ကွန်ဒုံး (Condom)
အမျိုးသားများအတွက် ထုတ်လုပ်ထားသော ကွန်ဒုံးသည် မှန်ကန်စွာ အသုံးပြုပါက အကျိုးရှိသော သားဆက်ခြားသည့် နည်းလမ်း တစ်ခုဖြစ်သည့်အပြင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပိုးများကိုလည်း ကာကွယ်ပေးသည်။
ကွန်ဒုံးဆိုတာဘာလဲ?
ကွန်ဒုံးသည် လိင်ဆက်ဆံနေစဉ် ထောင်မတ်နေသော အမျိုးသားလိင်အင်္ဂါအပေါ် ဖုံးအုပ်ထားပြီး အမျိုးသမီး ယောနိလမ်း ကြောင်းအတွင်းသို့ သုတ်ပိုးများဝင်ရောက်ခြင်းကို တားဆီးပေးသည်။ အမျိုးသားများအသုံးပြုသည့် ကွန်ဒုံးအများစုကို လေးတက်(စ်) (Latex) ဟု ခေါ်သည့် ရာဘာဖြင့် ပြုလုပ်ထားသည်။ အမျိုးသား အယောက် ၁၀၀ တွင် ၂ ယောက်သည် လေးတက်(စ်)နှင့် ဓာတ်မတည့်မှုဖြစ်တတ်သည်။ အခြားအသုံးပြုနိုင်သော ကွန်ဒုံးတစ်မျိုးမှာ ပလပ်စတစ်အမျိုးအစား အသစ် တစ်မျိုးဖြစ်သည့် ပေါ်လီယူရီိသိမ်း (Polyurethane) ဖြင့် ပြုလုပ်ထားသည်။ သို့သော် ထိုအမျိုးအစားမှာ ဈေးကြီးပေးသည်။
အမျိုးသားကွန်ဒုံးက ဘယ်လောက်အကျိုးရှိသလဲ?
ကွန်ဒုံးကို သားဆက်ခြားခြင်းအတွက် နည်းလမ်းမှန်ကန်စွာ အသုံးပြုလျှင် အမျိုးသမီး အယောက် ၁၀၀ တွင် ၂ ယောက်သည် ကိုယ်ဝန် ရနိုင်သည်။ နည်းလမ်းမှန်ကန်စွာ အသုံးမပြုပါက အမျိုးသမီး အယောက် ၁၀၀ တွင် ၁၅ ယောက်သည် ကိုယ်ဝန်ရနိုင် သည်။ မည်သည့် သားဆက်ခြားသည့် နည်းလမ်းကိုမျှ အသုံးမပြုလျှင် ၁ နှစ်လျှင် အမျိုးသမီး အယောက် ၁၀၀ တွင် ၈၀ သည် ကိုယ်ဝန်ရနိုင်သည်။
အကယ်၍ ကွန်ဒုံးကို စနစ်တကျအသုံးမပြုပါက ၎င်း၏ အာနိသင်မှာ လျော့နည်းပေသည်။ မှန်ကန်သော နည်းလမ်းဆိုသည်မှာ
· လိင်ဆက်ဆံသည့်အချိန်တိုင်း ကွန်ဒုံးကို အသုံးပြုခြင်း
· အမျိုးသားလိင်အင်္ဂါသည် အမျိုးသမီး ယောနိလမ်းကြောင်းနှင့် ထိတွေ့မှုမပြုမှီကပင် ကွန်ဒုံးစွပ်ရန် လိုအပ်ခြင်း
· ကွန်ဒုံးကို ချွတ်လိုက်ပြီးနောက် အမျိုးသားလိင်အင်္ဂါသည် အမျိုးသမီးယောနိလမ်းကြောင်းနှင့် ထိတွေ့မှုကို ရှောင်ခြင်း စသည်တို့ ဖြစ်သည်။
ကွန်ဒုံးအသုံးပြုခြင်း၏ ကောင်းကျိုးဟာ ဘာလဲ?
ကွန်ဒုံးများသည် အလွယ်တကူဝယ်ယူ အသုံးပြုနိုင်သော ပစ္စည်းများဖြစ်ပြီး ဆေးဝါး အန္တရာယ်လည်း ကင်းပေသည်။ လေးတက်စ် (Latex) နှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ယုံမျှလွဲ၍ အခြားမည်သည့် အန္တရာယ်မျှ မရှိဘဲ လူတိုင်းအသုံးပြုနိုင်သည့် ပစ္စည်းဖြစ်သည်။ အကယ်၍ လေးတက်စ် (Latex) နှင့် ဓာတ်မတည့်သူဖြစ်ပါက အခြားကွန်ဒုံးအမျိုးအစားကို အသုံးပြုနိုင်သည်။
အကယ်၍ ကွန်ဒုံးကို ဂရုစိုက်၍ အသုံးပြုပါက ယုံကြည်စိတ်ချရပေသည်။ ကွန်ဒုံးသည် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါ ပိုးများကို ကာကွယ်ပေးနိုင်ယုံမျှမက သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
အမျိုးသား ကွန်ဒုံးအသုံးပြုခြင်း၏ ဆိုးကျိုးဟာ ဘာလဲ?
အချို့အမျိုးသားများသည် လိင်စိတ်နိုးကြွနေစဉ် ကွန်ဒုံးစွပ်ရပါက ၎င်းတို့၏ စိတ်ခံစားမှုကို အနှောင့် အယှက်ဖြစ်စေသည်။ အချို့အမျိုးသားများသည် ၎င်းတို့၏ လိင်တံပေါ်တွင် ကွန်ဒုံးကို စွပ်ထားပါက ထိတွေ့ခံစားမှုကို လျော့နည်းစေသည်ဟု ယုံ ကြည်ကြသည်။ တခါတရံ ကွန်ဒုံးကွဲထွက်နိုင်သည်။ အကယ်၍ ကွန်ဒုံးကွဲသွားပါက ကိုယ်ဝန်ရရှိနိုင်သည်။
ကွန်ဒုံးအသုံးပြုခြင်းသည် အခြားသော သားဆက်ခြားသည့် နည်းလမ်းများဖြစ်သည့် သားဆက်ခြားဆေးသောက်ခြင်း (သို့) သားအိမ်အတွင်း ကွိုင်ထည့်ခြင်း စသည့်နည်းလမ်းများထက် အာနိသင်နည်းသည်။
ကွန်ဒုံးကို ဘယ်မှာရနိုင်သလဲ?
ကွန်ဒုံးကို နေရာအတော်များများတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။ သားဆက်ခြားရေး ဆောင်ရွက်နေသော ဆေးခန်းများ နှင့် အဖွဲ့အစည်းများတွင် အခမဲ့ရယူနိုင်သည်။
ကွန်ဒုံးကို ဘယ်လိုအသုံးပြုနိုင်သလဲ?
ပါကင်ပေါ်တွင် ရေးထားသည့် ညွှန်ကြားချက်ကို သေချာဖတ်ရန် လိုအပ်သည်။ ယေဘုယျညွှန်ကြားချက်များမှာ-
· အသုံးပြုမည့် ကွန်ဒုံးသည် အမျိုးအစားကောင်းရန် လိုအပ်သည်။ (ကုန်ဆုံးမည့် ရက်ကို သေချာကြည့်ပါ။)
· အမျိုးသမီးယောနိလမ်းကြောင်းနှင့် ထိတွေ့မှု မပြုမှီကပင် ကွန်ဒုံးစွပ်ရန် လိုအပ်သည်။
· ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာအသုံးပြုနိုင်သည်။
· နို့သီးခေါင်းနှင့် တူသော ကွန်ဒုံးထိပ်ပိုင်းကို ညှစ်၍ လေထုတ်ပါ။
· ထို့နောက် ထောင်နေသော လိင်တံပေါ်တွင် ကွန်ဒုံးကို စွပ်ပါ။
· လေးတက်စ်ဖြင့် ပြုလုပ်ထားသော ကွန်ဒုံးကို ဆီပါဝင်သော ပစ္စည်းများနှင့် အသုံးမပြုသင့်ပေ။ (ဥပမာ - Vaseline ၊ ခန္ဓာကိုယ်လိမ်းရန် ထုတ်လုပ်ထားသော လိုးရှင်းများ ၊ အုန်းဆီ) ထိုအဆီများသည် လေးတက်စ်ကို ပျက်စီးစေပြီး ကွန်ဒုံးကို ပြဲစေ သည်။ အကယ်၍ လေးတက်စ်ဖြင့် ပြုလုပ်ထားသော ကွန်ဒုံးနှင့် အဆီကို တွဲသုံးလုံးလျှင် K-Y Jelly နှင့် သုတ်ပိုးများကို သေစေနိုင်သော ဂျယ်လီများကို အသုံးပြုရမည်။ ပေါ်လီယူရီိသိမ်း (Polyurethane) ဖြင့် ပြုလုပ်ထား သော ကွန်ဒုံးသည် မည်သည့်အဆီအမျိုးအစားနှင့်မဆို အသုံးပြုနိုင်သည်။
· လိင်ဆက်ဆံပြီးနောက် လိင်တံပျော့ပြောင်းမှု မဖြစ်မှီ လိင်တံကို အမျိုးသမီးယောနိမှ ထုတ်ရန် လိုအပ်သည်။ လိင်တံ ထုတ်ပြီးသည်အထိ ကွန်ဒုံးစွပ်ထားရန် လိုအပ်သည်။
· ကွန်ဒုံးကို ချွတ်သည့်အခါ သုတ်ရည်များ အပြင်သို့ မကျစေရန် ဂရုစိုက်ရမည်။
· အကယ်၍ လိင်ဆက်ဆံစဉ် ကွန်ဒုံးပြဲသွားပါက ၇၂ နာရီအတွင်း အရေးပေါ်သန္ဓေတားဆေးကို အသုံးပြုရန် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
ကွန်ဒုံးအသုံးပြုစဉ် အဖြစ်များသော အမှားများ
· အမျိုးသားများသည် သုတ်မလွှတ်မှီ လိင်တံမှ သုတ်ပိုးများ ယိုစိမ့်ထွက်နိုင်သည်။ အကယ်၍ ကွန်ဒုံးမစွပ်မှီ အမျိုးသမီး ယောနိလမ်း ကြောင်းနှင့် ထိတွေ့မိပါက ကိုယ်ဝန်ရနိုင်သည်။
· လိင်တံကိုထုတ်ပြီးချိန်တွင် ကွန်ဒုံးမှ သုတ်ပိုးများယိုစိမ့်ထွက်နိုင်သည်။
· လိင်ဆက်ဆံပြီးချိန်တွင် လိင်တံတွင် သုတ်ပိုးများ ရှိနေနိုင်သည်။ အကယ်၍ ကွန်ဒုံးအသစ်ကို ပြန်မစွပ်မှီ အမျိုးသမီး ယောနိလမ်းကြောင်းနှင့် ထိတွေ့လိုက်ပါက အမျိုးသမီးတွင် ကိုယ်ဝန်ရနိုင်သည်။
· ကွန်ဒုံးပျက်စီးနေလျှင် ပေါက်ပြဲနိုင်သည်။ ဥပမာ - အမျိုးသမီး၏ လက်သည်းအချွန်ဖြင့် ထိခိုက်မိလျှင်။
မှတ်ချက်။ ။ အထက်တွင် ဖော်ပြထားသောအချက်များဖြစ်ပါက ၇၂ နာရီအတွင်း အရေးပေါ်သန္ဓေတားဆေးကို အသုံးပြု သင့်သည်။ လိင်ဆက်ဆံမှုပြုပြီးနောက် နာရီပိုင်းအတွင်း အသုံးပြုပါက ပို၍ အာနိသင်ရှိပေသည်။
သတိပြုရန်
အထက်တွင် ဖော်ပြထားသော အချက်အလက်များမှာ မိမိတို့ကိုယ်တိုင် ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ပြုလုပ်ရန်အတွက် မဟုတ်ပဲ မိမိတွင် ဖြစ်ပေါ်နေသောရောဂါအခြေအနေ များကို စောလျင်စွာ သတိထားမိစေရန် နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသခြင်းများကိုမူ တတ်သိကျွမ်းကျင်သော ဆရာဝန်များနှင့်သာ တိုင်ပင်ပြသ၍ ကုသမှုခံယူသင့် ပါသည်။
www.myanmarhealthcentre.com

No comments:
Post a Comment