Saturday, January 7, 2023
ခွေးကိုက်ခံရလျှင်
၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။
၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေးထိုးပါ။ ၄၈နာရီထက် နောက်ကျပြီးထိုးရင် ဆေးထိုးခြင်း မထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေးတစ်လုံးထိုးပါ။(တစ်ကြိမ်)
၃ ။ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တစ်လုံးထပ်ထိုးပါ။(၂ကြိမ်)
၄။ ကိုက်ခံရတဲ့နေ့မှ ၇ရက်ကြာရင် တစ်လုံးထပ်ထိုးပါ။(၃ကြိမ်)
၅။ ကိုက်ခံရတဲ့နေ့မှ ၁၄ရက်ကြာ တစ်လုံးထပ်ထိုးပါ။(၄ကြိမ်)
၆။ ကိုက်ခံရတဲ့နေ့မှ ၂၈ရက်ကြာ တစ်လုံးထပ်ထိုးပါ။( ၅ကြိမ်)ထိုးရပါမယ်။
၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
***ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်။]
'ခွေးရူး'
======
ခွေးရူး ၂မျိုး ရှိပါသည်။
၁...။ ကြမ်းတမ်းသော ခွေးရူး
••••••••••••••••••••••
လက္ခဏာများမှာ...
ခွေး၏အနေအထိုင် ပြောင်းလာခြင်း
အကြောင်းမဲ့ ပြေးလွှားနေခြင်း
တစ်နေကုန် ဟောင်နေတတ်ခြင်း
တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း
အစာ သိပ်မစားတော့ခြင်း
ရန်လိုနေခြင်း
ပြောစကား နားမထောင်ခြင်း
ခွေးကောင်းများက ခွေးရူးနောက်မှ လိုက်ဟောင်တတ်ခြင်း
ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေတတ်ခြင်း
၂...။ လေဖြတ် / အကြောခွေးရူး
•••••••••••••••••••••
လက္ခဏာများမှာ.....
ကြွက်သားများ လေဖြတ်ခြင်းကြောင့်
ယိုင်တိယိုင်တိုင် သွားနေခြင်း
အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း
တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း
စသည်တို့သည် ခွေးရူးလက္ခဏာများဖြစ်ပါသည်။
*ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?
သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါသည်။
ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။
*ခွေးကိုက်ပြီး ဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ ?
ခွေးကိုက်ခံရတိုင်း ခွေးရူးကာကွယ်ဆေး ချက်ချင်းထိုးသင့်ပါသည်။
စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။
တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။ ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။
*ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?
ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...
တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး
မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ တိမွေးကုဆရာ၀န်များ ခွေးရူးရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူများ စသည်တို့ဖြစ်ကြပါသည်။
ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။
ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။
ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။
တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကပဲ အဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။ထို့အပြင် မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။
ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါက ပျောက်ကင်းအောင် ကုသရန် ခဲယဉ်းပါသည်။
လူနာသက်သာစေရန် နာကျင်မှုများ သက်သာစေရန် ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။
ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက် ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။
အိမ်မွေးတိရစ ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်း ခွေးရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန်များကို ထိန်းသိမ်းထားခြင်း အခြားနေရာမှ သွင်းလာသော တိရစ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း အကိုက်မခံရအောင် ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ် နိုင်ပါသည်။
ထို့ပြင် တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။
ကလမိုင်းဒီယားလို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ
ကလမိုင်းဒီယားလို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ (Z-Waka)
ကလမိုင်းဒီးယား(Chlamydia trachomatis) ဟာ အတွေ့များတဲ့ လိင်မှတဆင့် ကူးစက်စေတတ်သော ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ တချို့တွေက ရောဂါကူးစက်နေမှန်း တောင်မသိကြပါဘူး။ ဘာလို့လဲဆိုတော့ ကလမိုင်းဒီယားရောဂါကူးစက်ခံထားရပေမယ့် သူတို့မှာ လိင်အင်္ဂါနာကျဉ်ခြင်း၊ လိင်အင်္ဂါထိပ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းစတဲ့ ရောဂါလက္ခဏာတွေမခံးစားကြရလို့ဘဲဖြစ်ပါတယ်။
ကလမိုင်းဒီယားရောဂါဟာ အသက်ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များကြပါတယ်။ ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလမိုင်းဒီယား ဖြစ်လာပြီဆို ဆေးကုသရတာမခက်ပါဘူး။ ဒါပေမယ့် ဆေးကုသမှုမခံယူခဲ့ရင် ကလမိုင်းဒီယားရောဂါဟာ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်။
ဘယ်လိုလူတွေမှာ ရောဂါကူးစက်နိုင်ချေပိုများသလဲ? ⚠️
အပျော်အပါးလိုက်စားလေ့ရှိတဲ့ အသက် ၂၅ နှစ်အောက်လူငယ်တွေ၊ လိင်ဆက်ဆံဖော်များတဲ့သူတွေ၊
လိင်ဆက်ဆံရာတွင် ကွန်ဒုံးမသုံးတဲ့သူတွေ၊ အရင်က လိင်မှတဆင့်ကူးတတ်တဲ့ရောဂါခံစားဖူးတဲ့သူတွေ။
ရောဂါလက္ခဏာများ ‼️
ကလမိုင်းဒီယား ရောဂါဖြစ်ကာစမှာ ရောဂါလက္ခဏာအနည်းငယ်ပဲပြတတ်ပါတယ်။ တချို့ဆို ရောဂါလက္ခဏာတောင်မပြကြပါဘူး။
သူရဲ့ရောဂါလက္ခဏာတွေကတော့…
- ဆီးသွားရာတွင် နာကျဉ်ခြင်း၊
- မိန်းမကိုယ်မှ အနံ့မကောင်းသော ဝါပျစ်ပျစ်အရည်များဆင်းခြင်း၊
- လိင်တံထိပ်မှ ညစ်ညစ်အရည်များစိမ့်ထွက်လာခြင်း၊
- အမျိုးသမီးများလိင်ဆက်ဆံတဲ့အခါနာကျဉ်ခြင်း၊
- အမျိုးသမီးများလိင်ဆက်ဆံပြီးနောက် သွေးဆင်းလာခြင်း၊
- ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊
- ဝှေးစေ့နာခြင်း။
စအိုမှာ ကူးစက်ခံရရင် စအိုဝမှနာကျဉ်ခြင်း၊ သွေးထွက်ခြင်း၊ အရည်များထွက်ခြင်း စသည်ရောဂါလက္ခဏာများ တွေ့ကြုံရပါတယ်။
ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲထွက်လာတဲ့ အရည်များကို ထိတွေ့ထားသည့်လက်ဖြင့် မတော်တဆမျက်လုံးကိုပွတ်မိတာတို့၊ ထိမိတာတို့ ပြုမိပါက ကလမိုင်းဒီယားရောဂါပိုးဟာ မျက်လုံးထဲဝင်ပြီး မျက်လုံးတွင် ရောဂါဖြစ်စေပါတယ်။
ရောဂါပိုးကူးစက်ခံထားရတဲ့ကိုယ်ဝန်ဆောင်မိခင်၏မွေးလမ်းကြောင်းမှ ထွက်လာသောအရည်များဟာ ကလေးမွေးဖွားနေစဉ်အတွင်း ကလေးမျက်လုံးသို့ဝင်နိုင်ပြီး ကလေးရဲ့မျက်လုံးကို ရောဂါကူးစက်စေပါတယ်။
ဘယ်အချိန်ဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးရမလဲ?
မိန်းမကိုယ်၊ လိင်တံ၊ စအိုမှ ပုံမှန်မဟုတ်သော အရည်များဆင်းလာသောအခါ၊ ဆီးသွားရတဲ့အခါနာကျဉ်သောအခါ ဆရာဝန်ဖြင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်ရဲ့လိင်ဆက်ဆံဖော်မှာ ကလမိုင်းဒီယား ရောဂါရှိနေပြီဟုသိထားပါကလည်း ဆရာဝန်ဖြင့်တွေ့ဆုံပြီး ဆေးကုသမှုခံယူသင့်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ?
လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးပါ။
လိင်ဆက်ဆံဖော် လျှော့ချပါ။ အပျော်အပါးလိုက်စားတာ ရှောင်ကြဉ်ပါ။
သင်ဟာ အပျော်အပါးလိုက်စားမိသူတယောက်ဆိုရင် ရောဂါပိုးကူးစက်ခံထားခြင်းရှိ၊မရှိ ပုံမှန်ဆေးစစ်ပေးပါ။
ဇာနည်ထွန်း (ဆေး-၂)
https://m.facebook.com/story.php?story_fbid=554426230063794&id=100064892642412&mibextid=Nif5oz
Wednesday, August 10, 2022
သွေးတွင်း Cholesterol ကျဆင်းရန် အကြံပြုချက် (၁၇) ချက်
သွေးတွင်း Cholesterol ကျဆင်းရန် အကြံပြုချက် (၁၇) ချက်
************************************
သင့်တွင် သွေးတွင်းကိုလက်စထရောအဆီများနေပါက သင်၏ အစားအသောက်နှင့် လူနေမှုပုံစံကို ပြောင်းလဲခြင်းအားဖြင့် နှလုံးရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ပါသည်။ အကယ်၍ သင်၏ဆရာဝန်က ကိုလက်စထရောကျစေသောဆေးကို ပေးထားစေကာမူ သင်သည် အစားအသောက်နှင့် လူနေမှုပုံစံကို ပြောင်းလဲဖို့ လိုနေသေးပါသည်။ အောက်ပါအကြံပြုချက်များသည် သင်၏သွေးတွင်းရှိ ကိုလက်စထရော ပမာဏကို ကျဆင်းစေရန် များစွာအထောက်အကူပြုနိုင်ပါသည်။
၁။ ကောင်းသောကိုလက်စထရောနှင့် မကောင်းသောကိုလက်စထရော ရွေးချယ်စားသောက်ပါ။
သင်၏ခန္ဓာကိုယ်သည် ပုံမှန် လည်ပတ်ရန်အတွက် အနည်း ငယ်သော ကိုလက်စထရော ပမာဏကို လိုအပ်ပေသည်။ သို့သော် အစားအစာများ အတွင်းမှပြည့်ဝဆီနှင့် ကိုလက် စထရောများကို လျှော့ချရန် လိုအပ်ပါသည်။ ပြည့်ဝဆီနှင့် အစားအသောက်တွင်ပါသော ကိုလက်စထရောသည် မကောင်းသော အဆီ (LDL) ကို တက်စေပါသည်။ LDL ကိုလက်စထရောသည် နှလုံးသွေးကြောထဲတွင် အဆီကို ပွားများစေ၍ နှလုံးသွေးကြောပိတ် ရောဂါကို ဖြစ်စေပါသည်။ ကောင်းသောအဆီ (HDL) သည် ခန္ဓာ ကိုယ်တွင်းရှိ ကိုလက်စထရောများကို အသည်းသို့ ပြန်၍ သယ်ဆောင် သွားပေးခြင်းအားဖြင့် ဖယ်ရှားပစ်ပါသည်။ သို့ဖြစ်၍ အစားအသောက် ကို ရွေးချယ်စားသောက်ပြီး မကောင်းသောအဆီကို ကျစေခြင်း၊ ကောင်းသောအဆီကို တက်စေခြင်းဖြင့် ဂရုစိုက်သင့်ပါသည်။
၂။ အစားအသောက်ကို ချင့်ချိန်၍ မျှမျှတတစားပါ။
ပုံမှန်အားဖြင့် ထမင်းတစ်ပန်းကန်ပြည့်ရုံခန့်သာ အစားအစာကို စားပါ။ ထမင်းပန်းကန်မောက်မောက် (သို့မဟုတ်) ထမင်းနှစ်ပန်းကန်၊ သုံးပန်းကန်စားသုံးခြင်းသည် ကိုယ်အလေးချိန်ကိုတက်စေပြီး ကိုလက် စထရောကိုလည်း မြင့်တက်စေပါသည်။ လက်တွေ့တွင် အောက်ပါ အတိုင်း ကျင့်သုံးပါ။
ပန်းကန်၏ လေးပုံတစ်ပုံသည် ထမင်း သို့မဟုတ် ပါစတာ သို့ မဟုတ် ဂျုံ၊ ကောက်ညှင်းဖြင့် ပြုလုပ် သော အစားအစာဖြစ်သင့်ပြီး ကျန် လေးပုံတစ်ပုံမှာ အသား၊ ငါး၊ ပဲ စသော ပရိုတင်းဓာတ်ပါသော အစား အစာ ဖြစ်သင့်ပါသည်။ ကျန်လေးပုံ တစ်ပုံသည် ဟင်းသီးဟင်းရွက်ဖြစ် သင့်ပြီး ကျန်လေးပုံတစ်ပုံသည် အသီး အနှံ ဖြစ်သင့်ပါသည်။
၃။ ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။
တစ်နေ့လျှင် စားနေကျအသီးအနှံနှင့် ဟင်းသီးဟင်းရွက် ၅ ခွက် စာမှ ၉ ခွက်စာ (5 to 9 servings) ကို စားသုံးပါ။ အသီးအနှံ တစ်ခွက်စာ (one serving) စားခြင်း တစ်ခုမှာ သင်၏လက်သီးလုံးခန့်အကြမ်း ဖျင်းအားဖြင့်ရှိပါသည်။ ချက်ပြုတ်ပြီး သား ဟင်းသီးဟင်းရွက် တစ်ခွက်စာ (one serving) စားခြင်းဆိုသည်မှာ သင်၏လက်ခုပ်ထဲတွင်ပါသော ပမာဏ ကို အကြမ်းဖျင်းဆိုလိုပါသည်။ ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများကို များများ စားခြင်းအားဖြင့် မကောင်းသောအဆီ (LDL) ကို ကျစေသည့်အပြင် ၄င်းတို့ထဲ တွင် Antioxidants အများအပြား ပါ၀င်သဖြင့် ခန္ဓာကိုယ်အတွက် အထူးကျေးဇူးရှိပါသည်။ ထို့အပြင် အသီးအနှံများများစားခြင်းသည် အဆီများကို လျှော့ချသကဲ့သို့ ဖြစ် ပါသည်။ ထို့အပြင် သွေးပေါင်ချိန်ကိုလည်းကျစေပြီး ကိုယ်အလေးချိန် ကိုလည်း ထိန်းသိမ်းပေးပါသည်။ ထို့အပြင် Plant sterol များပါသော အစားအစာများ၊ ဥပမာ - အချို၊ မာဂျရင်း၊ ဒိန်ချဉ်နှင့် အလားတူ အစားအသောက်များသည် မကောင်းသောအဆီ (LDL cholesterol) ကို ကျဆင်းစေပါသည်။
၄။ နှလုံးကျန်းမာစေရန် ပင်လယ်စာ စားပါ။
ငါးကို တစ်ပတ်နှစ်ကြိမ်စားပါ။ ငါးသည် ပြည့်ဝဆီနည်းပါးပြီး omega-3 fatty acid အများအပြားပါ၀င်သောကြောင့် ဖြစ်သည်။ Triglyceride ကို ကျဆင်းစေပြီး ကိုလက်စထရောကိုလည်း ကျ ဆင်းစေသည့်အတွက် နှလုံးသွေး ကြောပိတ်ခြင်းကိုလည်း တားဆီး စေပါသည်။ အဆီများသောငါး salmon ငါး၊ တူနာငါး၊ ငါး သေတ္တာငါးများကို ပိုမိုစားသုံးပါ။ သို့သော် ကြော်ပြီးမစားပါနှင့်။ ကျန်းမာစေသော အကျိုးကျေးဇူး များကို ဖျက်ဆီးပစ်သလို ဖြစ်သွား နိုင်ပါသည်။
၅။ ဂျုံကြမ်း၊ ဆန်ကြမ်း၊ အုတ်ဂျုံများကို ပိုမိုစားသုံးပါ။
ဂျုံကြမ်း၊ ဆန်ကြမ်းများတွင်ပါသော အမျှင်ဓာတ်နှင့် ကာဗိုဟိုက် ဒရိတ်ဓာတ်အစုံပါ၀င်သော အစားအစာသည် အဆာခံစေပြီး ပိုမို မစားသုံးမိရန် ကာကွယ်ပေး သလိုဖြစ်စေသည်။ မကောင်း သောအဆီ (LDL) ကိုလည်း ကျဆင်းစေသည့်အတွက် အလွန်အကျိုးရှိပါသည်။ ကိုယ်အလေးချိန်ကိုလည်း သွယ်ဝိုက်၍ ကျဆင်းစေပါ သည်။ ၄င်းအစားအစာများ မှာ ဆန်ကြမ်း၊ ဆန်လုံးညို၊ ပေါက်ပေါက်ဆုပ်၊ ဘာလီ၊ ဂျုံကြမ်းနှင့် ပြုလုပ်သော အစားအစာများ (ဥပမာ - ပေါင်မုန့်ညို နှင့် ကွေကာအုပ်) ဖြစ်ကြပါသည်။
၆။ အခွံမာသီး (Nuts) များကို များများစားပါ။
အကယ်၍ အဆာပြေစားသုံးလိုပါက လတ်လတ်ဆတ်ဆတ် အခွံမာသီးများသည် အာသာပြေစေ၍ ကိုလက်စထရော ကျစေနိုင်ပါ သည်။ အခွံမာသီးများသည် ဧကမပြည့်ဝဆီ (Monounsaturated fat) များဖြင့် ပြည့်ဝနေပြီး မကောင်းသောအဆီ (LDL) ကို ကျဆင်းစေ သည့် အပြင် ကောင်း သော အဆီ(HDL)ကို မကျဆင်းစေရန်ကာကွယ် ပေးပါသည်။ နေ့စဉ် စားသုံးပါက နှလုံးရောဂါ ဖြစ်နှုန်းကို ကျဆင်းစေ နိုင်သည်ဟုသိရှိရသည်။ ၄င်းတို့သည် အဆီနှင့် ကယ်လိုရီများသည့်အတွက် တစ်နေ့လျှင် လက်တစ်ဆုပ်ခန့်သာ စားသုံး ပါ။ သကြား သို့မဟုတ် ချောကလက်ဖုံးအုပ်ထားသော အခွံမာသီးများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အခွံမာသီးများမှာ သစ်အယ်သီး၊ မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ဗာဒံစေ့၊ pistachios နှင့် Almonds သီး တို့ ဖြစ်ကြပါသည်။
ရ။ မပြည့်ဝဆီများသည် နှလုံးကို ကာကွယ်နိုင်သည်။
ကျွန်ုပ်တို့သည် တစ်နေ့လျှင် လိုအပ်သောကယ်လိုရီပမာဏ၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို အဆီစားသုံးခြင်းမှ ရရှိသင့်သည်။ သို့သော် အဆီအမျိုးအစားအပေါ် မူတည်ပါသည်။ မပြည့်ဝသော အဆီများမှာ မုန်ညင်းဆီ၊ သံလွင်ဆီနှင့် နေကြာဆီတို့သည် မကောင်း သောအဆီ (LDL) ကို ကျဆင်းစေရုံသာမက ကောင်းသောအဆီ (HDL) ကို မြင့်တက်စေသည်။ ပြည့်ဝဆီများဖြစ်သည့် ထောပတ် နှင့် စားအုန်းဆီများသည် မကောင်းသောအဆီ (LDL) ကို မြင့်တက်စေသည်။ကောင်းသော အဆီများသည် ကယ်လိုရီများကို တန်းတူပေးနိုင်သည့်အတွက် အဆီမှန်သမျှကို သင့်တင့်ရုံသာ စားသုံးပါ။
၈။ ပဲများများစား၍ ထမင်းနည်းနည်းစားပါ။
လူတို့သည် ကာဗွန်ဟိုက်ဒရိတ်ဓာတ်ကို တစ်နေ့တာလှုပ်ရှားမှု အတွက် စွမ်းအားအဖြစ် လိုအပ်ပါသည်။ ဆန်ကြမ်း၊ ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော အစားအစာများ တွင် လည်းကောင်း၊ ပဲများတွင် လည်းကောင်း အမျှင်ဓာတ် (fibre) ပေါများစွာပါ၀င်သည့် အတွက် သွေးသကြားဓာတ်ကို အနည်းငယ်သာတက်စေပါသည်။ ၄င်းသည် ကိုလက်စထရောကို ကျစေပြီး အဆာပိုခံစေပါသည်။ အဖြူရောင်ပေါင်မုန့်၊ အာလူး၊ အဖြူရောင်ဆန်နှင့် လုပ်သောမုန့်များသည် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ အများအပြားတက်စေသည့်အတွက် မြန်မြန်ဆန်ဆန်ဆာပြီး များများစားချင်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်စေပါသည်။
၉။ သွက်လက်လှုပ်ရှားအားကစား လုပ်ပါ။
တစ်နေ့လျှင် နာရီဝက်ခန့်၊ တစ်ပတ်ကို ၅ ရက်ခန့် လေ့ကျင့်ခန်း လုပ်ပါ။ ပြင်းထန်သောလှုပ်ရှားမှု၊ ဥပမာ - အမြန်လမ်းလျှောက်ခြင်းကို တစ်နေ့ မိနစ် ၂၀၊ တစ်ပတ် ၃ ရက်ခန့်သာ ပြုလုပ်လျှင် လုံလောက်ပါ သည်။ ၄င်းတို့သည် မကောင်းသောအဆီ (LDL) ကို ကျဆင်းစေပြီး ကောင်းသော အဆီ (HDL) ကို မြင့်တက်စေပါသည်။ ကိုယ်လက် လေ့ကျင့်ခန်းကို ၄င်းထက် ပို၍ လုပ်နိုင်လျှင် ပို၍ကောင်းမည် ဖြစ်ပါသည်။ ကိုယ်လက်လေ့ကျင့် ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ပုံမှန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင် ပြီး နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်ပါသည်။ အကယ်၍ မိနစ် ၃၀ ခန့် ဆက်တိုက်မလှုပ်ရှားနိုင်လျှင် ၁၀ မိနစ်စီခွဲ၍ ပြုလုပ်နိုင် ပါသည်။
၁၀။ လမ်းလျှောက်ပါလေ။
အကယ်၍ သင်သည် ပြင်းထန်သောလှုပ်ရှားမှုကို မလုပ်ချင်လျှင် သို့မဟုတ် အားကစားခန်းမ (Gym) သို့သွားရန် ရွံမုန်းနေပါလျှင် လမ်းလျှောက်ခြင်းသာ ပြုလုပ်လိုက်ပါ။ ပို၍ကျန်းမာသန်စွမ်းစေ၍ လမ်းလျှောက်ခြင်းသည် သင့်ကျန်းမာရေးအတွက် ကောင်းသော ဖိနပ် တစ်စုံသာ ဖြစ်ပါသည်၊၊ ဒါမှမဟုတ် Aerobic Exercise ပြုလုပ် လျှင်လည်း ရပါသည်။ ၄င်းတို့သည် လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ကို လျော့နည်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေ၍ အရိုးကိုလည်း သန်မာစေသည်။ အကယ်၍ အခုမှစ လမ်းလျှောက်ရန် စဉ်းစားထားလျှင် အစဦးဆုံး ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ပြီး နောက်မှ တဖြည်းဖြည်းတိုး၍ လမ်းလျှောက်ပါ။
၁၁။ လုပ်ငန်းခွင်နှင့် အိမ်တွင် ပိုမိုလှုပ်ရှားပါ။
အကယ်၍ သင်သည် Gym လည်း မသွားလို၊ အမြန် လမ်း လျှောက်ခြင်းနှင့် ရိုးရိုးလမ်းလျှောက် ခြင်းလည်း မလုပ်လိုလျှင် သို့ မဟုတ် ပြုလုပ်ရန် အချိန်မရှိပါလျှင် နောက်တစ်နည်းရှိပါသည်။ ၄င်းမှာ သင်၏ နေ့စဉ်လှုပ်ရှားမှုကို သင်၏ တစ်နေ့တာ လုပ်ငန်းခွင်တွင် ထည့်သွင်းလိုက်ပါ။ ဥပမာ ပန်းပင်စိုက်ခြင်း၊ ကခြင်း၊ ဓာတ်လှေကား မစီးဘဲ လှေကားဖြင့် အပေါ်တက် - အောက်ဆင်း ပြုလုပ်ခြင်း၊ အိမ်မှု ကိစ္စများတွင်လည်း လျင်မြန်စွာ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ ပေါ့ပေါ့ပါးပါးဖုန်ခါခြင်းကို လေ့ကျင့်ခန်းပြုလုပ် သည်ဟု မမှတ်ယူပါနှင့်။
၁၂။ သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ဂရုစိုက်ပါ။
သင့်တွင် သွေးတွင်း ကိုလက် စထရောဓာတ် များနေပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်၍ နည်းလမ်း ပေါင်းစုံဖြင့် ကိုလက်စထရောကို ကျဆင်းစေရန် ပြုလုပ်ပါ။ အစား အသောက်ကို ထိန်းပါ။ ကိုယ် အလေး ချိန်ကို လျှော့ချပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ ဆေးမှန်မှန်သောက်ပါ။
၁၃။ ပြင်ပဆိုင်တွင် သတိထားဆင်ခြင်၍ စားသောက်ပါ။
စားသောက်ဆိုင်များတွင် ချက်ပြုတ်ကြော်လှော်သော အစား အသောက်များတွင် ပြည့်ဝဆီများ၊ ကယ်လိုရီများနှင့် ဆိုဒီယမ်များ လွန်ကျွံစွာ ပါတတ်ပါသည်။ စားသောက်ရာတွင် ကြော်သော အစား အစာများကိုရှောင်ပြီး ပြုတ်သော၊ ပေါင်းသော၊ ချက်သော အစားအစာ များကိုသာမှာ၍ စားသောက်ပါ။ တို့စရာများကို နည်းနည်းချင်းသာ စားသောက်ပါ။ ဟင်းမှာလျှင်လည်း ပွဲကြီးမမှာဘဲ ပွဲသေးသာမှာပါ။
၁၄။ လှည့်ကွက်ကလေးများကို သတိထားပါ။
အစားအသောက်များ၏ အထုပ်အပိုးတွင်ပါသော အာဟာရ တန်ဖိုးများကို ဖတ်ရှုရာတွင် သေချာစွာဖတ်ရှုပါ။ အာဟာရတန်ဖိုး များသည် တစ်ခွက်စာတွင်ပါ၀င်သော အာဟာရတန်ဖိုး ဟုတ်၊ မဟုတ် စစ်ဆေးပါ။ အချို့သော အာဟာရတန်ဖိုးများသည် နှစ်ခွက်စာတွင် ပါ၀င်သော အာဟာရတန်ဖိုးများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ဒုတိယအချက် whole grain ဆိုသော စကားလုံးပါသည်ကို ဟုတ်၊ မဟုတ် သေချာစွာကြည့်ပါ။ တတိယအချက်အနေဖြင့် 'zero cholesterol' ဟု ဖော်ပြထားသော်လည်း မကောင်းသော ကိုလက် စထရော (LDL) ကို မြင့်တက်စေနိုင်ပါသည်။ အကြောင်းမှာ ပြည့်၀ သောအဆီများကို ပါ၊ မပါ စစ်ဆေးကြည့်ပါက သိရှိနိုင်ပါသည်။
၁၅။ စိတ်ဖိစီးမှုကို လျှော့ပါ။
များသောအားဖြင့် စိတ်ဖိစီးမှု ရှိလျှင် သွေးတိုးရောဂါဖြစ်နိုင်သည်။ ၄င်းမှတစ်ဆင့် နှလုံးသွေးကြောပိတ် ရောဂါကို ဖြစ်စေနိုင်ပါသည်။ ထို့ အပြင် စိတ်ဖိစီးမှုကလည်း ကိုလက် စထရောပမာဏကို တက်စေနိုင် သည်ကို လက်ရှိစမ်းသပ်မှုများအရ တွေ့ရှိရပါသည်။ သို့ဖြစ်ရာ စိတ် ဖိစီးမှုပြေလျော့စေသော လေ့ကျင့်ခန်းများ၊ တရားထိုင်ခြင်းများ၊ Biofeedback များဖြင့် လျှော့ချသင့်သည်။ အလွယ်ကူဆုံးနည်းမှာ အသက်ပြင်းပြင်းရှူသွင်း၍ ပြင်းပြင်းရှူထုတ်သောလေ့ကျင့်ခန်း ဖြစ် ပါသည်။ ၄င်းကို မည်သည့်နေရာတွင်မဆို ပြုလုပ်၍ရပါသည်။
၁၆။ ကိုယ်အလေးချိန်ကို လျှော့ပါ။
၁၇။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
ကိုလက်စထရောကို ထိန်းသိမ်းကာကွယ်ခြင်းသည် တစ်သက်လုံး ပြုစေအပ်သော တစ်သက်တာကိစ္စ ဖြစ်ပါသည်။ သို့ဖြစ်၍ သင်၏ ဆရာဝန်ကို မှန်မှန်တွေ့ပြီး သင်၏ကျန်းမာရေးကို စစ်ဆေးပါ။ သင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အစားအသောက်၊ ဆေးဝါးများကို မှန်မှန်သုံးဆောင်ပြီး လေ့ကျင့်ခန်းများကို မှန်မှန်လုပ်ဆောင်ပါ။ သို့ဖြစ်၍ သင်နှင့် သင်၏ဆရာဝန် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ကိုလက် စထရောကို ကျစေပြီး သင်၏နှလုံးကို အမြဲတမ်း ကျန်းမာသန်စွမ်း နေအောင် လုပ်ဆောင်ပေးနိုင်ပါမည်။
ပါမောက္ခဦးတင်လတ် (နှလုံးအထူးကုဆရာဝန်ကြီး)
DrZiwakmagazine
Sunday, May 30, 2021
stressတွေကို ဖြေလျော့နိုင်မယ် နည်းလမ်းများ
အခုလိုအချိန်မျိုးမှာ လူတိုင်းမှာ စိတ်ဖိစီးမှု အနည်းနဲ့အများ ရှိတတ်ကြတာချည်းပါပဲ။ စိတ်ပင်ပန်းမှု၊ ဖိစီးမှုတွေ တဖြည်းဖြည်းများလာပြီဆိုရင်တော့ စိတ်ကျန်းမာရေးတင်မကပဲ ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာမို့ စိတ်ဖိစီးမှုတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေဖျောက်ဖို့ လိုအပ်ပါတယ်။
ဒီတခါမှာတော့ မင်မင်တို့ handy care clubကနေ stressတွေကို ဖြေလျော့နိုင်မယ် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်
No 1 - Bake a new recipe 🍛🥗🍱မိမိနှစ်သက်တဲ့ အစားအသောက်တမျိုးမျိုးကို အချိန်ပေးချက်ပြုတ်ပြီး ချစ်ခင်ရတဲ့ မိသားစု မိတ်ဆွေတွေနဲ့ အတူ စားသောက်ရင်း စကားစမြည်ပြောပြီး relaxလုပ်နိုင်ပါတယ်
No 2 - Try your hand at work🎨 လက်မှုပညာရပ်တခုခု (ဥပမာ crochetထိုးတာ ပန်းချီဆွဲတာ) သင်ယူပြီး ကိုယ်ပိုင် art workလေးတွေ ဖန်တီးခြင်းအားဖြင့်လည်း သင့်စိတ်ပင်ပန်းမှုကို လျော့ချလို့ ရပါသေးတယ်
No 3 - Play games🎮, watch movies 🍿and listen to music🎧🎤 သူငယ်ချင်းအပေါင်းအသင်းတွေစုပြီး အိမ်မှာ monopoly gameကစားတာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းတွေနားထောင်ရင်း karaoke ဆိုတာမျိုးလည်း လုပ်လို့ရပါတယ်
No 4 - Gardening 👩🌾 လေကောင်းလေသန့်ရပြီး စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်လေးတစ်ခုကို ကိုယ်တိုင်ဖန်တီးခြင်းအားဖြင့်လည်း စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပါတယ် 🌳 🌸 🌹
No 5 - Meditation 🧘♀️ သင့်စိတ်ကို တည်ငြိမ်စေဖို့ အကောင်းဆုံးနည်းလမ်းလေးလည်း ဖြစ်ပါတယ် relax music applicationလေးတွေလည်း အလွယ်တကူ downloadလုပ်လို့ ရနိုင်တဲ့အတွက် timer ⏱ ပေးပြီး တနေ့ကို ၁၀မိနစ်လောက် meditation 🧘 လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်
မင်မင်တို့ page မှာလည်း နောက်ပိုင်း မှာ crochet ထိုးနည်း ( basic pattern ) တတ်ထားတဲ့ သူတွေ အတွက် လွယ်ကူတဲ့ လက်မှု ပစ္စည်း လုပ်နည်းလေးတွေ ရှယ်ပေးဦးမှာ မို့ page လေး ကို like and follow လေး လုပ်ထားပေးကြပါဦးနော် 😍
https://m.facebook.com/story.php?story_fbid=113856920891276&id=100249882251980
ဆန္ဒပြပွဲ သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ပွဲတွေမှာဒါဏ်ရာရလျှင်အရေးပေါ်ပြုစုနည်း
(ဆန္ဒပြပွဲ သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ပွဲတွေမှာဒါဏ်ရာရလျှင်အရေးပေါ်ပြုစုနည်း..အထူးသဖြင့်သေနတ်ဒါဏ်ရာများ)
ဒါဏ်ရာရလျှင်အရေးတကြီးလုပ်ပေးရမှာကအသက်သေစေနိုင်တဲ့အခြေအနေကိုဦးစားပေးပြီးကုသကယ်တင်ရဖို့ပါ။အမြန်မသေစေပေမဲ့နောင်ဖြစ်လာမည့်အခြေအနေများကိုချက်ခြင်းလုပ်စရာမလိုပါ။
(၁)ဒါဏ်ရာရရင် ဘယ်အစိတ်အပိုင်းဘဲရရသွေးထ့က်လွန်ပြီးသေနိုင်ပါတယ်။ဒါ့ကြောင့်ဒါဏ်ရာကသွေးတိတ်အောင်လုပ်ပါ။
👉🏼 သွေးထွက်နေတဲ့(ဒါဏ်ရာအထဲကို)ပါတ်တီးစORမတတ်နိုင်ရင်သန့်တဲ့လက်ကိုင်ပုဝါ၊ချွေးသုတ်ပုဝါစကိုကျပ်အောင်ထိုးသိပ်ပါ(နာတာသည်းခံ)ပြီးရင်အပေါ်ကအဝတ်စထူထူထပ်အုပ်ပြီးပါတီးကျပ်ကျပ်စည်းပါ။ တအားမကျပ်လွန်းစေရ။ အထဲကိုထိုးမသိပ်ဘဲအပေါ်ရန်အစတင်ပြီးစည်းရင်သွေးမတိတ်ပါ။(ပုံ..၁..)
👉🏼 ခြေ၊လက်တွေကိုလူတ်ိုင်းပါတ်တီးစည်းတတ်မှာပါ။ခေါင်းကိုစည်းနည်း(ပုံ..၂)
👉🏼 ပါတ်တီးမရသေးခင် OR စည်းရခက်တဲ့နေရာ..eg. မျက်နှာဆိုရင်(ဒါဏ်ရာထဲအဝတ်စသိပ်ပြီး၊အပေါ်ကအစအုပ်ပြီးရင်နာနာဖိထားပါ။ဦးခေါင်းပွင့်ဦးဏှောက်ပေါ်နေရင်တော့အထဲထိုးမထည့်ပါနဲ့၊အပေါ်ကဘဲအစအုပ်ပြီးစည်းပါ
(လက်ခြေထိရင်အရင်းကပါတ်တီးတင်းတင်းစည်းတာမကောင်းပါ၊အထက်ပါအတိုင်းသာလုပ်ပါ)
(၂) သွေးထွက်များရင်..သွေးတိတ်ရုံနဲ့မရ၊သွေးသွင်းရမယ်၊သွေးမရခင်'ဆလိုင်းခေါ်တဲ့ဆားရည်(သွေးထွက်များခဲ့ရင်)အမြန်သွင်းရမယ်(ဒါတွေမလုပ်နိုင်တော့ဆေးရုံအမြန်သွားရမယ်)
လောလောဆယ်သွေးပိုမထွက်အောင်လှုတ်ရှားမှု့မလုပ်ပါနဲ့၊အရေးကြီးတဲ့ခေါင်းနဲ့နှလုံးကိုသွေးပိုသွားအောင်(ခြေထောက်ဖက်ကိုအသွားနည်းအောင်)ခြေထောက်ကိုအိပ်နှလုံးဆင့်ပြီးနှလုံးထက်မြင့်အောင်မြှင့်ထားပါ(ပုံ ၄)
(၃) သွေးကအောက်ဆီဂျင်သယ်တာ၊သယ်တဲ့သွေးနဲတော့အောက်ဆီဂျင်ပါထပ်မနဲရအောင်လေကောင်းလေသန့်ရအောင်..အနားမှာလူမအုံပါနဲ့၊ယပ်ခပ်ပေးနိုင်တယ်။
Maskဖယ်ပါ။
(၄)ခြေလက်ထိရင်အရိုးကျိုးသလားကြည့်ပါ၊ဖြေထောက်ပုံပျက်ကွေးကောက်နေရင်၊ခြေထောက်ကိာမလှုတ်နိုင်ရင်၊ဘေးလူကလှုတ်လို့တအားနာရင်ကျိုးတာဖြစ်နိုင်တယ်၊ကျိုးတဲ့နေရာလှုတ်ရင်နာတယ်၊ကျိုးတဲ့အရိုးကထိုးလို့ဘေးကသွေးကြောပိုပေါက်၊အာရုံကြောထိဖြစ်နိုင်လို့မလှုတ်အောင်လုပ်ပါ။
(ပုံ၃)အတိုင်းသစ်သားချောင်းကပ်ပြီးပါတ်တီးစည်းပါ။ကျိုးတဲ့နေရာရဲ့အပေါ်အဆစ်အောက်အဆစ်ပါအောင်ရှည်တဲ့ဝါး/သစ်သားချောင်းတောင့်တောင့်နဲ့ကပ်ပြီးပါတ်တီးစည်းပါ။
ညှပ်ရိုးကျိုးရင်အဲလိုစည်းမရ၊လက်ကောက်ဝတ်ကိုလည်ပင်းမှာပါတ်တီးနဲ့သိုင်းတားပါ။လက်ချောင်းတွေကျိုးရင်ပါတ်တီးဘဲစည်းပါ။
(၅) ရင်ဘတ်သေနတ်ထိရင်ကျည်ဆံပေါက်ထဲကလေဝင်ပြီးအသက်အန်တရယ်ရှိလို့ချက်ခြင်းပလပ်စတာနဲ့ပိတ်orပါတ်တီးတပါတ်လည်စည်းပါ။အဲဒါတွေမရသေးရင်လက်နဲ့ဖိပိတ်ထားပါ။ရင်ဘတ်၊ဗိုက်သေနတ်ထိရင်အပြင်ကစည်းရုံနဲ့သွေးမတိတ်ပါ။အထဲမှာသွေးသိပ်ထွက်ရင်အန်တရယ်ရှိလို့ဆေးရုံအမြန်ပို့ရမယ်ါ။ဗိုက်ဒါဏ်ရာကိုတော့အဝတ်စအုပ်ပြီးပါတ်တီးအသာစည်းထားပါ။သွေးတော့မတိတ်နိုင်။လူနာသွေးမြင်ရင်ပိုကြောက်နိုင်လို့+အထဲကိုအညစ်အပါတ်မဝင်ဖို့။ပြီးရင်ဆေးရုံအမြန်သွးရမယ်၊အမြန်ခွဲဖို့လိုနိုင်တယ်။
(၆) ခေါင်းထိလို့သတိလစ်နေရင်..ပက်လက်ထားရင်လျှာကနောက်ကိုကျORတံတွေးကနောက်ကိုကျအသက်ရှူလမ်းပိတ်ရင်မိနစ်ပိုင်းနဲ့သေနိုင်တယ်ဒါ့ကြောင့်လျှာမပိတ်အောင်တံတွေး၊ေသွွပါးစပ်ကစီးထွက်နိုင်အောင်ခေါင်းကိုဘေးစောင်းပါါလည်ပင်းအဆစ်ဒါဏ်ရာရှိရင်အဲလိုစောင်းရင်အန်တရယ်ရှိလို့ခေါင်းနဲ့ကိုယ်တဖြောင့်ထဲထားပြီးစောင်းပါ၊သစ်တုန်းလှိမ့်သလိုပါ(log roll ခေါ်တယ်)။
သတိရအောင်အတင်းဆွဲခါ၊အတင်းဆွဲထိုင်ခိုင်းမလုပ်ရ၊ရပြီးသားအရုံးအဆစ်ဒါဏ်ရာပိုဆိုးသွားတတ်တယ်။
အပေါ်မှာပြောထားတာတွေကိုအမြန်လုပ်ရမယ်၊တယောက်တခုဝိုင်းလုပ်ပါ။လုပ်နေရင်းလူနာကိုအားပေးပါ။ဒါဏ်ရာမကြီး၊အားမငယ်နဲ့စသဖြင်။ကြောက်ရင်သွေးပေါင်ပိုကျမယ်။
Crd > Sayargyi U Tin Maung Yi
https://www.facebook.com/101710902113175/posts/102991521985113/
Monday, April 12, 2021
သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ
သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ
ဂျိမ်းစဘွန်း ရုပ်ရှင်ထဲကလို သေနတ်ထိ ပေမယ့် အသက်ရှင်တာမျိုး ဖြစ်နိုင်လား......
သေနတ်ထိ ပေမယ့် အသက်ရှင်တာမျိုး ဖြစ်နိုင်လား……
လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မယ့် လူတိုင်းသိတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျိမ်းစ်ဘွန်းရဲ့ ဇာတ်ကားတွေထဲကလိုမျိုး ကျည်ဆန်ထိပေမယ့် မသေတာမျိုး တကယ်ဖြစ်နိုင်လားဆိုတော့….
ရုပ်ရှင်ဆိုတာက ကြည့်လို့ကောင်းအောင် စိတ်ကူး ပုံဖော်ထားပေမယ့် ပြင်ပက ဘဝတွေကို ထင်ဟပ်နေစေတာတွေ အများကြီးပါ။ အပြင်မှာ ကျည်ဆန်ထိမှန်ခဲ့ပေမယ့် အသက်ရှင်တာ တကယ်ကိုရှိတယ်နော်။
ဒါကတော့ မာလာလာလို့ အများက သိထားကြတဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး နိုဗယ်လ်ဆုရှင် Malala Yousafzai ပါပဲ။ သူမဟာ ဦးခေါင်းမှာ ကျည်ဆန် ထိမှန်ခဲ့ပေမယ့် အခုထိတိုင် သက်ရှိထင်ရှား ရှိနေဆဲပါပဲ။ တကယ်ကလည်း ကျည်ဆန်ထိတိုင်း လူသေတယ်တော့ မဟုတ်ပါဘူး။
ကျည်ဆန်က ဖောက်ထွက်သွားတဲ့ ဒဏ်ရာ အမျိုးအစား တစ်မျိုးပါ။ ဒီဒဏ်ရာက တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသဖို့ လိုတယ်ဆိုပေမယ့် ကုသမှု မခံယူနိုင်ခင် စပ်ကြား အချိန်ကာလမှာ သွေးထွက်လွန်တာမျိုး ဖြစ်မယ်ဆိုရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။
ဒါပေမယ့် ဒီဒဏ်ရာကိုလည်း အခြား ပြတ်ရှဒဏ်ရာတွေ နည်းတူ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးလို့ ရပါတယ်။
သေနတ်ထိ မှန်ခဲ့ရင် ရှေးဦးသူနာပြုစုနည်း ဘယ်လို လုပ်ကြတာပါလိမ့်။
တကယ်တော့ မိုးကြိုးပစ်တာကိုတောင် ရှေးဦးသူနာပြုစုနည်းနဲ့ ကယ်ဆယ်လို့ ရနိုင်ပါတယ်။ သေနတ်ထိမှန်တဲ့ အခါမှာလည်း လိုအပ်တဲ့ ရှေးဦးသူနာပြုစုနည်းနဲ့ အထိရောက်ဆုံး ကုသမှုတွေကြောင့် အသက်ရှင်ကြတာပါ။
နာမည်ကြီး ဂျက်ကီချန်း မင်းသားရဲ့ Rush Hour ရုပ်ရှင်ထဲမှာတောင် ရင်ဘတ်ကို ကျည်ဆန် ထိမှန်ပေမယ့် နှလုံးကို မထိခဲ့လို့ဆိုပြီး အသက်ရှင်တာကို သဘောတကျ ကြည့်ခဲ့ဖူးကြတယ်ဟုတ်။
အဲ့ကားထဲမှာ ထိမှန်တဲ့အချိန်မှာ ဆေးရုံကားကို စောင့်နေချိန်မှာ ဒီနည်းလမ်းလေးတွေနဲ့ ပြုစုပေးခဲ့တာပါ။
သွေးတိတ်အောင် လုပ်တယ် – ဒါကတော့ ကျည်ဆန်ထိတဲ့နေရာက သွေးတွေ အရမ်းထွက်နေတယ်ဆိုရင် ဒဏ်ရာကို တင်းတင်းဖိပြီး သွေးတိတ်အောင် လုပ်ရပါမယ်။ လူနာကို တ်နိုင်သမျှ ငြိမ်အောင် ထားထားဖို့လည်း လိုပါမယ်။
လေလုံအောင် ပိတ်ပါ – ကျည်ဆန်က ရင်ဘတ်မှ ထိပေမယ့် အသက်ရှင်တယ်ဆိုတာက ရင်ဘတ် ဒဏ်ရာကနေတဆင့် အဆုတ်ထဲကို လေမဝင်စေဖို့ လက်နဲ့ တင်းတင်းဖိဖိထားတာ ဒါမဟုတ် ပတ်တီးခေါက်၊ ပလပ်စတစ် အိတ်တို့နဲ့ လေလုံအောင် ပိတ်ထားလို့ပါ။ ဒီလို လုပ်ပေးတာက ဒဏ်ရာကနေ လေဝင်တာကြောင့် အဆုတ် ပျက်စီးမှုကို လျှော့နိုင်ချင်လို့ပါ။
CPR မေ့မထားပါနဲ့ – လူနာကို အသက်မရှူတော့ဘူးဆိုရင် နှလုံး နှိုးဖို့ CPR လုပ်ကြပါတယ်။
ဒါတွေအပြင် အနာက သေလောက်အောင် ပြင်းထန်တာမျိုး မဟုတ်ရင် ကိုယ်တိုင် အနာကို သန့်စင်ပေးတာမျိုးကိုလည်း မြင်ဖူးမှာပါ။
အနာကို ရေသန့်သန့်နဲ့ ဆေးချတာ၊ အရက်ပြန်လောင်းချတာလိုမျိုး ပုံမှန် အနာသန့်စင်တဲ့ အဆင့်ကိုလည်း လုပ်ရပါတယ်။
အနာ မသန့်စင်ခင်မှာ ပုံမှန် လုပ်နေကျဖြစ်တဲ့ အခြေခံ တစ်ကိုယ်ရေ သန့်ရှင်းမှု အလေ့အထဖြစ်တဲ့ လက်ဆေးတာကိုလည်း မဖြစ်မနေ လုပ်ကြပါတယ်။
ပြီးရင် ဒဏ်ရာကို ပိုးသတ်ဆေးလိမ်းတာကို လုပ်သလို ဒဏ်ရာက နက်သလားဆိုတာကိုလည်း စစ်ဆေးပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာ ဆေးရုံကို ပို့ဆောင်ရင်း အကောင်းဆုံးသော ကုသမှုကို ခံယူရပါမယ်။
မှန်ကန်တဲ့ နည်းလမ်းနဲ့ ကုသပြီး ဆေးကုသမှု ခံယူဖို့ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာ မာလာလာ အသက်ရှင်ခဲ့တာက သက်သေပါပဲ။ ထိခိုက်မှုတိုင်းမှာ မှန်ကန်တဲ့ ရှေးဦးသူနာပြုစုနည်းနဲ့ စနစ်တကျ ပြုစုပြီး Golden hour ကို ပိုင်နိုင်စွာ အသုံးချမိဖို့က အရေးကြီးတာပါ။
သေနတ်ထိ တာက သေလောက်တဲ့ ဒဏ်ရာဖြစ်စေနိုင်တာမို့ သတိထားဖို့လိုပါတယ်။။ ဒါပေမယ့် သေနတ်သံကြောင့် ကြောက်လန့်တကြားဖြစ်ပြီး အရေးကြီးတဲ့ ရှေးဦးသူနာပြုစုနည်းတွေကိုတော့ မေ့မသွားစေဖို့လည်း သတိပြုစေချင်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/gunshot-wounds-first-aid/
မိန်းမကိုယ် ကျန်းမာနေဖို့
မိန်းမကိုယ် ကျန်းမာနေဖို့
🌻🌻 မိန်းကလေး တစ်ယောက်အတွက် မိန်းမကိုယ်ဆိုတာ အရမ်းကို နူးညံ့ပြီး အထိခိုက်မခံတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ တည်ဆောက်ပေးတဲ့နေရာဆိုလည်းမမှားပါဘူး။ မိတ်ကပ်တွေတော့ လိမ်းထားပါရဲ့၊ မိန်းမကိုယ်က အဖြူဆင်းများပြီး ယားနေတာ၊ ပိုးဝင်မှိုစွဲပြီး ရောင်ရမ်းနေတာဆို လူကြားထဲ ဘယ်လိုလုပ် ယုံကြည်မှု အပြည့်နဲ့သွားရဲတော့မလဲနော်။ ။🌻🌻 ဒီတော့ အခြားကိုယ်ပေါ်က အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့လိုပါသေးတယ်။ ဒါမှ ပြီးပြည့်စုံတဲ့ အလှအပနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်နိုင်မှာလေ။
#HelloSayarwon #Engagement #womenshealth
Sunday, April 11, 2021
ကလေးများအတွက် အရေးပါ်ဆေးသေတ္တာ
ကလေးများအတွက် အရေးပါ်ဆေးသေတ္တာာ
ဒီကာလအတွင်း ည ၈ နာရီ နောက်ပိုင်း မထွက်ရတဲ့ အချိန် ကလေးအရေးပေါ်ဖြစ်လာရင် စိတ်ပူနေရမယ့် မေမေတို့အတွက် ကလေးတွေ အတွက် emergency ဆေး သေတ္တာလေးတခု ဆောငိထားစေချင်တယ် ။ကိုယ်လည်း ဆောင်ထားတယ် ။
အသင့်တင့်ထည့်နိုင်တဲ့ ပလပ်စတစ်ဘူး တစ်ဘူးထဲမှာ ထည့်ဖို့ဆေးတွေက
🛑၁ ။ ညအချိန်မတော် ဖျားနာခဲ့ ရင် တိုက်ဖို့
paracetamol 250 mg/ml အရည် တဘူး
paracetamol 100mg/ml အရည် (တနှစ်အောက်ကလေးများအတွက် )
Biogesic အခဲ တကဒ် ဆောင်ထားပါ ။
ဆေးကို 15 mg/kg နဲ့တိုက်ပါ ။ရေပါတ်တိုက်လို့ရပါတယ် ။
🛑၂။ ည အချိန်မတော် အန်ခဲ့ရင် တိုက်ဖို့
-Domperidome syrup အရည် 5mg/5ml ပါတာ
-Domperidome တစ်ကဒ် ဆောင်ပါ
-Pharolit ဓါတ်ဆားထုတ် ( ၅ ) ထုတ် ထည့်ထားပါ
အန်ခဲ့ရင် 0.3 mg/kg တိုက်ပါ ။
ဥပမာ - 10 kg ကလေးဆိုရင် 3mg / 3 ml တိုက်ပါ ။
Ps - အအန်ပျောက်ဆေးတိုက်ပြီး နာရီဝက်ထိ ဘာဆေး ဘာအစာ အရည်မတိုက်ရ
ဓါတ်ဆားကို ဖျော်
Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။
BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။
နည်းနည်း ခနခန ဝင်အောင်တိုက်ပါ ။
🛑၃။ ည အချိန်မတော် ဗိုက်အောင့် ဗိုက်နာ ခဲ့ရင်
-colimix တစ်ဘူး (၁နှစ် အထက်)
-colicaid တစ်ဘူး ( တနှစ်အောက်ကလေးရှိသူ )
-kremil -S (၁) ကဒ်
colicaid ရှိလျှင်
6 လ အောက် ၅ စက်မှ ၁၀ စက်
၆ လအထက် ၁၀ စက်မှ ၁၅ စက်
colimix ရှိလျှင်
၆ လအထက် ၂.၅ ml
တနှစ် အထက် ၅ ml
ကလေးကြီးများ ရုတ်တရက် ဗိုက်နာခဲ့သော်
Kremil -S တလုံး တိုက်ပါ ။
ဆေးများကို အစာမစားခင် ၁၅ မိနစ် ကြိုတိုက်ပါ
တနေ့ (၄) ကြိမ်ထက်ပိုမတိုက်ရ ။
🛑၄ ။ ညအချိန်မတော် ဝမ်းလျှောခဲ့သော် တိုက်ရန်
-BPI ဓါတ်ဆား (၂) ထုတ်
-pharolit ( အပေါ်က ပါပြီးသားမို့ ထပ်မထည့်ပါနဲ့ )
-zinc syrup တစ်ဘူး
-Bioflor ( 5 ) ထုတ် ထည့်ထားပါ ။
ဓါတ်ဆားကို ဖျော်
Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။
- BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။
- ဝမ်းသွားသလောက် ၅၀-၁၀၀ စီစီ တိုက်ပါ။
zinc syrup
၁ နှစ်အောက် 2.5 ml မနက် ၁ ည ၁
၁ နှစ်အထက် ၅ ml မနက် ၁ ည ၁
Bioflor တစ်ထုတ် ဖျော်တိုက်ပါ။
🛑နှာစီး ၊ ချောင်းဆိုးခဲ့သော် တိုက်ရန်
- baby cough သို့ flemex kid , သို့ attusin တစ်ဘူး ဆောင်ရန်
- Cetrizine တစ်ဘူး
- cetrizine တစ်ကဒ်
- Chlopheniramine syrup ( ၂ နှစ်အောက် ကလေးရှိပါက ) ဘူးထဲထည့်ထားပါ ။
တနှစ်အောက် ချောင်းဆိုးပျောက်ဆေး baby cough ကို
2.5 ml တနေ့ ၃ ကြိမ်
တနှစ် အထက် တခြားချောင်းဆိုးအရည် ၅ ml တနေ့ ၃ ကြိမ် တိုက်ပါ
နှာစီး ပါက
✅chlopheniramine syrup (၂ နှစ် အောက် )
-၁ နှစ် အောက် ၂.၅ ml မနက် ၁ ည၁
-၁ နှစ် အထက် ၅ ml မနက် ၁ ည၁
✅cetrizine (၀.3mg/kg ) တိုက်ရန်
၂ နှစ် အထက် 2.5 ml မနက် ၁ ည ၁
5 နှစ် အထက် ၅ ml မနက် ၁ ည၁
ကလေးကြီး တလုံး တိုက်ရပါတယ် ။
✅ပန်းနာသမား ကလေးများအတွက်
Ventolin အပြာဘူးဆောင်ထားပါ။
ရင်ကြပ် ၆ ချက် ရှူပါ။ မိနစ် ၂၀ ခြားထပ်ထပ်ရှူပါ။
ဒီလိုကလေး pulse oxymeter ခေါ် သွေးတွင်းoxygen စက်ဆောင်ထားပါ ။
🛑ည အင်ပြင်ထ ဓါတ်မတည့်တာ ဖြစ်ရင်
- calamine တစ်ဘူး ပုံးထဲထည့်ထားပါ
နှာစီး ဖို့သောက်တဲ့ cetrizine ကို အဲ့ဒီ ပြထားတဲ့ ပမာဏ အတိုင်းတိုက်ပါ ။
🛑 emergency ပုံးထဲတွင် ထပ်ထည့်ရန်
ထိခိုက်မိပါက သုံးရန်
- ပလပ်စတာ
- Betadine အရည် (၁)
- ပါတ်တီး (၁)
- bioplacenta တစ်ဘူး
- အရက်ပြန် (၁)
ထိခိုက်မိပါက ရေဆေးပြီး ဘီတာဒင်းလိမ်း အပေါ်မှာ bioplacenta လိမ်းပါ ။
မီးလောင် ဒါဏ်ရာပါ လိမ်းလို့ရပါတယ် ။
နောက်ထပ် ထည့်ရမှာက
အဖျားတိုင်းတဲ့ စက်
ကတ်ကြေးအသေး
🛑အရေးပေါ် Emergency ဘူးသာ ဖြစ်ပြီး
မသက်သာပါက ဆေးရုံ၊ ဆေးခန်းပြရန်ပါ ။
ကလေးများ ကျန်းမာကြပါစေ ။
မေတ္တာဖြင့်
ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၂၉.၃.၂၀၂၀
ဆရာမက ကလေးကျန်းမာရေးဗဟုသုတကို မျှဝေတာအပြင် အခမဲ့ဆွေးနွေးပေးတာကိုလည်း စိတ်ရှည်လက်ရှည်စေတနာပါပါလုပ်ပေးတတ်သူပါ ။ ကလေးကျန်းမာရေးနဲ့ပတ်သက်ပြီး ဆရာမကို အကူအညီလိုရင် တောင်းလို့ရပါတယ်နော် ။
ဒါက ဆရာမရဲ့ Page ပါ
https://www.facebook.com/drkhaingwar/
အိမ်တွင်ဆောင်ထားသင့်သော အိမ်တွင်းဆေးဝါးများ ( လူကြီး အတွက် )
အိမ်တွင်ဆောင်ထားသင့်သော အိမ်တွင်းဆေးဝါးများ ( လူကြီး အတွက် )
ရေးသားထားသော ဆေးများနှင့် ပက်သက်၍ မရှင်းလင်းပါက message မှာ မေးမြန်းနိုင်ပါတယ်။
သေချာ အချိန်ပေးရေးသားပေးသော ဒေါက်တာကိုလဲ ကျေးဇူးတင်ပါတယ် 😘
ရေးထားတဲ့ထဲက PO ဆိုတာ( per oral ) သောက်ဆေးကိုပြောတာပါ 🤗
လူနာဦးစားပေး အဆင့်ခွဲခြင်း
လူနာဦးစားပေး အဆင့်ခွဲခြင်းး
စာရေးသူ - ဒေါက်တာလင်း
လူနာဦးစားပေးအဆင့်ခွဲခြားခြင်း ဆိုသည်မှာ လူအစုလိုက် အပြုံလိုက် တနည်းအားဖြင့် လူနာ တဦးတယောက်ထက် ပိုသော ထိခိုက်မှုများတွင် အရေးကြီးသော လူနာများ (သေရေးရှင်ရေးကို မိနစ်ပိုင်းအတွင်း ပြောင်းလဲသွားနိုင်သော လူနာများ) ကို လိုအပ်သော အရေးပေါ် စောင့်ရှောက်မှု ရရှိစေရန် ရည်ရွယ်ပါသည်။
အထူးသဖြင့် ကုသမှု ပေးနိုင်သည့် အရင်းအမြစ်နှင့် လူနာအရေအတွက် မျှတမှု မရှိသည့်အခြေအနေ (ဥပမာ။ ဆေးအကူ မလုံလောက်ခြင်း၊ လူနာတင်ယာဉ် မလုံလောက်ခြင်း စသည့် အခြေအနေများ) တွင် လူနာဦးစားပေး အဆင့်ခွဲခြင်းသည် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ပါသည်။
လူနာဦးစားပေး အဆင့်ခွဲခြင်းမှာ နီဝါစိမ်း ဟု မီးပွိုင့်အရောင်နှင့်တွဲ၍ မှတ်နိုင်ပါသည်။
❤️ အနီရောင်အဆင့် (Red) ❤️
အနီရောင်အဆင့်ဆိုသည်မှာ ကုသမှု တခုခုကို မိနစ်ပိုင်း/ နာရီပိုင်းအတွင်း မရရှိပါက သေဆုံးနိုင်သည့် လူနာများကို ရည်ရွယ်ပါသည်။ ထိုလူနာများကို အရေးပေါ် ကုသမှု ပေးပြီးပါက အရေးပေါ် ခွဲစိတ်ကုသမှုပေးနိုင်သော ဆေးရုံများသို့ အမြန်လွဲပြောင်း ပို့ဆောင်ရန် လိုအပ်ပါသည်။ နမူနာအားဖြင့်
၁။ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများဖြစ်သည့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ဝမ်းဗိုက်၊ ခါး စသည်တို့တွင် ပြင်းထန်စွာထိခိုက်ထားသော လူနာများ (ဥပမာ။ ။ကျည်မှန်ခြင်း)
၂။ ခြေ၊ လက်များ အပြင်းအထန် ထိခိုက်မိပြီး သွေးမတိတ်သော လူနာများ (ဥပမာ။ ။ ခြေလက် ပြတ်တောက် ကြေမွသွားခြင်းများ)
၃။ သတိမေ့နေသောသူ ၊ အသက်ရှူနှုန်း ၁ မိနစ် အတွင်း ၁၀ ကြိမ်အောက် (သို့မဟုတ်) အကြိမ် ၃၀ ထက်မြန်နေသောသူ
💛 အဝါရောင်အဆင့် (Yellow) 💛
နာရီပိုင်းအတွင်း ဆေးရုံဆေးခန်းသို့ ပို့ဆောင်ကုသရန် လိုအပ်သော လူနာများဖြစ်ပါသည်။ နမူနာအားဖြင့်
၁။ ခြေ (သို့) လက်တွင်ကျည်မှန်သော်လည်း အလွန်အမင်း သွေးမထွက်နေသော လူနာ။
၂။ ဦးခေါင်းထိခိုက်သော်လည်း ခေါင်းမကွဲသည့်လူနာ
၃။ အကွာအဝေးတခုမှ ရာဘာကျည်ထိမှန်သော လူနာ
၄။ ခြေလက်များတွင် အနီးကတ် ရာဘာကျည်မှန်သော လူနာ
၅။ ထိခိုက်မှုကြောင့် ခြေ/လက် အရိုးများ ကျိုးသည်ဟု သံသယရှိသော်လည်း ထိုနေရာရှိ အရေပြား ပွင့်ထွက်ပေါက်ပြဲခြင်း မရှိသည့် လူနာ
၆။ ထိခိုက် ဒဏ်ရာများရှိနေသော်လည်း အသက်ရှူနှုန်း ပုံမှန် သတိကောင်းစွာ ရနေသေးလျှင်လည်း အဝါရောင် အဆင့်ဖြစ် သတ်မှတ်၍ စောင့်ကြည့် ကုသပေးရမည်။
💚 အစိမ်းရောင်အဆင့် (Green) 💚
ကျွမ်းကျင်သော ရှေးဦးသူနာပြုစုသူ၊ အခြေခံကျန်းမာရေးဝန်ထမ်း၊ သူနာပြု၊ ဆရာဝန် စသည် နားလည်တတ်ကျွမ်းသူ တဦးဦးမှ ကုသမှု ပေးနိုင်ပါက ဆေးရုံဆေးခန်းသို့ လွှဲပို့ရန် မလိုအပ်သော လူနာများ၊ နားလည်တတ်ကျွမ်းသူ တဦးဦးမှ ကုသမှု မပေးနိုင်ပါကလည်း အခြေအနေများ တည်ငြိမ်ပြီးမှသာ ဆေးရုံဆေးခန်းသို့ ပို့ရန် လိုအပ်သော လူနာများ ဖြစ်ပါသည်။ နမူနာအားဖြင့်
၁။ သာမန် အရေပြား ပွန်းပဲ့ဒဏ်ရာများ (ဦးခေါင်းမပါ)
၂။ အဆင့် ၁ အပူလောင်ခြင်း
၃။ အရိုးမကျိုးသော အဆစ်အမြစ် နာကျင်ခြင်းများ (ဥပမာ။ ။ ခြေကျင်းဝတ် ခြေဆစ်လည်ခြင်း)
🖤 အနက်ရောင်အဆင့် (Black) 🖤
ကုသမှု ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ဧကန်မုချ သေဆုံးနိုင်သည့် လူနာများ သို့မဟုတ် မတော်တဆမှု/အကြမ်းဖက် ဖြစ်စဉ်အတွင်း သေဆုံးပြီးဖြစ်သည့် လူနာများ ဖြစ်ပါသည်။
🚨🚨🚨
အခြေအနေတည်ငြိမ်မှု မရှိပါက လူနာကောက်မည့်သူများ အနေဖြင့် ဤလူနာများကို သက်စွန့်ဆံဖျား မကောက်ရန် မေတ္တာရပ်ခံပါသည်။
လူနာကောက်မည့်သူများ / ရှေးဦးသူနာပြုစုသူများ အသက်အန္တရာယ်ကြုံရပါက ကယ်တင်နိုင်သည့် rescue team အရေအတွက် လျော့နည်းသွားနိုင်သောကြောင့် နောက်ထပ်ကယ်တင်ရမည့် လူနာများပါ သေဆုံးနိုင်သည်ကို သတိပြုသင့်ပါသည်။ နမူနာအားဖြင့်
၁။ ကျည်မှန်ပြီး ဦးခေါင်း ပွင့်ထွက်သွားသူများ။
၂။ နှလုံးနေရာသို့ ကျည်မှန်သူများ။
မှတ်ချက်။ ။ ရင်းမြစ် (resources) များ မလုံလောက်သော အခြေအနေတွင် အနက်ရောင်အဆင့် လူနာများထက် အနီရောင်အဆင့် လူနာများကိုသာ ပို၍ ဦးစားပေးကောက်ရန် နှင့် ဆေးရုံသို့ ဦးစားပေးပို့ဆောင်ရန် အရေးကြီးပါသည်။
ထိခိုက်လူနာများကို ကယ်ထုတ်ရာတွင် သတိထားသင့်သည့်မှာ
၁။ scene safety
၂။ self safety
၃။ survivor safety ဖြစ်ပါသည်။
သူရဲကောင်း ပြည်သူအပေါင်း ဘေးရန်ကင်းကြပါစေ
🙏🙏🙏
'A Yay Paw' mobile application ကို ဒေါင်းလုပ် ရယူနိုင်ပါပြီ။ Application ကို သွင်းထားပြီးလျှင် internet မရှိလည်း အသုံးပြုလို့ ရပါတယ်။
http://onelink.to/ayaypaw
Page : https://www.springrevolution.xyz
Telegram channel: https://t.me/ayaypaw
Friday, April 9, 2021
မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ
မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ
စာရေးသူ - ပစ်တိုင်းထောင် (ဆေးမန်း)
၁) မျက်ရည်ယိုဗုံး (Tear Gas) ဆိုတာ
- Tear Gas ကို အထိကရုံး နှိမ်နင်းရာမှာ အသုံးများပါတယ်
- Tear Gas မှာ အဓိက ပါ၀င်တဲ့ chemical က chlorobenzylidene malonitrile (CS) ဖြစ်တဲ့အတွက် CS gas လို့လည်း ခေါ်ပါတယ်
FIRST AID (ကနဦး လူနာပြုစုခြင်း)
🔴 FIRST AID (ကနဦး လူနာပြုစုခြင်း) 🔴
(ထိခိုက်ဒဏ်ရာရ၍ သွေးထွက်လွန်လူနာအား ကနဦး ပြုစုကုသခြင်း)
--------------------------------------------------------------------------
သွေးထွက်သံယို ဖြစ်ခဲ့သော် Medical Cover ပေး
မည့်သူများ Medic များ ရောက်မလာမီ အချိန်တွင်း ပြည်သူများ အနေနဲ့ First Aid (ကနဦး လူနာပြုစုခြင်း) ကို အရင်ဦးစွာ လုပ်ထားနိုင်စေရန် ဒီ Post ကို
ရည်ရွယ်ပြီး ရေးခြင်းဖြစ်ပါတယ်..
လူတစ်ယောက်ဟာ သေနတ်ဒဏ်ရာရပြီး သွေး ထွက်လွန်နေပြီဆိုရင် အဲ့ဒီလူနာဟာ (၅) မိနစ် ကနေ (၈)မိနစ်အတွင်းမှာ အသက်ဆုံးရှုံးနိုင်ပါတယ်..
Basic Life Support အခြေခံအသက်ကယ်နည်း
Basic life support
အခြေခံ အသက်ကယ်နည်း
ကိုယ့်ရှေ့မှာ လူတစ်ယောက် လဲသွားပြီ မလှုပ်မယှက်ဖြစ်သွားပြီဆိုရင် ကျမတို့ဟာ ဘာလုပ်ရမှန်းမသိ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ကြပါတယ် အဲ့ဒါလေးနဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တယ်လို့ ထင်လို့ပါ
Blue print လေး ရှိပါတယ်.. D R S C A B ပါ
Wednesday, April 7, 2021
ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။
ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။ (https://hellosayarwon.com/pregnancy/getting-pregnant/prediction-of-due-date/)
Fail to plan is plan to fail တဲ့။ ဘာမဆို အစီအစဉ်တကျ လုပ်တတ်တာက ကောင်းတာပေါ့။ အလုပ်ကိစ္စတွေ၊ အရေးကြီး ဧည့်သည်နဲ့ တွေ့ဖို့ရှိတယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ကြတယ်ဟုတ်။ ဒီလိုပဲ ဘဝရဲ့ အရေးကြီးတဲ့ မိသားစုဝင် အိမ်ရဲ့ ဆည်းလည်းလေးကို ကြိုဆိုတဲ့ နေရာမှာလည်း အစီအစည်လေး တစ်ခု ချထားနိုင်ရင် ပိုကောင်းတာပေါ့။
Friday, December 18, 2020
အနာပဆုပ် ၊အနာစိမ်းဆိုတာ
အနာပဆုပ် ၊အနာစိမ်းဆိုတာ
(https://content.ondoctor.com.mm/healthy-living/3895/)
ဇီဝက ဆေးခန်းမှာ အပြများတဲ့ လူနာတွေထဲမှာ အနာပဆုပ် ပေါက်တဲ့
လူနာတွေလည်း ပါပါတယ် ။မေးကြည့်ရင် “ဆရာရယ် ၊ဟိုမန်းဆေး အုံလိုက် ပေါက် နိုးနိုး ၊ဒီဆေးရွက်လေး ကောင်းတယ်ဆိုပြီး အုံလိုက် ပျောက်နိုးနိုးနဲ့။” ဆိုပြီး အနာပဆုပ်ကနေ အနာဟောင်းလောင်းဖြစ်ပြီး အခြေအနေ ဆိုးမှ ရောက်လာကြတဲ့သူတွေလည်း ဒုနဲ့ ဒေး ။ဒီလို မဖြစ်ရအောင် ၊စာဖတ်သူတွေလည်း ဗဟုသုတရအောင်ဒီဆောင်းပါးလေးမှာ အနာပဆုပ် ခေါ် အနာစိမ်းရောဂါ အကြောင်းလေး ပြောပြပါ့မယ် ။
Sunday, December 13, 2020
အာရုံကြောအားနည်းရောဂါ
အာရုံကြောအားနည်းရောဂါ (www.drmyanmar.com)
ခြေထိပ်လက်ထိပ်တွေ ကျဉ်ထုံနေတတ်တာမျိုး ဖြစ်ဖူးကြပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့အာရုံကြောတွေ အားနည်းနေတာ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းရောဂါဆိုတာ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမရဲ့ ပြင်ပမှာရှိတဲ့ ခြေလက်အာရုံကြောတွေမှာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခြင်းကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Monday, December 7, 2020
ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ
ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ
News from: https://www.bbc.com/burmese/51828107
ကိုရိုနာဗိုင်းရပ်စ်ဟာ စဖြစ်ချိန်ကစလို့ နိုင်ငံနဲ့ နယ်မြေပေါင်း ၂၁၀ ကျော်မှာ ပျံ့နှံ့ဖြစ်ပွားခဲ့ပါပြီ။
ဘယ်လောက်မြန်မြန် ပျံ့နှံ့ကူးစက်နေသလဲ
ကမ္ဘာတလွှားမှာ နေ့စဉ် အသစ်ကူးစက်ခံရသူအရေအတွက်ဟာ ထောင်သောင်းချီ အထိရှိနေပါတယ်။ ဒါပေမယ့် အဲဒီကိန်းဂဏန်းတွေထဲမှာ ကျန်းမာရေးဌာနတွေက မသိရှိလိုက်တဲ့ လူနာတွေ အများအပြားရှိနေလိမ့်ဦးမယ်လို့ ယူဆထားကြပါတယ်။
Sunday, April 19, 2020
မိန်းမများ အဖြူဆင်းခြင်း
မိန်းမများ အဖြူဆင်းခြင်း
အချိန်တန် အရွယ်ရောက်ပြီးသော အမျိုးသမီးများ တွေ့ကြုံခံစားရသော အကြောင်းလက္ခဏာမှာ အဖြူဆင်းခြင်း ဖြစ်သည်။ သဘာဝအလျောက် အဖြူဆင်းခြင်းမှ သွေဖယ်၍ အမျိုးသမီးအားလုံး၏ ငါးပုံတစ်ပုံခန့် အဖြူဆင်းခြင်း ဝေဒနာခံစားရလေ့ရှိသည်။
အဖြူဆင်းသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာထိုင်းမှိုင်း နုံးချည့်မောပန်းကာ ခန္ဓာကိုယ် တစ်ခုလုံး အနေရခက်၊ အထိုင်ရခက်စေသည်။ အဖြူဆင်းသည့်အခါ အမျိုးသမီးအချို့သည် မိမိကိုယ် မိမိသန့်ရှင်းမှု မရှိပါလားဟု စိတ်ဒုက္ခရောက်ကြရသည်။ အချို့သည်လည်း ရောဂါတစ်ခုခုကြောင့်လား၊ စိတ်ရောဂါကြောင့်လားဆိုပြီး သိုလောသိုလောတွေးတော၍ စိတ်ပူပင်တတ်ကြသည်။ အဖြူဆင်းခြင်းမှာ မိန်းမတို့၏ သဘောသဘာဝကြောင့် ဖြစ်ရသည်ကို မကျေမနပ်ဖြစ်ကြသည်။ အချို့သည်လည်း အိမ်ထောင်ပြု၍ ဖြစ်ရသည်။ ကလေးမွေး၍ဖြစ်ရသည် စသည်ဖြင့် စိတ်အနှောင့်အယှက်အမျိုးမျိုး ဖြစ်ကြရပါသည်။
Subscribe to:
Posts (Atom)
Featured Post
ခွေးကိုက်ခံရလျှင်
၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...
Popular Posts
-
www.myanmarhealthcentre.com လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက်နာကျင်ခြင်း လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီးမျိုး...
-
ပုံမှန်ကိုယ်ဝန်တားနည်းလမ်းအမျိုးမျိုးရဲ့ စိတ်ချရမှုကို နှိုင်းယှဉ်ပြထားပါတယ်။ အပေါ်ဆုံးအတန်းက စိတ်အချရဆုံဖြစ်ပြီး အောက်ဆုံးအတန်းက စိတ်...
-
အာသီးရောင်ခြင်း (Tonsilitis) ================= အာသီးရောင်ခြင်း (Tonsilitis) သည် ပုံမှန်အားဖြင့် ရက်အနည်းငယ်အကြာတွင် အလိုအလျောက် ပျောက်သွာ...




