Monday, July 28, 2014

PR စနစ်၏ ပုံသဏ္ဍာန်လေးမျိုး

PR စနစ်၏ ပုံသဏ္ဍာန်လေးမျိုး
() ပါတီကိုသာ မဲပေးရွေးချယ်ရသော စနစ် ( Party List System )
() ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ်မဲပေးရွေးချယ်ရသော စနစ် ( Mix Member Proportional System )
() ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရမည် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား
      နေရာအများစု ပေးထားသော စနစ် ( Mix Member Majoritarian System )

() ကိုယ်စားလှယ်လောင်းများအနက် မိမိတို့နှစ်သက်မှုအရ ဦးစားပေးနံပါတ်စဉ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီးရွေးချယ်ရသောစနစ် (Single Transferable Vote System )

PR

  PR

ခုတလောပွက်လောရိုက်နေတဲ့ကိစ္စကတော့ PR (Proportional Representatives) အချိုးကျကိုယ်စားပြုစနစ် ကိုအမျိုးသားလွှတ်တော်မှာ ထောက်ခံမဲ(၁၁၇)မဲ၊ ကန့်ကွက်မဲ(၈၅)မဲ နဲ့အဆိုအားအတည်ပြုခဲ့ခြင်းပဲဖြစ်ပါတယ်...ယခုလက်ရှိကျင့်သုံးနေတာက FPTP(First Past The Post) နိုင်သူအကုန်ယူစနစ်ပါ...ရွေးကောက်ပွဲမှာ တစ်မဲတည်းပဲ သာသာ အနိုင်ရတဲ့စနစ်ပါ(Winner take all)....ဒါကတော့ရိုးရှင်းပါတယ်...အဲဒီတော့အင်အားနဲတဲ့ ပါတီတွေ လူနည်းစုတွေကအားလုံးပါဝင်လာနိုင်အောင်လို့ နောက်တစ်မျိုးစဉ်းစားလာတဲ့ စနစ်လေးပါ..
()မဲဆန္ဒနယ်တစ်နယ် ကိုယ်စားလှယ်တစ်ဦး-Single member constituency system
()အချိုးကျကိုယ်စားလှယ်- Proportional Representatives System
           
 ရသင့်သောမဲ Quota လျာထားချက်         =   ရွေးကောက်ပွဲတွင်မဲထည့်ကြသည့် ခိုင်လုံသော ဆန္ဒမဲပေါင်း
                                                          ရွေးချယ်ရန်သတ်မှတ်ထားသော ကိုယ်စားလှယ်ဦးရေ
          
    ရွေးကောက်ပွဲတွင်ပါတီတစ်ခု    =    ပါတီတစ်ရပ်လုံးရရှိသည့် ခိုင်လုံဆန္ဒမဲပေါင်း
    ရရှိနိုင်သောကိုယ်စားလှယ်ဦးရေ      ရသင့်သောမဲ Quota လျာထားချက်
                                              
ဥပမာ...အမတ်တစ်ဦး              တစ်နိုင်ငံလုံးရရှိသောခိုင်လုံဆန္ဒမဲပေါင်း
           ရသင့်သောဝေပုံကျမဲ=  ရွေးချယ်ခံကိုယ်စားလှယ်အရေအတွက်
                                             ၁၅သန်း
                                     =        ၄၈၅
                                     =    ၃၀,၀၀၀
                                                       

တနည်းဆိုရသော် လွှတ်တော်ကိုယ်စားလှယ်ကိုမဲပေးရခြင်း မဟုတ်ဘဲ ပါတီကိုသာမဲထည့်ရခြင်း ဖြစ်ပေသည်။ FPTP ဘဲဖြစ်ဖြစ် PR ဖြစ်ဖြစ် အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါသည်။သို့သော် ဆန္ဒမဲပေးခြင်းနှင့်ပတ်သတ်၍ လူထုကြားမှာ အသိပညာကျယ်ကျယ် ပြန့်ပြန့် မရှိသေးခင်မှာ PR ကိုမကျင့်သုံးသင့်ဟု ယူဆရပါသည်။ လက်ရှိကျင့်သုံးနေသော စနစ်ကိုပင် ပြည်သူလူထုအကြားရေရေလည်လည် နားလည်သဘောပေါက်မှု အားနည်းနေသေး၏။ သို့သော် ပါဝါမျှခြေ နှင့် တပ်မတော်၏ ပူပန်မှုကို လျှော့နည်းစေခြင်း သည်ဆွဲဆောင်မှုအဖြစ် ယူဆနိုင်သော်လည်း ဘာသာရေးနှင့် နိုင်ငံရေးတို့ ထွေးရောယှက်တင်ဖြစ်နိုင်မည်ကိုလည်း ဖော့မတွေးစေလိုပါ ။ 
                        မြင့်မားသော တောင်ကြီးပေါ်၌

အရုဏ်ကျင်း၍ မလင်းသေးမီ အချိန် ၊
တဖျပ်ဖျပ်တောက်ပနေသော ကြယ်ကလေးများ ၊
ကောင်းကင်ပြင်၏ ဝေဟင်တဖက်ကမ်းဆီ၌ ၊
လမင်းသည် မိမိ၏ ရှုမငြီးဘွယ် ပြောင်းအိ တင့်တယ်သော လင်းရောင်ခြည်ဖြင့် ၊
စိမ်းလဲ့သော တောင်ကုန်းငယ်၏ နောက်ကျောဘက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ
ဆုတ်ခွာရွေ့လျားနေ၏ ။
စူးရှရှည်လျားသော အသံဖြင့် အော်မြည်တတ်သော ပုရစ်ကောင်ကလေးများ ၊
ပိုးမွှားသတ္တဝါများ၊ ဖားကောင်ကြီးငယ် အသွယ်တို့ကား မိမိတို့၏ ဘာသာဘာဝ တေးဂီတဖြင့် ၊
တသွင်သွင်စီးနေသော စမ်းချောင်းများ၊ တဖြာဖြာကျဆင်းနေသော ရေတံခွန်များ၏ အသံတို့နှင့်
လိုက်ဖက်ညီစွာ ကျောက်ဆောင်ကျောက်သားများမှ တရှိန်တည်း ထိုးထွက်ခါ၊
သစ်ပင်တောအုပ်များကို ရိုက်ခတ်စွာ ထွက်ပေါ်နေသော အသံသည်
အဆက်မပြတ်မြည်ဟည်းလျက်၊
အကာမရှိသော အမိုးတစ်ခု၏ အောက်ဝယ်
အစွန်းထွက်နေသော ကျောက်တောင်စွန်းတစ်ခုအနီး
သဘာဝ၏ ချိုတေးသံကို နားဆင်လျက် စောင့်မျှော်လျက် ထိုင်နေမိပါသည်။
စိတ္တ” ဆိုတဲ့ နာမ်ခန္ဓာကို ရှုမှတ်လျက် “အတ္တ” ဆိုတဲ့ ရုပ်ခန္ဓာကို ဝိပဿနာတင်လျက်
ဤသို့ တိတ်ဆိတ်ငြိမ်သက်နေသော ပစ္စုပ္ပန်အခိုက်တွင်
အရာအားလုံးသည် ငြိမ်သက်၊ တိတ်ဆိတ်၊ စိုစွတ် အေးမြလျက်၊
ကျွန်ုပ်၏ အတွင်းသဏ္ဍာန်ဝယ် တခုတည်းသော တရားသဘောကို ဆင်ခြင်ပွားများလျက်၊
ထိုးထွင်းသိမြင်အပ်သော၊ ဆန့်ကျင်မှု ကင်းဆိတ်သော
ဓမ္မသဘာဝကို ကျွန်ုပ် တွေ့ရှိခဲ့ရပါသည်။
အသက်ဟုဆိုအပ်သော အရာကို လည်းကောင်း၊ အသက်ဝိညာဉ် မဟုတ်သော
အရာကို လည်းကောင်း ကျွန်ုပ် တွေ့ရှိခဲ့ရပါသည်။
ဖြစ်ပေါ်လာသမျှအရာအားလုံးသည် သဘာဝတရား၏ အစိတ်အပိုင်းများ ဖြစ်သည်။
၎င်းတို့သည် အစဉ်မပြတ် စီးဆင်းသွားနေသော ရေစီးကြောင်းသဖွယ် အင်အားကြီးမားသော
သဘာဝ၏ သွေးကြောများ ဖြစ်သည်။
သဘာဝတရားကား ကြီးမား၏။ အဆုံးအပိုင်းအခြား မရှိ။
ရေတွက်တိုင်းတာ၍ မဆုံး မကုန်နိုင်။
ကျွန်ုပ်တို့သည် အရာအားလုံးနှင့် တစုတပေါင်းတည်း
တလုံးတစည်းတည်းသာ ဖြစ်သည်။
ကျွန်ုပ်တို့သည် ထိုသဘာဝတရား၏ သဲတစ်ပွင့်မျှ ပမာဏ
အစိတ်အပိုင်းသာဖြစ်သည်။
ဤကမ္ဘာမြေကြီးပင်လျှင် အလွန်သေးငယ်လှသော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါသည်။
ကပ်ငြိတွယ်တာအပ်သောအရာ တစ်စုံတစ်ခုမျှ မရှိ။
ရယူစရာ၊ ဆုံးရှုံးစရာလည်း မရှိ။
လာသည့်အရာ၊ သွားသည့်အရာ မရှိ။
တစ်ခုတည်းသော ဓမ္မသဘောသာလျှင် ထင်ရှား၏။
အသက်ဝိညဉ်တို့သည် တစ်ခုအပေါ်တစ်ခု အနိုင်ယူကာ အဘယ့်ကြောင့်
ကျူးကျော်လွှမ်းမိုးနေကြပါသနည်း။

အို   အကြမ်းမဖက် ငြိမ်သက်ခြင်းသည်သာ ကောင်းမြတ်ခြင်းပင်တည်း။  ။
                               On the Mighty Mountain

Before dawn;
Lustrous stars,
On the distant bank of sky.
The moon with her soft, exquisite shine
Steals quietly away behind a verdant hill.
Cicadas....ray-rai,
Wild insects, frogs, large and small,
Sing melodies
In harmony with the clamorous stream and falls
Of water, gushing through rocks, whipping by clusters of trees,
So incessantly,
Under a shed,
By a projecting stone,
I sit, listening to nature,
Watching, watching:
Contemplating the Citta٭  and meditating on the self.
In this quiet presence,
As all is peaceful, still, and damply cold,
I inwardly maintain the state of oneness.
I have discovered nature
Of  interpenetration,
 Without opposites.
And I have found
That life and non-life
And all that exist
Are but nature`s vitals.
They are the stream that flows,
The stream of mighty nature,
Immense, infinite,
Beyond reckoning.
we are one
With all things.
We are a unit, a particle of dust,
Tiny indeed on this very earth.
There is nothing gained, nothing lost,
Nothing come, nothing gone.
Thus evident is unity.
Wherefore should lives trespass one another?
                                  O non-violence !


Monday, July 14, 2014

http://thakyarmingyi.blogspot.com/ ကို နိုင်ငံရေးရာတိုတိုထွာထွာတွေ ရေးဖို့လုပ်ထားတာကြာပါပြီ...ဒါပေမယ့် အဲဒီတုန်းက စစ်အစိုးရရဲ့ ကလေးဆန်မှုတွေကြောင့် မရေးဖြစ်ခဲ့ဘူး..ခု ဒီမိုကရေစီကူးပြောင်းစ အခြေအနေပါ..ဒါပေမယ့် ဒီမိုကရေစီ ကူးပြောင်းစ နိုင်ငံတွေမှာ လူထုအနေနဲ့ စားကြောင်ဖားကြီးတွေရဲ့ တွန်းလှဲမှုကိုအလူးအလဲ ခံရတတ်စမြဲပါ..ဒါကို လူထုအနေနဲ့ သတိ၊ ဥာဏ်ပညာ ကိုလက်ကိုင်ထားကြရန် သိကြားမင်းကြီးမှ  နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်..
http://thakyarmingyi.blogspot.com/ ကို နိုင်ငံရေးရာတိုတိုထွာထွာတွေ ရေးဖို့လုပ်ထားတာကြာပါပြီ...ဒါပေမယ့် အဲဒီတုန်းက စစ်အစိုးရရဲ့ ကလေးဆန်မှုတွေကြောင့် မရေးဖြစ်ခဲ့ဘူး..ခု ဒီမိုကရေစီကူးပြောင်းစ အခြေအနေပါ..ဒါပေမယ့် ဒီမိုကရေစီ ကူးပြောင်းစ နိုင်ငံတွေမှာ လူထုအနေနဲ့ စားကြောင်ဖားကြီးတွေရဲ့ တွန်းလှဲမှုကိုအလူးအလဲ ခံရတတ်စမြဲပါ..ဒါကို လူထုအနေနဲ့ သတိ၊ ဥာဏ်ပညာ ကိုလက်ကိုင်ထားကြရန် သိကြားမင်းကြီးမှ  နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်..

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts