Showing posts with label လိင်မှုဆိုင်ရာ ကျန်းမာရေး. Show all posts
Showing posts with label လိင်မှုဆိုင်ရာ ကျန်းမာရေး. Show all posts

Wednesday, April 7, 2021

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

 ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။ (https://hellosayarwon.com/pregnancy/getting-pregnant/prediction-of-due-date/)

Fail to plan is plan to fail တဲ့။ ဘာမဆို အစီအစဉ်တကျ လုပ်တတ်တာက ကောင်းတာပေါ့။ အလုပ်ကိစ္စတွေ၊ အရေးကြီး ဧည့်သည်နဲ့ တွေ့ဖို့ရှိတယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ကြတယ်ဟုတ်။ ဒီလိုပဲ ဘဝရဲ့ အရေးကြီးတဲ့ မိသားစုဝင် အိမ်ရဲ့ ဆည်းလည်းလေးကို ကြိုဆိုတဲ့ နေရာမှာလည်း အစီအစည်လေး တစ်ခု ချထားနိုင်ရင် ပိုကောင်းတာပေါ့။

Sunday, April 19, 2020

မိန်းမများ အဖြူဆင်းခြင်း

မိန်းမများ အဖြူဆင်းခြင်း

အချိန်တန် အရွယ်ရောက်ပြီးသော အမျိုးသမီးများ တွေ့ကြုံခံစားရသော အကြောင်းလက္ခဏာမှာ အဖြူဆင်းခြင်း ဖြစ်သည်။ သဘာဝအလျောက် အဖြူဆင်းခြင်းမှ သွေဖယ်၍ အမျိုးသမီးအားလုံး၏ ငါးပုံတစ်ပုံခန့် အဖြူဆင်းခြင်း ဝေဒနာခံစားရလေ့ရှိသည်။

အဖြူဆင်းသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာထိုင်းမှိုင်း နုံးချည့်မောပန်းကာ ခန္ဓာကိုယ် တစ်ခုလုံး အနေရခက်၊ အထိုင်ရခက်စေသည်။ အဖြူဆင်းသည့်အခါ အမျိုးသမီးအချို့သည် မိမိကိုယ် မိမိသန့်ရှင်းမှု မရှိပါလားဟု စိတ်ဒုက္ခရောက်ကြရသည်။ အချို့သည်လည်း ရောဂါတစ်ခုခုကြောင့်လား၊ စိတ်ရောဂါကြောင့်လားဆိုပြီး သိုလောသိုလောတွေးတော၍ စိတ်ပူပင်တတ်ကြသည်။ အဖြူဆင်းခြင်းမှာ မိန်းမတို့၏ သဘောသဘာဝကြောင့် ဖြစ်ရသည်ကို မကျေမနပ်ဖြစ်ကြသည်။ အချို့သည်လည်း အိမ်ထောင်ပြု၍ ဖြစ်ရသည်။ ကလေးမွေး၍ဖြစ်ရသည် စသည်ဖြင့် စိတ်အနှောင့်အယှက်အမျိုးမျိုး ဖြစ်ကြရပါသည်။

Friday, November 8, 2019

လိင်လမ်းကြွက်နို့

လိင်လမ်းကြွက်နို့ (In Unicode version)

ကြွက်နို့ကို ဖြစ်စေတာက Human papillomavirus (HPV)ဟာ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်။ အမျိုးအစားပေါင်း ၂၀၀ လောက်တွေ့ထားပေမဲ့ တချို့ကသာ ရောဂါရစေတယ်။ အရေပြားမှာဖြစ်တဲ့ ကြွက်နို့တွေက HPV-1 နဲ့ HPV-2 ကြောင့်ဖြစ်တယ်။ လိင်လမ်းကြွက်နို့ကို HPV 6 နဲ့ 11 ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာ ၉၀% ရှိတယ်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းတွေမှာလဲ ဒီပိုးတွေကနေ ဖြစ်စေနိုင်တယ်။ အမျိုးအစား ၃၀-၄၀ တို့က လိင်ဆက်ဆံလို့ ကူးစက်တယ်။ လိင်အင်္ဂါကြွက်နို့ဟာ လိင်မှတဆင့် ကူးစက်ရောဂါတွေမှာ အများဆုံးဖြစ်ပြီး၊ အမေရိကားမှာ လူပေါင်း သန်း ၂၀ ဒါမှမဟုတ် လိင်ဆက်ဆံနိုင်တဲ့ အရွယ်ရှိသူပေါင်းရဲ့ ၁% မှာ ရှိနေတယ်။ Genital Warts လိင်အင်္ဂါကြွက်နို့ကို Condyloma လို့လဲခေါ်တယ်။ တချို့မှာ ပိုးရှိနေပေမဲ့ ကြွက်နို့မပေါ်သေးဘူး။

Monday, November 5, 2018



In zawgyi version
“ ....... ”
.
.
     
()                              
.
.
()                     
.
.
()             False Amenorrhoea or cryptomenorrhoea  

.

 

Monday, October 1, 2018

လိင်အင်္ဂါကြွက်နို့

လိင်အင်္ဂါကြွက်နို့

လိင်အင်္ဂါကြွက်နို့ဟာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့ Human Papillomavirus (HPV) ရောဂါပိုးကြောင့် ဖြစ်ရတာပါ။HPV ဗိုင်းရပ်စ်ပိုးမှာ မျိုးစိတ်များစွာ ရှိပါတယ်။ ၎င်းမျိုးစိတ်တချို့က လက်နဲ့ ခြေထောက်တွေမှာ ကြွက်နို့တွေဖြစ်လာစေပြီး တခြား မျိုးစိတ်တွေကတော့ လိင်အင်္ဂါကြွက်နို့တွေ ဖြစ်စေပါတယ်။

Monday, September 10, 2018

  (Erectile dysfunction or Impotence)

  (Erectile dysfunction or Impotence)

Submitted on Jun 16, 2016

                                     

   ?

   ()                

Thursday, August 30, 2018

Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား

Dr. Tint Swe's Writings

Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား

(ကန်တော့ပါ)

၁။ ဆရာ ကျွန်တော်အသက် ၂၇နှစ် အမျိုးသားပါ။ သွေးစစ်စာမှာ Chalmydia ဖြစ်နေတယ်တဲ့ ဘာတွေဆက်လုပ်သင့်ပါသလဲဆရာ။့ မှာဖြစ်နေပါတယ်။ ၀ယ်သောက်ရမည့်ဆေးသိပါရစေ။ နောက်၃လနေရင်ပြန်စစ်ရမယ်ပြောသော်လည်း မည်သည့်ဆေးမှမပေးလိုက်ပါ။

၂။ ကျွန်တော် အသက် ၂၆၊ ရန်ကုန်မှာနေပါတယ်။ ဆရာ့ပိုစ်တွေ တော်တော်များဖတ်ဖူးပါတယ်။ အဲ့ထဲမှာမှ Gonorrhea နဲ့ Chlamydia ရောဂါလက္ခဏာတွေက အားလုံးနီးပါတူညီနေတာ တွေ့ရပါတယ်။ ဒီရောဂါနှစ်ခုကို ကွဲကွဲပြားပြား ဘယ်လို သိနိုင်မလဲဆရာ။ ဖြေကြားပေးပါဆရာ။

Chlamydia ကဲလ်မီဒီးယားဆိုတာ Chlamydia trachomatis ဗက်တီးရီးယားကနေကူးစက်တယ်။ အဖြစ်အများဆုံး လိင်ကတဆင့်ကူးစက်ရောဂါဖြစ်တယ်။ မိန်းမတွေမှာ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တဲ့ရောဂါကို ဖြစ်စေတဲ့ ပင်မအကြောင်းလည်းဖြစ်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာနဲ့ အမျိုးသမီးကလေးမရတာတွေကိုလည်း ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျားတွေမှာ ကျားအစိနဲ့ ဆီးကျိတ်ရောင်တာကို ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျား ကလေးမရတာလည်းဖြစ်စေနိုင်တယ်။ ယောက်ျားလိင်အင်္ဂါကနေ အရည်ကျစေနိုင်တယ်။

Gonorrhea ဂနိုးရီးယားဆိုတာ Neisseria gonorrhoeae ဗက်တီးရီးယားကနေကူးစက်တယ်။ ကဲလ်မီဒီးယားနဲ့ တွဲဖြစ်တတ်တယ်။ မိန်းမတွေမှာ PID တင်ပါးဆုံတွင်းအင်္ဂါတွေရောင်တဲ့ရောဂါကို ဖြစ်စေတဲ့ ပင်မအကြောင်းဖြစ်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာနဲ့ အမျိုးသမီးကလေးမရတာတွေကိုလည်း ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျားတွေမှာ ကျားအစိနဲ့ ဆီးကျိတ်ရောင်တာကိုဆက်ဖြစ်စေနိုင်တယ်။ ပါးစပ်၊ လည်ချောင်း၊ မျက်စိနဲ့ စအိုနေရာတွေမှာလည်းဖြစ်တယ်။

ကူးစက်နည်းနဲ့ ရောဂါလက္ခဏာတွေ
ကဲလ်မီဒီးယားရော ဂနိုးရီးယားပါ ဗဂျိုင်းနား၊ စအို၊ ပါးစပ်ကနေ လိင်အတူနေစဉ်မှာကူးစက်ကြတယ်။ နှစ်မျိုးလုံးဟာ တချို့မှာ ရောဂါလက္ခဏာတွေပေါ်ပြီး တချို့မှာမပေါ်စေပါ။ နှစ်မျိုးလုံးဟာ မိခင်ကနေ ကလေးဆီကူးစက်စေနိုင်ကြတယ်။ အမျိုးသမီးတွေမှာ ဗဂျိုင်းနားကနေ တခုခုဆင်းမယ်။ အရောင်အမျိုးမျိုးဖြစ်နိုင်တယ်။ ရာသီမမှန်ဖြစ်စေနိုင်တယ်။ ပူလောင်နေသလိုခံစားရမယ်။ ဆီးပူမယ်၊ တင်းပါးဆုံနေရာတွေနာမယ်ဆိုရင် သားအိမ်၊ မျိုးဥအိမ်၊ သားအိမ်ပြွန်တွေအထိ ရောက်နိုင်တယ်။ ခံစားရတာမရှိပဲဖြစ်နေနိုင်လို့ အရွယ်ရောက်အမျိုးသမီးတွေ စစ်ဆေးဘို့အကြံပြုထားတယ်။ အထူးသဖြင့် အတူနေဖေါ်များသူတွေက စစ်ရမယ်။

ယောက်ျားမှာဖြစ်ရင် ဆီးပူတာက မများလှပါ။ ဖြူဝါဝါအရည်ကျမယ်။ တချို့မှာကျားအစိနာမယ်။ ခံစားနေရတာတွေ ပျောက်သွားပေမယ့် တဖက်သားကိုကူးစေနိုင်တယ်။ ဂနိုးရီးယားကူးစက်လာပြီးနောက် ၂-၁ဝ-၃ဝ ရက်ဆိုရင် ခံစားနေရတာတွေ ပေါ်လာမယ်။ ကဲလ်မီဒီးယားကူးစက်ခံရရင် ၇-၂၁ ရက်မှာ လက္ခဏာပေါ်မယ်။ ဂနိုးရီးယား လည်ချောင်းမှာဖြစ်ရင် နီရဲနေမယ်၊ နာမယ်၊ ရောင်မယ်၊ အာသီးပါရောင်မယ်၊ အဖြူစက်လိုတွေ့နိုင်တယ်။ စအိုဆိုရင် နာမယ်။ သွေးထွက်နိုင်တယ်။ ဝမ်းသွားရင်နာမယ်။

ဘယ်လိုစစ်မလဲ
ဆီးစပ်နေရာနဲ့ သားအိမ်အဝကနေ ဂွမ်းစလေးနဲ့ ဆဲလ်နမူနာယူပြီးစစ်ရတယ်။ ဆီးစစ်တယ်။ ဆီးမသွားပဲ အနည်းဆုံး ၂ နာရီစောင့်ထားပြီးမှသွားဆဲ့ဆီးကိုစစ်တယ်။ သံသယဖြစ်တဲ့လိင်အတွေ့အကြုံရှိပြီးနောက် ၂ ပါတ်ကြာရင် စစ်သင့်တယ်။ ဒီကူးစက်ရောဂါ ၂ မျိုးလုံးကတွဲဖြစ်နေသလို အသည်းရောင် ဘီပိုး၊ ဆစ်ဖလစ်နဲ့ HIV တွေနဲ့လည်း တွဲဖြစ်တတ်တယ်။ အဲတာတွေကိုပါ စစ်သင့်တယ်။ လိုမယ်ထင်သေးရင် နောက် ၃-၄ လမှထပ်စစ်ပါ။

ဘယ်လိုကုမလဲ
လိင်အတူနေဖက်ကိုပါ တပြိုင်တည်းဆေးကုသသင့်တယ်။ ကူးစက်ခံနေရသူနဲ့ လွန်ခဲ့တဲ့ ရက် ၆ဝ အတွင်းမှာ အတူခဲ့ဘူးသူတွေလည်း စစ်ဆေးကုသမှုလုပ်သင့်တယ်။ ဆေးကုသမှုပြည့်ပြီးနောက် ၇ ရက်အထိ အတူနေတာကို ရှောင်သင့်တယ်။ ကွန်ဒွမ်သုံးတာ ကာကွယ်ရာကျတယ်။

Gonorrhea ဂနိုးရီးယားအတွက်ဆေး
- Cipro® XR 500 mg တကြိမ်တည်းသောက်ပါ။ (သို့)
- Levaquin® 500 mg တကြိမ်တည်းသောက်ပါ။ (သို့)
- Tequin® 400 mg တကြိမ်တည်းသောက်ပါ။

Chlamydia ကဲလ်မီဒီးယားအတွက်ဆေး
- Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်ပါ။ (သို့)
- Zithromax® (azithromycin) 1.0 gm တကြိမ်။ (သို့)
- Zithromax® Z-pak® (azithromycin) – 500mg ပထမနေ့၊ 250mg တနေ့တကြိမ် နောက် ၄ ရက်။

CDC ၂ဝ၁ဝ လမ်းညွှန်အရ Cephalosporins (Cipro XR 500 mg) ကို ဆေးယဉ်လို့ ဂနိုးရီးယားအတွက် မသုံးစေတော့ပါ။
- Ceftriaxone 250 mg တလုံးထိုး + Azithromycin 1 g တလုံး ဒါမှမဟုတ်
- Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်တွဲပေးတယ်။

နောက်ဆေးနည်းကတော့
- Cefixime 400 mg သောက်ပါ + Azithromycin 1 g တလုံး ဒါမှမဟုတ် doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်တွဲပေးတယ်။ Ceftriaxone နဲ့အလာဂျီရသူဆိုရင် Azithromycin 2 g သောက်ပါ။

နောက်တနည်းကတော့
- Ceftriaxone 250 mg တလုံးထိုးပါ + Azithromycin 2 g တကြိမ်သောက်ပါ။

အဖေါ်အတွက် အမြန်နည်း
- Cefixime 400 mg + Azithromycin 1 g သောက်ပါ။

ပြန်ဖြစ်တဲ့ဂနိုးရီးယားဆိုရင် ဆေးပတ်လည်ပြီး တပတ်နေရင် ပိုးမွေးနည်းလုပ်သင့်တယ်။

ဒေါက်တာတင့်ဆွေ

Sunday, August 12, 2018

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် စိတ်ချရပါသလား?

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် စိတ်ချရပါသလား?

-ပါးစပ် ဖြင့် လိင်ဆက်ဆံလျှင် အန္တရာယ် မရှိနိုင်ဘူးလို့ လူအများစု အမှတ်မှားနေကြပါတယ်။တကယ်က ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဖြင့် လိင်လမ်းရေယုံ နှင့် ဆီးပူညောင်ကျ ရောဂါအပြင် အခြားသော လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားကူးစက်နိုင်ပါတယ်။ WHO မှစစ်တမ်းများအရ ကမ္ဘာနှင့်အဝန်း တစ်ရက်လျှင် လူတစ်သန်းကူးစက်ခံနေရတာ ကိုတွေ့ရပါတယ်။

ပါးစပ်ကိုလိင်ဆက်ဆံခြင်းဖြင့်ကူးစက်နိုင်သောလိင်မှတဆင့်ကူးစက်သည့်ရောဂါများ

-ပါးစပ်အားလိင်ဆက်ဆံခြင်းဖြင့် ကူးစက်မှုအဖြစ်အများဆုံးရောဂါတွေကတော့

၁.လိင်လမ်း ရေယုံ (genital herpes)
-လိင်လမ်းရေယုံ ဆိုတာ ရေယုံ ရှိသူနှင့် မိန်းမကိုယ်၊ ပါးစပ်၊ စအို အစရှိသော ဒွါရများနှင့် ဆက်ဆံခြင်းဖြင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပါတယ်။ ကူးစက်လွယ်တဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။
-ဦးစွာဖြစ်တဲ့ ရောဂါလက္ခဏာတွေကတော့ လိင်အင်္ဂါနားတွင် နာကျင်သော အရည်ကြည်ဖုလေးများ ပေါက်ခြင်းပဲ ဖြစ်ပါတယ်။ထိုအကြည်ဖု လေးများမှာ တင်ပါး၊ ပေါင် နှင့် အနီးနားရှိ အင်္ဂါများသို့ လည်းပြန့်ပွားစေတတ်ပါတယ်။ ရေယုံ အမျိုးအစား အပေါ်မူတည်ပြီး ပါးစပ်၊ လျှာ နှင့် နှုတ်ခမ်း တို့တွင်လည်းဖြစ်တတ်ပါတယ်။
-ထိုအရည်ကြည်ဖု လေးများကို ကွန်ဒုံး နှင့် အခြားသော အကာအကွယ် များ ဖြင့် ကာကွယ်ရန် မဖြစ်နိုင်သော ကြောင့် ကွန်ဒုံးသည် လိင်လမ်းရေယုံ ပြန့်ပွား ခြင်းကို ကာကွယ်မပေးနိုင်ပါ။
-ထို့အပြင် ပါးစပ်ရေယုံ ပေါက်နေသူများ အနေနှင့်လည်း ပါးစပ်ဖြင့်လိင်ဆက်ဆံပါက အဆိုပါ ရေယုံမှာဆက်ဆံဖော်၏ လိင်အင်္ဂါသို့ကူးစက်နိုင်ပါတယ်။
-ရေယုံမှာကုသ၍အရှင်းမပျောက်သော်လည်း ဆေးများဖြင့်ရောဂါကို သက်သာစေနိုင်ပါတယ်။

အမျိုးသားများ အိပ်ယာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

အမျိုးသားများ အိပ်ယာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

အမျိုးသား အများစု ခံယူထားကြတာက သူတို့တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် မြင်းရိုင်းတစ်ကောင်လို စွမ်းဆောင်နိုင်တယ်ထင်ကြပေမဲ့ အမျိုးသားအများစုဟာ အိပ်ယာထဲမှာလည်း အမှားတွေကို လုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ကိုယ်နည်းစနစ်တွေကို မသိလို့ သူမက မကျေမနပ်ဖြစ်နေတာမဟုတ်ဘဲ အိပ်ယာထဲမှာ အမှားတွေလုပ်မိတာကြောင့် အဖော်ဖြစ်သူ အမျိုးသမီး စိတ်မကျေမနပ် ဖြစ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင် ထုတ်ပြောတတ်သူတွေ မဟုတ်ကြတဲ့ အတွက် ယောက်ျားလေးတွေဟာ သူတို့ရဲ့ အဖော် ဘာကြောင့် လိုအင်ဆန္ဒ မပြည့်ဝတာလဲဆိုပြီး ခေါင်းရှုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စပိုင်းဆိုင်ရာမှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေနဲ့ တစ်ခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူတာက အကောင်းဆုံး ဖြစ်ပါတယ်။

Saturday, July 28, 2018

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ

Sexually Transmitted Infections (လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ)

လိင်မှတဆင့် ကူးစက်တတ်သောရောဂါဟူသည် အဘယ်နည်း။
လိင်ဆက်ဆံရာမှတဆင့် ကူးစက်တတ်သော ရောဂါများကို လိင်မှတဆင့် ကူးစက်တတ်သောရောဂါများဟု ခေါ်ဆိုပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို အခြားမည်ကဲ့သို့ ခေါ်ဆိုတတ်သေးသနည်း။
ကာလသားရောဂါ ၊ ဆီးပူညောင်းကျရောဂါ ၊ ဂနိုကျခြင်း ၊ ဆက်တန့်ထွက်ခြင်း စသဖြင့်လည်း ခေါ်ဆိုတတ်ကြသေးပါသည်။

Monday, December 4, 2017

HIV ပိုးကူးစက်ခံနေရမှန်းဘယ်လိုသိနိုင်မလဲ

HIV ပိုးကူးစက်ခံနေရမှန်းဘယ်လိုသိနိုင်မလဲ

HIV ပိုးကူးစက်ခံရပြီးအစောပိုင်းကာလများတွင် အများစုသည် မည်သည့် ရောဂါလက္ခဏာမှ မခံစားရပဲ လူနည်းစုတွင်သာ မပြင်းထန်လှသော လက္ခဏာများတွေ့ရှိရတတ်ပါသည်။ HIV ပိုးကူးစက်ခံရခြင်းရှိမရှိ အသေချာဆုံးသော နည်းလမ်းမှာ ရောဂါပိုးရှိမရှိ သွေးစစ်ဆေးကြည့်ခြင်းပင် ဖြစ်ပါသည်။

HIV ပိုးရှိသူအများစုသည်မိမိတို့၏ အလုပ်နှင့် လူမှုပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်း ကျန်းမာစွာနေထိုင်နိုင်ကြသည်။ သိသာထင်ရှားသော ရောဂါလက္ခဏာများလည်း ပြသချင်းမရှိပေ။ ထို့ကြောင့် HIV ပိုးရှိသူအများစုသည် မိမိ၌ ရောဂါပိုးရှိနေကြောင်း သတိပြုမိခြင်းမရှိပေ။

Saturday, November 25, 2017

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)

       ဆီးလမ်းကြောင်းဆိုတာ ခန္ဓာကိုယ်ကနေ မကောင်းတဲ့အညစ်အကြေးတွေနဲ့ရေတွေကို ဆီးထဲကစွန့်ပစ်ဖို့အတွက် ပါဝင်အလုပ်လုပ်ရတဲ့ ကိုယ်တွင်းအင်္ဂါပစ္စည်းတွေကို စုပေါင်းပြီးခေါ်တာပါ။ ဆီးလမ်းကြောင်းမှာ အောက်ပါ အင်္ဂါအစိတ်အပိုင်းများပါဝင်ပါတယ်။

(1) ဆီးသွားပြွန် - ဆီးအိမ်ကဆီးတွေကို ခန္ဓာကိုယ်အပြင်ဘက်ကိုစွန့်ထုတ်ဖို့အတွက် ကြားခံသယ်ပို့ပေးရတဲ့ ပြွန်ငယ်လေးပါ။

(2) ဆီးအိမ် - ဆီးမသွားခင်စပ်ကြားအချိန်မှာဆီးတွေကိုသိုမှီးထားတဲ့အိတ်ပါ။

(3) ဆီးပြွန် - ကျောက်ကပ်နဲ့ဆီးအိမ်ကိုချိတ်ပေးထားတဲ့ပြွန်ပါ။

(4) ကျောက်ကပ် - ပဲကြီးစေ့နဲ့ပုံစံတူတဲ့ ကျောက်ကပ်တွေဟာသွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်ပြောင်းလဲပေးပါတယ်။

        ဒီဆီးလမ်းကြောင်းရဲ့ တစ်နေရာရာမှာ ဘက်တီးရီးယားပိုး ကူးစက်ခံရတာကိုဆီး လမ်းကြောင်းပိုးဝင်ခြင်း (UTI) လို့ခေါ်ပါတယ်။



♦ ဘာကြောင့်ဆီးလမ်းကြောင်းပိုးဝင်ရသလဲ

Tuesday, November 21, 2017

လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက်နာကျင်ခြင်း

www.myanmarhealthcentre.com
လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက်နာကျင်ခြင်း

လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါနေရာနှင့် တင်ပဆုံခွက်အတွင်း နာကျင်ခြင်းကို ဒစ်ပရှုး နီးယား (Dyspaurenia) ဟု ခေါ်သည်။ အမျိုးသမီးဦးရေမည်မျှတွင် ထိုဝေဒနာကို ခံစားနေရသည်ကို မည်သူမျှ မသိရှိပေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးအများစုသည် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိသောကြောင့် ဖြစ်သည်။ သို့သော် လည်း အမျိုးသမီးများကို မေးမြန်းထားသော အချက်အလက်များအရ အမျိုးသမီး ၁၀ ယောက်တွင် ၁ - ၄ ယောက်သည် ထိုဝေဒနာကို ခံစားရသည်။ အများအားဖြင့် အိမ်ထောင်ကျစအချိန်ကာကလများနှင့် သွေးဆုံးခါနီးအချိန်များတွင် အဖြစ်များ သည်။
လိင်ဆက်ဆံပါက နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းတရားများစွာ ရှိသည်။ အကြောင်းတရားအများစုမှာ ဆိုးရွားခြင်း မရှိ သော်လည်း လိင်ဆက်ဆံခြင်းကို ထိခိုက်နိုင်ပြီး နောက်ဆုံးတွင် အိမ်ထောင်ရေးအဆင်မပြေမှုများ ဖြစ်လာနိုင်သည်။ ထိုဝေဒနာ သည် နာကျင်ခြင်းကြောင့် လိင်ဆက်ဆံရာတွင် စိတ်ကသိကအောက်ဖြစ်ခြင်း ၊ စိတ်ကသိကအောက်ဖြစ်ခြင်းကြောင့် ယောနိ လမ်းကြောင်း ခြောက်သွေ့ပြီး နောက်ထပ်နာကျင်ခြင်းစသည့် အဆိုးသံသရာကို လည်စေနိုင်သည်။
လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ကို ဖြစ်စေသော အကြောင်းတရားများကို ကုသပြီးသော်လည်း နာကျင်ခြင်းမှာ ဆက်ဖြစ်နေ တတ်သည်။ အထူးသဖြင့် မကုသဘဲ အချိန်အတန်ကြာထားပါက ထိုသို့ဖြစ်နိုင်သည်။ ထိုအကြောင်းပြချက်များ ကြောင့် ဆရာဝန်နှင့် အမြန်ဆုံးတွေ့ဆုံ၍ ဖြစ်ပေါ်စေသော အကြောင်းအရာများကို ရှာဖွေပြီး ကုသမှုများကို အမြန်ဆုံးခံယူရန် အရေးကြီးပေသည်။ ဤစာစောင်တွင် လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ကို ဖြစ်စေသော အကြောင်းအရာများနှင့် အမျိုးအစားများအကြောင်းကို ဆွေးနွေးထားပါသည်။

လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ဆိုတာ ဘာလဲ?
----------------------------------------
လိင်ဆက်ဆံပါက နာကျင်ခြင်း (Dyspaurenia) ဆိုသည်မှာ လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီး မျိုးပွားအင်္ဂါနေရာနှင့် တင်ပဆုံခွက်အတွင်း နာကျင်ခြင်းကို ခေါ်သည်။ လိင်ဆက်ဆံပါက အပေါ်ယံနေရာများတွင် နာကျင်ခြင်း (Superficial Dyspareunia) နှင့် လိင်ဆက်ဆံပါက နက်ရှိုင်းသည့်နေရာများတွင် နာကျင်ခြင်း (Deep Dyspareu-nia) ဟူ၍ ၂ မျိုး ခွဲခြားနိုင်သည်။ ထို ၂ မျိုးကို ဖြစ်ပေါ်စေသော အကြောင်းအရာများမှ မတူညီသကဲ့သို့ ကုသမှုများမှာလည်း ကွဲပြားသည်။

အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား

အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား

လူသိများတဲ့ ယုံတမ်းစကားတစ်ခုကတော့ အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရနိုင်စွမ်းဟာ ပုံမှန်အချိန်ထက် ရာသီလာချိန်မှာ ပိုနည်းတတ်ပေမယ့် အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်ရှိနိုင်ပါတယ်။

ရာသီလာခြင်းဆိုတာ ဘာလဲ။

ရာသီလာခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက မလိုအပ်တော့တဲ့ တစ်ရှူးတွေကို ထုတ်လုပ်လိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီတစ်ရှူးတွေဟာ ကလေးငယ် အမျိုးသမီးကိုယ်ခန္ဓာအတွင်း ဖွံ့ဖြိုးနိုင်တဲ့ သားအိမ်အတွင်းက လာတာဖြစ်ပါတယ်။

လတိုင်းမှာ အမျိုးသမီးရဲ့ သားအိမ်ဟာ မျိုးအောင်တဲ့ မျိုးဥကို လက်ခံဖို့ ထူလာတတ်ပါတယ်။ တကယ်လို့ မျိုးဥဟာ မျိုးမအောင်ဘူးဆိုရင်တော့ အမျိုးသမီးဟာ ကိုယ်ဝန်မရရှိပဲ ဒီနံရံတွေဟာ ကိုယ်ခန္ဓာအတွင်းကနေ သွေးအဖြစ် မိန်းမကိုယ်မှ ဆင်းလာနိုင်ပါတယ်။

ဒီဖြစ်စဉ်ကို ရာသီလာခြင်းလို့ ခေါ်ပြီး ဒါဟာ လစဉ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ ရာသီလာနေပြီဆိုရင် ဒါဟာ သွေး သေးငယ်တဲ့ ပမာဏနဲ့ မလိုအပ်တဲ့ တစ်ရှူးတွေကို ကိုယ်ခန္ဓာက ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ မိန်းကလေးတွေ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ရင့်ကျက်လာတာနဲ့ အမျှ ပုံမှန်ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ရာသီလာနေစဉ် ကိုယ်ဝန်ရရှိနိုင်ပါသလား။

လူအတော်များများက ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန် မရရှိနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်ကတော့ သူမ ရာသီလာနေစဉ်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။

ဒါဟာ အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

    မိန်းမကိုယ်မှ သွေးထွက်ခြင်း အကုန်လုံးဟာ ရာသီသွေးမဟုတ်ပါဘူး။ တခါတရံမှာ မိန်းကလေးတစ်ယောက်ဟာ သားဥကြွေချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဒီအချိန်ဟာ ကိုယ်ဝန်အများဆုံးရနိုင်ချိန် ဖြစ်ပါတယ်။ သားဥကြွေခြင်းကြောင့် သွေးဆင်းခြင်းကို ရာသီသွေးနဲ့ မှားတတ်ကြပါတယ်။
    တခါတရံမှာ ရာသီလာပြီးပြီးချင်း (သို့) ရာသီလာပြီး ရက်အနည်းငယ်အတွင်းမှာ သားဥကြွေခြင်း ဖြစ်နိုင်ပါတယ်။ မိန်းကလေး အားလုံးဟာ သားဥကြွေတဲ့အချိန်မတူညီတာကြောင့် ဘယ်အချိန်မှာ ကိုယ်ဝန်ရရှိမှု အများဆုံးဖြစ်နိုင်မလဲဆိုတာ မသိရှိဖို့ မဖြစ်နိုင်ပါဘူး။ သုက်ပိုးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ၁ ရက် ၂ ရက်ကနေ ၅ ရက်အထိ နေနိုင်တာမို့ သုက်လွှတ်ပြီး ၇၂ နာရီကျော်ကြာတဲ့အထိ ကိုယ်ဝန်ရှိနိုင်တာမို့ ရာသီလာနေစဉ် အချိန်မှာ ကိုယ်ဝန်ရှိခြင်းဟာလည်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
    ရာသီလာစဉ်မှာ ကိုယ်ဝန်ရှိနိုင်ခြေဟာ နည်းပေမယ့် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီအချိန်ဟာ ကိုယ်ဝန်ရလိုရင် လိင်ဆက်ဆံရမယ့် အချိန်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ အချိန်တိုင်းမှာ အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ရှိနိုင်ခြေနဲ့ အတူ သင့်မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါ တွေ ဖြစ်တဲ့ ကလက်မိုင်ဒီယား၊ လိင်အင်္ဂါ ကြွက်နို့တွေနဲ့ HIV ရောဂါ ကူးစက်ခံရနိုင်ပါတယ်။ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံမယ်ဆိုရင်လည်း မမျှော်လင့်ပဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါရရှိမှုကနေ ကာကွယ်ဖို့ ကွန်ဒုံးကို အချိန်တိုင်း အသုံးပြုသင့်ပါတယ်။
တကယ်လို့ သင်ဟာ ကိုယ်ဝန်ရလိုပြီး တစ်နှစ် (သို့) တစ်နှစ်ကျော်ကြာအောင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး မရဘူးဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆရာဝန်တွေက သင့်သားဥကြွေချိန်ကို ဆန်းစစ်ခြင်း၊ စစ်ဆေးမှုတွေ ပြုလုပ်ခြင်းနဲ့ ကိုယ်ဝန်ရရှိဖို့ ရာနှုန်းများစေတဲ့ ကုသမှုတွေ ပြုလုပ်ခြင်းကို အကြံပေးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် HelloSayarwon.com မှ ကူးယူဖော်ပြပါသည်။

ရေးသားသူ Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

လိင်ဆက်ဆံပြီးနောက် ဆီးလမ်းကြောင်းနာကျင်ခြင်း

လိင်ဆက်ဆံပြီးနောက် ဆီးလမ်းကြောင်းနာကျင်ခြင်း

လိင်ဆက်ဆံပြီးနောက်မှာ ဘာ့ကြောင့်ဆီးလမ်းကြောာင်းနာကျင်နေရပါသလဲ။ ဒီဆောင်းပါးလေးမှာ အချက်အလက်တစ်ချို့ကို တင်ပြထားပါတယ်။

ဆီးလမ်းကြောင်းနာကျင်ခြင်း(dysuria)ဆိုတာ ဘာလဲ?

dysuriaဆိုတာ ဆီးလမ်းကြောင်းနဲ့ပတ်သက်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မသက်မသာခံစားရတာကိုဆိုလိုတာပါ။

ဘယ်သူတွေက ဆီလမ်းကြောင်းနာကျင်မှုကို ခံစားရပါမလဲ?

အသက်အရွယ် ကျားမမရွေး လူတိုင်းတော့ ဆီးလမ်းကြောင်းနာကျင်ခြင်းဖြစ်ဖူးပါတယ်။ အမျိုးသမီးတွေကတော့ ပိုအဖြစ်များပါတယ်။ သူတို့က ဆီးလမ်းကြောင်းပိုးဝင်ဖို့ ပိုလွယ်ကူလို့ပါ။ ပြီးတော့ကိုယ်ဝန်ဆောင်မိန်းမတွေနဲ့ ဆီးချိုရှိတဲ့သူတွေမှာလည်း အဖြစ်များပါတယ်။

ဆီးလမ်းကြောင်းနာကျင်မှုကို ဖြစ်စေတဲ့တရားခံက ဘာပါလဲ?

အကြောင်းရင်းကတော့အမျိုးမျိုးရှိပါတယ်။ အများစုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ မိန်းမအဂါင်္ပိုးဝင်ခြင်း ရောင်ယမ်းခြင်းတို့ပဲဖြစ်ပါတယ်။

ရောင်ယမ်းစေတာတွေကတော့ လိင်ဆက်ဆံခြင်း၊ တားဆေးအသုံးပြုခြင်း၊ ဆပ်ပြာသို့မဟုတ်မိန်းမကိုယ်ဆေးတဲ့ခရင်မ်တွေနဲ့ဓာတ်မတည့်ခြင်း စသဖြင့် ရှိပါတယ်။

တကယ်လို့ အမျိုးသားတစ်ယောက်က ဆီးလမ်းကြောင်းခဏခဏနာကျင်နေမယ်ဆိုရင် ပိုးဝင်တာသာမက ရောဂါတစ်ခုခုပါဖြစ်နိုင်ပါတယ်

ဘယ်လိုကုသမလဲ?

နာကျင်မှုlevelကို မူတည်ပြီးတော့ လူနာတစ်ယောက်ခြင်းစီအလိုက် ကုသပေးရမှာဖြစ်ပါတယ်။ အများအားဖြင့်တော့ ပိုးသတ်ဆေးကို အသုံးပြုကြပါတယ်။

ရောင်ယမ်းမှုများကိုလည်း သက်သာအောင် irretantsတွေ အသုံးပြုကုသမှုပေးပါတယ်။ ဆီးသွားနေစဉ်နာကျင်မှုကို လျော့ချပေးဖို့ အဆင့်တွေအများကြီးလိုက်နာဆောင်ရွက်ရပါမယ်။

နေ့တိုင်းရေများများသောက်ပါ။ ဆေးကုသမှုကိုလည်း စနစ်တကျ ခံယူပါ။

လိင်ဆက်ဆံပြီးနာကျင်မှုဟာ စိတ်မကျေနပ်မှုကိုဖြစ်စေပါတယ်။ တကယ်လို့ အပေါ်မှာပြောထားတဲ့ ရောဂါအခြေအနေတွေတွေ့ရင်တော့ ဘာမှမစိုးရိမ် မတုံ့ဆိုင်းမနေပဲ ဆရာဝန်နဲ့အမြန် ကုသမှုခံယူပါ။

ဒါမှမဟုတ်လည်း ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆီက ကုသဖို့ အကြံဥာဏ်ယူပါ။

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
Hellosayarwon.com

Monday, November 20, 2017

အရေးပေါ်သန္ဓေတားဆေးထက် ကွန်ဒုံးကို ပိုသုံးသင့်တဲ့ အချက် (၄) ချက်

အရေးပေါ်သန္ဓေတားဆေးထက် ကွန်ဒုံးကို ပိုသုံးသင့်တဲ့ အချက် (၄) ချက်

မြန်မာနိုင်ငံမှာ စုံတွဲတွေဟာ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအစား အရေးပေါ် သန္ဓေတားဆေးကို သုံးလေ့သုံးထ ရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တခါ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးဖို့အတွက် အောက်က အချက်လေးတွေကို လေ့လာကြည့်ကြရအောင်။

၁။ ကွန်ဒုံးမှာ ဘေးထွက်ဆိုးကျိုးမရှိပါ။
အရေးပေါ်သန္ဓေတားဆေးသောက်တိုင်း သင့်ရဲ့အဖော်တွင် တန်ပြန်သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဥပမာ - မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ သွေးဆင်းခြင်း နှင့် ရင်သားတင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သင့်ဆက်ဆံဖော်ရဲ့ ရာသီသွေးဆင်းခြင်းကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။
Latex (ရာဘာစေး)နဲ့ ဓာတ်မတည့်သူတွေက လွဲလို့ ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါဘူး။

၂။ ကွန်ဒုံးဟာ ပို၍ ယုံကြည် စိတ်ချရပါတယ်။
အကယ်၍ ကွန်ဒုံးကိုသာ မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ကိုယ်ဝန်ရရှိနိုင်ချေ ၉၈% ကာကွယ် ပေးနိုင်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးကလည်း ကိုယ်ဝန်ရရှိနိုင်ချေကို
• ၂၄နာရီအတွင်း သောက်မယ်ဆိုရင် ၈၅% လျှော့ချပေးနိုင်ပြီး
• ၂၅နာရီမှ ၄၈နာရီအတွင်း သောက်မယ်ဆိုရင် ၅၈% လျှော့ချပေးနိုင်ပါတယ်။
အဲတော့ ကွန်ဒုံးဟာ အရေးပေါ်သန္ဓေတားဆေးထက် အနည်းဆုံး ၁၃% ပို၍ ကိုယ်ဝန်ရရှိနိုင်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ အရေးပေါ်သန္ဓေတားဆေးက လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးများကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
တစ်ချို့STIs လိုရောဂါပိုးများဟာ မြင်တွေ့နိုင်ဖို့ ခက်ခဲပြီး အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် မည်သူမဆို ပိုးသယ်ဆောင်လာနိုင်သူ ဖြစ်နိုင်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးဟာ လိင်မှတဆင့်ကူးစက်နိုင်သော ရောဂါပိုးများ (HIV, AIDS) အပါအ၀င် ဘယ်ရောဂါပိုးကိုမှ ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
ကွန်ဒုံးကို မှန်ကန်စွာ သုံးခြင်းကသာ လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးများကို အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၎။ အရေးပေါ် အခြေအနေအတွက်သာ ဖြစ်သည်။
အရေးပေါ်သန္ဓေတားဆေးသည် လိင်ဆက်ဆံပြီးတိုင်း သောက်ရန်အတွက်ထုတ်လုပ်ထားတာ မဟုတ်ပါ။ အရေးပေါ်ဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေမှာသာ သောက်သုံးရန်ဖြစ်ပါတယ်။ ဥပမာ -
 ကွန်ဒုံးပေါက်ပြဲသွားခြင်း
 နေ့စဉ်သုံးသန္ဓေတားဆေးသောက်ရန် မေ့လျော့ခြင်း
 သန္ဓေတားထိုးဆေး နောက်ကျသွားခြင်း
အကယ်၍ သင်နဲ့ သင့်အဖော်ဟာ ကွန်ဒုံးကို လုံးဝမသုံးချင်ဘဲ ပုံမှန်လိင်ဆက်ဆံဖြစ်မယ်ဆိုရင် အခြား နည်းလမ်းတွေနဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ဖို့ အကြံပြုချင်ပါတယ်။ ဥပမာ -
• နေ့စဉ်သုံးသန္ဓေတားသောက်ဆေး
• နေ့စဉ်သုံးသန္ဓေတားထိုးဆေး
• သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

Sources : Web Md, Health Line, HS, Women's Health Specialist.

4 Reasons Emergency Contraceptive Pills Aren't a Substitute for Condoms

In Myanmar, for many couples, using emergency contraceptive pills instead of condoms routinely is thought of as normal.

However, here are some things to consider before the next time you have sex.

1) Condoms are more reliable at preventing pregnancy.

With correct use,condoms are 98% effective at preventing pregnancy.

Emergency contraception only reduces the risk of pregnancy by:
85% if taken within 24 Hours of sex.
58% if taken within 25-48 Hours.

2) Condoms Produce No Side Effects

If your partner is using emergency contraceptive pills, possible side effects include nausea, vomiting, headaches, feeling tired, fatigue, feeling dizzy, lower abdominal pain, vaginal bleeding and breast tenderness. These pills can also affect your partner's menstrual cycle.

Condoms have no side effects for you and your partner (as long as neither is allergic to latex), provided you use them correctly.

3) Emergency contraception does not protect you against sexually transmitted infections (STIs).

Anyone can be a carrier of an STI, and they may not know it, because not all STIs produce noticeable symptoms immediately. Using emergency contraceptive pills provides no protection against STIs including HIV/AIDS.

Used correctly, the male condom is the best protection for both people against transmission of infection.

4) Emergency contraceptive pills are for EMERGENCIES

Emergency contraceptive pills are not intended for regular or routine use. They are called EMERGENCY contraception because they are meant for emergencies, such as in cases of:

- a condom breaking,
- rape,
- a woman missing a birth-control pill,
- a woman being late to get her injectable contraceptive dose.

If you and your partner really don't like using condoms, there are other more effective options for preventing pregnancy, such as oral contraceptive pills, IUDs and injectable contraceptives.

Sources: Web MD, Health Line, NHS, Women’s Health Specialist.

Sunday, November 19, 2017

ဂနိုရောဂါ (သို့မဟုတ်) ဆီးပူညောင်းကျ ရောဂါ (Gonorrhoea)

www.myanmarhealthcentre.com
ဂနိုရောဂါ (သို့မဟုတ်) ဆီးပူညောင်းကျ ရောဂါ (Gonorrhoea)

အကယ်​၍ သင့်​ထံတွင်​ ဂနိုရောဂါ ( သို့) ဆီးပူ​ညောင်းကျရှိသည်​ဟု သံသယရှိပါက ​​ရောဂါလက္ခဏာ မပြသည့်​တိုင်​ ဆရာဝန်​နှင့်​တိုင်​ပင်​သင့်​ပါသည်​။ပိုးသတ်​​ဆေးများမှာ ဂနို​ရောဂါကို ထိ​ရောက်​စွာ ကုသနိုင်​ပါသည်​။သင် နှင့်​ လိင်​ဆက်​ဆံဖက်​အ​ဖော်​ (သို့မဟုတ်)​ အ​ဖော်​များသည်​လည်း ​ရောဂါလက္ခာ မပြသည့်​တိုင်​ ​ရောဂါရှိမရှိ ​သွေးစစ်​၍ ​​ဆေးကုသမှု ခံယူရပါမည်​။ဆေးကုသမှု မပြီးဆုံးခင်​ အထိ မည်​သူတဦးတ​ယောက်​နှင့်​မှ လိင်​ဆက်​ဆံမှု မပြုရပါ။ ။

ဂနို​ရောဂါ (Gonorrhoea) ဆိုတာဘာလဲ?

ဂနိုဆိုသည်​မှာ လိင်​ဆက်​ဆံရာမှတဆင့်​ ကူးဆက်​တတ်​​သော ​ရောဂါဖြစ်​သည်​။ ဂိုနိုကောကပ် (Gonococcus) ဟု​ခေါ်​သော ဘက်​တီးရီးယား ပိုးတမျိုး​ကြောင့်​ဖြစ်​​သော ​ရောဂါဖြစ်​သည်​။

ဂနိုရောဂါဘယ်​လို ကူးစက်​ခံရ နိုင်​သလဲ?
ရောဂါပိုးရှိသူနှင့်​ အကာအကွယ်​ ကွန်​ဒုံးမပါပဲ လိင်​ဆက်​ဆံရာမှတဆင့်​ ကူးစက်​တတ်​ပါသည်​။ပုံမှန်​နည်းလမ်းဖြင့်​ လိင်​ဆက်​ဆံခြင်းအပြင်​ ပုံမမှန်​​သော လိင်​ဆက်​ဆံခြင်းများဖြစ်​​သော စအို (သို့မဟုတ်​) ပါးစပ်​ဖြင့်​လိင်​ဆက်​ဆံခြင်းဖြင့်​လည်းကူးစက်​တတ်​ပါသည်​။ လိင်​ကွဲ လိင်​ဆက်​ဆံခြင်း (Heterosexual) (ဥပမာ - အမျိုးသမီးနှင့်​ အမျိုးသား ) သာမက လိင်​တူ လိင်​ဆက်​ဆံခြင်း ( Homosexual) (ဥပမာ - အမျိုးသား အမျိုးသားချင်း ) မှလည်း ​ရောဂါကူးနိုင်​ပါသည်​။ အမျိုးသားများ နှင့်​ အမျိုးသမီးများတွင်​​ ​ရောဂါအဖြစ်​အများဆုံး​နေရာမှာ ဆီးလမ်း​ကြောင်း​နေရာဖြစ်​ပြီး စအိုနှင့်​ ပါးစပ်​တွင်​လည်း ​ရောဂါပိုးဝင်​​ရောက်​နိုင်​ပါသည်​။ မိန်းမကိုယ်​မှ ထွက်​​သော အရည်​မှတဆင့်​ ရောဂါပိုးကူးစက်​နိုင်​​သော်​လည်း အမျိုးသမီးချင်းလိင်​ဆက်​ဆံရာမှ ကူးစက်မှု​နှုန်းမှာအလွန်​ နည်းပါသည်​။

အမျိုးသမီးများတွင်​ ဖြစ်ပွားသော ဂနို​ရောဂါ ရဲ့လက္ခဏာတွေက ဘာတွေလဲ?

အမျိုးသမီးများတွင်

(၁) ​ရောဂါပိုးရှိ​သောအမျိုးသမီး ၂​ယောက်​​လျှင်​ တ​ယောက်​နှုန်းမှာ အဖြူဆင်းများခြင်း (သို့) ပုံမှန်​မဟုတ်​​သော အဖြူဆင်းခြင်း

(၂) ၄​ယောက်​လျှင်​ တ​ယောက်​မှာ ၀မ်းဗိုက်​​အောက်​ပိုင်း နာကျင်​ခြင်း

(၃) ​သွေးဆင်းများခြင်း သို့မဟုတ်​ ​တစ်​လထဲတွင်​ ​သွေးနှစ်​ကြိမ်​ဆင်းခြင်း

(၄) ဆီး​အောင့်​ခြင်း၊ ဆီးကျင်​ခြင်းစ​သော ဆီးလမ်း​ကြောင်းပိုးဝင်​​သော ​ရောဂါလက္ခဏာများနှင့်​ တခါတရံ မှားတတ်​ပါသည်​။

(၅) စအို​နောက်​ပိုင်းရှိ မစင်အိမ် (Rectum) တွင်​ ပိုးဝင်​ခြင်း ( စအိုဖြင့် လိင်ဆက်ဆံခြင်းပြုသူများ) နှင့် လည်ပင်းအတွင်းအနောက်ပိုင်း အစာပြွန်အနီး ​တွင်​ပိုးဝင်​ခြင်း ( ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းပြုသူများ)
များမှာ သိသာထင်​ရှား​သော ​ရောဂါလက္ခာများ မပြတတ်​ပဲ စအို ယားယံခြင်း၊ လည်​​ချောင်းနာခြင်းများဖြင့်​သာ သတိထား မိတတ်​ကြပါသည်​။

အမျိုး သားများတွင်​ဖြစ်ပွားသော ဂနို​ရောဂါ ရဲ့လက္ခဏာတွေက ဘာတွေလဲ?

အမျိုးသားဆီးလမ်း​ကြောင်း ပိုးဝင်​ခြင်းမှာ အဓိက ​ရောဂါလက္ခာ ဖြစ်​ပါသည်​။ ​ရောဂါပိုးရှိသူနှင့်​ လိင်​ဆက်​ဆံမှု ပြုပြီး ၅ ရက်မှ ၇ ရက်​အတွင်း ​ရောဂါလက္ခဏာပြတတ်​ပါသည်​။

ရောဂါလက္ခဏာများမှာ
(၁) အမျိုးသားအဂါင်္မှ အချွဲဆင်းခြင်း (အတွင်းခံ တွင်ံစွန်းထင်း ​နေတတ်​ပါသည်​ )
(၂) ဆီးကျင်​ခြင်း
(၃) ဆီးသွား၍ မ၀ခြင်း
(၄) ဆီးခဏခဏ သွားခြင်း
(၅) အမျိုးသား အင်္ဂါ ယားယံခြင်း
(၆) ဆီးလမ်း​ကြောင်းထိပ်​ ​ယောင်​ယမ်းပြီး အနီရောင်ဖြစ်နေခြင်း

ရောဂါပိုးရှိ​သော အမျိုးသား ၁၀ ​ယောက်​လျှင်​ ၉ ​ယောက်​မှာ ​ရောဂါလက္ခာ ပြ​သော်​လည်း ပိုးရှိသော အမျိုးသမီး ၂ ​ယောက်​ လျှင်​ ၁ ​ယောက်​မှာ ​ရောဂါလက္ခာ မပြ​ကြောင်း ​တွေ့ရှိရပါသည်​။

ဆေးမကုဘဲထားလျှင် ဘာဖြစ်မှာလဲ?

 ရောဂါလက္ခာ များမှာေ​ဆးကုသမှု မခံယူ​သော်​လည်း တချိန်​ချိန်​တွင်​ ​ရောဂါ​ ​ပျောက်​ကင်းနိုင်​ပါသည်​။ ရက်​သတ္တပတ်​ အနည်းငယ်​ သို့မဟုတ်​ ၆ လ အတွင်း ​ရောဂါ​ပျောက်​ကင်းနိုင်​ပါသည်​။ သို့​သော်​ ​ဆေးကုသမှု မခံယူလျှင်​ ပိုး​ကောင်​များမှာ ဆီးလမ်း​ကြောင်းတွင်​ ရှိ​နေနိုင်​ပြီး နောက်​တကြိမ်​ ​ရောဂါပြန်​ဖြစ်​နိုင်​ပါသည်​။ ထို့​ကြောင့်​ ​ရောဂါလက္ခာ ပြသည်​ဖြစ်​​စေ မပြသည်​ဖြစ်​​စေ ​ဆေးကုသမူ မခံယူ ထားလျှင်​ အခြားသူ များသို့ ပိုးကူစက်​နိုင်​ပါသည်​။

ရောဂါပိုးရှိမရှိ စစ်​​ဆေးဖို့လိုမလား?
ဂနိုပိုး ကူးစက်​ခံထားရသည်​ဟု သံသယ ရှိပါက စစ်​​ဆေးမှု ခံယူရန်​ မိမိမြို့နယ်​ရှိ ခုခံကျကာလသား တိုက်​ဖျက်​​ရေးဌာနသို့ သွား​ရောက်​၍ လိုအပ်​​သောစစ်​​ဆေးမှု ပြုလုပ်​သင့်​ပါသည်​။ ဂနို​ရောဂါပိုးရှိ မရှိသိ​စေရန်​ ဆီးနမူနာ (သို့မဟုတ်​) လိင်အင်္ဂါ မှ ထွက်​​သော အ​ရည်​နမူနာ ယူသင့်​ပါသည်​။ အမျိုးသား များတွင်​ အမျိုး သားအင်္ဂါဆီးလမ်း​ကြောင်း၊ အမျိုးသမီး များတွင်​ မိန်းမကိုယ်​အင်္ဂါ အတွင်းပိုင်း( သို့မဟုတ်)​ သားအိမ်​​အဝအတွင်းပိုင်းမှ နမူနာယူရပါမည်​။ လိင်​မှတဆင့်​ ကူးဆက်​တတ်​​သောအခြား ​ရောဂါ ရှိမရှိ စစ်​​ဆေးရမည် ဖြစ်ပါသည်​။

ရောဂါဆိုးရွားလာပါက အမျိုးသမီး များတွင်​ ဖြစ်နိုင်ခြေရှိသော ​နောက်​ဆက်​တွဲ​ ဆိုးကျိုးတွေက ဘာတွေလဲ?
                       
အမျိုးသမီး များတွင်​ ​ရောဂါပိုးမှာ သားအိမ်​အထိ ပျံနှံ၍ တင်ပဆုံခွက်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းခြင်း (Pelvic Inflammatory disease)  ဖြစ်​တတ်​ပါသည်​။ ယင်းအခြေအနေသည် နာတာရှည်​ မိန်းမကိုယ်အင်္ဂါ​​အောင့်​ခြင်း၊ က​လေးမရနိုင်​ခြင်းများ ဖြစ်​တတ်​သည်​။ ပိုးမှာ ဝမ်းဗိုက်အောက်ပိုင်းမှတဆင့် အသည်းသို့လည်း ပျံ့ နှံ့  နိုင်​ပါသည်​။ မိန်းမကိုယ်အင်္ဂါ​ပေါက်​ တဖက်​တချက်​စီရှိ ဘာသိုလင် ဂလင်းများ ( Bartholin glands) တွင်​ ပိုးဝင်​၍ ​ရောင်​ယမ်းပြီး ပြည်​တည်​နာ ( Abscess) ဖြစ်​တတ်​ပါသည်​။

ကိုယ်ဝန်ဆောင်မိခင်များတွင် ရောဂါဖြစ်ပွားပါက ဘယ်လိုဆိုးကျိုးတွေရမှာလဲ?

ကိုယ်​၀န်​​ဆောင်​များတွင်​ က​လေးပျက်ကျ​ခြင်း၊ လမ​စေ့ပဲ က​လေး​မွေးခြင်း၊ ပုံမှန်​မဟုတ်​​သော​နေရာများတွင်​ သ​န္ဓေတည်​ခြင်းများဖြစ်​တတ်​ပါသည်​။ ကိုယ်​၀န်​​ဆောင်​ချိန်​တွင်​ ပိုးကူးစက်​ခံရပါက ​မွေးလာ​သောက​လေးတွင်​ အော့ပ်သားလ်မီးရား နီယိုနေတိုရမ် (Opthalmia Neonatorum) ဟုခေါ်သော ​မွေးရာပါ မျက်​စိ​ရောဂါဖြင့်​ ​မွေးလာနိုင်​ပါသည်​။

ရောဂါဆိုးရွားလာပါက အမျိုးသားများတွင်​​ ဖြစ်နိုင်ခြေရှိသော ​နောက်​ဆက်​တွဲ​ ဆိုးကျိုးတွေက ဘာတွေလဲ?

အချို့အမျိုးသားများတွင်​ ပိုးမှာ ဆီးလမ်း​ကြောင်းမှ တဆင့်​ ဆီးကြိတ်​ ( Prostate) သို့ ပျံ့ နှံ့တတ်​ပါသည်​။ ဆီးလမ်း​ကြောင်းကျဉ်းခြင်း ( Urethral Stricture) မှာမူ အ​တွေ့ရ နည်း သော်လည်း ဖြစ်ပွားနိုင်သော အခြေနေတစ်ခုဖြစ်သည်​။ ​ရောဂါပိုးများ​သွေးထဲသို့​ရောက်​၍ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပြန့်နှံ့ခြင်း ​ရှားပါးသည်​။ အမျိုးသားချင်း လိင်​တူ ဆက်​ဆံ​သော သူများတွင်​မူ စအိုလမ်း​ကြောင်း (သို့မဟုတ်)​ လည်​​​ချောင်းတွင်​ ရောဂါပိုးကူးစက်​ခံရနိုင်​သည်​။

 ဂနို ​ရောဂါကို ဘယ်လိုကုသမှာလဲ?
အများအားဖြင်း ပိုးသတ်​​ဆေး ထိုး​ဆေး တကြိမ်​ နှင့်​ ​သောက်​​ဆေး တစ်​ကြိမ်​ ဖြင့်ကုသရမည်။ သို့​သော်​ တခါတရံ အခြားမတူညီ​သော ကုထုံးများ (Guideline) များကိုလည်း လိုအပ်​သလို အသုံးပြုပါသည်​။ ဥပမာ- မိမိတွင်​ ပိုးသတ်​​ဆေးတမျိုးမျိုး ကို ဆေးမတည့်ခြင်း (Allergy)   ရှိပါက (သို့မဟုတ်)​ အခြား​​ရောဂါပိုးများလည်း ကူးစက်​ခံထားရပါက မိမိနှင့်​သင့်​​တော်​​သော ကုသမှုကို ခံယူရပါမည်​။

မိမိနှင့်​ လိင်​ဆက်​ဆံဖက်​ကို ​ဆေးကုသရန်​ လိုအပ်​ပါသလား?
လိုအပ်​ပါသည်​။ မိမိနှင့်​လိင်​ဆက်​ဆံဖက်​တွင်​ ​ရောဂါလက္ခာ မပြသည့်​တိုင်​ ပိုးရှိမရှိ စစ်​​ဆေးမှု ခံယူရပါမည်​။ ​ရောဂါ ပိုးမရှိသည့်​တိုင်​ မိမိနှင့်​လိင်​ဆက်​ဆံဖက်​အား ​ဆေးကုသမှု ခံယူ​စေရပါမည်​။ အဘယ့်​​ကြောင့်​ဆို​သော်​ ဂနို​ရောဂါဖြစ်​​စေ​သော ပိုးများသည် အကာအကွယ်​မပါပဲ​ လိင်​ဆက်​ဆံချိန်​တွင်​ အများဆုံး ကူးစက်​တတ်​ပါသည်​။ ​ဆေးကုသမှု ခံယူထားခြင်းဖြင်​ ၀င်​​ရောက်​လာနိုင်​​သော့ ​ရောဂါပိုးများကို ​သေ​စေနိုင်​ပါသည်​။ ပိုးကူးစက်​ခံထားရ​သော မိမိ၏ လိင်​ဆက်​ဆံဖက်​အား ​ဆေးဝါးကုသခြင်းမပြုလုပ်​ထားပါက မိမိအား ​ရောဂါပိုး တဖန်​ပြန်​လည်​၍ ကူးစက်​နိုင်​ပါသည်​။ အကယ်​၍ သင့်​ထံတွင်​ ​ရောဂါလက္ခာ မပြပဲ ပိုးကူးစက်​ခံရပါက တချိန်​ချိန်​တွင်​ ​ရောဂါလက္ခာ ပြလာနိုင်​ပါသည်​။ ထို့​ကြောင့်​ ၃ လအတွင်း မိမိနှင့်​ လိင်​ဆက်​ဆံမှု ပြုခဲ့သူများအားလုံးကို စစ်​​ဆေးမှု ပြုလုပ်​၍ ​ဆေးဝါးကုသမှု ​ပေးသင့်​ပါသည်​။

ဆေးထိုး၊ ဆေးသောက်ပြီးလျှင် ရောဂါအရှင်းပျောက်ပြီလား?

ဆရာဝန် ​ သို့မဟုတ်​ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု​ပေးသူများသည်​ ​ဆေးကုသမှု ​ပြီးဆုံးပြီး​နောက်​ ယင်းတို့၏ ကုသမှု ​အောင်​မြင်​ မှု ရှိ ၊မရှိ ကိုလူနာအား ပြန်​လည်​ ​ခေါ်ယူ၍ ကြည့်​ရှု့​လေ့ရှိကြပါသည်​။ ထိုသို့ကြည့်​ရှု ရာတွင်​ ​ရောဂါလက္ခာ သက်​သာမှု ရှိမရှိ  ၊ ​ရောဂါပိုး ရှိမရှိကို ပြန်​လည်​စမ်းသပ်​ခြင်းများလည်း ပါဝင်​သည်​။ တခါတရံတွင်​ ​ဆေးကုသမှု ပြီးဆုံးသည့်​တိုင်​ ​ရောဂါပိုးများ ရှိ​နေ​သေးလျှင်​ အခြားလိုအပ်​​သောကုသမူ များကို ဆက်​လက်​ ခံယူရန်​လိုအပ်​သည်​။ သင်​နှင့်​ သင်​၏အ​ဖော်​မှာ ​ဆေးကုသမှု ခံယူခြင်းမပြီးမချင်း လိင်​ဆက်​ဆံခြင်းကို ​ရှောင်​ကြဉ်​ရမည်​။

ဆေးကုသမှု ခံယူပြီး ဘယ်အချိန်အထိ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမှာလဲ?

 ပုံမှန် ​အားဖြင့်​ ​ဆေးကုသမှုခံယူပြီး အနည်းဆုံးတပတ်​အတွင်း ​လိင်​ဆက်​ဆံခြင်းမပြုရပါ။ အထက်​တွင်​ ​ဖော်​ပြထား​သော ပိုးသတ်​​ဆေး​သောက်​၍ ​ဆေးကုသမှု ခံယူထား​သော လူနာများ၏ ​သွေးထဲတွင်​ ပိုးကင်းရှင်းရန်​ ရက်​​ပေါင်းများစွာ ကြာတတ်​ပါသည်​။

ဂနို​ရောဂါပိုးကို ကာကွယ်​နိုင်​ပါသလား?

ဂနိုအပါအ၀င်​ အခြားလိင်​မှတဆင့်​ ကူးဆက်​တတ်​​သော ​ရောဂါပိုးများကို​ကာကွယ်​နိုင်​ရန်​ လိင်​ဆက်​ဆံမှု ပြုလုပ်​လျှင်​ (ပုံမှန်‌ မဟုတ်​​သော လိင်​ဆက်​ဆံခြင်းများ(​ ဥပမာ- ပါးစပ်​ သို့ စအိုဖြင့်​ ဆက်​ဆံခြင်း) အပါအ၀င် )  အကာအကွယ်​ ကွန်​ဒုံးကို အသုံးပြုသင့်​ပါသည်​။

ဘယ်လိုလူတွေမှာ ရောဂါပိုးကူးစက်တာများလဲ?

လိင်​ဆက်​ဆံဖက်​များ​သောသူများတွင်​ လိင်​မှတဆင့်​ကူးစက်​တတ်​​သော​ရောဂါပိုးများ ကူးစက်မှု​နှုန်း မြင့်​မားတတ်​ပါသည်​။

ဂနို​ရောဂါ (သို့မဟုတ်)​ အခြားလိင်​မှတဆင့်​ကူးဆက်​တတ်​​သောေ​ရောဂါ ရှိသည်​ဟု သံသယ ဖြစ်လျှင်ဘာလုပ်ရမလဲ?

အကယ် ​၍ သင့်​ထံတွင်​ ဂနို​ရောဂါ သို့မဟုတ်​ အခြားလိင်​မှတဆင့်​ကူးဆက်​တတ်​​သောေ​ရောဂါ ရှိသည်​ဟု သံသယ ရှိပါက ခုခံကျ ကာလသားတိုက်​ဖျက်​​ရေးဌာန (သို့မဟုတ်​) နီးစပ်​ရာ ​ဆေးခန်းများတွင်​ ​ဆေးကုသမှု ခံယူသင့်​ပါသည်​။
ခုခံကျ ကာလသားတိုက်​ဖျက်​​ရေး ဌာန သို့ ဆရာဝန်​လွှဲစာမ ပါပဲ သွား​ရောက်​ကုသမှု ခံယူနိုင်​ပါသည်​။ အနီးဆုံး​ဆေးရုံ (သို့မဟုတ်​) ကျန်းမာ​ရေး​ဌာန များတွင်​ လည်းစုံစမ်းနိုင်​ပါသည်​ ။

သတိပြုရန်

အထက်တွင် ဖော်ပြထားသော အချက်အလက်များမှာ မိမိတို့ကိုယ်တိုင် ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ပြုလုပ်ရန်အတွက် မဟုတ်ပဲ မိမိတွင် ဖြစ်ပေါ်နေသောရောဂါအခြေအနေ များကို စောလျင်စွာ သတိထားမိစေရန် နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသခြင်းများကိုမူ တတ်သိကျွမ်းကျင်သော ဆရာဝန်များနှင့်သာ တိုင်ပင်ပြသ၍  ကုသမှုခံယူသင့် ပါသည်။

From...www.myanmarhealthcentre.com


Monday, October 30, 2017

** ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းသည် စိတ်ပူပန်ရန်လိုပါသလား **
-------------

          ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းသည် အကြောင်းအရင်းများစွာကြောင့်ဖြစ်နိုင်ပါသည်။ အများအားဖြင့် စိုးရိမ်စရာလိုဘဲ အပျိုဖော်ဝင်ကာစနှင့် သွေးဆုံးခါနီးအချိန်တွင် ဖြစ်လေ့ရှိသည်။

          သို့သော် သားဖွားနှင့် မီးယပ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Joyce Gottesfeld ကမူ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းကြောင့် ဆိုးဆိုးရွားရွားဖြစ်နိုင်သည်ဟု မဆိုလိုသော်လည်း စတင်သတိပြုမိသည်နှင့် တစ်ပြိုင်နက် သားဖွားနှင့်မီးယပ်သမားတော်နှင့်ကုသမှုခံယူသင့်သည်ဟု အကြံပြုပြောကြားထားသည်။

          သွေးဆင်းရသည့် အကြောင်းရင်းကိုဖော်ထုတ်ရန် ကျန်းမာရေးဝန်ထမ်းများက သင်၏အသက်အရွယ်၊ ကိုယ်ဝန်ရှိ/မရှိ၊ အကာအကွယ်မယူဘဲ အမျိုးသားနှင့် အတူနေဖူးခြင်းရှိ/မရှိနှင့် ကိုယ်ဝန်တားဆေးများစတင် သောက်သုံးခြင်းရှိ/မရှိတို့ကို မေးမြန်းပေလိမ့်မည်။

          အကယ်၍ ပဋိသန္ဓေတားဆေးများကို စတင်သောက်သုံးနေပါက (သို့) ပရိုဂျက်စတုန်းဟော်မုန်းပါဝင်သော တားဆေးပစ္စည်းထည့်ထားပါက သွေးဆင်းခြင်းမှာဖြစ်လေ့ဖြစ်ထရှိသောအရာတစ်ခုပင်ဖြစ်သည်။ သို့သော် သွေးဆင်းခြင်းမှာ အချိန်ကြာသော်လည်း မရပ်တန့်ပါက သန္ဓေတားဆေးအစား အခြားနည်းလမ်းများကို စဉ်းစားသင့်ကြောင်းလည်း အကြံပေးထားပါသည်။

►► အစောပိုင်းနှစ်များတွင်သွေးဆင်းခြင်း

        ရာသီပန်းပွင့်စ (သို့) သွေးဆုံးခါနီးအချိန်တွင် သွေးဆင်းခြင်းမှာဖြစ်လေ့ဖြစ်ထရှိသည့်အပြင် အစောပိုင်းနှစ်များတွင် ဓမ္မတာမှန်လေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်၊ မျိုးဥအိမ်နှင့် သားအိမ်တို့သည် ဟော်မုန်းအတက်အကျပုံမှန်ဖြစ်စေရန် ကြိုးစားနေဆဲကြောင့်ဖြစ်ပါသည်။ သွေးဆင်းခြင်းသည် အရမ်းမများပြားပါက (သို့) ခဏတာဖြစ်ခြင်းဆိုပါက ပြဿနာသိပ်မရှိနိုင်ပေ။

          အရွယ်ရောက်ပြီးသူများတွင် အမျိုသားနှင့်အတူနေပြီးသည့်အချိန်၌ သွေးဆင်းပါက စိုးရိမ်ဖွယ်ဖြစ်သည်။ အထူးသဖြင့် အကာအကွယ်မယူဘဲဆက်ဆံမိခြင်း (သို့) အမျိုးသားတစ်ဦးနှင့်ပထမဆုံးအကြိမ်ဆက်ဆံခြင်းတို့တွင် ပိုမိုသတိထားသင့်ပါသည်။ လိင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများ (Chlamydia (သို့) Gonorrhea) တွင် သွေးဆင်းခြင်းသ့ည် အချက်ပေးလက္ခဏာတစ်ခုဖြစ်လေ့ရှိခြင်းကြောင့် ချက်ချင်းကုသမှုခံယူသင့်ပါသည်။ တခါတရံ၌ သားအိမ်ခေါင်းအ၀သည် အလွန်ပင်ထိခိုက်လွယ်သောအခြေအနေတွင်ရှိခြင်းကြောင့် (သို့) ရောဂါပိုးရှိနေခြင်းကြောင့် သွေးဆင်းခြင်းဖြစ်နိုင်သည်။

          အမျိုးသားနှင့်ဆက်ဆံပြီးနောက် သွေးဆင်းရခြင်းအခြားအကြောင်းအရင်းတစ်ခုမှာ သားအိမ်ဝလန်နေခြင်းရောဂါ (Cervical ectropion) ကြောင့်ဖြစ်ပါသည်။ ထို့ပြင် သားအိမ်ခေါင်းကင်ဆာကြောင့်လည်းဖြစ်နိုင်ပါသည်။

          ဓမ္မတာလာခြင်းမဟုတ်ဘဲ သွေးအနည်းငယ်ဆင်းခြင်းသည် ကိုယ်ဝန်စတည်ခါစ (Implantation Bleeding) ကြောင့်လည်းဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။

►► သက်လတ်ပိုင်းအမျိုသမီးများတွင် သွေးဆင်းခြင်း

        အသက် 30 ၀န်းကျင်အမျိုးသမီးများတွင်သွေးဆင်းခြင်းမှာ သားအိမ်ကင်ဆာကြောင့်ဖြစ်နိုင်ချေများသည်။ ငယ်ရွယ်သူများတွင် အ၀လွန်ခြင်းသည် သားအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ပါသည်။ သားဖွားနှင့်မီးယပ်ဆရာဝန် Dr.Dabney ကမူ အသက် 35 နှစ် ပတ်ဝန်းကျင်တွင် သွေးဆင်းခြင်းမှာ စိတ်ပူပန်စရာကောင်းကြောင်း၊ အဘယ်ကြောင့်ဆိုသော် သားအိမ်ကင်ဆာ၏ ကနဦးလက္ခဏာဖြစ်နေနိုင်ကြောင်း၊ ဟော်မုန်းအပြောင်းအလဲ၊ သားအိမ်တွင်အလုံးတည်ခြင်းနှင့် အသားပိုဖြစ်ခြင်းများသည် ကင်ဆာထက်ဖြစ်နိုင်ချေများသော်ငြားလည်း စစ်ဆေးချက်များဖြင့် အတည်မပြုရသေးမီ ဘာမျှမပြောနိုင်ကြောင်းကို ပြောကြားပေးခဲ့သည်။

          သားအိမ်၌ အလုံးတည်ခြင်းသာမက သားအိမ်(သို့) သားအိမ်ခေါင်းတွင် အသားပိုများဖြစ်ခြင်းသည် ပုံမှန်သွေးဆင်းခြင်းကို ဖြစ်စေနိုင်သော်လည်း ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားပစ်နိုင်ပါသည်။

          ကင်ဆာ၏ကနဦးအခြေအနေတစ်ခုဖြစ်နိုင်သည့် သားအိမ်နံရံထူလာခြင်းတွင်လည်း သွေးဆင်းခြင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဆရာဝန်မှ သံသယရှိပါက အသားစယူ၍ စစ်ဆေးခြင်းအပြင် အသားလုံး(သို့) အသားပိုများနှင့်ခွဲခြားရန် တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ကူးရန်လည်း အကြံပေးပါလိမ့်မည်။

          သွေးဆုံးခြင်းသည် အသက် 45-50 ပတ်လည်တွင်ဖြစ်လေ့ရှိပြီး အမမျိုးဥထုတ်လုပ်မှုကျဆင်းခြင်းနှင့်အတူ ဓမ္မတာလည်း မမှန်ဖြစ်လာပါလိမ့်မည်။ ဓမ္မတာမမှန်ခြင်းဆိုသည်မှာ ရာသီလာမည့်ရက်တွင်မလာခြင်း၊ မလာနိုင်ဟုထင်သောရက်တွင်လာခြင်း၊ ရာသီသွေးများခြင်း စသည်တို့ဖြစ်သည်။ သွေးဆုံးခါနီးတွင်ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဝေဒနာများသက်သာစေရန်သောက်သုံးရသော ဟော်မုန်းဆေးများကြောင့်လည်း သွေးဆင်းနိုင်ပါသည်။ သွေးဆုံးပြီးနောက် သွေးဆင်းခြင်းကမူ ပုံမှန်လုံးဝမဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့်ပြသသင့်သည်။



Dr. Thinzar Wynn

www.drmyanmar.com

******************************************

ရာသီလာနေစဉ် လိင်ဆက်ဆံတော့မည်ဆိုရင်

ရာသီလာနေစဉ် လိင်ဆက်ဆံတော့မည်ဆိုရင်

ရာသီလာတယ်ဆိုတာ သားအိမ်နံရံက အလွှာလေးတွေ ကွာကျလာပြီး မိန်းမကိုယ်ကတစ်ဆင့် အပြင်ကို ဆင်းလာတာကို ခေါ်တာပါ။ တချို့အမျိုးသမီးတွေကတော့ တခြားရက်တွေထက် ရာသီလာနေတဲ့ရက်တွေမှာ လိင်ဆက်ဆံရတာကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။ အဲဒီလို ရာသီလာနေချိန်အတွင်း အတူနေဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အကျိုးအပြစ် ဘာတွေရှိသလဲဆိုတာ ကြိုသိထားဖို့ လိုပါတယ်။

တချို့လူတွေ ထင်တတ်ကြသလို၊ ရာသီလာနေစဉ် အတူနေတာဟာ ကျန်းမာရေးကို မထိခိုက်စေပါဘူး။ အန္တရာယ်တခုခုဖြစ်စေနိုင်တာမျိုးလည်း မရှိဘူး။ ဒါပေမယ့်လည်း ဒီလိုအချိန်မှာ အတူနေတာက နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်၊ အထူးသဖြင့်တော့ ရာသီစပေါ်တဲ့ ပထမဆုံးရက်တွေမှာပေါ့။

ရာသီလာစဉ် အတူနေခြင်း၏ ဆိုးကျိုးဖြစ်နိုင်ချေများ

(၁) ရောဂါပိုးကူးစက်ခံရနိုင်ခြင်း

ရာသီသွေးကတစ်ဆင့် HIV ပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။

(၂) မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်ခြင်း

၂၈ ရက်တစ်ခါ ရာသီပေါ်တဲ့ အမျိုးသမီးတွေမှာ ရာသီစပေါ်တဲ့ရက်ကနေ (၇)ရက်အတွင်း အတူနေမယ်ဆိုရင် ကိုယ်ဝန်မရနိုင်ပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ ရာသီစက်ဝန်းက ၂၁ ရက်နဲ့ ၂၄ကြားပဲ ကြာမြင့်တယ်ဆိုရင်တော့ (၇)ရက်အထိ စိတ်ချလို့မရနိုင်ပါဘူး။ ရာသီပေါ်ပြီး ရက်တွေမှာတင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ၂၁ ရက်နဲ့ ၂၄ရက်ကြား ရာသီစက်ဝန်းရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီပြီးခါနီး ရက်တွေမှာ အတူနေမိလိုက်တယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဘာလို့ဆိုတော့ ခန္ဓာကိုယ်ထဲ ၀င်လာတဲ့ သုက်ပိုးတွေက အထဲမှာ (၅)ရက်အထိ အသက်ရှင်နေနိုင်သေးတာကြောင့် ဖြစ်ပါတယ်။

ရာသီလာနေစဉ် ဘေးကင်းစွာ ဆက်ဆံနိုင်ဖို့ လုပ်ဆောင်ရမည့်အချက်များ

(၁) သဘက်များ ဆောင်ထားပါ

ကိုယ့်ရဲ့ရာသီသွေးတွေ အိပ်ရာခင်းတို့၊ မွေ့ယာတို့မှာ ပေမသွားဖို့အတွက် သဘက်ကို ကိုယ့်အောက်မှာ ခုထားတာ၊ တစ်ရှူးတို့ အ၀တ်စတို့ကို ကိုယ့်အနားမှာ လွယ်လွယ်ကူကူ ယူလို့ရအောင် ထားထားတာမျိုးတွေ ပြင်ဆင်ထားသင့်ပါတယ်။

(၂) ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ

အတူနေတဲ့အချိန်မှာ ကိုယ်ခန္ဓာကို လဲလျောင်းပြီး ဆက်ဆံတာက သွေးဆင်းမှုကို နည်းစေပါတယ်။ အဲဒီအပြင် ဆက်ဆံတဲ့အခါမှာ သားအိမ်ခေါင်းနေရာထိ ထိုးသွင်းမှုတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဘာလို့ဆိုရင် ရာသီလာနေချိန်မှာ သားအိမ်ခေါင်းဟာ ပုံမှန်ထက် ပိုပြီး အောက်ကိုရောက်နေတတ်သလို၊ ပိုပြီးလည်း ထိလွယ်ခိုက်လွယ် အနေအထားမှာ ရှိနေလို့ပါပဲ။

(၃) ရေချိုးရင်းနဲ့ ဆက်ဆံပါ

ရေပန်းအောက်မှာ ဆက်ဆံလို့ ရပါတယ်။ ဒါပေမယ့် ရာသီသွေးဆင်းတာကို အနည်းအကျဉ်းတော့ သတိထားမိနေနိုင်ပါသေးတယ်။

(၄) အတူနေပြီးသွားတဲ့အခါ ရေချိုးသန့်စင်ပါ

အတူနေပြီးပြီဆိုရင် အဖော်ဖြစ်သူရဲ့ သုက်ရည်တွေ ခန္ဓာကိုယ်ပေါ် ပေကုန်တာတွေ ရှိနိုင်တယ်။ နောက် ချွေးတွေလည်း ထွက်နေနိုင်တာမို့ ရေချိုးသန့်စင်လိုက်တာ ပိုကောင်းပါတယ်။

(၅) သားဆက်ခြားနည်း အသုံးပြုပါ

အမျိုးသားသုံး ကွန်ဒုံး၊ အမျိုးသမီးသုံး ကွန်ဒုံးတွေ အသုံးပြုပြီး ကိုယ်ဝန်မရဖို့နဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရဖို့ ကာကွယ်နိုင်ပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန်ရော၊ ရောဂါတွေကိုပါ ကာကွယ်ပေးတာ မှန်ပေမယ့် ကိုယ်ဝန်တားနိုင်စွမ်းမှာတော့ တခြားနည်းတွေထက်စာရင် နည်းပါတယ်။ ဒါကြောင့် ကွန်ဒုံးထက်ပိုပြီး စိတ်ချရတဲ့ တခြားသားဆက်ခြားနည်းတခုခုကိုလည်း အသုံးပြုနိုင်ပါတယ်။

(၆) ကိုယ့်အဖော်နဲ့ သေချာဆွေးနွေးပါ

ရာသီလာနေစဉ်မှာ အတူမနေတာကတော့ အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့ ရာသီပြီးသွားတဲ့အထိ၊ အတူနေဖို့ သင့်တော်တဲ့အချိန်ရောက်တဲ့အထိ စောင့်ဆိုင်းဖို့ ကိုယ့်အဖော်ဖြစ်သူကို ဖြစ်နိုင်ရင် စည်းရုံးပြောဆိုကြည့်ပါ။ ရာသီလာနေစဉ် အတူနေတာဟာ ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေနိုင်တယ်၊ လိင်မှုဆိုင်ရာအရ ပိုပြီး ဆန္ဒပြည့်ဝတယ် ဆိုတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရော ကိုယ့်အဖော်ရော နှစ်ဦးစလုံး အဲဒီအခြေအနေနဲ့ အဆင်ပြေလားဆိုတာကိုတော့ သေချာအောင် လုပ်စေချင်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ကိုယ်ဝန်နဲ့ တခြားလိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရမသွားအောင် ဂရုစိုက်ဖို့ပါပဲ။



ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.
Hellosayarwon.com

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ

ဗဟုသုတရစေရန်နှင့် အမြင်ကျယ်စေရန် hellosayarwon မှ

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ

လိင်ဆက်ဆံတဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြောများတဲ့အကြောင်းအရင်းတစ်ရပ်က  အမျိုးသားအင်္ဂါအရွယ်အစားပဲဖြစ်ပါတယ်။ လေ့လာမှုတော်တော်များများနဲ့သဘောထားစစ်တမ်းကောက်ယူချက်တွေမှာ အမျိုးသားအင်္ဂါ အရွယ်အစားနဲ့ပတ်သက်ပြီး ဇနီးသည်နဲ့ချစ်သူမိန်းကလေးတွေက အထူးတလည်သဘောထားတာမျိုးမရှိဘူး လို့တွေ့ရပါတယ်။ အရွယ်အစားက စွမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်းသက်ရောက်မှုမရှိပါဘူး။

“ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကိုဖန်တီးရမယ့်အစား အမျိုးသားအများစုက အရွယ်အစား အပေါ်မှာအာရုံစိုက်လွန်းနေတာကြောင့် အမျိုးသားအင်္ဂါအရွယ်အစားက ဖြေရှင်းရခက်တဲ့ပြဿနာတစ်ရပ်လို  တောင်ဖြစ်လာနေပါတယ်။” လို့ Chapman( ချပ်မန်း )တက္ကသိုလ်စိတ်ကျန်းမာရေးဌာနရဲ့ လက်ထောက်ပါမောက္ခ David Frederick  (ဒေးဗစ်ဖရက်ဒရစ်ခ်) ကပြောကြားခဲ့ပါတယ်။

အမျိုးသားအင်္ဂါရဲ့အရှည်က ပျမ်းမျှအားဖြင့် ၅.၁၆ လက်မရှိတယ်လို့ဆိုပါတယ်။

မကြာသေးခင်က ယူကေကသုတေသီတွေလုပ်ဆောင်ခဲ့တဲ့လေ့လာမှု ၂၀ မှာ အရွယ်အစားက အမျိုးသား အများစုမှာတူညီလေ့ရှိတယ်၊လို့တွေ့ရှိခဲ့ရတယ်၊လို့ဖော်ပြခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက  လေ့လာမှုတွေမှာပါဝင်ခဲ့သူတွေရဲ့ အရွယ်အစားနဲ့အတိုင်းအတာတွေကိုတိုင်းတာခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှာမှ  ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်ပေါ်နေတာနဲ့ အရွယ်အစားအရမ်းသေးလွန်းနေတာ တွေ့ရှိရတယ်လို့ ပြောကြားခဲ့တာမျိုးမရှိပါဘူး။

အမျိုးသားတွေက သူတို့အရွယ်အစားနဲ့ပတ်သက်ပြီး လိမ်ညာပြောဆိုတတ်ကြတယ်။

အရွယ်အစားနဲ့ပတ်သက်ပြီး လေ့လာမှုတော်တော်များများလုပ်ဆောင်ခဲ့သလို သဘောထား စစ်တမ်းကောက်ယူမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုတွေက အမျိုးသားတွေကို ရှိသင့်တဲ့ ပျမ်းမျှအရွယ်အစားနဲ့ပတ်သက်ပြီး အကြံဥာဏ်ကောင်းတစ်ရပ်ပေးနိုင်မှာပါ။ “သူတို့က ကိုယ့်ဆိုဒ် ကိုယ်ပြောတဲ့အခါ တစ်လက်မလောက်တော့ ပိုပြောတတ်ကြတယ်” လို့ ပါမောက္ခ Frederick ဖရက်ဒရစ်ခ် ကပြောပါတယ်။

အရွယ်အစားက လင်မယားဆက်ဆံရေးပိုကောင်းအောင် အထောက်အပံ့မပေးနိုင်ပါဘူး။

Scottish စကော့တန် တက္ကသိုလ်ကကျောင်းသူ ၃၂၃ ဦးထံကနေ လိင်အင်္ဂါအတိုင်းအတာက သူတို့ရဲ့ ဆက်ဆံရေးအပေါ်ဘယ်လိုသက်ရောက် သဘာထားစစ်တမ်းကောက်ယူမှုကိုအသုံးပြုလုပ်ဆောင်ခဲ့တဲ့  လေ့လာမှုမှာ အတိုင်းအတာကသူတို့ရဲ့ဆက်ဆံရေးအပေါ် သက်ရောက်မှုသိပ်မရှိတာကိုတွေ့ခဲ့ရပြီး တိတိကျကျ သိရှိနိုင်ဖို့ဆိုရင်တော့ နောက်ထပ်လေ့လာမှုတော်တော်လေးလုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

လိင်အင်္ဂါအရွယ်အစားထက် ကိုယ်အလေးချိန်ကပိုအရေးပါ

ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ပါဝင်နေတဲ့ လိင်အင်္ဂါက ဆွဲဆောင်မှုအတွက်သာ သက်ရောက်မှုတချို့တဝက်ရှိနေပုံရတယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာမှုတစ်ခုမှာ ပါရှိပါတယ်။ တကယ်တော့ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ အရပ်အနိမ့်အမြင့်နဲ့ခန္ဓာကိုယ် အချိုးအဆစ်ကျနမှုကို ပိုဂရုစိုက်ကြတာ ဖြစ်ပါတယ်။

အမျိုးသားတွေအများစုက လိင်တံအရွယ်အစားအတွက် စိတ်ပင်ပန်းနေ

သုတေသနများစွာအရ အမျိုးသားအများစုက လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေကြတာတွေ့ရပါတယ်။အရွယ်အစားသေးတာ၊ကြီးတာ၊တိုတာရှည်တာကို တိုင်းဆတွေးပူနေတာက ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်အပေါ်အမြင်နဲ့ လိင်မှုကိစ္စစိတ်ကျေနပ်မှုရရှိနိုင်စွမ်းမှာ ထိခိုက်စေပါတယ်။ အရွယ်အစား တွေဆိုတာက တကယ်မှာ တအားကွာခြားသွားတာမျိုးမရှိတာကြောင့် ညစ်ညမ်းဗီဒီယိုတွေမှာ မဟုတ်ရင် အရွယ်အစားကိုဘယ်သူမှ သိသိသာသာကြီးမြင်နေနိုင်တာမဟုတ်ကြပါဘူး။

သေးလွန်းနေပြီလို့ စိတ္တဇဖြစ်တဲ့ရောဂါ (Small penis syndrome)

ကိုယ်ကပုံမှန်အရွယ်အစားရှိနေပေမယ့် သေးလွန်းနေပြီလို့တွေးပူနေတဲ့ Small penis syndrome ဖြစ်နေသူတွေ ရှိတတ်ပါတယ်။ ဒီလိုစိတ်ပူပန်နေပြီး အလိုမကျဖြစ်နေတာနဲ့ပဲ အရွယ်အစားပိုကြီးစေ၊ ပိုရှည်စေမယ်ဆိုတဲ့ ထုတ်ကုန်ပစ္စည်းတွေကိုအားကိုးကြပါတယ်။ သံသယရှိလောက်တဲ့အတိုင်းပဲ ဒီလိုထုတ်ကုန်တွေ အတော်များများ ဟာ အလိမ်အညာတွေပါဝင်နေတတ်ပါသေးတယ်။ တချို့ဆို အန္တရာယ်ပါဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်သိထား သင့်တာက –

ပိုကြီးဖို့မဖြစ်မနေ လိုအပ်တာမဟုတ်

အရွယ်အစားဆိုတာ လိင်မှုရေးရာ စွမ်းဆောင်ရည်ကို အဆင့်သတ်မှတ်ဖို့ မလုံလောက်တဲ့နည်းလမ်းတစ်ခု ဖြစ်နေပါပြီ။ လိင်ဆက်ဆံဖော်တွေအတွက် အရေးကြီးတဲ့အချက်က အရွယ်အစားမဟုတ်ဘဲ ကျေနပ်သာယာမှုသာဖြစ်တယ်လို့ သုတေသနစစ်တမ်းတွေက ဖော်ပြပါတယ်။အမျိုးသားလိင်အင်္ဂါတွေဟာ ပျမ်းမျှအားဖြင့် မထောင်မတ်တဲ့အချိန်မှာ ၃ လက်မကနေ ၅ လက်မအထိ ရှည်ပြီး ထောင်မတ်ချိန်မှာ ၅ လက်မကနေ ၇ လက်မအထိ ရှိနိုင်တယ်လို့ University of Michigan Medical Center မစ်ချီကန်ဆေးတက္ကသိုလ် မှ Dr. Mark A. Moyad (ဒေါက်တာ မက်ခ်အေ.မိုရတ်ဒ်) ကပြောပါတယ်။

လိင်အင်္ဂါကြီးထွားစေတဲ့ သောက်ဆေးတွေက အန္တရာယ်ရှိနိုင်

အလွယ်တကူဝယ်ယူလို့လည်းရ၊ အများအားဖြင့်ဈေးလည်းသင့်တင့်ပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့ဖော်စပ်တာတွေ လည်းရှိတာကြောင့် ဒီလိုအားဆေးတွေကို အတော်များများက အားကိုးကြပါတယ်။ မကောင်းတဲ့အချက်ကတော့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့လုပ်တဲ့ဆေးအများစုဟာ တရားဝင်ခွင့်ပြုချက်နဲ့ စစ်ဆေးပြီးမှထုတ်ထားတာ မဟုတ်ကြပါဘူး။ အလွယ်တကူဝယ်လို့ရနေတဲ့ လိင်အင်္ဂါထောင်မတ်ခြင်းနဲ့ လိင်ကိစ္စပြဿနာဆိုင်ရာ ဆေးဝါးတွေ ဟာ ပါဝင်ကြောင်းဖော်ပြမထားတဲ့ ပစ္စည်းတွေထည့်သွင်းထားတာတွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်က အင်တာနက်စစ်တမ်းတစ်ခုအရ လိင်အားဆေးတွေရဲ့သုံးပုံတစ်ပုံဟာ ဖော်ပြမထားတဲ့ဆေးဝါးဓာတ် ပစ္စည်းတွေပါဝင်နေပြီး ၎င်းတို့က ကျန်းမာရေးအန္တရာယ်ရှိစေနိုင်တဲ့အရာတွေဖြစ်တယ်လို့ သိရပါတယ်။

နှလုံးကျန်းမာရင် ထောင်မတ်မှုအားကောင်းနိုင်

လိင်အင်္ဂါကိုသွေးပို့လွှတ်ပေးတဲ့ နှလုံးသွေးကြောက ကော်ဖီဖျော်တဲ့ပိုက်အရွယ်အစားလောက်နီးနီးရှိပါတယ်။  နှလုံးသွေးကြောကျန်းမာရေးမကောင်းရင် လိင်အင်္ဂါမှာလည်း ရလဒ်မကောင်းနိုင်ဘူးလို့ သုတေသီတွေက ပြောပါတယ်။ အရင်ဆုံး နှလုံးရောဂါဖြစ်နိုင်ခြေနည်းအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ဖို့ ဂရုစိုက်ရလိမ့်မယ်လို့ Dr. Mark A. Moyad (ဒေါက်တာ မက်ခ်အေ.မိုရတ်ဒ်) ကအကြံပြုပါတယ်။

ဈေးချိုချိုနဲ့ရနိုင်တဲ့ သဘာဝဆေးဝါးလေးသောက်ရုံနဲ့ အရွယ်အစားပိုကြီးစေပြီး ပိုထောင်မတ်စေဖို့ဆိုတာ ဆွဲဆောင်နိုင်လောက်တဲ့အချက်ဖြစ်ပေမယ့် လိင်မှုစွမ်းဆောင်ရည်ပိုကောင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာကြံ့ခိုင်ပြီး ရောဂါကင်းအောင်နေထိုင်ကာ ဆရာဝန်နဲ့တိုင်ပင် အကြံဥာဏ် တောင်းခံတာပဲဖြစ်ပါတယ်။



ရေးသားသူ Dr. Kaung Thar
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
www.hellosayarwon.com

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts