Tuesday, October 24, 2017
မိုးရာသီနှင့်ဆောင်းရာသီ အကူးအပြောင်းတွင် ဖြစ်တတ်သောရောဂါများ
မိုးရာသီနှင့်ဆောင်းရာသီ အကူးအပြောင်းတွင် ဖြစ်တတ်သောရောဂါများ
===============================================
တုပ်ကွေးရောဂါ
*****************
တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်စသည် အသက်ရှူစနစ်ကို ထိခိုက်စေသည်။ အများအားဖြင့် အထူးတလည် ကုသရန် မလိုအပ်ဘဲ သူ့အလိုလိုပျောက်ကင်းကြသည်။
လက္ခဏာများ
*************
တုပ်ကွေးရောဂါ၏ လက္ခဏာများမှာ အအေးမိဖျားနာ (Common Cold) နှင့် ဆင်တူပြီး
- နှာစေးခြင်း
- နှာချေခြင်း
- လည်ချောင်းနာခြင်း စသည့်ဝေဒနာများ စတင်ဖြစ်ပေါ်လာတတ်သည်။
အခြား တွေ့ရသော လက္ခဏာများမှာ-
- ဖျားခြင်း (100 'F (38 'C))
- ကြွက်သားများ ကိုက်ခဲခြင်း
- ချမ်းတုန်ခြင်း
- ချွေးပျံခြင်း
- ချောင်းခြောက် ဆိုးခြင်း
- ခေါင်းကိုက်ခြင်း
- နုံးခွေခြင်း စသည်တို့ ဖြစ်သည်။
ပန်းနာရင်ကျပ်ရောဂါ
**********************
ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ ချွဲထွက်ခြင်း၊ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းတို့ကြောင့် အသက်ရှူရကျပ်သောရောဂါ ဖြစ်သည်။
လက္ခဏာများ
*************
- အသက်ရှူမြန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရကျပ်ခြင်းကြောင့် အိပ်မရခြင်း
- တရွှီရွှီ အသံမြည်ခြင်း
- ချောင်းဆိုးခြင်း
- ချွဲကျပ်ခြင်း
ငှက်ဖျားရောဂါ
***************
ငှက်ဖျားရောဂါဆိုသည်မှာ Anopheles Mosquito ခြင်ကိုက်ခြင်းကြောင့် Malaria Parasite ငှက်ဖျားရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။
လက္ခဏာများ
**************
ရောဂါလက္ခဏာများသည် ရောဂါပိုးဝင်ပြီး ရရက်မှ ၁၈ ရက်အတွင်း ပေါ်နိုင်ပြီး အချို့သူများတွင် ရောဂါပေါ်ရန် ၁နှစ်အထိကြာမြင့်နိုင်သည်။
- အဖျားကြီးခြင်း
- ချမ်းတုန်ခြင်း
- ချွေးအလွန်ထွက်ခြင်း
- အန်ခြင်း စသည့် လက္ခဏာများဖြစ်ပေါ်တတ်သည်။
ဖြစ်စေသော အကောင်အမျိုးအစားပေါ်မူတည်၍ ၇၂နာရီခြား၊ ၄၈နာရီခြားတစ်ကြိမ်ပေါ်တတ်ပြီး ၆နာရီမှ ၁၂နာရီထိတိုင်အောင် ခံစားရတတ်သည်။
အခြားလက္ခဏာများအနေဖြင့် ကြွက်သားများနာကျင်ခြင်း။ ဝမ်းလျှောခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း စသည်တို့လည်းခံစားရနိုင်ပါသည်။
ဦးနှောက်ရောင်ခြင်း (Encephalitis)
************************************
ဦးနှောက်ရောင်ခြင်းမှာ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။
အလွန်ပြင်းထန်ပါက အသက်အန္တရာယ် ဆုံးရှုံးသည်အထိဖြစ်နိုင်သောကြောင့် အချိန်မီ ကုသမှုခံယူရန် လိုအပ်သည်။
လက္ခဏာများ
***************
- အများစုတွင် သာမန်ဖျားနာခြင်းနှင့် ဆင်တူသော လက္ခဏာများဖြစ်သည့်
• ခေါင်းကိုက်ခြင်း
• ဖျားနာခြင်း
• ကြွက်သားများ နာကျင် ကိုက်ခဲခြင်းနှင့်
• မောပန်းနွမ်းနယ်ခြင်းတို့လောက်ကိုသာ တွေ့ရတတ်သည်။
အချို့တွင်မူ မည်သည့်လက္ခဏာများကိုမှ ပြလေ့မရှိပေ။
ပြင်းထန်သော အခြေအနေများတွင်မူ -
• စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဝေဝါးခြင်း
• တက်ခြင်း
• အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အာရုံကို မခံစားနိုင်တော့ခြင်း
• မလှုပ်ရှားနိုင်ခြင်း
• ကြွက်သားများ အားနည်းခြင်း
• နှစ်ထပ်မြင်ခြင်း
• ကြက်ဥပုပ်နံ့ကဲ့သို့သော အနံ့များ အလိုလိုရနေခြင်း
• စကားပြောရာနှင့် အကြားအာရုံတို့တွင် ချို့ယွင်းခြင်း
• သတိမေ့မြောသွားခြင်း တို့ကို ကြုံတွေ့ရနိုင်သည်။
ကလေးများတွင်မူ -
• ငယ်ထိပ်ဖောင်းလာခြင်း
• ပျို့ခြင်း၊ အန်ခြင်း
• တကိုယ်လုံး တောင့်တင်းလာခြင်း
• ချော့၍မတိတ်အောင် ငိုခြင်း
• နို့မစို့ခြင်း၊ အစားမစားခြင်း
• ဂျီကျခြင်းတို့ ဖြစ်တတ်သည်။
Ref. Mayo Clinic
from..www.healthcare.com.mm
Subscribe to:
Post Comments (Atom)
Featured Post
ခွေးကိုက်ခံရလျှင်
၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...
Popular Posts
-
www.myanmarhealthcentre.com လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက်နာကျင်ခြင်း လိင်ဆက်ဆံနေစဉ် (သို့) လိင်ဆက်ဆံပြီးနောက် အမျိုးသမီးမျိုး...
-
www.myanmarhealthcentre.com ဂနိုရောဂါ (သို့မဟုတ်) ဆီးပူညောင်းကျ ရောဂါ (Gonorrhoea) အကယ်၍ သင့်ထံတွင် ဂနိုရောဂါ ( သို့) ဆီးပူညောင်းကျ...
-
အာသီးရောင်ခြင်း (Tonsilitis) ================= အာသီးရောင်ခြင်း (Tonsilitis) သည် ပုံမှန်အားဖြင့် ရက်အနည်းငယ်အကြာတွင် အလိုအလျောက် ပျောက်သွာ...
No comments:
Post a Comment