နောင် (၁၀)နှစ်အတွင်း ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့ချနိုင်သော အချက် (၅)ချက်
In Unicode version
==================================================ဆီးချိုရောဂါသည် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်သလို မဖြစ်ခင် ကြိုတင်သိရှိနိုင်တဲ့ ရောဂါ တစ်ခုလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဆီးချိုသွေးချိုရောဂါဖြစ်သူတွေရဲ့ ၂၅%က ရောဂါမဖြစ်ခင် ဆီးချိုသွေးချို ရောဂါအကြိုအဆင့်မှာပင် သိရှိကြပါတယ်။ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ဆိုတာက သွေးထဲမှာ သကြားဓါတ်တွေ များနေတာပါ။ ဒါကို ဂရုတစိုက်သာ ဆင်ခြင်နေထိုင်မှုမပြုခဲ့ရင် နောင် (၁၀)နှစ်အတွင်းမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာ နိုင်ပါတယ်။ ထို့ကြောင့် -
(၁) လက်ရှိခန္ဓာကိုယ် အလေးချိန်ကို အနည်းငယ်လျော့ချပါ။
သင့်ရဲ့ လက်ရှိခန္ဓာကိုယ်အလေးချိန်ရဲ့ ၅%လောက် လျှော့ချနိုင်ခဲ့ရင် လေ့ကျင့်ခန်းတွေ မလုပ်ရင်တောင် သင့်မှာ ဆီးချို သွေးချိုရောဂါ ဖြစ်နိုင်ခြေကနေ ၇၀%အထိ လျော့နည်းသွားနိုင်ပါတယ်။
(၂) ကော်ဖီလျှော့သောက်ပါ။
တစ်နေ့ကို ကော်ဖီ (၆) ခွက်နဲ့အထက် သောက်သုံးသူတွေဟာ နောင် (၁၈)နှစ်အတွင်း ဆီးချိုသွေးချို ဖြစ်နိုင်ခြေ ၂၉-၅၄% ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ တစ်နေ့ကို ကော်ဖီ (၄/၅) ခွက် သောက်သုံးသူတွေဟာ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ခြေ ၂၉%ရှိပြီး တစ်နေ့ကို (၁-၃)ခွက်ကြား သောက်သုံးသူတွေမှာတော့ ထူးထူးခြားခြား ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို မတွေ့ရှိခဲ့ပါဘူး။
(၃) ကျန်းမာရေးနှင့် ညီညွတ်သော သရေစာ စားပါ။
ကစီဓါတ်ပါတဲ့ အစာတွေ မစားခင်မှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်ကို စားထားတာဟာ သွေးတွင်းသကြားဓါတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပါတယ်။ အရီဇိုးနားတက္ကသိုလ်က လေ့လာမှုတွေအရ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ (သို့မဟုတ်) အင်ဆူလင်လုပ်ဆောင်မှု မကောင်းလို့ဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ် မတက်စေဖို့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာတွေ မစားခင် ရှာလကာရည် လက်ဖက်စားဇွန်း (၂)ဇွန်း သောက်သင့်တယ်လို့ အကြံပြုထားပါတယ်။
(၄) လမ်းလျှောက်ပါ။
နေ့စဉ် လမ်းလျှောက်ပေးတာက ကိုယ်အလေးချိန် ပုံမှန်ဖြစ်စေပြီး ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်စေပါတယ်။ တစ်နေ့ကို (၃၀-၃၅)မိနစ်နဲ့ တစ်ပတ်ကို ၄နာရီလောက် လမ်းလျှောက်ပေးတာက ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို ၈၀%အထိ လျှော့ချနိုင်တယ်လို့ ဖင်လန်နိုင်ငံက ပြုလုပ်တဲ့ သုတေသနတွေမှာ တွေ့ရှိခဲ့ပါတယ်။ ဝါသနာနဲ့ ကိုက်ညီပြီး လုပ်ငန်းခွင် ပျော်ရွှင်သူတွေက ဆီးချိုသွေးချိုဖြစ်ပွားနိုင်ခြေ ၃၀% လျှော့ချနိုင်တာကို တွေ့ရပါတယ်။ တရုတ်သုတေသီတွေရဲ့ လေ့လာမှုအရ လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေက ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ခြေ ၄၀%လျှော့ချနိုင်တာကို တွေ့ရပါတယ်။ လေ့လာမှုတွေအရ ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းလုပ်သူတွေက အင်ဆူလင်ဟော်မုန်းရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ သိရပါတယ်။
(၅) ကောက်နှံကွေကာ စားသုံးပါ။
ကောက်နှံတစ်ခုလုံး ပါဝင်စာတွေကို စားသုံးပါက ရင်သားကင်ဆာ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်တဲ့ ကွေကာမှာ အမျှင်ဓါတ်တွေ များစွာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓါတ် တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။
(Credit to ဇာခြည်ဝင်း/ဆေးဝါးတက္ကသိုလ်)
From Good Health Journal
In zawgyi version
==================================================
(၄) လမ်းလျှောက်ပါ။
No comments:
Post a Comment