Friday, November 8, 2019

လိင်လမ်းကြွက်နို့

လိင်လမ်းကြွက်နို့ (In Unicode version)

ကြွက်နို့ကို ဖြစ်စေတာက Human papillomavirus (HPV)ဟာ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်။ အမျိုးအစားပေါင်း ၂၀၀ လောက်တွေ့ထားပေမဲ့ တချို့ကသာ ရောဂါရစေတယ်။ အရေပြားမှာဖြစ်တဲ့ ကြွက်နို့တွေက HPV-1 နဲ့ HPV-2 ကြောင့်ဖြစ်တယ်။ လိင်လမ်းကြွက်နို့ကို HPV 6 နဲ့ 11 ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာ ၉၀% ရှိတယ်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းတွေမှာလဲ ဒီပိုးတွေကနေ ဖြစ်စေနိုင်တယ်။ အမျိုးအစား ၃၀-၄၀ တို့က လိင်ဆက်ဆံလို့ ကူးစက်တယ်။ လိင်အင်္ဂါကြွက်နို့ဟာ လိင်မှတဆင့် ကူးစက်ရောဂါတွေမှာ အများဆုံးဖြစ်ပြီး၊ အမေရိကားမှာ လူပေါင်း သန်း ၂၀ ဒါမှမဟုတ် လိင်ဆက်ဆံနိုင်တဲ့ အရွယ်ရှိသူပေါင်းရဲ့ ၁% မှာ ရှိနေတယ်။ Genital Warts လိင်အင်္ဂါကြွက်နို့ကို Condyloma လို့လဲခေါ်တယ်။ တချို့မှာ ပိုးရှိနေပေမဲ့ ကြွက်နို့မပေါ်သေးဘူး။

တချို့ပိုးတွေက မိန်းမနဲ့ ယောက်ျားလိင်အင်္ဂါနားတဝိုက် (ဂျိုင်းနား၊ လိင်တံ၊ စအို) မှာ ကင်ဆာဖြစ်စေတယ်။ သားအိမ်အဝ ကင်ဆာဖြစ်စေတဲ့ ပိုးနဲ့ လိင်အင်္ဂါကြွက်နို့ ဖြစ်စေတဲ့ပိုးတွေ မတူကြပါ။ ကြွက်နို့ပေါက်မနေသူဆီက ကနေလည်း ကူးလာနိုင်တယ်။ လိင်ဆက်ဆံနည်းမျိုးစုံ (ရိုးရိုး နဲ့ စအို၊ ပါးစပ်) လမ်းတွေက ကူးနိုင်တယ်။ ပိုးရှိသူနဲ့ ဆက်ဆံပြီးနောက် အချိန်တို ဒါမှမဟုတ် ကြာမှလည်း ကြွက်နို့ဖြစ်လာတတ်တယ်။ မိခင်မှာ ကြွက်နို့ရှိနေလို့ မွေးလာမဲ့ကလေးကို ကူးစက်နိုင်မှုက အလွန်နည်းပါးလှပါတယ်။
သူ့ဘာသာသူလဲ ပျောက်သွားနိုင်တယ်။ အသက်ကို ရန်မရှာဘူး။ ဆေးကုနည်းတွေ ရှိတယ်။ ဆေးကုပြီးလဲ ပြန်ဖြစ်နိုင်တယ်။ အမြင်အရ သက်သာ၊ သေးငယ်သွားတာနဲ့ ပျောက်သွားတာ ဖြစ်နိုင်ပေမဲ့ပိုးကိုတော့ ရှင်းသွားစေအောင် မတတ်နိုင်ပါ။ ဗိုင်းရပ်စ်ကို သတ်မဲ့ဆေး မရှိပါ။ ကုသနည်းအမျိုးမျိုးတော့ ရှိတယ်။ အလွယ်ဝယ်ယူရရှိတဲ့ဆေးတွေကို အားမကိုးပါနဲ့။ ဘယ်နည်းက အကောင်းဆုံးလို့ မပြောနိုင်ပါ။ ပျောက်သွားမယ်လို့လဲ ရာနှုန်းပြည့် အာမမခံနိုင်ပါ။ ကုသရင် မြန်မြန် သက်သာစေပါတယ်။ ကျန်နေသေးမဲ့ ပိုးတွေကိုလဲ ထိန်းထားရာကြပါမယ်။ လမ်းဘေးကဆေးတွေကနေ မလိုတာတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ
ကြွက်နို့ပေါက်တဲ့နေရာကို မထိခိုက်မိပါစေနဲ့။ သွေးထွက်မယ်။ ကူးစက်မယ်။ လိင်ဆက်ဆံဖက် အဖေါ်အတွက် ထည့်စဉ်းစားပါ။ အကာအကွယ်သုံးပါ။ ထိကိုင်တာ ရှောင်ရှားပါ။ ကလိမနေပါနဲ့။ ဇာဂနာ စတာနဲ့ ဆွဲနုတ်တာမလုပ်ပါနဲ့၊ ၁၀-၂၀% လောက်က ၃-၄ လနေရင် ပျောက်သွားနိုင်တယ်။ အမြင်အရ သက်သာ၊ သေးငယ်သွားတာနဲ့ ပျောက်သွားတာ ဖြစ်နိုင်ပေမဲ့ပိုးကိုတော့ ရှင်းသွားစေအောင် မတတ်နိုင်ပါ။
ကြွက်နို့ပျောက်သွားပေမဲ့ သူ့ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ရှင်းထုတ်မရပါ။ ဒါ့ကြောင့် ပြန်ပေါ်နိုင်တယ်။ မကုဘဲထားရင် သူ့အလိုလို ပျောက်သွားချင်သွားမယ်။ ရှေ့မတိုး နောက်မဆုတ် ရှိနေမယ်။ တိုးချင် တိုးလာမယ်။ ကင်ဆာဖြစ်မသွားပါ။ ၉၀% လောက်မှာ ကိုယ်ခံအားကနေ တိုက်ဖျက်ပေးနိုင်တယ်။ ဆေးမကုဘဲ ၂ နှစ်ဆိုလျှင် ပျောက်သွားနိုင်တယ်။
ဘယ်ဟာအကောင်းဆုံးလို့ ပြောမရပါ။ Algorithms ကို အများဆုံးသုံးတယ်။ ဖြစ်နေတဲ့နေရာ၊ အရွယ်အစား အရေအတွက်၊ ဘေးထွက်ဆိုးကျိုး၊ ကုန်ကျစရိတ်၊ လူနာ့အကြိုက် စတဲ့ အချက်တွေကို ကြည့်ရတယ်။ ဆေးနည်းပြောင်းချင်ပြောင်းရတယ်။ တွဲလုပ်ချင် လုပ်ရတယ်။ ခပ်စိုစိုနေရာမှာ ဖြစ်တာက ရလဒ်ပိုကောင်းတယ်။ အများအားဖြင့် ၃ လ ကြာတယ်။ Condylox (0.5% Podofilox) ကို FDA က အသိအမှတ်ပြုထားတယ်။ ဖြစ်တဲ့နေရာကို လိမ်းပါ ဆေးပြစ်ဖို့ မလိုပါ။ ကိုယ်ဝန်မှာ မသုံးရပါ။
ကလေးကို ထိခိုက်နိုင်တယ်။ Podophyllinresin or Podofin 5% to 25% lotion or gel လိမ်းဆေးကို လိမ်းပြီး ၁-၄ နာရီအကြာမှာ ဆေးပြစ်ရတယ်။ ဘေးထွက်ဆိုးကျိုး နည်းစေတယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက်လိမ်း၊ ၄ ရက်နား၊ ပေါင်း ၄ ပတ်ကြာ။ ၄၅-၇၇-၈၈% ထိရောက်တယ်။ လောင်နိုင်တယ်။ နီရဲလာမယ်။ နာမယ်။ ယားမယ်။ ရောင်မယ်။ Condylox 0.55% Topical Solution စသုံးသူ ၇၉%၊ ပြန်ဖြစ်သူ ၃၅%၊ ကောင်းသွားသူ ၆၀%။ Podofilox ဆေးကို Antimitotic drug ခေါ်တယ်။ ဈေးမကြီးဘူး။ ဂွမ်းနဲ့ဖြစ်ဖြစ် လက်နဲ့ဖြစ်ဖြစ်လိမ်းနိုင်တယ်။ ဆေးလိမ်းတဲ့နေရာက 10cm2 ထက် ပိုမကျယ်သင့်ဘူး။ တနေ့မှာ ဆေးကလဲ 0.5mL ထက် ပိုမသုံးသင့်ဘူး။ အစရက်မှာ ဆရာဝန်က ပြပေးသင့်တယ်။ ဆေးကိုလိမ်းပြီး လေသလပ်ခံ ခြောက်သွားပါ။ တပတ်တခါ လိမ်းပါ။ ဆေးကပြင်းတယ် များသွားရင် ဘေးထွက်ဆိုးကျိုးတွေ ရှိမယ်။ တခြားအနာရှိရင် မဝင်စေနဲ့။
Fluorouracil topical (Carac, Efudex, Fluoroplex) အရေပြားကင်ဆာ အတွက်လဲသုံးတယ်။ 0.5%, 1% and 5%, Solution 2% Cream ကိုလဲသုံးနိုင်တယ်။ Imiquimod (Aldara) အရေပြားကင်ဆာအတွက် သုံးတာကို ကြွက်နို့အတွက်လဲ သုံးတယ်။ ၁၂ နှစ်အောက်ကလေးတွေ မပေးရပါ။ Basal cell carcinoma အရေပြားကင်ဆာအတွက် တပတ်မှာ ၅ ခါလိမ်း၊ ၆ ပတ်ကြာ။ ကြွက်နို့ ၇ ရက် တပတ်မှာ ၃ ခါ လိမ်း၊ ၁၆ ပတ်ကြာ။ ဆိုးကျိုး = နီရဲ၊ ရောင်၊ ယား၊ နာ၊ အရေထူ၊ အရေကွာ၊ အရောင်ပြောင်း၊ Imiquimod ဆေးကို Active immune enhancer ခေါ်တယ်။ သူကနေ Interferon နဲ့တခြား Cytokines တွေထွက်အောင် နှိုးဆွပေးတယ်။ နောက်တနည်း တညတခါလိမ်းပါ။ တပတ် ၃ ရက်၊ ပေါင်း ၁၆ ပတ်။ ဆေးလိမ်းပြီး ၆-၁၀ နာရီကြာရင် ရေနဲ့ဆပ်ပြာသုံး ဆေးပါ။ ဆေးလိမ်းရာနေရာမှာ နီလာနိုင်တယ်။ အနေရခက်မယ်။ မောလာမယ်။ အနာလို ဖြစ်မယ်။ အပူဖုပေါက်နိုင်တယ်။ အရေပြားက အရောင်ပျော့လာမယ်။
Interferon alfa-n3 (Alferon N) ဆေးကို တခြားနည်းတွေနဲ့ မရသူတွေ အတွက်သုံးတယ်။ မတည့်လို့ အလာဂျီ ရတတ်တယ်။ တုပ်ကွေးလိုဖြစ်မယ်။ ခေါင်းကိုက်၊ ခေါင်းမူး၊ အဆစ်-ကြွက်သားနာ၊ ပျို့-အန်ချင်၊ အိပ်ရေးပျက်။ Pedophyllin resin 10%-25% ဆေးကိုလိမ်းပြီး လေသလပ်ခံ ခြောက်သွားပါ။ တပတ်တခါလိမ်းပါ။ ဆေးကပြင်းတယ် များသွားရင် ဘေးထွက်ဆိုးကျိုးတွေ ရှိမယ်။ <0.5% mL သာလိမ်းပါ။ <10 cm2 ထက်နေရာ မကျယ်စေနဲ့။ တခြားအနာ ရှိနေရင် မဝင်စေနဲ့။ ၁-၄ နာရီကြာရင် သေသေချာချာ ဆေးပစ်ပါ။
Podofilox ဆေးကို Antimitotic drug ခေါ်တယ်။ ဈေးမကြီးဘူး။ ဂွမ်းနဲ့ဖြစ်ဖြစ် လက်နဲ့ဖြစ်ဖြစ် လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက် လိမ်း၊ ၄ ရက်နား၊ ပေါင်း ၄ ခါအထိ လုပ်နိုင်တယ်။ ဆေးလိမ်းတဲ့နေရာက 10 cm2 ထက် ပိုမကျယ်သင့်ဘူး။ တနေ့မှာ ဆေးကလဲ 0.5 mL per day ထက်ပိုမသုံးသင့်ဘူး။ အစရက်မှာ ဆရာဝန်ကပြပေးသင့်တယ်။ နဲနဲနာတာနဲ့ အနေရခက်တာ ရှိနိုင်တယ်။
Sinecatechin ointment ဆေးကို တနေ့ ၃ ကြိမ်၊ ကြွက်နို့တခုကို ဆေးပါးပါးလိမ်းပါ။ ၁၆ ပတ်ထက် ပိုမကြာစေပါ။ ဆေးလိမ်းတာကို ဆေးမပစ်ရပါ။ ဆေးရှိနေတုံး လိင်ဆက်ဆံမှု မပြုရဘူး။ လိမ်းတဲ့နေရာ နီရဲဖောင်းလာမယ်။ အနာလဲ ဖြစ်နိုင်တယ်။ အပူဖူးလဲပေါက်နိုင်တယ်။ Sinecatechins 15% ointment ဖြစ်တယ်။ တနေ့ ၃ ကြိမ်၊ ကြွက်နို့တခုကို 0.5-cm ဆေးပါးပါးလိမ်းပါ။ ၁၆ ပတ်ထက် ပိုမကြာစေနဲ့။ ဆေးလိမ်းတာကို ဆေးမပစ်ရပါ။ ဆေးရှိနေတုံး လိင်ဆက်ဆံမှု မပြုရဘူး။ လိမ်းတဲ့နေရာ နီရဲဖောင်းလာမယ်။ အနာလဲ ဖြစ်နိုင်တယ်။ အပူဖူးလဲ ပေါက်နိုင်တယ်။
Trichloroacetic acid (TCA) or Bichloroacetic acid (BCA) 80%-90% တပတ် ၁ ခါသာလိမ်း ရတယ်။ အက်စစ်တွေက လောင်စေတဲ့ ဆေးမျိုးဖြစ်တယ်။ ဘေးကို အမြန်ပြန့်လို့ သတိထားပါ။ နာမယ်။ ပူလောင်မယ်။ မခံနိုင်ရင် ဆပ်ပြာနဲ့ရေဆေးပါ။ Sodium bicarbonate ဆော်ဒါနဲ့ အက်စစ်ဓာတ် ပျယ်စေပါ။ ကြွက်နို့မဟုတ်တဲ့နေရာ မထိစေရ။ ၆-၁၀ ပတ်အကြာ ၈၈% ပျောက်တယ်။ ဒီအက်စစ်တွေက လောင်စေတဲ့ ဆေးမျိုးဖြစ်တယ်။
နေရာတစ်ခုချင်း
Vaginal Warts (ဗဂျိုင်းနား) ကြွက်နို့ကို Liquid nitrogen နဲ့ Cryotherapy လုပ်ရတယ်။ Cryoprobe မသုံးသင့်ပါ။ နောက်တနည်း TCA or BCA 80%-90% ပါးပါးလေး လိမ်းနိုင်တယ်။ ခြောက်သွေ့ပါစေ။ ဆေးများသွားရင် Sodium bicarbonate, Liquid soap နဲ့ ဆေးပါ။ တပတ် တခါ။
Urethral Meatus Warts ဆီးသွားပေါက်ကြွက်နို့ကို Cryotherapy with liquid nitrogen နည်း၊ ဒါမှမဟုတ် Podophyllin 10%-25% in compound tincture of Benzoin သုံးပါ။ ဆေးမလိမ်းခင် နေရာကို ခြောက်သွေ့နေပါစေ။ တပတ် တခါ။
Anal Warts စအိုကြွက်နို့ကို Cryotherapy with liquid nitrogen သုံးပါ။ ဒါမှမဟုတ် TCA or BCA 80%-90% ပါးပါးလေးသုံးပါ။ ခြောက်သွားပါစေ။ များတာကို talc, sodium bicarbonate, or liquid soap နဲ့ ဓာတ်ပျယ်စေနိုင်တယ်။ ဒါမှမဟုတ် Surgical removal ခွဲစိတ်ကုသပါ။ Intraanal warts စအိုထဲကြွက်နို့ အထူးကုနဲ့ ကုသပါ။
ခွဲစိတ်ကုသနည်း
ကြွက်နို့ကြီးတာမျိုး များတာမျိုးအတွက် ထုံဆေးပေးပြီး Electrocautery လျှပ်စစ်နဲ့ လုပ်နိုင်တယ်။ Excision ခွဲစိတ်ဓားနဲ့ ဖြတ်ထုတ်နိုင်တယ်။ ၂၅%-၅၅% ပျောက်နိုင်တယ်။ သွေးထွက်တာကို Chemical styptic (Aluminum chloride solution)သုံးနိုင်တယ်။ အများအားဖြင့် ပြန်မချုပ်ဘဲထားတယ်။ Cryosurgery အေးခဲနည်း၊ Electrocauterization လျှပ်စစ်နည်း၊ Carbon dioxide laser vaporization လေဆာနည်းတွေ ရှိသေးတယ်။ ဆီးသွားပြွန်ထဲဖြစ်တာမှာ တခြားဆေးမတိုးရင် လေဆာနည်းနဲ့ ခွဲစိတ်နည်းလုပ်ရတယ်။
အမျိုးသမီး လိင်လမ်းကြွက်နို့
Podophyllin ဆေးကနေ ကြွက်နို့(တစ်ရှူး) တွေကို ဖျက်ဆီးပစ်မယ်။ အနာပေါ်မှာသာ ဆေးလိမ်းရမယ်။ ဆေးလိမ်းပြီးနောက် ၁-၄ နာရီကြာရင် ဆေးကြောပစ်နိုင်မယ်။ တပတ်မှ တခါနဲ့ ၄-၆ ပတ်ကြာနိုင်တယ်။ လိုသေးရင် ဆက်သုံးပါ။ ဆေးလိမ်းတဲ့နေရာမှာ အနေရခက်မယ်။ နာမယ်။ အနာသစ်ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေရင် မသုံးရပါ။Podofilox (Condylox) ဆေးက Podophyllin ဆေးနဲ့ ဆင်တယ်။ ဂွမ်းစလေးသုံးပြီး ကိုယ်တိုင်လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက်ဆက်တိုက်လိမ်းပါ။ ၄ ရက်နားပါ။ နောက်အဲဒီအတိုင် ၄ ခါလည်အောင် လုပ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေရင် မသုံးရပါ။ ဆေးလိမ်းတဲ့နေရာမှာ အနေရခက်မယ်။ နာမယ်။ အနာသစ်ဖြစ်နိုင်တယ်။Bichloroacetic acid (BCA) နဲ့ Trichloroacetic acid (TCA) အက်စစ် ၂မျိုးဆေးကနေလဲ ကြွက်နို့တစ်ရှူးတွေကို ဖျက်ဆီးပစ်မယ်။ ဆရာဝန်-ဆရာမကနေ ထည့်နိုင်ရင် ကောင်းတယ်။ တပတ် တခါသာ ထည့်ရတယ်။ ၄-၆ ခါ ကြာနိုင်တယ်။ ဆေးထည့်ရာနေရာမှာ ပူလောင်တာနာတာရှိမယ်။ ကိုယ်ဝန်ရှိလဲ သုံးနိုင်တယ်။Imiquimod (Aldara) (ခရင်မ်) ဖြစ်တယ်။ ခုခံအားကို သက်ရောက်စေတယ်။ ညအချိန် အနာပေါ်လိမ်းရတယ်။ ၆-၁၀ နာရီကြာရင် ဆေးပစ်ပါ။ တပတ်မှာ ၃ ရက်၊ ၁၆ ပတ်အထိ လိမ်းနိုင်တယ်။ ကိုယ်ဝန်ရှိချိန် မသုံးရပါ။Interferon (အင်တာဖရွန်) ဆေးကိုလဲသုံးတယ်။ ခုခံအားဆေးအမျိုးအစား ဖြစ်တယ်။ ထိုးဆေးနဲ့ လိမ်းဆေးရှိတယ်။ ကြွက်နို့နေရာမှာ ထိုးတာက ပိုထိရောက်တယ်။ ဘေးထွက်ဆိုးကျိုးက တုပ်ကွေးလို ခံစားရမယ်။ တခြားဆေးနည်းတွေနဲ့ မရမှသာသုံးပါ။ ဆေးနည်းနဲ့ ခွဲစိတ်နည်းတို့နဲ့ တွဲသုံးတယ်။ ကိုယ်ဝန်ဆောင်နေစဉ် မသုံးရပါ။Sinecatechins (Veregen) သစ်ပင်ကထွက်တဲ့ဆေး ကိုယ်တိုင်သုံးနိုင်တယ်။ တနေ့ ၃ ကြိမ်၊ ၁၆ ပတ်ကြာနိုင်တယ်။ ဗဂျိုင်းနာ၊ စအိုနေရာမှာလဲ သုံးနိုင်တယ်။ HIV ရှိသူ၊ ရေယုန်ရှိနေသူတွေလဲ သုံးနိုင်တယ်။ အတူမနေခင် ဆေးကြောပစ်ရမယ်။ ကွန်ဒုံးကို အားနည်းစေနိုင်တယ်။ ဆေးထိရာမှာ နီရဲပြီး ယားမယ်။ ပူလောင်မယ်။အမျိုးသမီးတွေမှာလိင်လမ်း-ကြွက်နို့ရှိနေပေမဲ့ ကလေးမရတာ မဖြစ်စေပါ။ ကိုယ်ဝန်ကိုလဲ မထိခိုက်ပါ။ ကိုယ်ဝန်ဆောင်နေတုံးဖြစ်တဲ့ လိင်လမ်းကြွက်နို့အတွက် Imiquimod, Sinecatechins, Podophyllin နဲ့ Podofilox တွေကို မသုံးပါနဲ့။ ခွဲစိတ်တာ လုပ်ချင်လုပ်နိုင်တယ်။ အတွဲတခုမှာ တယောက်မယ် ရောဂါရနေ၊ ပြနေရင် ကျန်တယောက်မှာလဲ ဘာမှမပြပေမဲ့ ပိုးရှိနေပြီ ဒါပေမဲ့ တယောက်မှာ အဲလိုတွေ့တိုင်း ဖောက်ပြန်သူဆိုပြီး စွပ်စွဲလို့လဲ မရပြန်ပါ။ HIV ရှိနေသူ လိင်လမ်းကြွက်နို့ အဖြစ်များတယ်။ ဆေးကုရလဲ ခက်တယ်။ Squamous Cell Carcinoma in Situ ကင်ဆာကနဦးဖြစ်နေသူ အထူးကုနဲ့ ကုသပါ။ Cervical Warts သားအိမ်ဝကြွက်နို့ကို Biopsy evalution လုပ်ရမယ်။ အထူးကုသမှု လုပ်ရမယ်။
တယောက်မှာ လိင်လမ်းကြွက်နို့ရှိနေရင် သူ့အဖော်(မိန်းမ-ယောက်ျား) ကိုလဲ ဆေးစစ်ရမယ်။ အမျိုးသမီးမှာ ဖြစ်နေတာဆိုရင် Pap smears သားအိမ်ဝ-ကင်ဆာ ရှိ-မရှိ စစ်ဆေးတာကို အနည်းဆုံး ၁ နှစ်လုပ်သင့်တယ်။ တကယ်လို့ ကြွက်နို့က သားအိမ်ဝမှာ ဖြစ်နေသူဆိုရင် ၃-၆ လ တခါ လုပ်ရမယ်။ (ကွန်ဒုံး) က HIV အတွက် သာမက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်အဝ-ကင်ဆာတို့အတွက်ပါ ကာကွယ်ရာကျတယ်။ ဒါပေမဲ့ ကြွက်နို့ပေါက်ရာ နေရာကို (ကွန်ဒုံး)က ဖုံးမထားနိုင်ရင် ကြွက်နို့မှန်သမျှကို ကာကွယ်မှုမပေးနိုင်ပါ။ လိင်ဆက်ဆံတဲ့အဖော်ဆိုတာ သတ်သတ်မှတ်မှတ်ရှိသင့်တယ်။ ကိုယ့်အဖော်၊ ဇနီး၊ ခင်ပွန်းကို သစ္စာရှိပါလေ။
လိင်လမ်းကြွက်နို့ ကာကွယ်ရေး
လိင်လမ်းမှာ ကြွက်နို့ရှိနေသူနဲ့ လိင်ဆက်ဆံမှု ရှောင်ရင် ကူးစက်တာ မဖြစ်စေပါ။ (ကွန်ဒုံး)က ကြွက်နို့ကို မဖုံးနိုင်ရင်လဲ ကာကွယ်မှုမပေးပါ။ တယောက်ကိုတယောက် ရိုးသားပါ။ Vulva HPV မိန်းမကိုယ်မှာရှိတာကို စမ်းသပ်နည်းမရှိပါ။ Cervix HPV သားအိမ်ဝ(ခေါင်း)မှာရှိတာကိုတော့ စမ်းလို့ရတယ်။
HPV vaccine ကာကွယ်ဆေး Gardasil နဲ့ Cervarix 2 မျိုးရှိနေပြီ။ Cervarix က 70% of cervical cancers ဖြစ်စေတဲ့ (types 16 and 18) ကို ကာကွယ်မယ်။ Gardasil ကာကွယ်ဆေးက 90% of genital warts ဖြစ်စေတဲ့ (types 6 and 11) ကိုကာကွယ်မယ်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းတယ်။ ယောကျ်ားတွေအတွက် (Gardasil) ဟာ လိင်အင်္ဂါကြွက်နို့ကို ကာကွယ်တယ်။ ယောကျ်ားလေး၊ မိန်းကလေး ၉ နှစ်သမီးကနေ ၂၆ နှစ်သမီးအထိ ထိုးပေးသင့်တယ်။ ကြွက်နို့ပေါက်နေသူ ထိုးဖို့မလိုပါ။ HPV ကြောင့်ဖြစ်တဲ့ လိင်လမ်း-ကြွက်နို့ဖြစ်မှာကို ကာကွယ်နိုင်တယ်။ Gardasil ဆေးကို ၆ လအတွင်းမှာ ၃ ခါထိုးရတယ်။ ဘေးထွက်ဆိုးကျိုး ဆိုးဝါးတာမရှိပါ။
Author: Dr.တင့်ဆွေ, Healthcare Journal, vol 8,no 20 ( 14.7.17)

In zawgyi version
လိင္လမ္းႂကြက္ႏို႔
ႂကြက္ႏို႔ကို ျဖစ္ေစတာက Human papillomavirus (HPV)ဟာ ဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္တယ္။ အမ်ိဳးအစားေပါင္း ၂၀၀ ေလာက္ေတြ႕ထားေပမဲ့ တခ်ိဳ႕ကသာ ေရာဂါရေစတယ္။ အေရျပားမွာျဖစ္တဲ့ ႂကြက္ႏို႔ေတြက HPV-1 နဲ႔ HPV-2 ေၾကာင့္ျဖစ္တယ္။ လိင္လမ္းႂကြက္ႏို႔ကို HPV 6 နဲ႔ 11 ဗိုင္းရပ္စ္ေတြေၾကာင့္ ျဖစ္ရတာ ၉၀% ရွိတယ္။ မ်က္စိ၊ ႏွာေခါင္း၊ ပါးစပ္နဲ႔ လည္ေခ်ာင္းေတြမွာလဲ ဒီပိုးေတြကေန ျဖစ္ေစႏိုင္တယ္။ အမ်ိဳးအစား ၃၀-၄၀ တို႔က လိင္ဆက္ဆံလို႔ ကူးစက္တယ္။ လိင္အဂၤါႂကြက္ႏို႔ဟာ လိင္မွတဆင့္ ကူးစက္ေရာဂါေတြမွာ အမ်ားဆုံးျဖစ္ၿပီး၊ အေမရိကားမွာ လူေပါင္း သန္း ၂၀ ဒါမွမဟုတ္ လိင္ဆက္ဆံႏိုင္တဲ့ အ႐ြယ္ရွိသူေပါင္းရဲ႕ ၁% မွာ ရွိေနတယ္။ Genital Warts လိင္အဂၤါႂကြက္ႏို႔ကို Condyloma လို႔လဲေခၚတယ္။ တခ်ိဳ႕မွာ ပိုးရွိေနေပမဲ့ ႂကြက္ႏို႔မေပၚေသးဘူး။
တခ်ိဳ႕ပိုးေတြက မိန္းမနဲ႔ ေယာက္်ားလိင္အဂၤါနားတဝိုက္ (ဂ်ိဳင္းနား၊ လိင္တံ၊ စအို) မွာ ကင္ဆာျဖစ္ေစတယ္။ သားအိမ္အဝ ကင္ဆာျဖစ္ေစတဲ့ ပိုးနဲ႔ လိင္အဂၤါႂကြက္ႏို႔ ျဖစ္ေစတဲ့ပိုးေတြ မတူၾကပါ။ ႂကြက္ႏို႔ေပါက္မေနသူဆီက ကေနလည္း ကူးလာႏိုင္တယ္။ လိင္ဆက္ဆံနည္းမ်ိဳးစုံ (႐ိုး႐ိုး နဲ႔ စအို၊ ပါးစပ္) လမ္းေတြက ကူးႏိုင္တယ္။ ပိုးရွိသူနဲ႔ ဆက္ဆံၿပီးေနာက္ အခ်ိန္တို ဒါမွမဟုတ္ ၾကာမွလည္း ႂကြက္ႏို႔ျဖစ္လာတတ္တယ္။ မိခင္မွာ ႂကြက္ႏို႔ရွိေနလို႔ ေမြးလာမဲ့ကေလးကို ကူးစက္ႏိုင္မႈက အလြန္နည္းပါးလွပါတယ္။
သူ႔ဘာသာသူလဲ ေပ်ာက္သြားႏိုင္တယ္။ အသက္ကို ရန္မရွာဘူး။ ေဆးကုနည္းေတြ ရွိတယ္။ ေဆးကုၿပီးလဲ ျပန္ျဖစ္ႏိုင္တယ္။ အျမင္အရ သက္သာ၊ ေသးငယ္သြားတာနဲ႔ ေပ်ာက္သြားတာ ျဖစ္ႏိုင္ေပမဲ့ပိုးကိုေတာ့ ရွင္းသြားေစေအာင္ မတတ္ႏိုင္ပါ။ ဗိုင္းရပ္စ္ကို သတ္မဲ့ေဆး မရွိပါ။ ကုသနည္းအမ်ိဳးမ်ိဳးေတာ့ ရွိတယ္။ အလြယ္ဝယ္ယူရရွိတဲ့ေဆးေတြကို အားမကိုးပါနဲ႔။ ဘယ္နည္းက အေကာင္းဆုံးလို႔ မေျပာႏိုင္ပါ။ ေပ်ာက္သြားမယ္လို႔လဲ ရာႏႈန္းျပည့္ အာမမခံႏိုင္ပါ။ ကုသရင္ ျမန္ျမန္ သက္သာေစပါတယ္။ က်န္ေနေသးမဲ့ ပိုးေတြကိုလဲ ထိန္းထားရာၾကပါမယ္။ လမ္းေဘးကေဆးေတြကေန မလိုတာေတြ ျဖစ္ႏိုင္ပါတယ္။
ဘယ္လိုကုသမလဲ
ႂကြက္ႏို႔ေပါက္တဲ့ေနရာကို မထိခိုက္မိပါေစနဲ႔။ ေသြးထြက္မယ္။ ကူးစက္မယ္။ လိင္ဆက္ဆံဖက္ အေဖၚအတြက္ ထည့္စဥ္းစားပါ။ အကာအကြယ္သုံးပါ။ ထိကိုင္တာ ေရွာင္ရွားပါ။ ကလိမေနပါနဲ႔။ ဇာဂနာ စတာနဲ႔ ဆြဲႏုတ္တာမလုပ္ပါနဲ႔၊ ၁၀-၂၀% ေလာက္က ၃-၄ လေနရင္ ေပ်ာက္သြားႏိုင္တယ္။ အျမင္အရ သက္သာ၊ ေသးငယ္သြားတာနဲ႔ ေပ်ာက္သြားတာ ျဖစ္ႏိုင္ေပမဲ့ပိုးကိုေတာ့ ရွင္းသြားေစေအာင္ မတတ္ႏိုင္ပါ။
ႂကြက္ႏို႔ေပ်ာက္သြားေပမဲ့ သူ႔ကိုျဖစ္ေစတဲ့ ဗိုင္းရပ္စ္ကို ရွင္းထုတ္မရပါ။ ဒါ့ေၾကာင့္ ျပန္ေပၚႏိုင္တယ္။ မကုဘဲထားရင္ သူ႔အလိုလို ေပ်ာက္သြားခ်င္သြားမယ္။ ေရွ႕မတိုး ေနာက္မဆုတ္ ရွိေနမယ္။ တိုးခ်င္ တိုးလာမယ္။ ကင္ဆာျဖစ္မသြားပါ။ ၉၀% ေလာက္မွာ ကိုယ္ခံအားကေန တိုက္ဖ်က္ေပးႏိုင္တယ္။ ေဆးမကုဘဲ ၂ ႏွစ္ဆိုလွ်င္ ေပ်ာက္သြားႏိုင္တယ္။
ဘယ္ဟာအေကာင္းဆုံးလို႔ ေျပာမရပါ။ Algorithms ကို အမ်ားဆုံးသုံးတယ္။ ျဖစ္ေနတဲ့ေနရာ၊ အ႐ြယ္အစား အေရအတြက္၊ ေဘးထြက္ဆိုးက်ိဳး၊ ကုန္က်စရိတ္၊ လူနာ့အႀကိဳက္ စတဲ့ အခ်က္ေတြကို ၾကည့္ရတယ္။ ေဆးနည္းေျပာင္းခ်င္ေျပာင္းရတယ္။ တြဲလုပ္ခ်င္ လုပ္ရတယ္။ ခပ္စိုစိုေနရာမွာ ျဖစ္တာက ရလဒ္ပိုေကာင္းတယ္။ အမ်ားအားျဖင့္ ၃ လ ၾကာတယ္။ Condylox (0.5% Podofilox) ကို FDA က အသိအမွတ္ျပဳထားတယ္။ ျဖစ္တဲ့ေနရာကို လိမ္းပါ ေဆးျပစ္ဖို႔ မလိုပါ။ ကိုယ္ဝန္မွာ မသုံးရပါ။
ကေလးကို ထိခိုက္ႏိုင္တယ္။ Podophyllinresin or Podofin 5% to 25% lotion or gel လိမ္းေဆးကို လိမ္းၿပီး ၁-၄ နာရီအၾကာမွာ ေဆးျပစ္ရတယ္။ ေဘးထြက္ဆိုးက်ိဳး နည္းေစတယ္။ တေန႔ ၂ ႀကိမ္၊ ၃ ရက္လိမ္း၊ ၄ ရက္နား၊ ေပါင္း ၄ ပတ္ၾကာ။ ၄၅-၇၇-၈၈% ထိေရာက္တယ္။ ေလာင္ႏိုင္တယ္။ နီရဲလာမယ္။ နာမယ္။ ယားမယ္။ ေရာင္မယ္။ Condylox 0.55% Topical Solution စသုံးသူ ၇၉%၊ ျပန္ျဖစ္သူ ၃၅%၊ ေကာင္းသြားသူ ၆၀%။ Podofilox ေဆးကို Antimitotic drug ေခၚတယ္။ ေဈးမႀကီးဘူး။ ဂြမ္းနဲ႔ျဖစ္ျဖစ္ လက္နဲ႔ျဖစ္ျဖစ္လိမ္းႏိုင္တယ္။ ေဆးလိမ္းတဲ့ေနရာက 10cm2 ထက္ ပိုမက်ယ္သင့္ဘူး။ တေန႔မွာ ေဆးကလဲ 0.5mL ထက္ ပိုမသုံးသင့္ဘူး။ အစရက္မွာ ဆရာဝန္က ျပေပးသင့္တယ္။ ေဆးကိုလိမ္းၿပီး ေလသလပ္ခံ ေျခာက္သြားပါ။ တပတ္တခါ လိမ္းပါ။ ေဆးကျပင္းတယ္ မ်ားသြားရင္ ေဘးထြက္ဆိုးက်ိဳးေတြ ရွိမယ္။ တျခားအနာရွိရင္ မဝင္ေစနဲ႔။
Fluorouracil topical (Carac, Efudex, Fluoroplex) အေရျပားကင္ဆာ အတြက္လဲသုံးတယ္။ 0.5%, 1% and 5%, Solution 2% Cream ကိုလဲသုံးႏိုင္တယ္။ Imiquimod (Aldara) အေရျပားကင္ဆာအတြက္ သုံးတာကို ႂကြက္ႏို႔အတြက္လဲ သုံးတယ္။ ၁၂ ႏွစ္ေအာက္ကေလးေတြ မေပးရပါ။ Basal cell carcinoma အေရျပားကင္ဆာအတြက္ တပတ္မွာ ၅ ခါလိမ္း၊ ၆ ပတ္ၾကာ။ ႂကြက္ႏို႔ ၇ ရက္ တပတ္မွာ ၃ ခါ လိမ္း၊ ၁၆ ပတ္ၾကာ။ ဆိုးက်ိဳး = နီရဲ၊ ေရာင္၊ ယား၊ နာ၊ အေရထူ၊ အေရကြာ၊ အေရာင္ေျပာင္း၊ Imiquimod ေဆးကို Active immune enhancer ေခၚတယ္။ သူကေန Interferon နဲ႔တျခား Cytokines ေတြထြက္ေအာင္ ႏႈိးဆြေပးတယ္။ ေနာက္တနည္း တညတခါလိမ္းပါ။ တပတ္ ၃ ရက္၊ ေပါင္း ၁၆ ပတ္။ ေဆးလိမ္းၿပီး ၆-၁၀ နာရီၾကာရင္ ေရနဲ႔ဆပ္ျပာသုံး ေဆးပါ။ ေဆးလိမ္းရာေနရာမွာ နီလာႏိုင္တယ္။ အေနရခက္မယ္။ ေမာလာမယ္။ အနာလို ျဖစ္မယ္။ အပူဖုေပါက္ႏိုင္တယ္။ အေရျပားက အေရာင္ေပ်ာ့လာမယ္။
Interferon alfa-n3 (Alferon N) ေဆးကို တျခားနည္းေတြနဲ႔ မရသူေတြ အတြက္သုံးတယ္။ မတည့္လို႔ အလာဂ်ီ ရတတ္တယ္။ တုပ္ေကြးလိုျဖစ္မယ္။ ေခါင္းကိုက္၊ ေခါင္းမူး၊ အဆစ္-ႂကြက္သားနာ၊ ပ်ိဳ႕-အန္ခ်င္၊ အိပ္ေရးပ်က္။ Pedophyllin resin 10%-25% ေဆးကိုလိမ္းၿပီး ေလသလပ္ခံ ေျခာက္သြားပါ။ တပတ္တခါလိမ္းပါ။ ေဆးကျပင္းတယ္ မ်ားသြားရင္ ေဘးထြက္ဆိုးက်ိဳးေတြ ရွိမယ္။ <0.5% mL သာလိမ္းပါ။ <10 cm2 ထက္ေနရာ မက်ယ္ေစနဲ႔။ တျခားအနာ ရွိေနရင္ မဝင္ေစနဲ႔။ ၁-၄ နာရီၾကာရင္ ေသေသခ်ာခ်ာ ေဆးပစ္ပါ။
Podofilox ေဆးကို Antimitotic drug ေခၚတယ္။ ေဈးမႀကီးဘူး။ ဂြမ္းနဲ႔ျဖစ္ျဖစ္ လက္နဲ႔ျဖစ္ျဖစ္ လိမ္းႏိုင္တယ္။ တေန႔ ၂ ႀကိမ္၊ ၃ ရက္ လိမ္း၊ ၄ ရက္နား၊ ေပါင္း ၄ ခါအထိ လုပ္ႏိုင္တယ္။ ေဆးလိမ္းတဲ့ေနရာက 10 cm2 ထက္ ပိုမက်ယ္သင့္ဘူး။ တေန႔မွာ ေဆးကလဲ 0.5 mL per day ထက္ပိုမသုံးသင့္ဘူး။ အစရက္မွာ ဆရာဝန္ကျပေပးသင့္တယ္။ နဲနဲနာတာနဲ႔ အေနရခက္တာ ရွိႏိုင္တယ္။
Sinecatechin ointment ေဆးကို တေန႔ ၃ ႀကိမ္၊ ႂကြက္ႏို႔တခုကို ေဆးပါးပါးလိမ္းပါ။ ၁၆ ပတ္ထက္ ပိုမၾကာေစပါ။ ေဆးလိမ္းတာကို ေဆးမပစ္ရပါ။ ေဆးရွိေနတုံး လိင္ဆက္ဆံမႈ မျပဳရဘူး။ လိမ္းတဲ့ေနရာ နီရဲေဖာင္းလာမယ္။ အနာလဲ ျဖစ္ႏိုင္တယ္။ အပူဖူးလဲေပါက္ႏိုင္တယ္။ Sinecatechins 15% ointment ျဖစ္တယ္။ တေန႔ ၃ ႀကိမ္၊ ႂကြက္ႏို႔တခုကို 0.5-cm ေဆးပါးပါးလိမ္းပါ။ ၁၆ ပတ္ထက္ ပိုမၾကာေစနဲ႔။ ေဆးလိမ္းတာကို ေဆးမပစ္ရပါ။ ေဆးရွိေနတုံး လိင္ဆက္ဆံမႈ မျပဳရဘူး။ လိမ္းတဲ့ေနရာ နီရဲေဖာင္းလာမယ္။ အနာလဲ ျဖစ္ႏိုင္တယ္။ အပူဖူးလဲ ေပါက္ႏိုင္တယ္။
Trichloroacetic acid (TCA) or Bichloroacetic acid (BCA) 80%-90% တပတ္ ၁ ခါသာလိမ္း ရတယ္။ အက္စစ္ေတြက ေလာင္ေစတဲ့ ေဆးမ်ိဳးျဖစ္တယ္။ ေဘးကို အျမန္ျပန႔္လို႔ သတိထားပါ။ နာမယ္။ ပူေလာင္မယ္။ မခံႏိုင္ရင္ ဆပ္ျပာနဲ႔ေရေဆးပါ။ Sodium bicarbonate ေဆာ္ဒါနဲ႔ အက္စစ္ဓာတ္ ပ်ယ္ေစပါ။ ႂကြက္ႏို႔မဟုတ္တဲ့ေနရာ မထိေစရ။ ၆-၁၀ ပတ္အၾကာ ၈၈% ေပ်ာက္တယ္။ ဒီအက္စစ္ေတြက ေလာင္ေစတဲ့ ေဆးမ်ိဳးျဖစ္တယ္။
ေနရာတစ္ခုခ်င္း
Vaginal Warts (ဗဂ်ိဳင္းနား) ႂကြက္ႏို႔ကို Liquid nitrogen နဲ႔ Cryotherapy လုပ္ရတယ္။ Cryoprobe မသုံးသင့္ပါ။ ေနာက္တနည္း TCA or BCA 80%-90% ပါးပါးေလး လိမ္းႏိုင္တယ္။ ေျခာက္ေသြ႕ပါေစ။ ေဆးမ်ားသြားရင္ Sodium bicarbonate, Liquid soap နဲ႔ ေဆးပါ။ တပတ္ တခါ။
Urethral Meatus Warts ဆီးသြားေပါက္ႂကြက္ႏို႔ကို Cryotherapy with liquid nitrogen နည္း၊ ဒါမွမဟုတ္ Podophyllin 10%-25% in compound tincture of Benzoin သုံးပါ။ ေဆးမလိမ္းခင္ ေနရာကို ေျခာက္ေသြ႕ေနပါေစ။ တပတ္ တခါ။
Anal Warts စအိုႂကြက္ႏို႔ကို Cryotherapy with liquid nitrogen သုံးပါ။ ဒါမွမဟုတ္ TCA or BCA 80%-90% ပါးပါးေလးသုံးပါ။ ေျခာက္သြားပါေစ။ မ်ားတာကို talc, sodium bicarbonate, or liquid soap နဲ႔ ဓာတ္ပ်ယ္ေစႏိုင္တယ္။ ဒါမွမဟုတ္ Surgical removal ခြဲစိတ္ကုသပါ။ Intraanal warts စအိုထဲႂကြက္ႏို႔ အထူးကုနဲ႔ ကုသပါ။
ခြဲစိတ္ကုသနည္း
ႂကြက္ႏို႔ႀကီးတာမ်ိဳး မ်ားတာမ်ိဳးအတြက္ ထုံေဆးေပးၿပီး Electrocautery လွ်ပ္စစ္နဲ႔ လုပ္ႏိုင္တယ္။ Excision ခြဲစိတ္ဓားနဲ႔ ျဖတ္ထုတ္ႏိုင္တယ္။ ၂၅%-၅၅% ေပ်ာက္ႏိုင္တယ္။ ေသြးထြက္တာကို Chemical styptic (Aluminum chloride solution)သုံးႏိုင္တယ္။ အမ်ားအားျဖင့္ ျပန္မခ်ဳပ္ဘဲထားတယ္။ Cryosurgery ေအးခဲနည္း၊ Electrocauterization လွ်ပ္စစ္နည္း၊ Carbon dioxide laser vaporization ေလဆာနည္းေတြ ရွိေသးတယ္။ ဆီးသြားႁပြန္ထဲျဖစ္တာမွာ တျခားေဆးမတိုးရင္ ေလဆာနည္းနဲ႔ ခြဲစိတ္နည္းလုပ္ရတယ္။
အမ်ိဳးသမီး လိင္လမ္းႂကြက္ႏို႔
Podophyllin ေဆးကေန ႂကြက္ႏို႔(တစ္ရႉး) ေတြကို ဖ်က္ဆီးပစ္မယ္။ အနာေပၚမွာသာ ေဆးလိမ္းရမယ္။ ေဆးလိမ္းၿပီးေနာက္ ၁-၄ နာရီၾကာရင္ ေဆးေၾကာပစ္ႏိုင္မယ္။ တပတ္မွ တခါနဲ႔ ၄-၆ ပတ္ၾကာႏိုင္တယ္။ လိုေသးရင္ ဆက္သုံးပါ။ ေဆးလိမ္းတဲ့ေနရာမွာ အေနရခက္မယ္။ နာမယ္။ အနာသစ္ျဖစ္ႏိုင္တယ္။ ကိုယ္ဝန္ေဆာင္ေနရင္ မသုံးရပါ။Podofilox (Condylox) ေဆးက Podophyllin ေဆးနဲ႔ ဆင္တယ္။ ဂြမ္းစေလးသုံးၿပီး ကိုယ္တိုင္လိမ္းႏိုင္တယ္။ တေန႔ ၂ ႀကိမ္၊ ၃ ရက္ဆက္တိုက္လိမ္းပါ။ ၄ ရက္နားပါ။ ေနာက္အဲဒီအတိုင္ ၄ ခါလည္ေအာင္ လုပ္ႏိုင္တယ္။ ကိုယ္ဝန္ေဆာင္ေနရင္ မသုံးရပါ။ ေဆးလိမ္းတဲ့ေနရာမွာ အေနရခက္မယ္။ နာမယ္။ အနာသစ္ျဖစ္ႏိုင္တယ္။Bichloroacetic acid (BCA) နဲ႔ Trichloroacetic acid (TCA) အက္စစ္ ၂မ်ိဳးေဆးကေနလဲ ႂကြက္ႏို႔တစ္ရႉးေတြကို ဖ်က္ဆီးပစ္မယ္။ ဆရာဝန္-ဆရာမကေန ထည့္ႏိုင္ရင္ ေကာင္းတယ္။ တပတ္ တခါသာ ထည့္ရတယ္။ ၄-၆ ခါ ၾကာႏိုင္တယ္။ ေဆးထည့္ရာေနရာမွာ ပူေလာင္တာနာတာရွိမယ္။ ကိုယ္ဝန္ရွိလဲ သုံးႏိုင္တယ္။Imiquimod (Aldara) (ခရင္မ္) ျဖစ္တယ္။ ခုခံအားကို သက္ေရာက္ေစတယ္။ ညအခ်ိန္ အနာေပၚလိမ္းရတယ္။ ၆-၁၀ နာရီၾကာရင္ ေဆးပစ္ပါ။ တပတ္မွာ ၃ ရက္၊ ၁၆ ပတ္အထိ လိမ္းႏိုင္တယ္။ ကိုယ္ဝန္ရွိခ်ိန္ မသုံးရပါ။Interferon (အင္တာဖ႐ြန္) ေဆးကိုလဲသုံးတယ္။ ခုခံအားေဆးအမ်ိဳးအစား ျဖစ္တယ္။ ထိုးေဆးနဲ႔ လိမ္းေဆးရွိတယ္။ ႂကြက္ႏို႔ေနရာမွာ ထိုးတာက ပိုထိေရာက္တယ္။ ေဘးထြက္ဆိုးက်ိဳးက တုပ္ေကြးလို ခံစားရမယ္။ တျခားေဆးနည္းေတြနဲ႔ မရမွသာသုံးပါ။ ေဆးနည္းနဲ႔ ခြဲစိတ္နည္းတို႔နဲ႔ တြဲသုံးတယ္။ ကိုယ္ဝန္ေဆာင္ေနစဥ္ မသုံးရပါ။Sinecatechins (Veregen) သစ္ပင္ကထြက္တဲ့ေဆး ကိုယ္တိုင္သုံးႏိုင္တယ္။ တေန႔ ၃ ႀကိမ္၊ ၁၆ ပတ္ၾကာႏိုင္တယ္။ ဗဂ်ိဳင္းနာ၊ စအိုေနရာမွာလဲ သုံးႏိုင္တယ္။ HIV ရွိသူ၊ ေရယုန္ရွိေနသူေတြလဲ သုံးႏိုင္တယ္။ အတူမေနခင္ ေဆးေၾကာပစ္ရမယ္။ ကြန္ဒုံးကို အားနည္းေစႏိုင္တယ္။ ေဆးထိရာမွာ နီရဲၿပီး ယားမယ္။ ပူေလာင္မယ္။အမ်ိဳးသမီးေတြမွာလိင္လမ္း-ႂကြက္ႏို႔ရွိေနေပမဲ့ ကေလးမရတာ မျဖစ္ေစပါ။ ကိုယ္ဝန္ကိုလဲ မထိခိုက္ပါ။ ကိုယ္ဝန္ေဆာင္ေနတုံးျဖစ္တဲ့ လိင္လမ္းႂကြက္ႏို႔အတြက္ Imiquimod, Sinecatechins, Podophyllin နဲ႔ Podofilox ေတြကို မသုံးပါနဲ႔။ ခြဲစိတ္တာ လုပ္ခ်င္လုပ္ႏိုင္တယ္။ အတြဲတခုမွာ တေယာက္မယ္ ေရာဂါရေန၊ ျပေနရင္ က်န္တေယာက္မွာလဲ ဘာမွမျပေပမဲ့ ပိုးရွိေနၿပီ ဒါေပမဲ့ တေယာက္မွာ အဲလိုေတြ႕တိုင္း ေဖာက္ျပန္သူဆိုၿပီး စြပ္စြဲလို႔လဲ မရျပန္ပါ။ HIV ရွိေနသူ လိင္လမ္းႂကြက္ႏို႔ အျဖစ္မ်ားတယ္။ ေဆးကုရလဲ ခက္တယ္။ Squamous Cell Carcinoma in Situ ကင္ဆာကနဦးျဖစ္ေနသူ အထူးကုနဲ႔ ကုသပါ။ Cervical Warts သားအိမ္ဝႂကြက္ႏို႔ကို Biopsy evalution လုပ္ရမယ္။ အထူးကုသမႈ လုပ္ရမယ္။
တေယာက္မွာ လိင္လမ္းႂကြက္ႏို႔ရွိေနရင္ သူ႔အေဖာ္(မိန္းမ-ေယာက္်ား) ကိုလဲ ေဆးစစ္ရမယ္။ အမ်ိဳးသမီးမွာ ျဖစ္ေနတာဆိုရင္ Pap smears သားအိမ္ဝ-ကင္ဆာ ရွိ-မရွိ စစ္ေဆးတာကို အနည္းဆုံး ၁ ႏွစ္လုပ္သင့္တယ္။ တကယ္လို႔ ႂကြက္ႏို႔က သားအိမ္ဝမွာ ျဖစ္ေနသူဆိုရင္ ၃-၆ လ တခါ လုပ္ရမယ္။ (ကြန္ဒုံး) က HIV အတြက္ သာမက လိင္အဂၤါႂကြက္ႏို႔နဲ႔ သားအိမ္အဝ-ကင္ဆာတို႔အတြက္ပါ ကာကြယ္ရာက်တယ္။ ဒါေပမဲ့ ႂကြက္ႏို႔ေပါက္ရာ ေနရာကို (ကြန္ဒုံး)က ဖုံးမထားႏိုင္ရင္ ႂကြက္ႏို႔မွန္သမွ်ကို ကာကြယ္မႈမေပးႏိုင္ပါ။ လိင္ဆက္ဆံတဲ့အေဖာ္ဆိုတာ သတ္သတ္မွတ္မွတ္ရွိသင့္တယ္။ ကိုယ့္အေဖာ္၊ ဇနီး၊ ခင္ပြန္းကို သစၥာရွိပါေလ။
လိင္လမ္းႂကြက္ႏို႔ ကာကြယ္ေရး
လိင္လမ္းမွာ ႂကြက္ႏို႔ရွိေနသူနဲ႔ လိင္ဆက္ဆံမႈ ေရွာင္ရင္ ကူးစက္တာ မျဖစ္ေစပါ။ (ကြန္ဒုံး)က ႂကြက္ႏို႔ကို မဖုံးႏိုင္ရင္လဲ ကာကြယ္မႈမေပးပါ။ တေယာက္ကိုတေယာက္ ႐ိုးသားပါ။ Vulva HPV မိန္းမကိုယ္မွာရွိတာကို စမ္းသပ္နည္းမရွိပါ။ Cervix HPV သားအိမ္ဝ(ေခါင္း)မွာရွိတာကိုေတာ့ စမ္းလို႔ရတယ္။
HPV vaccine ကာကြယ္ေဆး Gardasil နဲ႔ Cervarix 2 မ်ိဳးရွိေနၿပီ။ Cervarix က 70% of cervical cancers ျဖစ္ေစတဲ့ (types 16 and 18) ကို ကာကြယ္မယ္။ Gardasil ကာကြယ္ေဆးက 90% of genital warts ျဖစ္ေစတဲ့ (types 6 and 11) ကိုကာကြယ္မယ္။ လိင္မဆက္ဆံမီအ႐ြယ္မွာ ထိုးႏိုင္တာေကာင္းတယ္။ ေယာက်္ားေတြအတြက္ (Gardasil) ဟာ လိင္အဂၤါႂကြက္ႏို႔ကို ကာကြယ္တယ္။ ေယာက်္ားေလး၊ မိန္းကေလး ၉ ႏွစ္သမီးကေန ၂၆ ႏွစ္သမီးအထိ ထိုးေပးသင့္တယ္။ ႂကြက္ႏို႔ေပါက္ေနသူ ထိုးဖို႔မလိုပါ။ HPV ေၾကာင့္ျဖစ္တဲ့ လိင္လမ္း-ႂကြက္ႏို႔ျဖစ္မွာကို ကာကြယ္ႏိုင္တယ္။ Gardasil ေဆးကို ၆ လအတြင္းမွာ ၃ ခါထိုးရတယ္။ ေဘးထြက္ဆိုးက်ိဳး ဆိုးဝါးတာမရွိပါ။
Author: Dr.တင့္ေဆြ, Healthcare Journal, vol 8,no 20 ( 14.7.17)

No comments:

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts