Thursday, March 1, 2018

ကိုယ်ဝန်ဆောင်စဉ် သတိထားသင့်စရာ

Positions to avoid during pregnancy

ဒီအချိန်မှာမကြမ်းသင့်ပါ

ဘယ်အချိန်မှာ ဘယ်လိုမကြမ်းသင့်တာကိုပြောတာလဲ?
ကိုယ်ဝန်ဆောင်စဉ် ချစ်တင်းနှောချိန်မှာ ယခင်ကလို ကြမ်းတမ်းဆန်းပြားတဲ့အနေအထားတွေ နည်းစနစ်တွေသုံးပြီး ချစ်တင်းမနှောသင့်တာကိုဆိုလိုခြင်းဖြစ်ပါတယ်။

နည်းစနစ်တွေအနေနဲ့တော့
ပါးစပ်နှင့်လိင်ဆက်ဆံရာတွင် မိန်းမကိုယ်အတွင်းလေမှုတ်သွင်း ခြင်း မပြုသင့်ပါ။ ကိုယ်ဝန်ဆောင်စဉ် ပါးစပ်နဲ့လိင်ဆက်ဆံခြင်း ပြုလုပ်နိုင်ပေမယ့် လေမှုတ်သွင်းခြင်းကိုတော့ ရှောင်သင့်ပါတယ်။

လိင်ဆက်ဆံစဉ် မိန်းမကိုယ်အတွင်းသို့ လိင်ဆန္ဒဖြေဖျောက်ပေးသည့်ကိရိယာများ ထိုးထည့်အသုံးပြု၍ ဆက်ဆံခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

စအိုနဲ့လိင်ဆက်ဆံခြင်း (အထူးသဖြင့် လိပ်ခေါင်းရောဂါရှိတဲ့ အမျိုးသမီးတွေ၊အချင်းရှေ့ရောက်သူတွေမှာ) ကိုလည်း ကိုယ်ဝန်ဆောင်စဉ်မှာ မပြုလုပ်တာ ပိုအန္တရာယ်ကင်းပါတယ်။

Tuesday, February 27, 2018

Tuberculosis (တီဘီရောဂါ)

Tuberculosis (တီဘီရောဂါ)
===================

တီဘီရောဂါဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ရောဂါဖြစ်ပွားသူ ချောင်းဆိုး၊
 နှာချေရာမှ ထွက်ပေါ်လာသော အမှုန်အမွှားလေးများကို ရှူရှိုက်မိရာမှ ရောဂါကူးစက်
တတ်သည်။ တီဘီရောဂါသည် အရေးကြီးသော ရောဂါတစ်ခု ဖြစ်သည်။ သို့အတွက်ကြောင့် ရောဂါဖြစ်ပွားလျှင် ထိရောက်စွာ ကုသမှု ခံယူသင့်ပြီး ထိုသို့ ထိထိရောက်ရောက် ကုသပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည်။
TB ရောဂါသည် အဆုတ်ကို အဓိကအားဖြင့် ထိခိုက်စေသည်။ သို့သော် ကိုယ်ခန္ဓာ၏ ဂလင်းအကျိတ်များ၊ အရိုးများ၊ အာရုံကြော စသည့်မည်သည့် အစိတ်အပိုင်းကိုမဆို ပိုးဝင်ရောက်နိုင်သည်။

Monday, January 22, 2018

ကွန်ဒုံး (Condom)

ကွန်ဒုံး (Condom)

အမျိုးသားများအတွက် ထုတ်လုပ်ထားသော ကွန်ဒုံးသည် မှန်ကန်စွာ အသုံးပြုပါက အကျိုးရှိသော သားဆက်ခြားသည့် နည်းလမ်း တစ်ခုဖြစ်သည့်အပြင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပိုးများကိုလည်း ကာကွယ်ပေးသည်။

ကွန်ဒုံးဆိုတာဘာလဲ?

ကွန်ဒုံးသည် လိင်ဆက်ဆံနေစဉ် ထောင်မတ်နေသော အမျိုးသားလိင်အင်္ဂါအပေါ် ဖုံးအုပ်ထားပြီး အမျိုးသမီး ယောနိလမ်း ကြောင်းအတွင်းသို့ သုတ်ပိုးများဝင်ရောက်ခြင်းကို တားဆီးပေးသည်။ အမျိုးသားများအသုံးပြုသည့် ကွန်ဒုံးအများစုကို လေးတက်(စ်) (Latex) ဟု ခေါ်သည့် ရာဘာဖြင့် ပြုလုပ်ထားသည်။ အမျိုးသား အယောက် ၁၀၀ တွင် ၂ ယောက်သည် လေးတက်(စ်)နှင့် ဓာတ်မတည့်မှုဖြစ်တတ်သည်။ အခြားအသုံးပြုနိုင်သော ကွန်ဒုံးတစ်မျိုးမှာ ပလပ်စတစ်အမျိုးအစား အသစ် တစ်မျိုးဖြစ်သည့် ပေါ်လီယူရီိသိမ်း (Polyurethane) ဖြင့် ပြုလုပ်ထားသည်။ သို့သော် ထိုအမျိုးအစားမှာ ဈေးကြီးပေးသည်။

Monday, December 11, 2017

ကျန်းမာပျော်ရွှင်အောင် သီတင်းတပတ်ကို ဘယ်နှစ်ကြိမ် လိင်ဆက်ဆံမလဲ

ကျန်းမာပျော်ရွှင်အောင် သီတင်းတပတ်ကို ဘယ်နှစ်ကြိမ် လိင်ဆက်ဆံမလဲ

သင့်အနေနဲ့ ယုံချင်မှ ယုံမယ်၊ လက်ခံချင်မှ လက်ခံလိမ့်မယ်။ ဒါပေမယ့် ဟန်ချက်ညီမှုတွေနဲ့ တည်ရှိနေတဲ့ သဘာဝတရားကြီးမှာ သက်ရှိ လူသားတဦးအနေနဲ့ သီတင်းတပတ်လုံး လိင်ဆက်ဆံမှု လုံးဝ မရှိလို့လည်း မကောင်းသလို လိင်ဆက်ဆံမှု အကြိမ်ရေများနေလို့လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်လိမ့်မယ်ဗျ။ ဒီတော့ ဘယ်လို ဟန်ချက်ညီညီ လိင်ဆက်ဆံမှုကို တရက်၊ ဒါမှမဟုတ် သီတင်းတပတ်၊ ဒါမှမဟုတ် တလမှာ ဘယ်နှစ်ကြိမ် ထိတွေ့ကြမလဲဗျာ။ အဲဒီအတွက် အမေရိကန်နိုင်ငံ၊ တိုရန်တိုတက္ကသိုလ်ကနေ လေ့လာထားချက်ကို နည်းနည်းလောက် ဖောက်သည်ချပြချင်ပါတယ်။

Wednesday, December 6, 2017

သားဆက်ခြားထိုးဆေး (Contraceptive Injection)

www.myanmarhealthcentre.com
သားဆက်ခြားထိုးဆေး (Contraceptive Injection)

သားဆက်ခြားထိုးဆေး  (Contraceptive Injection) သည် အလွန်ထိရောက်၍ အန္တရာယ်ကင်းသော သားဆက်ခြားသည့် နည်းလမ်းဖြစ်သည်။ သားဆက်ခြားဆေး ၁ လုံး၏ အာနိသင်သည် အနည်းဆုံး ၁၃ ပတ်ကြာမြင့်သည်။ သို့သော် ဆေးအမျိုးအစား ပေါ်မူတည်သည်။

သားဆက်ခြားထိုးဆေး (Contraceptive Injection) ဆိုတာဘာလဲ?

သားဆက်ခြားဆေးတွင် ပရိုဂျက်စထိုဂျင် (Progestogen) ဟော်မုန်းပါဝင်သည်။ ထိုဆေးကို ၁၉၆၀ ခုနှစ်ကျော် ကာလ ကတည်းက တကမ္ဘာလုံးတွင် စတင်အသုံးပြုခဲ့ကြသည်။ ဒီပို-ပရိုဗာ (Depo-Provera®) သည် အသုံးအများဆုံးသော ဆေးအမျိုးအစားတစ်ခုဖြစ်ပြီး ၁၂ ပတ်ကြာလျှင် ၁ ကြိမ် ထိုးရန် လိုအပ်သည်။ ဆရနာ ပရက်စ် (Sayana Press®) သည် လည်း ဒီပို-ပရိုဗာ (Depo-Provera®) နှင့် ဆင်တူသည့် ဆေးဖြစ်သည်။ နိုရစ်တီရတ် (Noristerat®) အမည်ဖြင့်လည်း ရရှိ နိုင်ပြီး ထိုဆေးသည် ၈ ပတ်ကြာလျှင် ၁ ကြိမ် ဆေးထိုးရန် လိုအပ်သည်။

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts