အာရုံကြောအားနည်းရောဂါ (www.drmyanmar.com)
>> ရောဂါလက္ခဏာများ
● လက်ထိပ်နှင့်ခြေထိပ်လေးတွေမှာ တဆစ်ဆစ်ကျဉ်ခြင်း ထုံခြင်းတို့ဖြစ်ရာကနေ တဖြည်းဖြည်း လက်နှင့်ခြေထောက်တစ်ခုလုံးကိုပါ ပျံ့နံှ့လာခြင်း
● အထိအတွေ့တစ်ခုခုကို အလွန်အမင်းသိရှိခြင်း
● လက်ထိပ်ခြေထိပ်များတွင် စူးခနဲနာကျင်ခြင်း
● ကြွက်သားအားနည်းခြင်း
● လက်အိပ်နှင့်ခြေအိပ်စွပ်ထားသကဲ့သို ထုံနေခြင်း
● အချို့သောသူများတွင် ကာယအာရုံကြောများပါ ပျက်စီးခြင်းကြောင့် အကြောသေခြင်း
>> ဖြစ်စေသောအကြောင်းရင်းများ
● SLE ကဲ့သို့ Autoimmune ရောဂါများ
● ဆီးချိုရောဂါ
● အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV ၊ Leprosy စသဖြင့် ရောဂါပိုးဝင်ခြင်း
● မျိုးရိုးလိုက်ခြင်း
● ကင်ဆာကျိတ်ကဲ့သို အကျိတ်များက အာရုံကြောများကိုဖိမိခြင်း
● ကျောက်ကပ်၊ အသည်း၊ သိုင်းရွိုက်မကောင်းသူများ
● အရက်အလွန်အကျွံသောက်ခြင်း
● ဓာတုပစ္စည်းနှင့်အဆိပ်များဖြင့် ထိတွေ့မှုများခြင်း
● ဗီတာမင်ဘီ ချို့တဲ့ခြင်း
>> နောက်ဆက်တွဲဆိုးကျိုးများ
● အရေပြားလောင်ခြင်းနှင့်ဒဏ်ဖြစ်ခြင်း
● လက်ဖျားခြေဖျားများ ထုံနေသောကြောင့် ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်တာကို မသိပါက ထပ်ဆင့်ပိုးဝင်ခြင်းများ ဖြစ်ပေါ်ခြင်း
● ဟန်ချက်မညီမျှခြင်းနှင့် မကြာခဏ ချော်လဲခြင်း
>> ဘယ်အချိန်မှာ ဆေးခန်းပြသင့်လဲ?
● သင့်လက်ထိပ်ခြေထိပ်တွေ မကြာခဏ ထုံကျဉ်နေခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ နာကျင်ခြင်းတို့ ဖြစ်ပေါ်နေပါက စောစီးစွာ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။
>> ကာကွယ်နည်း
● ဗီတာမင်များပြည့်ဝစေဖို့ အသားငါး၊ သစ်သီး ၊ဟင်းသီးဟင်းရွက်များ နေ့စဉ်စားသုံးခြင်း
● နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
● ဆေးလိပ်နှင့်အရက်ဖြတ်ခြင်း
● အဆိပ်အတောက်များနှင့် ဝေးဝေးနေခြင်း
● ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း၊ အကြာကြီး မတ်တပ်ရပ်ခြင်း/ထိုင်ခြင်းကို ရှောင်ခြင်း
● ထပ်ခါတလဲလဲပြုလုပ်ရသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း
အာရုံကြောအားနည်းနေသူများအနေနှင့် မပေါ့ဆဘဲ ကုသမှုခံယူခြင်းနှင့်အတူ ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ လိုက်နာခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
No comments:
Post a Comment