Tuesday, October 24, 2017

ခွေးရူးပြန်ရောဂါ အတွက် ကာကွယ်နည်း သုံးနည်း 

ခွေးရူးပြန်ရောဂါ အတွက် ကာကွယ်နည်း သုံးနည်း

 ကမ္ဘာ့နိုင်ငံ အပူပိုင်းဇုန် ဒေသနိုင်ငံများဖြစ်သော အရှေ့တောင်အာရှ နိုင်ငံများ၊ ဥရောပနိုင်ငံ များ၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများစုတွင် ခွေးရူးပြန် ရောဂါကြောင့် ၁ဝ မိနစ်လျှင် လူ တစ် ဦးနှုန်းဖြင့် အသက် ဆုံးရှုံးမှုများ ဖြစ်ပွားလျက် ရှိသည်။ ယင်းနှင့်ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် အမေရိကန် ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းကာ ၂ဝဝ၇ ခုနှစ်မှ စတင်၍ ခွေးရူးပြန် ရောဂါကို စတင် တိုက်ဖျက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် ၂ဝဝ၉ ခုနှစ်မှ စတင်ကာ ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ကာကွယ်ဆေး အခမဲ့ ထိုးပေးခြင်းတို့ကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် NGO အဖွဲ့အစည်းများမှ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် ခဲ့ကြသော်လည်း ဖြစ်ပွားနှုန်းသည် လျော့နည်း ပပျောက်သွားခြင်း မရှိဘဲ ယခင်ထက်ပင် ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ယခုအခါ မြန်မာနိုင်ငံ အနေဖြင့် ခွေးရူးပြန်ရောဂါ ပပျောက်ရေးကို စီမံချက်နှစ်ရပ် ချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်များ အရ သိရသည်။ ခွေးရူးပြန် ရောဂါသည် ကမ္ဘာ့ လူသတ်ရောဂါများ အနက်တွင် တစ်မျိုး ပါဝင်ခြိမ်းခြောက်လျက် ရှိရာ မြန်မာနိုင်ငံရှိ ပြည်သူတို့ သတိပြုလိုက်နာ ရှောင်ရှားနိုင်စေရန် ရန်ကုန် ဆေးပညာဌာန (ဆေး-၁)မှ ပါမောက္ခ ဒေါက်တာ ချစ်မိုးထံသို့ ကျွန်တော်တို့ သတင်းအဖွဲ့ သွားရောက်ကာ သိလိုသည်များ မေးမြန်းခဲ့ ပါသည်။ ဆက်လက်၍ ''ခွေးတစ်ကောင်ဟာ ခွေးရူးပြန်ရောဂါ ခံစားနေရပြီ ဆိုရင် အကြောင်းမရှိဘဲ သခင်ကို ကိုက်တတ်လာခြင်း၊ ရန်လိုတတ်ခြင်း၊ ပါးစပ်မှ သွားရည်တများများ ဖြစ်လာခြင်းတို့ အပြင် ပုံမှန် မဟုတ်တဲ့ အလွန် ငြိမ်သက်မှုမျိုးနဲ့ တစ်သီးတခြား နေတတ်ခြင်းတို့က ဒီရောဂါ ခံစားနေရတယ် ဆိုတဲ့ လက္ခဏာပြခြင်း ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေ ရှိတဲ့ ခွေးမျိုး အကိုက်ခံရပြီဆိုရင် အကိုက်ခံရတဲ့ သူဟာ တစ်လ သို့မဟုတ် သုံးလအ တွင်း ခွေးရူးပြန်ရောဂါ ဖြစ်ပေါ်လာ ပါတယ်။ တချို့ဆိုရင် သုံးလေးရက်အတွင်း ဒီရောဂါကို အမြန်ဆုံး