ယင်နားစာများ မစားပါနှင့်
လမ်းဘေးကဲ့သို့ နေရာများမှ ယင်ကောင်များ နားထားသော အစားအစာများသည် မသန့်ရှင်းသဖြင့် ရှောင်ရှားသင့်သည်။
ယင်ကောင်များသည် ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးကောင်ဥများကို သယ်ဆောင်ထားလေ့ရှိပြီး ကျန်းမာရေး အတွက် အန္တရာယ်ရှိသည်။
ယင်ကောင်တစ်ကောင်သည် ရောဂါများဖြစ်စေနိုင်သော ပိုး မွှားကောင်ရေ ၁၀၀ ထက်မနည်း သယ်ဆောင်ထားလေ့ရှိသည်။ ယင်ကောင်များသည် အစားအစာများပေါ်တွင်သာ နားလေ့ရှိသည် မဟုတ်ဘဲ အခြားစားသုံးနိုင်သော မသန့်ရှင်းသည့် နေရာများ၌ လည်း နားလေ့ရှိသဖြင့် ရောဂါပိုးမွှားများကို အဓိကသယ်ဆောင်သည့် အင်းဆက်ဖြစ်သည်။
အစားအစာပေါ်တွင် ယင်ကောင်နားပြီးသည်နှင့် ယင်ကောင် သည် သူ၏လက်တံများကို ပွတ်သပ်နေသည်ကို မြင်တွေ့ရမည် ဖြစ်ပြီး အစာစားရန် အန်ထုတ်လေ့ရှိသည်။ အစားအစာကို အရည် အဖြစ် ပြောင်းလဲပစ်ရန် ယင်ကောင်က ဦးစွာအန်ထုတ်ပစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။ ယင်ကောင်၏အန်ဖတ်များမှာ ၎င်း နောက်ဆုံးစားထားသည့် အစာများ ဖြစ်နိုင်သဖြင့် ယင်ကောင်၏ ခန္ဓာကိုယ်တွင် ကပ်ပါလာသော ပိုးမွှားများထက် ယင်ကောင်၏ အန်ဖတ်က ပို၍အန္တရာယ်ဖြစ်နိုင်သည်။
ယင်ကောင်၏ အစာအိမ်ထဲတွင် ရောဂါပိုးမွှား အများအပြား ပါရှိသည်။ ယင်ကောင်၏ ယခင်အစားအသောက်၊ မတူညီသော နေရာများစွာတွင် နားခဲ့ခြင်းတို့ကြောင့် ၎င်းက ထုတ်လိုက်သော အန်ဖတ်တွင် ရောဂါပိုးအမြောက်အမြား ပါဝင်နေသည်။ ထို့ကြောင့် ယင်နားစာများဖြစ်နိုင်သော လမ်းဘေးအစားအစာများ စားသောက် မှုများခြင်းကြောင့် ရောဂါအမျိုးမျိုး ဖြစ်နိုင်သည်။
ယင်နားစာများ စားသုံးခြင်းကြောင့် ဝမ်းလျှောခြင်း၊ ဖျားခြင်း၊ ဗိုက်နာခြင်းတို့ ဖြစ်နိုင်သဖြင့် စားသောက်ရာနေရာကို သတိထားရန် အရေးကြီးသည်။
သို့သော် ကိုယ်ခံအားစနစ်ကောင်းပါက ရောဂါပိုးမွှားများဒဏ် မခံရနိုင်ပေ။ နေအိမ်တွင် သန့်ရှင်းမှုကို အလေးထားဆောင်ရွက်ခြင်း ဖြင့် ယင်ကောင်များမဝင်လာနိုင်၍ ရောဂါကင်းစင်နိုင်သည်။ ထို့အ ပြင် ယင်ကောင်များသည် မစင်များအပါအဝင် နေရာစုံတွင် နားနိုင်သဖြင့် အားလုံးသန့်ရှင်းအောင်ထားရန် အရေးကြီးသည်။
Ref: TOI

No comments:
Post a Comment