PR
ခုတလောပွက်လောရိုက်နေတဲ့ကိစ္စကတော့ PR (Proportional
Representatives) အချိုးကျကိုယ်စားပြုစနစ်
ကိုအမျိုးသားလွှတ်တော်မှာ ထောက်ခံမဲ(၁၁၇)မဲ၊ ကန့်ကွက်မဲ(၈၅)မဲ နဲ့အဆိုအားအတည်ပြုခဲ့ခြင်းပဲဖြစ်ပါတယ်...ယခုလက်ရှိကျင့်သုံးနေတာက FPTP(First Past The Post) နိုင်သူအကုန်ယူစနစ်ပါ...ရွေးကောက်ပွဲမှာ
တစ်မဲတည်းပဲ သာသာ အနိုင်ရတဲ့စနစ်ပါ(Winner
take all)....ဒါကတော့ရိုးရှင်းပါတယ်...အဲဒီတော့အင်အားနဲတဲ့ ပါတီတွေ
လူနည်းစုတွေကအားလုံးပါဝင်လာနိုင်အောင်လို့ နောက်တစ်မျိုးစဉ်းစားလာတဲ့ စနစ်လေးပါ..
(၁)မဲဆန္ဒနယ်တစ်နယ်
ကိုယ်စားလှယ်တစ်ဦး-Single member constituency system
(၂)အချိုးကျကိုယ်စားလှယ်- Proportional Representatives System
ရသင့်သောမဲ Quota လျာထားချက် = ရွေးကောက်ပွဲတွင်မဲထည့်ကြသည့်
ခိုင်လုံသော ဆန္ဒမဲပေါင်း
ရွေးချယ်ရန်သတ်မှတ်ထားသော ကိုယ်စားလှယ်ဦးရေ
ရွေးကောက်ပွဲတွင်ပါတီတစ်ခု = ပါတီတစ်ရပ်လုံးရရှိသည့် ခိုင်လုံဆန္ဒမဲပေါင်း
ရရှိနိုင်သောကိုယ်စားလှယ်ဦးရေ ရသင့်သောမဲ Quota လျာထားချက်
ဥပမာ...အမတ်တစ်ဦး တစ်နိုင်ငံလုံးရရှိသောခိုင်လုံဆန္ဒမဲပေါင်း
ရသင့်သောဝေပုံကျမဲ=
ရွေးချယ်ခံကိုယ်စားလှယ်အရေအတွက်
၁၅သန်း
= ၄၈၅
=
≏၃၀,၀၀၀
တနည်းဆိုရသော်
လွှတ်တော်ကိုယ်စားလှယ်ကိုမဲပေးရခြင်း မဟုတ်ဘဲ ပါတီကိုသာမဲထည့်ရခြင်း ဖြစ်ပေသည်။ FPTP ဘဲဖြစ်ဖြစ် PR ဖြစ်ဖြစ် အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါသည်။သို့သော်
ဆန္ဒမဲပေးခြင်းနှင့်ပတ်သတ်၍ လူထုကြားမှာ အသိပညာကျယ်ကျယ် ပြန့်ပြန့် မရှိသေးခင်မှာ PR ကိုမကျင့်သုံးသင့်ဟု ယူဆရပါသည်။
လက်ရှိကျင့်သုံးနေသော စနစ်ကိုပင် ပြည်သူလူထုအကြားရေရေလည်လည် နားလည်သဘောပေါက်မှု
အားနည်းနေသေး၏။ သို့သော် ပါဝါမျှခြေ နှင့် တပ်မတော်၏ ပူပန်မှုကို လျှော့နည်းစေခြင်း
သည်ဆွဲဆောင်မှုအဖြစ် ယူဆနိုင်သော်လည်း ဘာသာရေးနှင့် နိုင်ငံရေးတို့ ထွေးရောယှက်တင်ဖြစ်နိုင်မည်ကိုလည်း
ဖော့မတွေးစေလိုပါ ။
No comments:
Post a Comment