ပြထားပါတယ်။ လက်ရှိ ပြည်တွင်းမှာတော့ Uber နဲ့ Grab တက်စီတွေရဲ့ ဈေးနှုန်းတွေကို ဖော်ပြပေးထားပါတယ်။

၅။ ယာဉ်လမ်းကြော ကြပ်တည်းမှုရှိ ၊ မရှိကိုလည်း ကြည့်ရှုနိုင်ပြီး option ထဲကနေ All traffic ကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် မြင်ကွင်းအနေအထားတွေကိုလည်း ပြောင်းလဲကြည့်ရ နိုင်ပါတယ်။ ပြီးရင်တော့ သင်သွားလိုတဲ့ နေရာကို Google Maps မြေပုံလေး အသုံးပြုပြီး အဆင်ပြေပြေသွားလာနိုင်ပြီပေါ့။

တခြားနေရာဒေသတွေကိုလည်း အခုလို ရှာဖွေကြည့်ရှုသလို ပြောင်းလဲ ကြည့်ရှုနိုင်ပါတယ်။

Google Maps မှာ အသုံးပြုနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့

၁။ See search results (ကိုယ်ရောက်ရှိနေတဲ့နေရာ ၊ သွားလိုတဲ့နေရာကိုရှာဖွေခြင်း)

၂။ Explore the map (ကိုယ်သွားလိုတဲ့နေရာကို ရှာဖွေနိုင်သလို အဲဒီနေရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကြိုတင်သိရှိနိုင်ပါတယ်။ ဥပမာ - ဖုန်းနံပါတ် ၊ ဖွင့်ချိန် ၊ ပိတ်ချိန်)

၃။ Measure distances between points (ရောက်ရှိနေတဲ့နေရာ အမှတ်နဲ့ သွားလိုတဲ့နေရာ အမှတ်ကြားက အကွာအဝေးကို သိရှိနိုင်ခြင်း)

၎။ Report a data problem (အချက်အလက်အမှားတွေကို ပြင်နိုင်ခြင်း။ ဥပမာ - လမ်းအမှား ၊ လိပ်စာအမှားတွေကို ပြင်နိုင်ခြင်း)

၅။ See traffic , transit , biking and terrain info (ယာဉ်ကြောကြပ်တည်းမှု ၊ မြေပြင်အနေအထား စတာတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိရှိနိုင်ခြင်း)

၆။ See the world in 3D (ကမ္ဘာကို 3D စနစ်နဲ့ ကြည့်ရှုနိုင်ခြင်း)

၇။ See Street View (လမ်းအတွင်းမြင်ကွင်း ၊ အနီးစပ်ဆုံးအနေအထားထိ ကြည့်ရှုနိုင်ခြင်း)

၈။ Move the map (မြေပုံမြင်ကွင်းကို လိုသလို ရွှေ့လျားကြည့်ရှုနိုင်ခြင်း)

၉။ See your current location (သင်လက်ရှိရောက်နေတဲ့ နေရာကို ကြည့်ရှုနိုင်ခြင်း)

၁၀။ Rate and review places (သင်သွားရောက်ခဲ့တဲ့ နေရာတွေအပေါ် သင်ရဲ့ အမြင်ကို ဖော်ပြနိုင်ခြင်း။ ဥပမာ - အမှတ်ပေးခြင်း ၊ သုံးသပ်ချက်ရေးခြင်း)

Tuesday, October 31, 2017

ယင်နားစာများ မစားပါနှင့်

ယင်နားစာများ မစားပါနှင့်

လမ်းဘေးကဲ့သို့ နေရာများမှ ယင်ကောင်များ နားထားသော အစားအစာများသည် မသန့်ရှင်းသဖြင့် ရှောင်ရှားသင့်သည်။

ယင်ကောင်များသည် ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးကောင်ဥများကို သယ်ဆောင်ထားလေ့ရှိပြီး ကျန်းမာရေး အတွက် အန္တရာယ်ရှိသည်။

ယင်ကောင်တစ်ကောင်သည် ရောဂါများဖြစ်စေနိုင်သော ပိုး မွှားကောင်ရေ ၁၀၀ ထက်မနည်း သယ်ဆောင်ထားလေ့ရှိသည်။ ယင်ကောင်များသည် အစားအစာများပေါ်တွင်သာ နားလေ့ရှိသည် မဟုတ်ဘဲ အခြားစားသုံးနိုင်သော မသန့်ရှင်းသည့် နေရာများ၌ လည်း နားလေ့ရှိသဖြင့် ရောဂါပိုးမွှားများကို အဓိကသယ်ဆောင်သည့် အင်းဆက်ဖြစ်သည်။


အစားအစာပေါ်တွင် ယင်ကောင်နားပြီးသည်နှင့် ယင်ကောင် သည် သူ၏လက်တံများကို ပွတ်သပ်နေသည်ကို မြင်တွေ့ရမည် ဖြစ်ပြီး အစာစားရန် အန်ထုတ်လေ့ရှိသည်။ အစားအစာကို အရည် အဖြစ် ပြောင်းလဲပစ်ရန် ယင်ကောင်က ဦးစွာအန်ထုတ်ပစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။ ယင်ကောင်၏အန်ဖတ်များမှာ ၎င်း နောက်ဆုံးစားထားသည့် အစာများ ဖြစ်နိုင်သဖြင့် ယင်ကောင်၏ ခန္ဓာကိုယ်တွင် ကပ်ပါလာသော ပိုးမွှားများထက် ယင်ကောင်၏ အန်ဖတ်က ပို၍အန္တရာယ်ဖြစ်နိုင်သည်။

ယင်ကောင်၏ အစာအိမ်ထဲတွင် ရောဂါပိုးမွှား အများအပြား ပါရှိသည်။ ယင်ကောင်၏ ယခင်အစားအသောက်၊ မတူညီသော နေရာများစွာတွင် နားခဲ့ခြင်းတို့ကြောင့် ၎င်းက ထုတ်လိုက်သော အန်ဖတ်တွင် ရောဂါပိုးအမြောက်အမြား ပါဝင်နေသည်။ ထို့ကြောင့် ယင်နားစာများဖြစ်နိုင်သော လမ်းဘေးအစားအစာများ စားသောက် မှုများခြင်းကြောင့် ရောဂါအမျိုးမျိုး ဖြစ်နိုင်သည်။

ယင်နားစာများ စားသုံးခြင်းကြောင့် ဝမ်းလျှောခြင်း၊ ဖျားခြင်း၊ ဗိုက်နာခြင်းတို့ ဖြစ်နိုင်သဖြင့် စားသောက်ရာနေရာကို သတိထားရန် အရေးကြီးသည်။

သို့သော် ကိုယ်ခံအားစနစ်ကောင်းပါက ရောဂါပိုးမွှားများဒဏ် မခံရနိုင်ပေ။ နေအိမ်တွင် သန့်ရှင်းမှုကို အလေးထားဆောင်ရွက်ခြင်း  ဖြင့်  ယင်ကောင်များမဝင်လာနိုင်၍ ရောဂါကင်းစင်နိုင်သည်။ ထို့အ ပြင် ယင်ကောင်များသည် မစင်များအပါအဝင် နေရာစုံတွင် နားနိုင်သဖြင့် အားလုံးသန့်ရှင်းအောင်ထားရန် အရေးကြီးသည်။


Monday, October 30, 2017

အူအတက်ရောင်ခြင်း (Appendicitis)

** အူအတက်ရောင်ခြင်း (Appendicitis) **
------------

►► အူအတက်ဆိုတာဘာလဲ?

           အူအတက်ဟာ ၀မ်းဗိုက်ရဲ့ ညာဘက်ခြမ်း အောက်ပိုင်းမှာရှိပြီး အူမကြီးမှ လက်ချောင်းသဏ္ဌာန် အိတ်ငယ်လေးအဖြစ် ထိုးထွက်နေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ယေဘူယျအားဖြင့် 8-10 စင်တီမီတာ ၀န်းကျင်ရှည်လျားပါတယ်။



►► အူအတက်ရောင်တာ ဘယ်သူတွေမှာ ဖြစ်နိုင်လဲ?

         အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (2) နှစ်အောက်တွင် ရှားပါးပြီး အသက် (10) နှစ်မှ (30) အကြားတွင် အဖြစ်များတာကို တွေ့ရပါတယ်။



►► အူအတက် ဘာကြောင့် ရောင်သလဲ?

        အူအတက်ရောင်ရတဲ့ အကြောင်းရင်းတွေကို အခုချိန်ထိ တိတိကျကျမပြောနိုင်သေးပေမယ့် ဖြစ်တဲ့သူ အများစုကတော့ အူအတက်ရဲ့ အတွင်းပိုင်းပိတ်ခြင်းကြောင့် ရောင်ရခြင်းဖြစ်ပါတယ်။ အူအတက်ရဲ့အတွင်းပိုင်းပိတ်ရတဲ့ အကြောင်းတွေကတော့-

- အစာဟောင်းများ (မစင်)ကြောင့် ပိတ်ခြင်း

- သံကောင်၊ ကပ်ပါးကောင်များဝင်၍ ပိတ်ခြင်း

- နာတာရှည် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ပိတ်ခြင်း

- ၀မ်းဗိုက်ပိုင်းတွင် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရ၍ ပိတ်ခြင်း

- အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပိုးဝင်ပြီးနောက် အူအတက်နံရံရှိ အကျိတ်များကြီး လာ၍ ပိတ်ခြင်း

- အူအတက်ကင်ဆာ (အလွန်ရှားပါးပါတယ်) ကြောင့် ပိတ်ခြင်း စသည်တို့ဖြစ်ပါတယ်။

        ဘယ်လိုအကြောင်းကြောင့်ပဲ ပိတ်ပိတ် အူအတက်ရောင်လာပါတယ်။ တကယ်လို့အူအတက်ပေါက်သွားခဲ့ရင် ဒါကို အရေးပေါ်အခြေအနေလို့ သတ်မှတ်ပါတယ်။ အကြောင်းကတော့ အူအတက်ထဲမှာ ပိတ်နေတဲ့ (ဥပမာ- မစင်) တွေက ၀မ်းဗိုက်ထဲကို လွင့်စင်သွားပြီး ၀မ်းဗိုက်ကိုဖုံးထားတဲ့အလွှာ (Peritonium)  နဲ့ အခြား အူအစိတ်အပိုင်းတွေကို ရောင်ရမ်းစေနိုင်ပြီး ဘက်တီးရီးယားများပေါက်ဖွားကာ အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။

        တချို့လူတွေမှာကျတော့ အူအတက်မပေါက်ဘဲ အချိန်ကြာလာတာနဲ့ အူအတက်အတွင်း ဘက်တီးရီးယားတွေ ပေါက်ဖွား ပွားများလာပြီး အူအတက်ပြည်တည်ခြင်း (Appendicular Abscess) ဖြစ်လာပါတယ်။ ရောင်ပြီးပြည်တည်နေတဲ့ အူအတက်ဟာ သူ့ဆီကို သွေးပို့နေတဲ့ သွေးကြောတွေ ကိုပါ ဖိမိပြီး အူအတက်ဆီ သွေးမလျှောက်နိုင်တော့တဲ့ အခြေအနေဖြစ်လာကာ တဖြည်းဖြည်းနဲ့ အူအတက်ပုပ်လာနိုင်ပါတယ်။



►► အူအတက်ရောင်ရင် ဘယ်လိုရောဂါလက္ခဏာပြလဲ?

- ၀မ်းဗိုက်ညာဘက်အောက်ခြမ်းတွင် ရုတ်တရက်နာခြင်း (သို့) အစပိုင်းတွင် ချက်တစ်ဝိုက်၌ ရုတ်တရက်နာပြီး နောက်ပိုင်းတွင် ၀မ်းဗိုက်၏ညာဘက်အောက်ပိုင်းသို့ ရွေ့သွားခြင်း

- လှုပ်ရှားလျှင် ပိုမိုနာကျင်ခြင်း (ဥပမာ-လမ်းလျှောက်ခြင်း၊ ချောင်းဆိုးခြင်း)

- မူးဝေအော့အန်ခြင်း

- အစာစားလိုစိတ် မရှိခြင်း

- ၀မ်းသွားခြင်း (သို့) အချို့တွင် ၀မ်းချုပ်ခြင်း

- လေပွခြင်း

- ငွေ့ငွေ့ဖျားခြင်း



►► အူအတက်ရောင်တာကို ဘယ်လိုစမ်းသပ်စစ်ဆေးမလဲ?

        အူအတက်ရောင်ခြင်းဟု သေချာစစ်ဆေးသိရှိနိုင်ရန်ခက်ခဲပြီး အူအတက်ရောင်သည့် လူနာ တစ်ဝက်ခန့်မှာ တိကျသောရောဂါလက္ခဏာမပြကြပါ။ ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ သားအိမ်ပြင်ပ၌ ကိုယ်ဝန်ရှိခြင်း၊ ဆီးကျောက်တည်ခြင်း စသည့်ရောဂါတွေကလည်း ၀မ်းဗိုက်ကို ပြင်းထန်စွာ နာကျင်စေသဖြင့် ခွဲခြားသုံးသပ်ဖို့လဲ အရေးကြီးပါတယ်။

          ရောဂါစမ်းသပ်ရန် အောက်ပါစမ်းသပ်နည်းများကို အများအားဖြင့်သုံးကြပါတယ်။

-  ရောင်ရမ်းမှုကိုသိသာရန် ၀မ်းဗိုက်အားစမ်းသပ်ခြင်း (၀မ်းဗိုက်ညာဘက်အောက်ပိုင်းကို လက်နှင့်ဖိထားစဉ်ထက် လွှတ်လိုက်သည့်အချိန်တွင် ပိုနာခြင်း)

-  သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ စအိုအတွင်း လက်ထည့် စစ်ဆေးခြင်း

-  ဓာတ်မှန်ရိုက်ခြင်း (X-ray ၊ MRI ၊  CT scan ၊ Ultrasound)

          တစ်ခါတစ်ရံ စမ်းသပ်မှုရလဒ်ကိုစောင့်ရန် လူနာအတွက် အသက်အန္တရာယ်များလွန်းပါက ခွဲစိတ်၍ အူအတက်အား ဖယ်ရှားပစ်ကြပါတယ်။



►► အူအတက်ရောင်တာကို ဘယ်လိုကုသမလဲ?

          အူအတက်ရောင်တဲ့သူတော်တော်များများဟာ ပိုးသတ်ဆေးပေးရုံနဲ့ မသက်သာတဲ့အတွက် အူအတက်ကို ခွဲထုတ်ပစ်လိုက်ရတာကများပါတယ်။ လူနာတစ်ဦးချင်းစီရဲ့ အနေအထားပေါ်မူတည်ပြီး ခွဲစိတ်နည်း 2 မျိုးရှိပါတယ်။ တစ်မျိုးက ဗိုက်မှာ 2-4 လက်မခွဲပြီး အူအတက်ကို ထုတ်ယူခြင်းဖြစ်ပါတယ်။ ဒါကို Open Surgery လုပ်တယ်လို့ ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ အဏုကြည့်မှန်ပြောင်း Scope ၀င်နိုင်ရုံလောက်သာခွဲပြီး Laparoscopic နည်းနဲ့ အူအတက်ကို ဖယ်ရှားပစ်ခြင်းဖြစ်ပါတယ်။ Laparoscope ဖြင့် ခွဲစိတ်ပါက ရက်သတ္တပတ် 2 ပတ်မှ 3 ပတ်အတွင်း ပုံမှန်လုပ်ငန်းများ ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။

          အူအတက်ရောင်ပြီးပေါက်ထွက်ခြင်း (သို့) အူအတက်ပြည်တည်ပြီး ပေါက်ထွက်ခြင်းဖြစ်ပါက အူအတက်ကို ဖယ်ရှားပစ်လိုက်တာဟာ တစ်ခုတည်းသော ကုသမှုနည်းလမ်းဖြစ်ပါတယ်။

          တကယ်လို့ ပြည်တည်နေပေမယ့် မပေါက်ထွက်သေးဘူးဆိုရင်တော့ ပိုးသတ်ဆေးအရင်ပေးပြီး ပြည်ကို ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်အောင် ပိုက်တပ်ပေးလိုက်ပါတယ်။ နောက်မှ အူအတက်ကို သတ်သတ်ခွဲထုတ်ပါတယ်။



►► အူအတက်ရောင်တာကို မကုသဘဲထားရင် ဘာတွေဆက်ဖြစ်မလဲ?

ဝမ်းဗိုက်အမြှေးပါးရောင်ရမ်းခြင်း
======

          အူအတက်ပေါက်၍ ၀မ်းဗိုက်အတွင်းသို့ ပိတ်ဆို့ပစ္စည်းများ ပျံ့နှံ့သွားပါက ၀မ်းဗိုက်အမြှေးပါးရောင်ရမ်းခြင်း (Peritonitis)  ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမှာ အူရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး အသက်အန္တရာယ်နဲ့ ကြုံရနိုင်ပါတယ်။



အူအတက်ပြည်တည်ခြင်း
======

        အူအတက် ပေါက်ထွက်မသွားဘဲ အတွင်းမှာတင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ပြည်တည် လာတာမျိုး (Appendicular Abscess) ဖြစ်လာနိုင်ပါတယ်။ အူအတက်ပုပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။



အူအတက်မရောင်အောင် ဘယ်လိုကာကွယ်မလဲ?
======

          အူအတက်ရောင်ခြင်းကို ကာကွယ်ဖို့ နည်းလမ်းမရှိပါ။ ဒါပေမယ့် အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များများစားပါက အူအတက်ရောင်မှု လျော့ကျကြောင်းတွေ့ရသည်။

www.drmyanmar.com




******************************************
** ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းသည် စိတ်ပူပန်ရန်လိုပါသလား **
-------------

          ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းသည် အကြောင်းအရင်းများစွာကြောင့်ဖြစ်နိုင်ပါသည်။ အများအားဖြင့် စိုးရိမ်စရာလိုဘဲ အပျိုဖော်ဝင်ကာစနှင့် သွေးဆုံးခါနီးအချိန်တွင် ဖြစ်လေ့ရှိသည်။

          သို့သော် သားဖွားနှင့် မီးယပ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Joyce Gottesfeld ကမူ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းကြောင့် ဆိုးဆိုးရွားရွားဖြစ်နိုင်သည်ဟု မဆိုလိုသော်လည်း စတင်သတိပြုမိသည်နှင့် တစ်ပြိုင်နက် သားဖွားနှင့်မီးယပ်သမားတော်နှင့်ကုသမှုခံယူသင့်သည်ဟု အကြံပြုပြောကြားထားသည်။

          သွေးဆင်းရသည့် အကြောင်းရင်းကိုဖော်ထုတ်ရန် ကျန်းမာရေးဝန်ထမ်းများက သင်၏အသက်အရွယ်၊ ကိုယ်ဝန်ရှိ/မရှိ၊ အကာအကွယ်မယူဘဲ အမျိုးသားနှင့် အတူနေဖူးခြင်းရှိ/မရှိနှင့် ကိုယ်ဝန်တားဆေးများစတင် သောက်သုံးခြင်းရှိ/မရှိတို့ကို မေးမြန်းပေလိမ့်မည်။

          အကယ်၍ ပဋိသန္ဓေတားဆေးများကို စတင်သောက်သုံးနေပါက (သို့) ပရိုဂျက်စတုန်းဟော်မုန်းပါဝင်သော တားဆေးပစ္စည်းထည့်ထားပါက သွေးဆင်းခြင်းမှာဖြစ်လေ့ဖြစ်ထရှိသောအရာတစ်ခုပင်ဖြစ်သည်။ သို့သော် သွေးဆင်းခြင်းမှာ အချိန်ကြာသော်လည်း မရပ်တန့်ပါက သန္ဓေတားဆေးအစား အခြားနည်းလမ်းများကို စဉ်းစားသင့်ကြောင်းလည်း အကြံပေးထားပါသည်။

►► အစောပိုင်းနှစ်များတွင်သွေးဆင်းခြင်း

        ရာသီပန်းပွင့်စ (သို့) သွေးဆုံးခါနီးအချိန်တွင် သွေးဆင်းခြင်းမှာဖြစ်လေ့ဖြစ်ထရှိသည့်အပြင် အစောပိုင်းနှစ်များတွင် ဓမ္မတာမှန်လေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်၊ မျိုးဥအိမ်နှင့် သားအိမ်တို့သည် ဟော်မုန်းအတက်အကျပုံမှန်ဖြစ်စေရန် ကြိုးစားနေဆဲကြောင့်ဖြစ်ပါသည်။ သွေးဆင်းခြင်းသည် အရမ်းမများပြားပါက (သို့) ခဏတာဖြစ်ခြင်းဆိုပါက ပြဿနာသိပ်မရှိနိုင်ပေ။

          အရွယ်ရောက်ပြီးသူများတွင် အမျိုသားနှင့်အတူနေပြီးသည့်အချိန်၌ သွေးဆင်းပါက စိုးရိမ်ဖွယ်ဖြစ်သည်။ အထူးသဖြင့် အကာအကွယ်မယူဘဲဆက်ဆံမိခြင်း (သို့) အမျိုးသားတစ်ဦးနှင့်ပထမဆုံးအကြိမ်ဆက်ဆံခြင်းတို့တွင် ပိုမိုသတိထားသင့်ပါသည်။ လိင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများ (Chlamydia (သို့) Gonorrhea) တွင် သွေးဆင်းခြင်းသ့ည် အချက်ပေးလက္ခဏာတစ်ခုဖြစ်လေ့ရှိခြင်းကြောင့် ချက်ချင်းကုသမှုခံယူသင့်ပါသည်။ တခါတရံ၌ သားအိမ်ခေါင်းအ၀သည် အလွန်ပင်ထိခိုက်လွယ်သောအခြေအနေတွင်ရှိခြင်းကြောင့် (သို့) ရောဂါပိုးရှိနေခြင်းကြောင့် သွေးဆင်းခြင်းဖြစ်နိုင်သည်။

          အမျိုးသားနှင့်ဆက်ဆံပြီးနောက် သွေးဆင်းရခြင်းအခြားအကြောင်းအရင်းတစ်ခုမှာ သားအိမ်ဝလန်နေခြင်းရောဂါ (Cervical ectropion) ကြောင့်ဖြစ်ပါသည်။ ထို့ပြင် သားအိမ်ခေါင်းကင်ဆာကြောင့်လည်းဖြစ်နိုင်ပါသည်။

          ဓမ္မတာလာခြင်းမဟုတ်ဘဲ သွေးအနည်းငယ်ဆင်းခြင်းသည် ကိုယ်ဝန်စတည်ခါစ (Implantation Bleeding) ကြောင့်လည်းဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။

►► သက်လတ်ပိုင်းအမျိုသမီးများတွင် သွေးဆင်းခြင်း

        အသက် 30 ၀န်းကျင်အမျိုးသမီးများတွင်သွေးဆင်းခြင်းမှာ သားအိမ်ကင်ဆာကြောင့်ဖြစ်နိုင်ချေများသည်။ ငယ်ရွယ်သူများတွင် အ၀လွန်ခြင်းသည် သားအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ပါသည်။ သားဖွားနှင့်မီးယပ်ဆရာဝန် Dr.Dabney ကမူ အသက် 35 နှစ် ပတ်ဝန်းကျင်တွင် သွေးဆင်းခြင်းမှာ စိတ်ပူပန်စရာကောင်းကြောင်း၊ အဘယ်ကြောင့်ဆိုသော် သားအိမ်ကင်ဆာ၏ ကနဦးလက္ခဏာဖြစ်နေနိုင်ကြောင်း၊ ဟော်မုန်းအပြောင်းအလဲ၊ သားအိမ်တွင်အလုံးတည်ခြင်းနှင့် အသားပိုဖြစ်ခြင်းများသည် ကင်ဆာထက်ဖြစ်နိုင်ချေများသော်ငြားလည်း စစ်ဆေးချက်များဖြင့် အတည်မပြုရသေးမီ ဘာမျှမပြောနိုင်ကြောင်းကို ပြောကြားပေးခဲ့သည်။

          သားအိမ်၌ အလုံးတည်ခြင်းသာမက သားအိမ်(သို့) သားအိမ်ခေါင်းတွင် အသားပိုများဖြစ်ခြင်းသည် ပုံမှန်သွေးဆင်းခြင်းကို ဖြစ်စေနိုင်သော်လည်း ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားပစ်နိုင်ပါသည်။

          ကင်ဆာ၏ကနဦးအခြေအနေတစ်ခုဖြစ်နိုင်သည့် သားအိမ်နံရံထူလာခြင်းတွင်လည်း သွေးဆင်းခြင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဆရာဝန်မှ သံသယရှိပါက အသားစယူ၍ စစ်ဆေးခြင်းအပြင် အသားလုံး(သို့) အသားပိုများနှင့်ခွဲခြားရန် တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ကူးရန်လည်း အကြံပေးပါလိမ့်မည်။

          သွေးဆုံးခြင်းသည် အသက် 45-50 ပတ်လည်တွင်ဖြစ်လေ့ရှိပြီး အမမျိုးဥထုတ်လုပ်မှုကျဆင်းခြင်းနှင့်အတူ ဓမ္မတာလည်း မမှန်ဖြစ်လာပါလိမ့်မည်။ ဓမ္မတာမမှန်ခြင်းဆိုသည်မှာ ရာသီလာမည့်ရက်တွင်မလာခြင်း၊ မလာနိုင်ဟုထင်သောရက်တွင်လာခြင်း၊ ရာသီသွေးများခြင်း စသည်တို့ဖြစ်သည်။ သွေးဆုံးခါနီးတွင်ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဝေဒနာများသက်သာစေရန်သောက်သုံးရသော ဟော်မုန်းဆေးများကြောင့်လည်း သွေးဆင်းနိုင်ပါသည်။ သွေးဆုံးပြီးနောက် သွေးဆင်းခြင်းကမူ ပုံမှန်လုံးဝမဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့်ပြသသင့်သည်။



Dr. Thinzar Wynn

www.drmyanmar.com

******************************************

ပုရွက်ဆိတ်ဒဿန

ပုရွက်ဆိတ်ဒဿန

ကမ္ဘာ့ အံ့ဖွယ် သတ္တဝါ တစ်မျိုးအကြောင်းပြောပါ ဆိုရင် ပုရွက်ဆိတ်တွေ အကြောင်းပြောရမှာပါ…ပဲ.။

သူတို့ဟာ ကမ္ဘာပေါ်မှာ ရှိနေခဲ့ကြတာ နှစ်ပေါင်း ၉၂သန်း တောင်ရှိကြပြီ ..တဲ့..။သူတို့မှာ အုပ်ချုပ်ရေး စနစ်ရှိတယ် (Administration System).. တည်ဆောက်ရေးစနစ် (Construction System) ရှိတယ်.. ရိက္ခာစုဆောင်းရေး နဲ့ သယ်ယူပို့ဆောာင်ရေး စနစ်ရှိတယ် (Logistics System). ကာကွယ်ရေး စနစ်ရှိတယ် (Defence System)..မျိုးဆက်ပြန့်ပွားရေး စံနစ် (Breading System)ရှိတယ် ။

သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဘုရင်မ (Queen) ကဦးဆောင်တယ်..။ မျိုးဆက်ပြန့်ပွားရေးကို Drone လို့ခေါ်တဲ့ ပုရွက်ထီးတွေက တာဝန်ယူတယ်..။ လုပ်သားပုရွက်ဆိတ်တွေက တည်ဆောက်ရေးတို့ သယ်ယူရေးတို့ လုပ်ရတယ်..။ ထောက်လှမ်းရေး နဲ့ ကာကွယ်ရေးကို စစ်သားပုရွက်ဆိတ် (Soldier Ants) တွေက လုပ်ရတယ်..။

ဘယ်နားမှာ ရိက္ခာရှိတယ် သယ်ယူဖို့ အင်အားဘယ်လောက်လိုမယ် ဆိုတာကို ထောက်လှမ်းရေး ပုရွက်တွေက ရှာဖွေထောက်လှမ်းပြီး နောက်ကြောင်းဋ္ဌာနချုပ်ကို ပြန်သတင်းပို့ရတယ်..။ သတင်းပို့ချက်ကို ရတာနဲ့ လုပ်သား ပုရွက်တွေက ချက်ချင်းပဲ တန်းစီပြီး ရိက္ခာရှိရာကို သွားကြတယ်..။

ထောက်လှမ်းရေးပုရွက်ဆိတ် သယ်လာတဲ့ သတင်းအချက်အလက်အပေါ်မှာ စစ်ဆင်ရေး ပုရွက်ဆိတ်တွေက တုံ့ဆိုင်းမနေပဲ ချက်ချင်း အကောင်အထည် ဖေါ်ကြတာပါ..။ကမ္ဘာပေါ်မှာ ပုရွက်ဆိတ် မရှိတဲ့ နေရာရယ်လို့ မရှိဘူး..။ ကမ္ဘာရဲ့ ဘယ်အစိတ်အပိုင်းမှာပဲ နေနေ ပုရွက်ဆိတ်ကို သိကြတယ်..။

ပင်ဂွင်း တွေကို လူတိုင်းမမြင်ဖူးဘူး..။ ရေခဲဝက်ဝံတွေကို လူတိုင်းမမြင်ဖူးဘူး..။ နှင်းကျားသစ်ကို လူတိုင်းမမြင်ဖူးဘူး..။ သားမင်းကို လူတိုင်းမမြင်ဖူးဘူး..။ ငါးလိပ်ကျောက်တွေ ကို လူတိုင်းမမြင်ဖူးဘူး..။ ဝေလငါးကို လူတိုင်းမမြင်ဖူးဘူး..။

ဒါပေမယ့် ပုရွက်ဆိတ်ကိုတော့ လူတိုင်းသိတယ် မြင်ဖူးတယ်..။ကောင်းပြီ ဒါဆိုရင် ပုရွက်ဆိတ်တွေဟာ ကမ္ဘာ့ နေရာ အနှံ့အပြားမှာ ရှင်သန် နေထိုင်နိုင်ကြတာ ဘာကြောင့်များပါလိမ့်..။ ရှိပါတယ်..။

သူတို့ရှင်သန်ရခြင်းရဲ့ အကြောင်းရင်းက သူတို့မှာ အတွေးအခေါ်ရှိလို့ပါ..။

ဘယ်လို အတွေးအခေါ်တွေများပါလိမ့်..။

၁။ ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ နောက်ဆုတ်ထွက်ခွာမသွားပါဘူး.။(Ants Never Quit)သူတို့ဟာ တစ်နေရာရာကို ဦးတည်ပြီးသွားနေကြချိန်မှာ ဟန့်တားဖို့ ကြိုးစားကြည့်လိုက်ပါ..။ အဲဒီအဟန့်အတားကို သူတို့ ကွင်းရှောင် ကျော်လွှားပြီး ဆက်သွားကြပါလိမ့်မယ်.။

သူတို့ဟာ သူတို့ရဲ့ ခရီးပန်းတိုင်ကို ရောက်ဖို့အတွက် ကျော်လွှားခြင်း.. ငုံ့လျှိုးခြင်း.. ကွင်းရှောင်ခြင်း ဆိုတဲ့ နည်းဗျူဟာတွေကို သုံးပြီး ဆက်သွားကြပါတယ်..။

ဒါကြောင့် ပုရွက်ဆိတ်ရဲ့ အတွေးအခေါ် နံပါတ်၁ က ရတဲ့ သင်ခန်းစာက “ကိုယ်သွားလိုရာကို ရောက်အောင်သွားဖို့ အရေးမှာ နည်းလမ်း တစ်ခုထဲ ရှိနေတာမဟုတ်ပါဘူး..။ တခြားနည်းလမ်းကို ရှာပါ..။ မရှောင်လွှဲလိုက်ပါနဲ့” …………..။

၂။ ပုရွက်ဆိတ်တွေဟာ နွေရာသီတစ်လျှောက်လုံးမှာ ဆောင်းတွင်းအတွက် စဉ်းစားနေကြပါတယ်..။
(Ants think winter all summer)သူတို့ဟာ သူတို့အတွက်နွေရာသီဟာထာဝရ ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားကြပါဘူး..။

ဒါကြောင့်မို့ သူတို့ဟာ နွေရာသီ အလွန်မှာ ရောက်လာမယ့် ချမ်းအေးတဲ့ ကာလအတွက် ရိက္ခာကို နွေကာလရဲ့ အလယ်မှာပဲ စတင်စုဆောင်းကြပါတယ်..။ “သဲသောင်ပြင်မှာ နေရောင်ခြည်နဲ့ နွေးထွေးသာယာနေချိန်မှာ အေးစိမ့် လာတော့မယ့် ကျောက်စိုင်ကျောက်ခဲတွေ ကိုသတိရပါ”

၃။ ပုရွက်ဆိတ်တွေဟာ ဆောင်းရာသီတစ်လျှောက်လုံး နွေရာသီအကြောင်းစဉ်းစားနေကြပါတယ်..။ (Ants think summer all winter)ပုရွက်ဆိတ်တွေဟာ သိပ်အေးတဲ့ ဆောင်းရာသီအခါမှာ တစ်ကောင်နဲ့ တစ်ကောင်ပူးကပ်နေထိုင်ကြရင်း သူတို့ကိုယ်သူတို့ သတိပေးနေကြတာက “ဆောင်းတွင်းဟာ ထာဝရ မဖြစ်နိုင်ဘူး.. မကြာခင်မှာ နွေရာသီ ရောက်လာပြီးတို့တတွေ ဒီနေရာက ထွက်ခွာနိုင်ကြလိမ့်မယ်” လို့ ဖြစ်ပါတယ်..။

ဆောင်းတွင်းဟာ သူတို့အတွက် ပြင်းထန် လှပါတယ်..။ သူတို့ဟာ သူတို့ စောင့်စားနေခဲ့တဲ့ ပူနွေးတဲ့ နွေရာသီရဲ့ ပထမဆုံးနေ့မှာပဲ သူတို့ရဲ့ ခိုအောာင်းရာ အသိုက်အမြုံ ကနေ ထွက်လာခဲ့ကြပါတယ်…။ တကယ်လို့များ မိုးလေဝသ အခြေအနေဟာ သူတို့ ထင်သလို မနွေးထွေးပဲ စွတ်စိုလာတယ် ဆိုရင်လဲ သူတို့ရဲ့ အသိုက်အမြုံ ရှိရာကို ပြန်ဝင်ပြီး နေကြတာပါပဲ..။ ပူနွေးလာမှသာ ပြန်ထွက်လာကြပါတယ်.။

ဒါကြောင့် ပုရွက်ဆိတ်တွေရဲ့ သုံးခုမြောက် ဒဿနက “ မမြဲခြင်းသဘောကို ဆင်ခြင်ပြီး အမြဲတန်း အကောင်းမြင်စွာနေထိုင်ခြင်း” ပဲ ဖြစ်ပါတယ်..။

၎။ ပုရွက်ဆိတ်တွေဟာ ဖြစ်နိုင်သမျှကို အကုန်လုပ်ကြပါတယ်..။(All that you possibly can) ပုရွက်ဆိတ်တွေဟာ နွေရာသီမှာ ဆောင်းတွင်းအတွက် ရိက္ခာစုဆောင်းကြရာမှာ ဘယ်လောက်များ သယ်ယူစုဆောင်းလေ့ရှိကြပါသလဲ..။

သူတို့ဟာ သူတို့ တတ်နိုင်သလောက် မခိုမကပ်ပဲ အင်အား အကုန်သုံးပြီး စုဆောင်းကြပါတယ်..။ဒါကြောင့် သူတို့ရဲ့ ဒဿနက “လုပ်နိုင်သလောက် အကုန်လုပ်ပါ.. ပြီးတော့ နဲနဲ ပိုလုပ်ပါ” လို့ ဖြစ်ပါတယ်..။ဒါကြောင့်မို့ ဘဝမှာ အောင်မြင်ချင်ရင် အတိတ်ဖြစ်စဉ်တွေမှာပဲ နစ်မြုပ်မနေပဲ

ပုရွက်ဆိတ်တွေရဲ့ ဒဿန လေးခုဖြစ်တဲ့

1) Never Give Up
2) Look Ahead
3) Stay Positive
4) Do All You Can ဆိုတာကို ခါးဝတ်ပုဆိုးလို စွဲစွဲမြဲမြဲ လိုက်နာကျင့်ကြံမယ် ဆိုရင် အောင်မြင်ဖို့ရာ သေချာပါတယ်..။



Credit: Koung Loon

ရာသီလာနေစဉ် လိင်ဆက်ဆံတော့မည်ဆိုရင်

ရာသီလာနေစဉ် လိင်ဆက်ဆံတော့မည်ဆိုရင်

ရာသီလာတယ်ဆိုတာ သားအိမ်နံရံက အလွှာလေးတွေ ကွာကျလာပြီး မိန်းမကိုယ်ကတစ်ဆင့် အပြင်ကို ဆင်းလာတာကို ခေါ်တာပါ။ တချို့အမျိုးသမီးတွေကတော့ တခြားရက်တွေထက် ရာသီလာနေတဲ့ရက်တွေမှာ လိင်ဆက်ဆံရတာကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။ အဲဒီလို ရာသီလာနေချိန်အတွင်း အတူနေဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အကျိုးအပြစ် ဘာတွေရှိသလဲဆိုတာ ကြိုသိထားဖို့ လိုပါတယ်။

တချို့လူတွေ ထင်တတ်ကြသလို၊ ရာသီလာနေစဉ် အတူနေတာဟာ ကျန်းမာရေးကို မထိခိုက်စေပါဘူး။ အန္တရာယ်တခုခုဖြစ်စေနိုင်တာမျိုးလည်း မရှိဘူး။ ဒါပေမယ့်လည်း ဒီလိုအချိန်မှာ အတူနေတာက နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်၊ အထူးသဖြင့်တော့ ရာသီစပေါ်တဲ့ ပထမဆုံးရက်တွေမှာပေါ့။

ရာသီလာစဉ် အတူနေခြင်း၏ ဆိုးကျိုးဖြစ်နိုင်ချေများ

(၁) ရောဂါပိုးကူးစက်ခံရနိုင်ခြင်း

ရာသီသွေးကတစ်ဆင့် HIV ပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။

(၂) မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်ခြင်း

၂၈ ရက်တစ်ခါ ရာသီပေါ်တဲ့ အမျိုးသမီးတွေမှာ ရာသီစပေါ်တဲ့ရက်ကနေ (၇)ရက်အတွင်း အတူနေမယ်ဆိုရင် ကိုယ်ဝန်မရနိုင်ပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ ရာသီစက်ဝန်းက ၂၁ ရက်နဲ့ ၂၄ကြားပဲ ကြာမြင့်တယ်ဆိုရင်တော့ (၇)ရက်အထိ စိတ်ချလို့မရနိုင်ပါဘူး။ ရာသီပေါ်ပြီး ရက်တွေမှာတင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ၂၁ ရက်နဲ့ ၂၄ရက်ကြား ရာသီစက်ဝန်းရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီပြီးခါနီး ရက်တွေမှာ အတူနေမိလိုက်တယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဘာလို့ဆိုတော့ ခန္ဓာကိုယ်ထဲ ၀င်လာတဲ့ သုက်ပိုးတွေက အထဲမှာ (၅)ရက်အထိ အသက်ရှင်နေနိုင်သေးတာကြောင့် ဖြစ်ပါတယ်။

ရာသီလာနေစဉ် ဘေးကင်းစွာ ဆက်ဆံနိုင်ဖို့ လုပ်ဆောင်ရမည့်အချက်များ

(၁) သဘက်များ ဆောင်ထားပါ

ကိုယ့်ရဲ့ရာသီသွေးတွေ အိပ်ရာခင်းတို့၊ မွေ့ယာတို့မှာ ပေမသွားဖို့အတွက် သဘက်ကို ကိုယ့်အောက်မှာ ခုထားတာ၊ တစ်ရှူးတို့ အ၀တ်စတို့ကို ကိုယ့်အနားမှာ လွယ်လွယ်ကူကူ ယူလို့ရအောင် ထားထားတာမျိုးတွေ ပြင်ဆင်ထားသင့်ပါတယ်။

(၂) ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ

အတူနေတဲ့အချိန်မှာ ကိုယ်ခန္ဓာကို လဲလျောင်းပြီး ဆက်ဆံတာက သွေးဆင်းမှုကို နည်းစေပါတယ်။ အဲဒီအပြင် ဆက်ဆံတဲ့အခါမှာ သားအိမ်ခေါင်းနေရာထိ ထိုးသွင်းမှုတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဘာလို့ဆိုရင် ရာသီလာနေချိန်မှာ သားအိမ်ခေါင်းဟာ ပုံမှန်ထက် ပိုပြီး အောက်ကိုရောက်နေတတ်သလို၊ ပိုပြီးလည်း ထိလွယ်ခိုက်လွယ် အနေအထားမှာ ရှိနေလို့ပါပဲ။

(၃) ရေချိုးရင်းနဲ့ ဆက်ဆံပါ

ရေပန်းအောက်မှာ ဆက်ဆံလို့ ရပါတယ်။ ဒါပေမယ့် ရာသီသွေးဆင်းတာကို အနည်းအကျဉ်းတော့ သတိထားမိနေနိုင်ပါသေးတယ်။

(၄) အတူနေပြီးသွားတဲ့အခါ ရေချိုးသန့်စင်ပါ

အတူနေပြီးပြီဆိုရင် အဖော်ဖြစ်သူရဲ့ သုက်ရည်တွေ ခန္ဓာကိုယ်ပေါ် ပေကုန်တာတွေ ရှိနိုင်တယ်။ နောက် ချွေးတွေလည်း ထွက်နေနိုင်တာမို့ ရေချိုးသန့်စင်လိုက်တာ ပိုကောင်းပါတယ်။

(၅) သားဆက်ခြားနည်း အသုံးပြုပါ

အမျိုးသားသုံး ကွန်ဒုံး၊ အမျိုးသမီးသုံး ကွန်ဒုံးတွေ အသုံးပြုပြီး ကိုယ်ဝန်မရဖို့နဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရဖို့ ကာကွယ်နိုင်ပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန်ရော၊ ရောဂါတွေကိုပါ ကာကွယ်ပေးတာ မှန်ပေမယ့် ကိုယ်ဝန်တားနိုင်စွမ်းမှာတော့ တခြားနည်းတွေထက်စာရင် နည်းပါတယ်။ ဒါကြောင့် ကွန်ဒုံးထက်ပိုပြီး စိတ်ချရတဲ့ တခြားသားဆက်ခြားနည်းတခုခုကိုလည်း အသုံးပြုနိုင်ပါတယ်။

(၆) ကိုယ့်အဖော်နဲ့ သေချာဆွေးနွေးပါ

ရာသီလာနေစဉ်မှာ အတူမနေတာကတော့ အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့ ရာသီပြီးသွားတဲ့အထိ၊ အတူနေဖို့ သင့်တော်တဲ့အချိန်ရောက်တဲ့အထိ စောင့်ဆိုင်းဖို့ ကိုယ့်အဖော်ဖြစ်သူကို ဖြစ်နိုင်ရင် စည်းရုံးပြောဆိုကြည့်ပါ။ ရာသီလာနေစဉ် အတူနေတာဟာ ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေနိုင်တယ်၊ လိင်မှုဆိုင်ရာအရ ပိုပြီး ဆန္ဒပြည့်ဝတယ် ဆိုတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရော ကိုယ့်အဖော်ရော နှစ်ဦးစလုံး အဲဒီအခြေအနေနဲ့ အဆင်ပြေလားဆိုတာကိုတော့ သေချာအောင် လုပ်စေချင်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ကိုယ်ဝန်နဲ့ တခြားလိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရမသွားအောင် ဂရုစိုက်ဖို့ပါပဲ။



ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.
Hellosayarwon.com

cartoons


Just funny
😁😁😁



cartoons

ကြမ်းလိုက်တဲ့ သတိပေးချက်။ ။
😁😁😁


ဆီးချို​ရောဂါ နောက်ဆက်တွဲ ဆိုးကျိုး များ ရှောင်ရှားဖို့ နည်းလမ်း များ

ဆီးချို​ရောဂါ နောက်ဆက်တွဲ ဆိုးကျိုး များ ရှောင်ရှားဖို့ နည်းလမ်း များ

ဆီးချိုရောဂါ သည် တစ်သက်တာလုံးဂရုစိုက်ရမည့် ရောဂါဖြစ်သောကြောင့်ဆီးချိုနောက်ဆက်တွဲဆိုးကျိုးများကိုကာကွယ်ရန် နည်းလမ်းများကို စဥ်းစားသင့်ပါတယ်။ ဆီးချိုရောဂါ မျိုးသည် အရေးကြီးပါတယ်။ကုသမှုတွေကိုအမြဲတမ်းစနစ်တကျခံယူရမယ့်အပြင်ကိုယ်တိုင်လည်းဂရုစိုက်ရမှာဖြစ်တယ်။ ဂရုတစိုက် ကုသခြင်း က ဆီးချိုနောက်ဆက်တွဲ ကြောက်စရာကောင်းသော သေသည်အထိဖြစ်စေနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချပေးနိုင်ပါသည်။
ဆီးချိုရောဂါ ထိန်းချုပ်နိုင်ပြီးကျန်းမာသောအနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့ အောက်ပါ နည်းလမ်း များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ရဲ့ဆီးချို ကိုထိန်းချုပ်ဖို့စီစဉ်ပါ။

သင့် ဆီးချိုရောဂါ ကိုကုသပေးနေသောအဖွဲ့ ဝင်များ( ဥပမာ- ဆရာဝန်၊ ဆီးချိုအထူးသူနာပြု၊ အာဟာရပညာရှင်)တို က သင့်ကိုဆီးချိုအတွက် ဆောင်ရန်ရှောင်ရန်တွေနားလည်အောင်အကူအညီတွေပေးနိုင်ပါတယ်။ဆီးချိုကိုထိန်းချုပ်ဖို့ကတော့သင်အပိုင်းပါ။
ဆီးချိုနဲ့ပတ်သက်မျှသင်လေ့လာနိုင်သလောက် လေ့လာပါ။ကျန်းမာစွာစားသောက်ပြီး လေ့ကျင့်ခန်း လုပ်ဖို့လည်းမမေ့ပါနဲ့။ကိုယ်အလေးချိန်ကိုလည်းထိန်းပါ။သင့် သွေးတွင်း သကြားဓါတ် ကိုလည်း ပုံမှန်တိုင်းတာပါ။သင့် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သွေးတွင်းသကြားဓါတ်ကိုထိန်းပါ။တကယ်လို့အကူအညီလိုရင်ဆရာဝန်ကိုဆက်သွယ်ဖို့ဝန်မလေးပါနဲ့။

(၂) ဆေးလိပ် မသောက်ပါနဲ့။

ဆေးလိပ် သောက်ခြင်းကသင့်ဆီးချို ကိုအခြေအနေပိုဆိုးစေပါတယ်။
• ခြေထောက်ရဲ့ သွေးလည်ပတ်မှုကို လျော့နည်းစေပြီးရောဂါပိုးကူးစက်ဖို့ပိုလွယ်ကူစေပြီးပြည်တည်နာတွေဖြစ်နိုင်တဲ့အပြင်အခန့်မသင့်ရင် ခြေထောက်ပုပ်ပြီးဖြတ်လိုက်ရတဲ့အထိဖြစ်နိုင်ပါတယ်။
• နှလုံးရောဂါ
• လေဖြတ်ခြင်း
• မျက်လုံးကွယ်ခြင်း
• အာရုံကြောထိခိုက်ခြင်း
• ကျောက်ကပ်ထိခိုက်ခြင်းတို့ဖြစ်နိုင်ပါတယ်
ဆေးလိပ်သောက်ခြင်း (သို့ ) ဆေးရွက်ကြီးတခြားအမျိုးအစားများသုံးနေတာကို ဖြတ်ဖို့  အတွက်သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။

(၃) သင့် သွေးတိုးနှုန်း နဲ့ကိုလက်စထရောပါဝင်မှုနှုန်းကိုထိန်းထားပါ။

သွေးတိုးကလည်းဆီးချိုလိုပဲ သွေးကြော တွေကိုပျက်စီးစေပါတယ်။ကိုလက်စထရောမြင့်တက်ခြင်းကလည်းဂရုစိုက်စရာတစ်ခုပါ။သင့်မှာဆီးချိုရှိရင်အခြေအနေပိုဆိုးလာစေပါတယ်။ဒီအခြေအနေတွေအားလုံး ပေါင်းသွားတဲ့အခါနှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့တခြားသေနိုင်လောက်တဲ့အခြေအနေတွေထိဖြစ်လာနိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်သော အဆီနည်းသော အစားအသောက်များ စားသုံးခြင်းနဲ့လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းကသွေးတိုးထိန်းနိုင်ပြီးကိုလ်စထရောပါဝင်မှုကျစေပါတယ်။သင့်ဆရာဝန်အနေနဲ့ ဆေးတွေလည်း ပေးကောင်း ပေးနိုင်ပါတယ်။

(၄) ဆရာဝန် နဲ့ တွေ့ရမယ့်ရက်၊ မျက်လုံးစ စ်ဆေးရမယ့်ရက်ကိုကြိုတင်စီစဉ်ပါ။

နှစ်စဉ် ရုပ်ပိုင်းဆိုင်ရာ နဲ့မျက်စိစစ်ဆေးခြင်းတွေအပြင် ဆီးချိုရောဂါ စစ်ဆေးဖို့ တစ်နှစ်ကိုဆရာဝန်ဆီအနည်းဆုံးသုံးလေးခါသွားသင့်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးတဲ့အခါမှာတော့ ဆရာဝန် ကသင့်ကိုစားသောက်မှုပုံစံနဲ့ကိုယ်လက်လှုပ်ရှားမှုအခြေအနေကိုမေးပြီးဆီးချိုရောဂါနောက်ဆက်တွဲလက္ခဏာ (ဥပမာ ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောချို့ ယွင်းခြင်း၊ နှလုံးရောဂါ လက္ခဏာ) တွေကိုစစ်ဆေးပါလိမ့်မယ်။ဒါ့အပြင်တခြားကျန်းမာရေးဆိုင်ရာပြဿနာတွေကိုလည်းစစ်ဆေးပါလိမ့်မယ်။
သင့်မျက်စိအထူးကုဆရာဝန်က အမြင်လွှာပျက်စီးခြင်း၊ အတွင်းတိမ် နဲ့ ရေတိမ် လက္ခဏာများ စစ်ဆေးပါလိမ့်မယ်။
READ  မြန်မာ့ဆေးဖက်ဝင် ဘောစကိုင်းပင်

(၅) ကာကွယ်ဆေးပုံမှန်ထိုးပါ။

သွေးထဲမှာသကြားဓာတ်မြင့်မားတာကသင်ကို ကိုယ်ခံအား နည်းစေပါတယ်။ဒါကြောင့်ကာကွယ်ဆေးတွေကပိုပြီးအရေးပါလာပါတယ်။သင်ဆရာဝန်ကိုဒီဆေးတွေအကြောင်းမေးပါ။

• တုပ်ကွေးကာကွယ်ဆေး : နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးထားခြင်းကသင့်ကိုကျန်းမာနေစေမယ့်အပြင်တုပ်ကွေး၏ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။
• အဆုတ်ရောင်ရောဂါကာကွယ်ဆေး : ပုံမှန်ဆိုဒီဆေးကတစ်ကြိမ်ပဲထိုးဖို့လိုပေမယ့်သင့်မှာဆီးချိုရှိနေရင်ဒါမှမဟုတ်အသက်၆၅ထက်ကြီးနေရင်တော့၅နှစ်အကြာတွင် booster (ခုခံအားမြှင့်ဆေး) တစ်လုံးထပ်ထိုးရပါမယ်။
• အသည်းရောင်အသားဝါ B ကာကွယ်ဆေး :ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ဘီပိုးကာကွယ်ဆေးမထိုးရသေးသောဆီးချိုဝေဒနာသည်လူငယ်များနှင့် အသက် ၆၀ အောက်အရွယ်များတွင်ထိုးသင့်ကြောင်းထောက်ခံထားပါတယ်။တကယ်လို့သင်ကအသက်၆၀ နှင့်အထက်ဖြစ်ပြီး ဆေးတစ်ခါမှမထိုးရသေးဘူးဆိုရင်တော့ထိုးသင့်မသင့်ကိုဆရာဝန်နဲ့ဆွေးနွေးပါ။
• တခြား ကာကွယ်ဆေး များ : မေးခိုင် ကာကွယ်ဆေး ကိုလည်းထိုးထားသင့်ပါတယ်။ဆရာဝန်ကလည်းတခြားကာကွယ်ဆေးတွေကိုညွှန်ကြားနိုင်ပါတယ်။



ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win./div&gt;</div>

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts