Showing posts with label သားဆက်ခြားကျန်းမာရေး. Show all posts
Showing posts with label သားဆက်ခြားကျန်းမာရေး. Show all posts

Monday, September 10, 2018



   %                  

 (Implant) ?

                                                       



           

Monday, January 22, 2018

ကွန်ဒုံး (Condom)

ကွန်ဒုံး (Condom)

အမျိုးသားများအတွက် ထုတ်လုပ်ထားသော ကွန်ဒုံးသည် မှန်ကန်စွာ အသုံးပြုပါက အကျိုးရှိသော သားဆက်ခြားသည့် နည်းလမ်း တစ်ခုဖြစ်သည့်အပြင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပိုးများကိုလည်း ကာကွယ်ပေးသည်။

ကွန်ဒုံးဆိုတာဘာလဲ?

ကွန်ဒုံးသည် လိင်ဆက်ဆံနေစဉ် ထောင်မတ်နေသော အမျိုးသားလိင်အင်္ဂါအပေါ် ဖုံးအုပ်ထားပြီး အမျိုးသမီး ယောနိလမ်း ကြောင်းအတွင်းသို့ သုတ်ပိုးများဝင်ရောက်ခြင်းကို တားဆီးပေးသည်။ အမျိုးသားများအသုံးပြုသည့် ကွန်ဒုံးအများစုကို လေးတက်(စ်) (Latex) ဟု ခေါ်သည့် ရာဘာဖြင့် ပြုလုပ်ထားသည်။ အမျိုးသား အယောက် ၁၀၀ တွင် ၂ ယောက်သည် လေးတက်(စ်)နှင့် ဓာတ်မတည့်မှုဖြစ်တတ်သည်။ အခြားအသုံးပြုနိုင်သော ကွန်ဒုံးတစ်မျိုးမှာ ပလပ်စတစ်အမျိုးအစား အသစ် တစ်မျိုးဖြစ်သည့် ပေါ်လီယူရီိသိမ်း (Polyurethane) ဖြင့် ပြုလုပ်ထားသည်။ သို့သော် ထိုအမျိုးအစားမှာ ဈေးကြီးပေးသည်။

Wednesday, December 6, 2017

သားဆက်ခြားထိုးဆေး (Contraceptive Injection)

www.myanmarhealthcentre.com
သားဆက်ခြားထိုးဆေး (Contraceptive Injection)

သားဆက်ခြားထိုးဆေး  (Contraceptive Injection) သည် အလွန်ထိရောက်၍ အန္တရာယ်ကင်းသော သားဆက်ခြားသည့် နည်းလမ်းဖြစ်သည်။ သားဆက်ခြားဆေး ၁ လုံး၏ အာနိသင်သည် အနည်းဆုံး ၁၃ ပတ်ကြာမြင့်သည်။ သို့သော် ဆေးအမျိုးအစား ပေါ်မူတည်သည်။

သားဆက်ခြားထိုးဆေး (Contraceptive Injection) ဆိုတာဘာလဲ?

သားဆက်ခြားဆေးတွင် ပရိုဂျက်စထိုဂျင် (Progestogen) ဟော်မုန်းပါဝင်သည်။ ထိုဆေးကို ၁၉၆၀ ခုနှစ်ကျော် ကာလ ကတည်းက တကမ္ဘာလုံးတွင် စတင်အသုံးပြုခဲ့ကြသည်။ ဒီပို-ပရိုဗာ (Depo-Provera®) သည် အသုံးအများဆုံးသော ဆေးအမျိုးအစားတစ်ခုဖြစ်ပြီး ၁၂ ပတ်ကြာလျှင် ၁ ကြိမ် ထိုးရန် လိုအပ်သည်။ ဆရနာ ပရက်စ် (Sayana Press®) သည် လည်း ဒီပို-ပရိုဗာ (Depo-Provera®) နှင့် ဆင်တူသည့် ဆေးဖြစ်သည်။ နိုရစ်တီရတ် (Noristerat®) အမည်ဖြင့်လည်း ရရှိ နိုင်ပြီး ထိုဆေးသည် ၈ ပတ်ကြာလျှင် ၁ ကြိမ် ဆေးထိုးရန် လိုအပ်သည်။

Tuesday, December 5, 2017

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

*********************************************************

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသားနဲ့ အတူတူနေတာနဲ့ ချက်ခြင်းရတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အတူနေပြီး ရက်အနည်းငယ်အတွင်းမှာ ကိုယ်ဝန်မရအောင် တားလို့ ရနိုင်တာပါ။ အားလုံးက အချိန်မှီ၊ အချိန်ကိုက် ဖြစ်နေဖို့ အရေးကြီးပါတယ်။
.

အတူနေပြီးနောက် အမျိုးသားရဲ့ သုတ်ပိုးက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ  ခြောက် ရက်လောက်အထိ အသက်ရှင်နိုင်ပါတယ်။ အကယ်၍ ဒီ ခြောက်ရက်အတွင်းမှာ သားဥကြွေခဲ့ရင် သုတ်ပိုးနဲ့ သားဥပေါင်းပြီး သန္ဓေသားလောင်းလေးအဖြစ် သားအိမ်နံရံမှာ တွယ်ကာ တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ ဒါကို ကိုယ်ဝန်ရှိတယ်လို့ခေါ်တာပါ။
.

Monday, December 4, 2017

သုတ်ရည်ပြင်ပထုတ်လွှတ်နည်း

သုတ်ရည်ပြင်ပထုတ်လွှတ်နည်း

သုက်ကောင်များမိန်းမကိုယ်ထဲသို့ဝင်ရောက်ခြင်းမှရှောင်ကြဉ်ရန်သုတ်ရည်မထုတ်ခင် လိင်တံကိုရုပ်သိမ်းထားရပါမယ်။
စနစ်ကျကျအသုံးပြုပါက ၇၃% သက်ရောက်မှုရှိပြီးပြည့်စုံစွာအသုံးပြုပါက ၉၆%  အကျိုးသက်ရောက်မှုရှိပါတယ်။
အချိန်တိုင်းပြီးပြည့်စုံစွာလုပ်ဆောင်ရန်ခက်ခဲပါတယ်။
လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်နိုင်ပါ။
ဟော်မုန်းမပါ၊ပစ္စည်းကိရိယာမပါဝင်ပါ။

သုက်ရည်ပြင်ပထုတ်လွှတ်နည်းဆိုတာဘာလဲ

သုက်ရည်ပြင်ပထုတ်လွှတ်နည်းကိုဒီကစုံတွဲတွေအရမ်းသုံးကြပါတယ်။လိင်ဆက်ဆံနေစဉ်အမျိုးသားသည်အမျိုးသမီးမိန်းမကိုယ်နဲ့ဝေးရာပြင်ပမှာသုက်ရည်စွန့်ထုတ်ဖို့ကြိုးစားလိမ့်မယ်။သုက်ကောင်က သားဥနဲ့မတွေ့တော့သန္ဓေအောင်ခြင်းကတားဆီးပြီးသားဖြစ်သွားပါတယ်။

ဒီနည်းကိုစနစ်ကျကျအသုံးပြုပါကအရမ်းထိရောက်မှုမရှိပါ။တစ်နှစ်မှာစုံတွဲ၁ဝဝမှာ၂၇ယောက်လောက်ကကိုယ်ဝန်ရနိုင်ပါတယ်။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကလုပ်ဖို့အလွန်ခက်ခဲပြီးအချိန်တိုင်းမှန်မှန် ကန်ကန်လုပ်ရင်အမျိုးသမီး၁ဝဝမှာ၎ယောက်က တစ်နှစ်မှာကိုယ်ဝန်ရနိုင်ပါတယ်။

Friday, December 1, 2017

သားဆက်ခြားသောက်ဆေး

သန္ဓေတားစားဆေးကို ဘယ်နေ့မှာ စသောက်ရမလဲ

 - ရာသီပေါ်တဲ့နေ့မှာစသောက်နိုင်ရင်စိတ်အချရဆုံးဖြစ်ပါတယ်။
 - လွန်ခဲ့တဲ့ (၅) ရက်အတွင်းမှာမှ ရာသီစလာထားတယ်ဆိုရင်လည်း စသောက်လို့ ရပါတယ်။
 - နို့ထွက်နည်းစေတဲ့အတွက် နို့တိုက်မိခင်တွေ မွေးဖွားပြီး (၆) လ နေမှ စသောက်ပါ။ (၆) လ အတွင်းမှာ ကလေးကိုနို့ဖြတ်ရင်တော့ နို့ဖြတ်ပြီးပြီးချင်း သောက်နိုင်ပါတယ်။
 - နို့မတိုက်တဲ့ မိခင်တွေကတော့ ကလေးမွေးပြီး (၃) ပတ် ပြည့်ရင် စသောက်လို့ရပါတယ်။
 - ကိုယ်ဝန်ပျက်ကျပြီး (၇) ရက်အတွင်း စသောက်နိုင်ပါတယ်။
 - တခြား သားဆက်ခြားနည်း တစ်ခုခုက ပြောင်းလျှင် ပြောင်းချင်း စသောက်နိုင်ပါတယ်။
 - စသောက်ရမယ့်ရက်ကျော်နေပေမယ့် ကိုယ်ဝန်မရှိတာ သေချာရင်တော့ ဘယ်ရက်မှာဖြစ်ဖြစ် ဆေးကတ်စသောက်လို့ရပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ ဆေးစသောက်ပြီး (၇) ရက်အတွင်း လိင်ဆက်ဆံတာကို ရှောင်ပါ။ မရှောင်နိုင်ရင် ကွန်ဒုံးသုံးစွဲပါ။

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

ရေးသားသူ Dr. Phio Thiha

သားဆက်ခြားတဲ့ကိစ္စဟာ အိမ်ထောင်သည်တိုင်းအတွက် အင်မတန်မှကို အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေးစတဲ့ အကျိုးကျေးဇူးတွေအများကြီးပဲ ရှိတာမို့ ဒါကို စုံတွဲတော်တော်များများက အလေးထား လုပ်ဆောင်လာကြပါတယ်။ ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးသွားရင် စုံတွဲတစ်တွဲအနေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဘ၀တစ်ခုကို ဖြတ်သန်းမယ်၊ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုရောက်အောင် သွားကြမယ် ဆိုတဲ့အခါ အဆင်သင့်မဖြစ်သေးဘဲ ကလေးမရသွားအောင် ကြိုတင်ပြင်ဆင်လာကြတယ်။

အဲဒီအခါ အမျိုးသမီးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်မနဲ့ အသင့်တော်ဆုံး သားဆက်ခြားနည်းက ဘာဖြစ်မလဲ ဆိုတာပါပဲ။ တစ်ခါမှကလည်း မသုံးဖူး၊ အရွယ်တွေက ငယ်သေးတော့ ဒီဆေးတွေ သုံးလို့ ၀လာပြီး မလှတော့မှာကလည်း စိုးသေးတယ်၊ ဒီကြားထဲမှာ တခြားအမျိုးသမီးကြီးတွေရဲ့ စကားကလည်း တစ်စွန်းတစ်စ ကြားထားလေတော့ ပိုပြီး ဝေခွဲရခက်နေတတ်ပါတယ်။

တကယ်တော့ ဘယ်နည်းလမ်းနဲ့ သင့်တော်တယ်ဆိုတာ ဘယ်သူကမှ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရတာပါ။ ဒီလိုရွေးချယ်ဆုံးဖြတ်နိုင်ဖို့ကိုသာ ကျွန်တော်တို့ ဆရာဝန်တွေက ကူညီပေးရတာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီလို မိသားစုစီမံကိန်းဆွဲတော့မယ်၊ သားဆက်ခြားဖို့အတွက် ပြင်ဆင်တော့မယ်ဆိုရင် စဉ်းစားသင့်တာတွေကို အဆင့်လိုက် ရေးသွားပါမယ်။

Monday, November 27, 2017

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

အဆင်သင့်မဖြစ်သေးခင်မှာ ကိုယ်ဝန်မရရှိစေဖို့အတွက် သန္ဓေတားနည်းအမျိုးမျိုးကို အသုံးပြုပြီး သန္ဓေတားလို့ရပါတယ်။ သန္ဓေတားခြင်းက မိသားစုစီမံကိန်းချခြင်းနဲ့ မိသားစုတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေနေဖို့အတွက် အထူးအရေးကြီးပါတယ်။ သန္ဓေတားနည်းတွေမှာ ကွန်ဒုံး၊IUD၊သန္ဓေတားဆေးတွေ၊ ရက်တွက်နည်း၊ အမျိုးသား သားကြောဖြတ်ခြင်း နဲ့ အမျိုးသမီးသားကြောဖြတ်တဲ့ နည်းလမ်းတွေအပါအဝင် နည်းလမ်းအမျိုးမျိုးကိုသုံးပြီး သန္ဓေတားလို့ရပါတယ်။

ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိတဲ့ သန္ဓေတားနည်းပေါင်းများစွာရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ ပိုလွယ်ကူရိုးရှင်းရသလဲဆိုတာရဲ့ အဓိကအဖြေပါပဲ။

အမျိုးသမီးတိုင်းဟာနေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံချင်းမတူညီကြတာကြောင့် တစ်ဦးနဲ့တစ်ဦး သင့်တော်တဲ့သားဆက်ခြားနည်းချင်းလည်းကွဲပြားနိုင်ပါတယ်။ အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ သန္ဓေတားနည်းအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရပိုလွယ်ကူမှာပါ။ ဘယ်တစ်ခုက ကိုယ့်အတွက် အသင့်တော်ဆုံးလဲဆိုတာကို ဒီထက်ပိုပြီးသိနိုင်ဖို့အတွက်ကတော့ ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။

Saturday, November 25, 2017

သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း

www.myanmarhealthcentre.com
သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning)

သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning) သည် မှန်ကန်စွာ လိုက်နာမှုရှိပါက ကိုယ်ဝန် မရစေရန် တားဆီးရာတွင် ထိရောက်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဤစာစောင်တွင် သဘာဝနည်းလမ်းဖြင့် ကိုယ်ဝန်တားဆီးရာတွင် ပြုလုပ်ရမည့် အချက်များကို ရှင်းလင်းပြောကြားမည်မဟုတ်သော်လည်း ထိုနည်းလမ်းသည် ကိုယ်ဝန်တားဆီးခြင်းကို မည်ကဲ့သို့ လုပ်ဆောင်သနည်းဆိုသည့် အခြေခံအကြောင်းတရားများကို ရှင်းပြပေးလိမ့်မည်။

သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning) ဆိုတာဘာလဲ?

သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning) သည် မည်သည့် ဆေး (သို့) ပစ္စည်းများကိုမျှ အသုံးမပြုဘဲ ကိုယ်ဝန်တားဆီးသည့် နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းသည် မမျိုးဥကြွေသည့် အချိန်ကို မှီတည်၍ တွက်ချက်ခြင်းဖြစ်သည်။ မ မျိုးဥကြွေချိန်သည် ကိုယ်ဝန်ရနိုင်သည့် အချိန်ဖြစ်သည်။ ထိုအချိန်တွင် လိင်ဆက်ဆံခြင်း ကို ရှောင်ခြင်း (သို့) အခြားသော သားဆက်ခြားနည်းလမ်း (ဥပမာ - ကွန်ဒုံးအသုံးပြုခြင်း) ကို အသုံးပြုခြင်းဖြင့် ကိုယ်ဝန်ကို တားဆီးနိုင်သည်။ ထိုနည်းလမ်းသည် အလွန်ထိရောက်သော နည်းလမ်းဖြစ်သည်။ သို့သော် ထိုနည်းလမ်းကို အိမ်ထောင်ဖက် ၂ ဦးစလုံးမှ အတိအကျ အလွန်ဂရုတစိုက် လိုက်နာရန် လိုအပ်သည်။ ဤနည်းလမ်း တွင် ဓာတုပစ္စည်းများ အသုံးပြုခြင်းမရှိသဖြင့် ဘေးထွက်ဆိုးကျိုး မရှိပေ။



သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်း (Natural Family Planning) သည် မည်မျှ အကျိုးရှိသနည်း?

အကယ်၍ ဤနည်းလမ်းကို မှန်ကန်စွာ အသုံးပြုသော အမျိုးသမီး အယောက် ၁၀၀ တွင် ၁ - ၉  ယောက်သည် ကိုယ်ဝန်ရနိုင်သည်။ မည်သည့် သားဆက်ခြားခြင်းနည်းလမ်းကိုမျှ အသုံးမပြုပါက အမျိုးသမီး ၈၀ - ၉၀ သည် ကိုယ်ဝန်ရနိုင်သည်။ အကယ်၍ နည်းလမ်းကို မှန်ကန်စွာ အသုံးမပြုပါက အာနိသင်နည်းပါးသည်။

မည်သည့်အချိန်တွင် သန္ဓေအောင်နိုင်သနည်း?

သန္ဓေအောင်သည့်အချိန်သည် အများအားဖြင့် ရာသီစက်ဝန်းတစ်ခုတွင် ၈-၉ ရက်ကြာမြင့်သည်။ ထိုရက်များသည် မ မျိုးဥမကြွေမှီ ၇ ရက်မှ မ မျိုးဥကြွေပြီး ၁-၂ ရက်အထိကြာမြင့်တတ်သည်။ မ မျိုးဥကြွေခြင်းဆိုသည်မှာ အမျိုးသမီး သည် သားဥအိမ်မှ မ မျိုးဥကို လွှတ်ထုတ်သော အချိန်ဖြစ်သည်။ ၁ လလျှင် ၁ ကြိမ်ဖြစ်လေ့ရှိသည်။ မ မျိုးဥသည် ၂၄ နာရီအသက်ရှင်နိုင်သည်။ သို့သော် သုတ်ပိုးသည် လိင်ဆက်ဆံပြီးနောက် ၇ ရက်အထိ အသက်ရှင်နိုင်သည်။ ထို့ကြောင့် သန္ဓေအောင်သည့်အချိန်သည် မ မျိုးဥမကြွေမှီ ၇ ရက်မှ စတင်ခြင်းဖြစ်သည်။ ထို့ကြောင့် အကယ်၍ မည်သည့် အချိန်တွင် မ မျိုးဥကြွေမည်ကို အတိအကျ သိမည်ဆိုပါက မည်သည့်ရက်များတွင် သန္ဓေအောင်နိုင် သည်ကို ကြိုတင်သိရှိနိုင်သည်။

မ မျိုးဥကြွေချိန်ကို ဘယ်လိုသိနိုင်သလဲ?

မ မျိုးဥကြွေချိန်ကို သိရှိခြင်းသည် အဓိကအချက်ဖြစ်သည်။ ထို့ကြောင့် မ မျိုးဥကြွေချိန်ကို သိနိုင်သည်ဟု မိမိကိုယ်ကို ယုံကြည်မှုရှိပါက သဘာဝနည်းဖြင့် သားဆက်ခြားခြင်းသည် အလွန်ထိရောက်သော နည်းလမ်းဖြစ်သည်။ သဘာဝနည်းလမ်းဖြင့် သားဆက်ခြားခြင်းကို တွက်ချက်နိုင်ရန်အတွက် ရာသီစက်ဝန်းအချိန်ကို ၃လမှ ၆ လအထိ လေ့လာရန်နှင့် ကောင်းမွန်ရှင်းလင်းသည့် ညွှန်ကြားချက်များကို ရရှိရန်လိုအပ်သည်။ အကယ်၍ ရာသီလာချိန်မမှန်ပါ က မ မျိုးဥကြွေချိန်ကို တွက်ချက်ရန် ခက်ခဲသည်။

အောက်ပါအချက်များကို နေ့စဉ် မှတ်တမ်းလုပ်ထားရန် လိုအပ်သည်။

·         ကိုယ်အပူချိန်တိုင်းတာခြင်း။

မ မျိုးဥကြွေချိန်တွင် ကိုယ်အပူချိန်သည် အနည်းငယ်မြင့်တက်လျက်ရှိပြီး ရာသီလာသည့်အချိန်အထိ မြင့်မား လျက်ရှိသည်။ သို့သော် ထိုအချက်ကို လွှမ်းမိုးသည့် အချက်များစွာရှိသည်။ (ဥပမာ - နေမကောင်းဖြစ်ခြင်း နှင့် ကိုယ်အပူချိန်ကျစေသည့် ပါရာစီတမောကဲ့သို့သော ဆေးများသောက်ခြင်း) ။ အကယ်၍ မနက်တိုင်း အိပ်ယာမှမထမှီ (အိပ်ယာနိုးနိုးခြင်း) ကိုယ်အပူချိန်ကို တိုင်းမည်ဆိုပါက ပုံစံအညွှန်းတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ရလိမ့်မည်။ ထိုပုံစံအညွှန်းက မည်သည့်ရက်တွင် မ မျိုးဥကြွေသည်ကို ပြသမည်ဖြစ်သည်။

·         သားအိမ်ခေါင်းမှ အရည်များထုတ်ခြင်း။

ထိုပြောင်းလဲမှုသည် ရာသီစက်ဝန်းတစ်လျှောက်ဖြစ်လျက်ရှိသည်။

-      ရာသီလာပြီးသည် ယောနိလမ်းကြောင်းတွင် အရည်မရှိဘဲ ရက်အနည်းငယ် ခြောက်သွေ့နေတတ်သည်။

-      မ မျိုးဥမကြွေမှီ ၈ ရက်အလိုတွင် ယောနိလမ်းကြောင်းတွင် စိုစွတ်လာပြီး စေးကပ်၍ အဖြူပြစ်ပြစ် လာ သည်။

-      မ မျိုးဥမကြွေမှီ ၄ ရက်အလိုတွင် ယောနိလမ်းကြောင်းတွင် အရည်ပိုများလာပြီး အရည်သည် ကြက်ဥအကာကဲ့သို့ ချွဲကျိကျိဖြင့် အကြည်ဖြစ်လာသည်။

-      မ မျိုးဥကြွေချိန်တွင် (သို့) မမျိုးဥကြွေပြီးနောက် အရည်များသည် နောက်ရာသီစက်ဝန်းအချိန်အထိ ပြန်ခြောက်သွေ့သွားသည်။



ထို့ကြောင့် ယောနိလမ်းကြောင်းရှိ အရည်များ ပြောင်းလဲမှုများကို ကြည့်ခြင်းဖြင့် မ မျိုးဥမကြွေမှီ ၇-၈ ရက်အလိုကို တွက်ချက်နိုင်သည်။

·         ရာသီလာသည့် ရက်အရေအတွက်။

မ မျိုးဥသည် ရာသီစလာသည့် ရက်မတိုင်မှီ ၁၂ မှ ၁၆ ရက်အလိုတွင် ဖြစ်ပေါ်လေ့ရှိသည်။ အကယ်၍ ရာသီစက်ဝန်းသည် ရက်အတိအကျ မှန်မှန်လာပါက မ မျိုးဥကြွေခြင်းကို တွက်ချက်ရာတွင် အကူအညီဖြစ်ပေ လိမ့်မည်။

·         မ မျိုးဥကြွေခြင်းကို သိနိုင်သည့် ပစ္စည်း။

ထိုပစ္စည်းများကို ပြည်ပနိုင်ငံများရှိ ဆေးဆိုင်များတွင် ၀ယ်ယူနိုင်သည်။ အမျိုးအစား ၂ မျိုးရှိသည်။ ထို ၂ မျိုးစလုံးသည် ဟော်မုန်းပမာဏကို တိုင်းတာခြင်းဖြစ်သည်။ အမျိုးအစား ၁ ခုသည် ဆီးတွင်ပါဝင်သော ဟော်မုန်းပမာဏကို တိုင်းတာပြီး နောက်တစ်မျိုးသည် တံတွေးတွင်ပါဝင်သော ဟော်မုန်းပမာဏကို တိုင်းတာ သည်။

ဆီးကိုအခြေခံ၍ တိုင်းတာသော ပစ္စည်းသည် လူတီနိုင်းစင်းဟော်မုန်း (Luteinising Hormone - LH) ပမာဏများနေခြင်း (သို့) တဟုတ်ထိုးတက်လာမှုကို ရှာဖွေခြင်းဖြစ်သည်။ ထိုသို့မြင့်တက်လာမှုသည်  မ မျိုးဥ မကြွေမှီ ၁ - ၂ ရက်ခန့်အလိုတွင် ဖြစ်ပေါ်လေ့ရှိသည်။ အင်္ဂလန်နိုင်ငံတွင် အများဆုံးအသုံးပြုသော ထို ပစ္စည်း၏ အမည်မှာ ပါစိုနာ (Persona®) ဖြစ်သည်။ လူတီနိုင်းစင်းဟော်မုန်း (Luteinising Hormone - LH) ပမာဏအနည်းငယ်သည် သွေးနှင့် ဆီးများတွင် အမြဲတမ်း ပမာဏ အနည်းငယ်ခန့်ရှိသော်လည်း မ မျိုးဥမကြွေမှီရက်များတွင် ထိုပမာဏသည် ၂ မှ ၅ ဆအထိ မြင့်တက်လာသည်။

တံတွေးကို အခြေခံ၍ တိုင်းတာသော ပစ္စည်းသည် မ မျိုးဥကြွေချိန်နှင့် နီးကပ်လာပါက အီစထိုဂျင် (Oestrogen) ပမာဏ မြင့်တာလာခြင်းကို တိုင်းတာခြင်းဖြစ်သည်။ အီစထိုဂျင် (Oestrogen) ပမာဏ မြင့်တက်လာသည့်အတွက် တံတွေးတွင် ဆားပါဝင်မှုများလာသည်။ ဆားများခြောက်သွေ့လာသည့်အခါ ငှက်မွှေးတောင်သဏ္ဍာန် သလင်းကျောက်ပုံဆောင်ခဲများ ဖြစ်လာသည်။ ထိုတိုင်းတာသည့်စက်ဖြင့် တံတွေး ခြောက်သွားသည့်အခါ ငှက်မွှေးတောင်သဏ္ဍာန် သလင်းကျောက်ပုံဆောင်ခဲများကို တွေ့နိုင်သည်။ တံတွေးကို အခြေခံ၍ တိုင်းတာခြင်းသည် ဆီးကိုအခြေခံ၍ တိုင်းတာခြင်းထက် တိကျမှု နည်းသည်။ ထိုနည်းလမ်းများ သည် ကိုယ်ဝန်မရရန် တားဆီးခြင်းအတွက် အကြံပေးခြင်းမဟုတ်ဘဲ ကိုယ်ဝန်ကို မိမိလိုချင်သည့် အချိန်တွင် စနစ်တကျ ယူနိုင်ရန် အကူအညီပေးခြင်းဖြစ်သည်။

ကလေးအား မိခင်နို့တိုက်ကျွေးခြင်းသည် သဘာဝနည်းဖြင့် သားဆက်ခြားသည့် နည်းလမ်းလား?

မှန်ပါသည်။ ထိုနည်းလမ်းကို နို့တိုက်ကျွေးခြင်းဖြင့် ရာသီလာခြင်းကို ရပ်တန့်၍ သားဆက်ခြားသည့် နည်းလမ်းဟု ခေါ်သည်။ ကလေးနို့စို့ခြင်းသည် မ မျိုးဥကြွေခြင်းကို တားဆီးပေးသည့် ဟောမုန်းကို လှုံ့ဆော်ပေးသည်။ အကယ်၍ မိခင်နို့ကို ကလေး ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ပါက (သို့) ကလေးမွေးပြီးသည့်အချိန်မှစ၍ ရာသီ သွေးမဆင်းပါက ကလေးမွေးပြီး ၆ လအတွင်း မ မျိုးဥမကြွေပေ။ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်း ဆိုသည်မှာ ကလေးအား မိခင်နို့မှလွဲ၍ မည်သည့်အစာမျှ မကျွေးခြင်း (သို့) အခြားသော အရည်များကို မတိုက်ခြင်း ဖြစ်သည်။

အမျိုးသမီး အယောက် ၁၀၀ တွင် ၁ ယောက်ထက်နည်းသူတွင်သာလျှင် ထိုအခြေအနေတွင် ကိုယ်ဝန်ထပ်ရနိုင် သည်။ သို့သော် ကလေးနို့တိုက်ကျွေးခြင်းကို လျော့ချပြီးသည်နှင့် (သို့) ရာသီသွေး ပြန်စပေါ်ပြီးသည်နှင့် မိခင် နို့တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားသည့် နည်းလမ်းသည် သားဆက်ခြားရာတွင် မထိရောက်တော့ပေ။

သဘာဝနည်းဖြင့် သားဆက်ခြားရန် မည်ကဲ့သို့ သင်ယူနိုင်သလဲ?

အကယ်၍ သဘာဝနည်းဖြင့် သားဆက်ခြားခြင်းကို ရွေးချယ်မည်ဆိုပါက ဆရာဝန် (သို့) သွားဖွားမီယပ် အထူးကု ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

သတိပြုရန်

အထက်တွင် ဖော်ပြထားသော အချက်အလက်များမှာ မိမိတို့ကိုယ်တိုင် ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ပြုလုပ်ရန်အတွက် မဟုတ်ပဲ မိမိတွင် ဖြစ်ပေါ်နေသောရောဂါအခြေအနေ များကို စောလျင်စွာ သတိထားမိစေရန် နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသခြင်းများကိုမူ တတ်သိကျွမ်းကျင်သော ဆရာဝန်များနှင့်သာ တိုင်ပင်ပြသ၍  ကုသမှုခံယူသင့် ပါသည်။

www.myanmarhealthcentre.com

Friday, November 24, 2017

အရေးပေါ်သားဆက်ခြားဆေး

အရေးပေါ်သားဆက်ခြားဆေး

ယေဘူယျအားဖြင့်

အရေးပေါ်သားဆက်ခြားဆေး (EC)နဲ့ သားအိမ်တွင်းထည့်ပစ္စည်း IUD တွေက အကာအကွယ်မဲ့ဆက်ဆံပြီး မျိုးအောင်နိုင်တဲ့အခွင့်အလမ်း လျှော့ကျအောင် ပြုလုပ်ပေးပါတယ်။အရေးပေါ်ဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံမှု (ဥပမာ – အဓမ္မကျင့်ခံရခြင်း၊ ချစ်နယ်ကျွံခြင်း၊ အိမ်ထောင်သည်များ သားဆက်ခြားနည်းလမ်းတစ်ခုခုကို လွဲမှားသွာအသုံးပြုမိခြင်း၊ အတူနေပြီး မည်သည့်သားဆက်ခြားနည်းလမ်းမှ မသုံးမိခြင်း) စတဲ့အခြေအနေတွေမှာ သုံးသင့်ပါတယ်။အကာအကွယ်မဲ့လိင်ဆက်ဆံပြီး (၅)ရက်ကြာတဲ့အထိ သုံးလို့ရပါတယ်။အရေးပေါ်သောက်ဆေးတွေဟာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။အရေးပေါ်သောက်ဆေးတွေဟာ တခြားသားဆက်ခြားနည်းတွေလောက် ထိရောက်မူမရှိပါဘူး။အရေးပေါ်သောက်ဆေးကို အကာအကွယ်မဲ့ဆက်ဆံပြီး ၇၂ နာရီအတွင်းသောက်ပါက ၈၈ ရာခိုင်နှုန်းအထက် ထိရောက်ပါတယ်။ကြေးနီ IUD ကို အကာအကွယ်မဲ့ဆက်ဆံပြီး ၁၂၀ နာရီအတွင်း ထည့်သွင်းပါက ၉၉.၉ ရာခိုင်နှုန်းထိရောက်မှုရှိပါတယ်။

အရေးပေါ်သားဆက်ခြားဆေး(EC)ဆိုတာဘာလဲ။

အရေးပေါ်သန္ဓေတားဆေးထက် ကွန်ဒုံးကို ပိုသုံးသင့်တဲ့ အချက် (၄) ချက်

အရေးပေါ်သန္ဓေတားဆေးထက် ကွန်ဒုံးကို ပိုသုံးသင့်တဲ့ အချက် (၄) ချက်

မြန်မာနိုင်ငံမှာ စုံတွဲတွေဟာ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအစား အရေးပေါ် သန္ဓေတားဆေးကို သုံးလေ့သုံးထ ရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တခါ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးဖို့အတွက် အောက်က အချက်လေးတွေကို လေ့လာကြည့်ကြရအောင်။

၁။ ကွန်ဒုံးမှာ ဘေးထွက်ဆိုးကျိုးမရှိပါ။
အရေးပေါ်သန္ဓေတားဆေးသောက်တိုင်း သင့်ရဲ့အဖော်တွင် တန်ပြန်သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဥပမာ - မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ သွေးဆင်းခြင်း နှင့် ရင်သားတင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သင့်ဆက်ဆံဖော်ရဲ့ ရာသီသွေးဆင်းခြင်းကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။
Latex (ရာဘာစေး)နဲ့ ဓာတ်မတည့်သူတွေက လွဲလို့ ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါဘူး။

၂။ ကွန်ဒုံးဟာ ပို၍ ယုံကြည် စိတ်ချရပါတယ်။
အကယ်၍ ကွန်ဒုံးကိုသာ မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ကိုယ်ဝန်ရရှိနိုင်ချေ ၉၈% ကာကွယ် ပေးနိုင်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးကလည်း ကိုယ်ဝန်ရရှိနိုင်ချေကို
• ၂၄နာရီအတွင်း သောက်မယ်ဆိုရင် ၈၅% လျှော့ချပေးနိုင်ပြီး
• ၂၅နာရီမှ ၄၈နာရီအတွင်း သောက်မယ်ဆိုရင် ၅၈% လျှော့ချပေးနိုင်ပါတယ်။
အဲတော့ ကွန်ဒုံးဟာ အရေးပေါ်သန္ဓေတားဆေးထက် အနည်းဆုံး ၁၃% ပို၍ ကိုယ်ဝန်ရရှိနိုင်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ အရေးပေါ်သန္ဓေတားဆေးက လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးများကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
တစ်ချို့STIs လိုရောဂါပိုးများဟာ မြင်တွေ့နိုင်ဖို့ ခက်ခဲပြီး အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် မည်သူမဆို ပိုးသယ်ဆောင်လာနိုင်သူ ဖြစ်နိုင်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးဟာ လိင်မှတဆင့်ကူးစက်နိုင်သော ရောဂါပိုးများ (HIV, AIDS) အပါအ၀င် ဘယ်ရောဂါပိုးကိုမှ ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
ကွန်ဒုံးကို မှန်ကန်စွာ သုံးခြင်းကသာ လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးများကို အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၎။ အရေးပေါ် အခြေအနေအတွက်သာ ဖြစ်သည်။
အရေးပေါ်သန္ဓေတားဆေးသည် လိင်ဆက်ဆံပြီးတိုင်း သောက်ရန်အတွက်ထုတ်လုပ်ထားတာ မဟုတ်ပါ။ အရေးပေါ်ဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေမှာသာ သောက်သုံးရန်ဖြစ်ပါတယ်။ ဥပမာ -
 ကွန်ဒုံးပေါက်ပြဲသွားခြင်း
 နေ့စဉ်သုံးသန္ဓေတားဆေးသောက်ရန် မေ့လျော့ခြင်း
 သန္ဓေတားထိုးဆေး နောက်ကျသွားခြင်း
အကယ်၍ သင်နဲ့ သင့်အဖော်ဟာ ကွန်ဒုံးကို လုံးဝမသုံးချင်ဘဲ ပုံမှန်လိင်ဆက်ဆံဖြစ်မယ်ဆိုရင် အခြား နည်းလမ်းတွေနဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ဖို့ အကြံပြုချင်ပါတယ်။ ဥပမာ -
• နေ့စဉ်သုံးသန္ဓေတားသောက်ဆေး
• နေ့စဉ်သုံးသန္ဓေတားထိုးဆေး
• သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

Sources : Web Md, Health Line, HS, Women's Health Specialist.

4 Reasons Emergency Contraceptive Pills Aren't a Substitute for Condoms

In Myanmar, for many couples, using emergency contraceptive pills instead of condoms routinely is thought of as normal.

However, here are some things to consider before the next time you have sex.

1) Condoms are more reliable at preventing pregnancy.

With correct use,condoms are 98% effective at preventing pregnancy.

Emergency contraception only reduces the risk of pregnancy by:
85% if taken within 24 Hours of sex.
58% if taken within 25-48 Hours.

2) Condoms Produce No Side Effects

If your partner is using emergency contraceptive pills, possible side effects include nausea, vomiting, headaches, feeling tired, fatigue, feeling dizzy, lower abdominal pain, vaginal bleeding and breast tenderness. These pills can also affect your partner's menstrual cycle.

Condoms have no side effects for you and your partner (as long as neither is allergic to latex), provided you use them correctly.

3) Emergency contraception does not protect you against sexually transmitted infections (STIs).

Anyone can be a carrier of an STI, and they may not know it, because not all STIs produce noticeable symptoms immediately. Using emergency contraceptive pills provides no protection against STIs including HIV/AIDS.

Used correctly, the male condom is the best protection for both people against transmission of infection.

4) Emergency contraceptive pills are for EMERGENCIES

Emergency contraceptive pills are not intended for regular or routine use. They are called EMERGENCY contraception because they are meant for emergencies, such as in cases of:

- a condom breaking,
- rape,
- a woman missing a birth-control pill,
- a woman being late to get her injectable contraceptive dose.

If you and your partner really don't like using condoms, there are other more effective options for preventing pregnancy, such as oral contraceptive pills, IUDs and injectable contraceptives.

Sources: Web MD, Health Line, NHS, Women’s Health Specialist.


Thursday, November 23, 2017

ပုံမှန်ကိုယ်ဝန်တားနည်းလမ်းအမျိုးမျိုး

ပုံမှန်ကိုယ်ဝန်တားနည်းလမ်းအမျိုးမျိုးရဲ့ စိတ်ချရမှုကို နှိုင်းယှဉ်ပြထားပါတယ်။
အပေါ်ဆုံးအတန်းက စိတ်အချရဆုံဖြစ်ပြီး
အောက်ဆုံးအတန်းက စိတ်ချရမှု အနည်းဆုံးဖြစ်တယ်။

ဆယ်ကျော်သက်လူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ Ecce2 လို အရေးပေါ်ကိုယ်ဝန်တားဆေးက ပါတောင်မပါဘူး။ ဘာလို့လဲဆိုတော့ သူက ပုံမှန်ကိုယ်ဝန်တားနည်းလမ်းမဟုတ်ဘဲ အရေးပေါ်မထင်မှတ်ဘဲ လိင်ဆက်ဆံဖြစ်သွားတဲအခါမှာ သုံးရတာမို့လို့မပါတာပါ။
အရေးပေါ်ဆေးက အခု ပုံမှာ ပါတဲ့နည်းလမ်းတွေထက် စိတ်ချရမှုနည်းပါတယ်။

ပုံမှန် မကြာခဏ လိင်ဆက်ဆံမှုရှိတယ်ဆို ပုံမှန်ကိုယ်ဝန်တားနည်းလမ်းတွေထဲက  မိမိနှစ်သက်ရာ ၊ မိမိနှင့်အဆင်ပြေမယ့်အရာ ကို ရွေးချယ်သင့်ပါတယ်။
အီးဇီးတူးလိုမျိုးအရေးပေါ်ဆေးက တော့ အရေးပေါ်ဖြစ်တဲ့အခါ မှာ သုံးစွဲသင့်ပါတယ်။
ကိုယ်ဝန်တားနည်းအမျိုးမျိုးအကြောင်းကို ဒီပေ့ခ်ျမှာတင်ပေးထားပါတယ်။ သေချာလေ့လာပြီး ကိုယ့်အတွက်မှန်ကန်တဲ့အရာကို ကိုယ်တိုင်ရွေးချယ်နိုင်ကြပါစေ..

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts