Sunday, August 12, 2018

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် စိတ်ချရပါသလား?

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် စိတ်ချရပါသလား?

-ပါးစပ် ဖြင့် လိင်ဆက်ဆံလျှင် အန္တရာယ် မရှိနိုင်ဘူးလို့ လူအများစု အမှတ်မှားနေကြပါတယ်။တကယ်က ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဖြင့် လိင်လမ်းရေယုံ နှင့် ဆီးပူညောင်ကျ ရောဂါအပြင် အခြားသော လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားကူးစက်နိုင်ပါတယ်။ WHO မှစစ်တမ်းများအရ ကမ္ဘာနှင့်အဝန်း တစ်ရက်လျှင် လူတစ်သန်းကူးစက်ခံနေရတာ ကိုတွေ့ရပါတယ်။

ပါးစပ်ကိုလိင်ဆက်ဆံခြင်းဖြင့်ကူးစက်နိုင်သောလိင်မှတဆင့်ကူးစက်သည့်ရောဂါများ

-ပါးစပ်အားလိင်ဆက်ဆံခြင်းဖြင့် ကူးစက်မှုအဖြစ်အများဆုံးရောဂါတွေကတော့

၁.လိင်လမ်း ရေယုံ (genital herpes)
-လိင်လမ်းရေယုံ ဆိုတာ ရေယုံ ရှိသူနှင့် မိန်းမကိုယ်၊ ပါးစပ်၊ စအို အစရှိသော ဒွါရများနှင့် ဆက်ဆံခြင်းဖြင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပါတယ်။ ကူးစက်လွယ်တဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။
-ဦးစွာဖြစ်တဲ့ ရောဂါလက္ခဏာတွေကတော့ လိင်အင်္ဂါနားတွင် နာကျင်သော အရည်ကြည်ဖုလေးများ ပေါက်ခြင်းပဲ ဖြစ်ပါတယ်။ထိုအကြည်ဖု လေးများမှာ တင်ပါး၊ ပေါင် နှင့် အနီးနားရှိ အင်္ဂါများသို့ လည်းပြန့်ပွားစေတတ်ပါတယ်။ ရေယုံ အမျိုးအစား အပေါ်မူတည်ပြီး ပါးစပ်၊ လျှာ နှင့် နှုတ်ခမ်း တို့တွင်လည်းဖြစ်တတ်ပါတယ်။
-ထိုအရည်ကြည်ဖု လေးများကို ကွန်ဒုံး နှင့် အခြားသော အကာအကွယ် များ ဖြင့် ကာကွယ်ရန် မဖြစ်နိုင်သော ကြောင့် ကွန်ဒုံးသည် လိင်လမ်းရေယုံ ပြန့်ပွား ခြင်းကို ကာကွယ်မပေးနိုင်ပါ။
-ထို့အပြင် ပါးစပ်ရေယုံ ပေါက်နေသူများ အနေနှင့်လည်း ပါးစပ်ဖြင့်လိင်ဆက်ဆံပါက အဆိုပါ ရေယုံမှာဆက်ဆံဖော်၏ လိင်အင်္ဂါသို့ကူးစက်နိုင်ပါတယ်။
-ရေယုံမှာကုသ၍အရှင်းမပျောက်သော်လည်း ဆေးများဖြင့်ရောဂါကို သက်သာစေနိုင်ပါတယ်။

အမျိုးသားများ အိပ်ယာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

အမျိုးသားများ အိပ်ယာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

အမျိုးသား အများစု ခံယူထားကြတာက သူတို့တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် မြင်းရိုင်းတစ်ကောင်လို စွမ်းဆောင်နိုင်တယ်ထင်ကြပေမဲ့ အမျိုးသားအများစုဟာ အိပ်ယာထဲမှာလည်း အမှားတွေကို လုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ကိုယ်နည်းစနစ်တွေကို မသိလို့ သူမက မကျေမနပ်ဖြစ်နေတာမဟုတ်ဘဲ အိပ်ယာထဲမှာ အမှားတွေလုပ်မိတာကြောင့် အဖော်ဖြစ်သူ အမျိုးသမီး စိတ်မကျေမနပ် ဖြစ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင် ထုတ်ပြောတတ်သူတွေ မဟုတ်ကြတဲ့ အတွက် ယောက်ျားလေးတွေဟာ သူတို့ရဲ့ အဖော် ဘာကြောင့် လိုအင်ဆန္ဒ မပြည့်ဝတာလဲဆိုပြီး ခေါင်းရှုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စပိုင်းဆိုင်ရာမှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေနဲ့ တစ်ခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူတာက အကောင်းဆုံး ဖြစ်ပါတယ်။

Saturday, July 28, 2018

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ

Sexually Transmitted Infections (လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ)

လိင်မှတဆင့် ကူးစက်တတ်သောရောဂါဟူသည် အဘယ်နည်း။
လိင်ဆက်ဆံရာမှတဆင့် ကူးစက်တတ်သော ရောဂါများကို လိင်မှတဆင့် ကူးစက်တတ်သောရောဂါများဟု ခေါ်ဆိုပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို အခြားမည်ကဲ့သို့ ခေါ်ဆိုတတ်သေးသနည်း။
ကာလသားရောဂါ ၊ ဆီးပူညောင်းကျရောဂါ ၊ ဂနိုကျခြင်း ၊ ဆက်တန့်ထွက်ခြင်း စသဖြင့်လည်း ခေါ်ဆိုတတ်ကြသေးပါသည်။

Tuesday, July 17, 2018

အာသီးရောင်ခြင်း (Tonsilitis)

အာသီးရောင်ခြင်း (Tonsilitis)
=================
အာသီးရောင်ခြင်း (Tonsilitis) သည် ပုံမှန်အားဖြင့် ရက်အနည်းငယ်အကြာတွင် အလိုအလျောက် ပျောက်သွားကြသည်။ ရောဂါပိုးများ ပျောက်သွားသည်အထိ လက္ခဏာများ သက်သာစေရန် ကုသမှု ခံယူနိုင်သည်။ အကယ်၍ လက္ခဏာများသည် ပြင်းထန်ပါက (သို့) မပျောက်ဘဲ ဆက်ဖြစ်နေပါက ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

အာသီးဆိုတာဘာလဲ?
----------------------------
အာသီးကို နူးညံ့သော ဂလင်းတစ်သျှူးများဖြင့် ပြုလုပ်ထားပြီး ခန္ဓာကိုယ်၏ ခုခံအားစနစ်တွင် ပါဝင်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတစ်ဦးတွင် အာသီး ၂ လုံးပါရှိပြီး ပါးစပ်၏ အနောက်ဘက်တွင် တစ်ဘက်တစ်ချက်စီ၌ တည်ရှိသည်။

အာသီးရောင်ခြင်း (Tonsilitis) ဆိုတာဘာလဲ?
----------------------------
အာသီးရောင်ခြင်း (Tonsilitis) ဆိုသည်မှာ အာသီးတွင် ရောဂါပိုးများ ၀င်ရောက်ခြင်းကြောင့်ဖြစ်သည်။ အာသီးရောင်ခြင်းဖြစ်ပါ က လည်ချောင်းနာခြင်းသည် အဖြစ်များဆုံးသော လက္ခဏာတစ်ခုဖြစ်သည်။ ထို့အပြင် အာသီးနာနေသူတွင် ချောင်းဆိုးခြင်း ၊ ကိုယ်အပူချိန်မြင့်တက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ နေမကောင်းဖြစ်ခြင်း ၊အစာမြိုသည့်အခါ နာခြင်း နှင့် လည်ပင်းရှိ ဂလင်းများ ရောင်ခြင်းတို့ ဖြစ်သည်။ အာသီးများသည် ရောင်ရမ်း၍ နီရဲနေတတ်သည်။ ပြည်များသည် အာသီးပေါ်တွင် အဖြူရောင် အစက်များဖြင့် တွေ့မြင်ရသည်။ လက္ခဏာများသည် ၂-၃ ရက်ကြာပြီးနောက် ပိုဆိုးလာတတ်ပြီး ၁ ပတ်အတွင်း တဖြည်းဖြည်း ပြန်ပျောက်သွားတတ်သည်။

Saturday, June 9, 2018

ရင်သားကင်ဆာနဲ့ပတ်သတ်ပြီး သိကောင်းစရာ အချက်များစုည်းမှု

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုး ဖြစ်ပြီး အဆုတ်ကင်ဆာပြီးရင် ဒုတိယ သေဆုံးမှု အများဆုံးကို ဖြစ်စေတဲ့ ကင်ဆာ တစ်မျိုးလည်းဖြစ်ပါတယ်။
သို့ပေမဲ့ နောက်ပိုင်း ဆေးပညာတိုးတက်လာမှုကြောင့် ရင်သားကင်ဆာမှ ပျောက်ကင်းပြီး အသက်ရှင်နှုန်း သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ရင်သားကင်ဆာဖြစ်ရင် အမျိုးသမီးတွေရဲ့ သေဆုံးနိုင်ခြေဟာ ၃၇ ယောက်မှာ ၁ ယောက် (၂.၇ ရာခိုင်နှုန်း)ရှိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီး ၂၅၂၇၁၀ ယောက်က လာရောက်ကုသမှု ခံယူခဲ့ကြပြီး ဒီအထဲကမှ အမျိုးသမီး ၄၀၆၁၀ ဟာ သေဆုံးနိုင်ခြေ ရှိပါတယ်။
အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုပေမဲ့ အမျိုးသမီးတွေလောက်တော့ အတွေ့ရမများပါဘူး။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်လေးကို ရှားပါးတဲ့ ကင်ဆာမျိုး ဖြစ်ပြီး ရင်သားကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသား အများစုဟာ အသက် ၆၅ နှစ်ကျော် အရွယ်တွေ ဖြစ်ကြပါတယ်။ သို့ပေမဲ့ အသက် ၅ နှစ်ကနေ ၉၃ နှစ်အတွင်း အသက်အရွယ်ရှိတဲ့ ဘယ်လို အမျိုးသားမဆို ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေက အယောက် ၁၀၀၀ မှာ ၁ ယောက်သာ ရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ရင်သားကင်ဆာအကြောင်းကိုသာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။
သေဆုံးနိုင်ခြေကို လျှော့ချဖို့ အတွက် အရေးအကြီးဆုံးကတော့ ရင်သားကင်ဆာရဲ့ လက္ခဏာတွေကို စောစောစီးစီးသိရှိနေဖို့ပါပဲ။ ဒါကြောင့် ယခု ဒီဆောင်းပါးလေးမှာတော့ ဒီလိုရင်သားကင်ဆာဖြစ်လာရင် ရောဂါ လက္ခဏာတွေကိုစောစောစီးစီး သိရှိပြီး သေဆုံးမှုများကို တားဆီးနိုင်ရန်အတွက် Hellosayarwon အမျိုးသမီး ပရိတ်သတ်ကြီး အတွက် ရင်သားကင်ဆာနဲ့ ပတ်သတ်ပြီး သိမှတ်ဖွယ်ရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts