“ကိုယ်ဝန်ဆောင်နေတုန်းမှာ သတိပြုရမယ့် ရောဂါလက္ခဏာများ”
သင်ကိုယ်ဝန်ဆောင်နေတုန်းမှာ သင်ရော သင့်မိသားစုရောဟာ အခုပြောပြမယ့် ရောဂါလက္ခဏာတွေကို သတိပြုသင့်ပါတယ်။
ဒီရောဂါလက္ခာတွေထဲက တစ်ခုခုဖြစ်ခဲ့ရင် ဆေးရုံ ဆေးခန်းတစ်ခုခုကို နေ့ညမဆိုင်း ချက်ချင်း သွားပြသင့်ပါတယ်။
၁။ မိန်းမကိုယ်ကနေ သွေးဆင်းရင်၊
၂။ ခေါင်း အရမ်းကိုက်ပြီး အမြင်မှုန်ဝါးရင်
၃။ တက်ရင်၊ သတိလစ်ရင်၊ အန်ရင်
၎။ ရင်ညွန့် (ဒါမှမဟုတ်) ညာဘက်နံရိုးအောက်မှာ အောင့်ရင်
၅။ ၀မ်းဗိုက် အလွန်အမင်း ဆက်တိုက် နာရင်
၆။ ဖျားပြီး အိပ်ရာကနေ မထနိုင်လောက်အောင် အားနည်းရင်
၇။ အသက်ရှူမြန်ရင်၊ အသက်ရှူခက်ရင်
အောက်မှာရေးထားတဲ့ ရောဂါလက္ခာတွေထဲက တစ်ခုခုဖြစ်ခဲ့ရင်တော့ ဆေးရုံ ဆေးခန်းတစ်ခုခုကို အမြန်ဆုံး သွားပြသင့်ပါတယ်။
၁။ မျက်နှာ၊ လက်နဲ့ ခြေထောက်တွေ ဖောရောင်ရင်
၂။ ဆီးသွားနည်းရင်
၃။ ဆက်တိုက် ပြင်းပြင်းထန်ထန် အန်ရင်
၎။ ဖျားရင်၊ နေမကောင်းဖြစ်ရင်
၅။ ဗိုက်နာရင်
၆။ ကိုယ်ဝန်ဆောင်နေတုန်းမှာ ကလေးလှုပ်ရှားမှု လျော့နည်းလာရင် ၊ မလှုပ်တော့ရင်။
အပေါ်ကပြောခဲ့တဲ့ လက္ခဏာတွေအကြောင်းကို မိသားစုနဲ့ ဆွေးနွေးတိုင်ပင်ထားပါ။ တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်လာရင်လဲ ဆေးရုံ/ဆေးခန်း လိုက်ပို့ပေးဖို့ကို အကူအညီတောင်းထားလိုက်ပါ။