ခံစားရပြီး ခုနစ်ရက်လောက် အထိ ခွေးရူးပြန်ရောဂါ ခံစားရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ချစ်မိုးက ပြောကြားခဲ့သည်။ ထိုသို့ ခွေးရူးပြန်ရောဂါ အတွက် ကာကွယ်နည်း သုံးနည်းရှိရာ ပထမ နည်းကတော့ ကြိုတင် ကာကွယ်ဆေး ထိုးခြင်း၊ ဒုတိယ နည်းကတော့ မိမိတို့၏ ပတ်ဝန်းကျင်ရှိ အိမ်မွေး တိရစ္ဆာန်အပြင်အခြား တိရစ္ဆာန်တို့နှင့် မထိတွေ့အောင်၊ မကိုက်ခံရအောင် နေခြင်းနှင့် ကိုက်ခံရသည့် ဒဏ်ရာကို အသေအချာ ရှာဖွေသန့်စင် ကုသပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးခြင်းတို့ကို ပြုလုပ်ရကြောင်း သိရသည်။ ကာကွယ်ဆေး အနေနှင့် နှစ်မျိုးရှိပြီး အရေးပေါ် ကာကွယ်ဆေး Immunoglo Bulin နှင့် ပုံမှန် ကာကွယ်ဆေး Vaccine တို့ ဖြစ်သည်။ ထိုဆေးနှစ်မျိုးမှ အရေးပေါ် ကာကွယ်ဆေးသည် အကိုက်ခံ ပြီးပြီးခြင်း ဒဏ်ရာ၏ အတွင်းနှင့် အပြင် ပတ်လည်ကို ထိုးရသည့် ဆေးဖြစ်ပြီး ပုံမှန် ကာကွယ်ဆေးမှာ လက်မောင်းမှာ ဆေးလေးလုံး သို့မဟုတ် ငါးလုံးကို သတ်မှတ်ရက် အတိုင်း ရက်ခြားထိုး၍ ကာကွယ်ထားရမည် ဖြစ်သည်။ အဆိုပါ ခွေးရူးပြန် ရောဂါသည် ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် အဖြစ် များကြောင်း သိရသည်။ လူတို့၏ ပတ်ဝန်းကျင်တွင် အိမ်မွေး တိရစ္ဆာန်များကို ချစ်ခင်ခြင်း သနားခြင်းများနှင့် အတူတကွ စားသောက် နေထိုင်ခြင်းတို့ကို ပြုလုပ်သည့် အလေ့အထ များလည်း ရှိသည်။ ထိုသို့ ပြုလုပ်ခြင်း များသည် စည်းကမ်းမရှိ ပူးကပ်စွာ နေထိုင်ခြင်းများမှ ရောဂါရှိ၊ မရှိ မသိနိုင်သည့် အိမ်မွေး တိရစ္ဆာန်များမှ ကူးစက် လာနိုင်ပြီး မိမိတို့၏ ပတ်ဝန်းကျင်တွင် ခွေးလေခွေးလွင့်များ တွေ့လျှင် သနားပြီး အစာကို လမ်းဘေး ချကျွေးသည့် အလေ့အထများလည်း ရှိသည်။ ယင်းတို့မှ တစ်ဆင့်လည်း ရောဂါဖြစ်ပွားနှုန်း ပိုမို ဆိုးဝါးလာ နိုင်သည်။ ယင်းတို့၏ အလေ့အထ အများဆုံး ပြုမူတတ်သည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယနိုင်ငံ၌ အဆိုပါရောဂါ ဖြစ်ပွားမှုသည် တစ်နှစ်ထက် တစ်နှစ် အခြားနိုင်ငံများနှင့် အတူ ပိုမိုတိုးပွား လာကြောင်း သိရသည်။ အခြားတိုးတက်သည့် နိုင်ငံများတွင် ခွေးလေခွေးလွင့်များကို သတ်မှတ်နှုန်းထား အတိုင်းသာ ထားရှိခြင်း၊ အိမ်မွေး တိရစ္ဆာန်များကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ၍် မွေးမြူခြင်း၊ အခြားနိုင်ငံမှ ဝင်ရောက်လာ သည့် ခွေးမျိုးစိတ်သစ်များကို အလွယ်တကူ အဝင်မခံဘဲ ကျန်းမာရေး စိစစ်မှုများ ပြုလုပ်သည့် အလေ့အထ များကြောင့် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုများသည် လျော့နည်း ပပျောက်လာကြောင်း သိရသည်။ ''ပြီးခဲ့တဲ့နှစ်က ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ခွေးရူးပြန်ရောဂါကြောင့် လူပေါင်း ၆ဝ ကျော် အသက်ဆုံးရှုံး ခဲ့ရပြီး မြို့နယ်လေးတွေမှာတော့ လူအယောက် ၂ဝ ဝန်းကျင်လောက် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ ရန်ကုန်က လူဦးရေ ထူထပ်တာရယ်၊ ခွေးလေခွေးလွင့် ပိုများတာတွေကြောင့် အဖြစ်များပါတယ်။ ဧပြီလ ကျောင်းပိတ် ရက်ဆိုရင် ကလေးတွေ လမ်းမပေါ်မှာ ကစားနေတဲ့အချိန် ဖြစ်တော့ ပိုဆိုးတာပေါ့'' ဟု ရန်ကုန် ဆေးပညာ ဌာန (ဆေး -၁)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထို့ကြောင့် အဆိုပါ ခွေးရူးပြန်ရောဂါသည် ကမ္ဘာပေါ်၌ ၁ဝ မိနစ်လျှင် လူတစ်ယောက်နှုန်းဖြင့် အသက်ဆုံးရှုံး နေမှုအပေါ် ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ OIE နှင့် မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စီမံချက်နှစ်ရပ် ချမှတ်ကာ လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် လက်ရှိဖြစ်ပွားမှု နှုန်းထားများအောက် တစ်ဝက် လျှော့ချနိုင်ရေးကို အကောင်ထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ခွေးအ ကောင်ရေ ၃ ဒသမ ၆ သန်းကျော်ရှိရာ ၂ဝ၁၂ ခုနှစ်တွင် ခွေးအကောင်ရေ ၅ဝဝ ကျော်ကို ကာကွယ်ဆေး ထိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါ အရေအတွက်ထက် ကာကွယ်ဆေး ပိုပြီး ထိုးနိုင်အောင် စီမံချက်ချ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ခွေးရူးပြန်ရောဂါသည် ငှက်ဖျား၊ တီဗွီ ရောဂါများကဲ့သို့ အများပြည်သူတို့၏ ပတ်ဝန်းကျင်တွင် လူသတ်ရောဂါ တစ်မျိုးဖြစ်နေသည်ကို သတိမူကာ အိမ်မွေး တိရစ္ဆာန်များအား စနစ်တကျ မွေးမြူကာ နေထိုင်သင့်ကြောင်းနှင့် ခွေးရူးပြန်ရောဂါ ဖြစ်ပွားနှုန်း လျော့ကျစေရန် သက်ဆိုင်ရာ အဖွဲ့အစည်း များမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စီမံချက်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သဖြင့် တစ်ဦးချင်း တစ်ယောက်ချင်း တိုင်းတွင်လည်း ကိုယ်စီတာဝန်များ ထားရှိကာ လိုက်နာဆောင်ရွက် ခြင်းဖြင့် ကျန်းမာသုခ ပြည့်ဝစေလိုကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။ By မောင်မျိုး (ဧရာဝတီ)

မိုးရာသီနှင့်ဆောင်းရာသီ အကူးအပြောင်းတွင် ဖြစ်တတ်သောရောဂါများ

မိုးရာသီနှင့်ဆောင်းရာသီ အကူးအပြောင်းတွင် ဖြစ်တတ်သောရောဂါများ =============================================== တုပ်ကွေးရောဂါ ***************** တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်စသည် အသက်ရှူစနစ်ကို ထိခိုက်စေသည်။ အများအားဖြင့် အထူးတလည် ကုသရန် မလိုအပ်ဘဲ သူ့အလိုလိုပျောက်ကင်းကြသည်။ လက္ခဏာများ ************* တုပ်ကွေးရောဂါ၏ လက္ခဏာများမှာ အအေးမိဖျားနာ (Common Cold) နှင့် ဆင်တူပြီး - နှာစေးခြင်း - နှာချေခြင်း - လည်ချောင်းနာခြင်း စသည့်ဝေဒနာများ စတင်ဖြစ်ပေါ်လာတတ်သည်။ အခြား တွေ့ရသော လက္ခဏာများမှာ- - ဖျားခြင်း (100 'F (38 'C)) - ကြွက်သားများ ကိုက်ခဲခြင်း - ချမ်းတုန်ခြင်း - ချွေးပျံခြင်း - ချောင်းခြောက် ဆိုးခြင်း - ခေါင်းကိုက်ခြင်း - နုံးခွေခြင်း စသည်တို့ ဖြစ်သည်။ ပန်းနာရင်ကျပ်ရောဂါ ********************** ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ ချွဲထွက်ခြင်း၊ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းတို့ကြောင့် အသက်ရှူရကျပ်သောရောဂါ ဖြစ်သည်။ လက္ခဏာများ ************* - အသက်ရှူမြန်ခြင်း - ရင်ဘတ်အောင့်ခြင်း - အသက်ရှူရကျပ်ခြင်းကြောင့် အိပ်မရခြင်း - တရွှီရွှီ အသံမြည်ခြင်း - ချောင်းဆိုးခြင်း - ချွဲကျပ်ခြင်း ငှက်ဖျားရောဂါ *************** ငှက်ဖျားရောဂါဆိုသည်မှာ Anopheles Mosquito ခြင်ကိုက်ခြင်းကြောင့် Malaria Parasite ငှက်ဖျားရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။ လက္ခဏာများ ************** ရောဂါလက္ခဏာများသည် ရောဂါပိုးဝင်ပြီး ရရက်မှ ၁၈ ရက်အတွင်း ပေါ်နိုင်ပြီး အချို့သူများတွင် ရောဂါပေါ်ရန် ၁နှစ်အထိကြာမြင့်နိုင်သည်။ - အဖျားကြီးခြင်း - ချမ်းတုန်ခြင်း - ချွေးအလွန်ထွက်ခြင်း - အန်ခြင်း စသည့် လက္ခဏာများဖြစ်ပေါ်တတ်သည်။ ဖြစ်စေသော အကောင်အမျိုးအစားပေါ်မူတည်၍ ၇၂နာရီခြား၊ ၄၈နာရီခြားတစ်ကြိမ်ပေါ်တတ်ပြီး ၆နာရီမှ ၁၂နာရီထိတိုင်အောင် ခံစားရတတ်သည်။ အခြားလက္ခဏာများအနေဖြင့် ကြွက်သားများနာကျင်ခြင်း။ ဝမ်းလျှောခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း စသည်တို့လည်းခံစားရနိုင်ပါသည်။ ဦးနှောက်ရောင်ခြင်း (Encephalitis) ************************************ ဦးနှောက်ရောင်ခြင်းမှာ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ အလွန်ပြင်းထန်ပါက အသက်အန္တရာယ် ဆုံးရှုံးသည်အထိဖြစ်နိုင်သောကြောင့် အချိန်မီ ကုသမှုခံယူရန် လိုအပ်သည်။ လက္ခဏာများ *************** - အများစုတွင် သာမန်ဖျားနာခြင်းနှင့် ဆင်တူသော လက္ခဏာများဖြစ်သည့် • ခေါင်းကိုက်ခြင်း • ဖျားနာခြင်း • ကြွက်သားများ နာကျင် ကိုက်ခဲခြင်းနှင့် • မောပန်းနွမ်းနယ်ခြင်းတို့လောက်ကိုသာ တွေ့ရတတ်သည်။ အချို့တွင်မူ မည်သည့်လက္ခဏာများကိုမှ ပြလေ့မရှိပေ။ ပြင်းထန်သော အခြေအနေများတွင်မူ - • စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဝေဝါးခြင်း • တက်ခြင်း • အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အာရုံကို မခံစားနိုင်တော့ခြင်း • မလှုပ်ရှားနိုင်ခြင်း • ကြွက်သားများ အားနည်းခြင်း • နှစ်ထပ်မြင်ခြင်း • ကြက်ဥပုပ်နံ့ကဲ့သို့သော အနံ့များ အလိုလိုရနေခြင်း • စကားပြောရာနှင့် အကြားအာရုံတို့တွင် ချို့ယွင်းခြင်း • သတိမေ့မြောသွားခြင်း တို့ကို ကြုံတွေ့ရနိုင်သည်။ ကလေးများတွင်မူ - • ငယ်ထိပ်ဖောင်းလာခြင်း • ပျို့ခြင်း၊ အန်ခြင်း • တကိုယ်လုံး တောင့်တင်းလာခြင်း • ချော့၍မတိတ်အောင် ငိုခြင်း • နို့မစို့ခြင်း၊ အစားမစားခြင်း • ဂျီကျခြင်းတို့ ဖြစ်တတ်သည်။ Ref. Mayo Clinic from..www.healthcare.com.mm

Fighting Aung La Nsang


တင်ပါးလှပစေရန် လေ့ကျင့်ခန်း


ARSA အကြမ်းဖက်မှုကိုရင်ဆိုင်ခဲ့ရသူများ၏ အတွေ့အကြုံ အင်တာဗျူး


Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts