Monday, July 28, 2014

                        မြင့်မားသော တောင်ကြီးပေါ်၌

အရုဏ်ကျင်း၍ မလင်းသေးမီ အချိန် ၊
တဖျပ်ဖျပ်တောက်ပနေသော ကြယ်ကလေးများ ၊
ကောင်းကင်ပြင်၏ ဝေဟင်တဖက်ကမ်းဆီ၌ ၊
လမင်းသည် မိမိ၏ ရှုမငြီးဘွယ် ပြောင်းအိ တင့်တယ်သော လင်းရောင်ခြည်ဖြင့် ၊
စိမ်းလဲ့သော တောင်ကုန်းငယ်၏ နောက်ကျောဘက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ
ဆုတ်ခွာရွေ့လျားနေ၏ ။
စူးရှရှည်လျားသော အသံဖြင့် အော်မြည်တတ်သော ပုရစ်ကောင်ကလေးများ ၊
ပိုးမွှားသတ္တဝါများ၊ ဖားကောင်ကြီးငယ် အသွယ်တို့ကား မိမိတို့၏ ဘာသာဘာဝ တေးဂီတဖြင့် ၊
တသွင်သွင်စီးနေသော စမ်းချောင်းများ၊ တဖြာဖြာကျဆင်းနေသော ရေတံခွန်များ၏ အသံတို့နှင့်
လိုက်ဖက်ညီစွာ ကျောက်ဆောင်ကျောက်သားများမှ တရှိန်တည်း ထိုးထွက်ခါ၊
သစ်ပင်တောအုပ်များကို ရိုက်ခတ်စွာ ထွက်ပေါ်နေသော အသံသည်
အဆက်မပြတ်မြည်ဟည်းလျက်၊
အကာမရှိသော အမိုးတစ်ခု၏ အောက်ဝယ်
အစွန်းထွက်နေသော ကျောက်တောင်စွန်းတစ်ခုအနီး
သဘာဝ၏ ချိုတေးသံကို နားဆင်လျက် စောင့်မျှော်လျက် ထိုင်နေမိပါသည်။
“စိတ္တ” ဆိုတဲ့ နာမ်ခန္ဓာကို ရှုမှတ်လျက် “အတ္တ” ဆိုတဲ့ ရုပ်ခန္ဓာကို ဝိပဿနာတင်လျက်
ဤသို့ တိတ်ဆိတ်ငြိမ်သက်နေသော ပစ္စုပ္ပန်အခိုက်တွင်
အရာအားလုံးသည် ငြိမ်သက်၊ တိတ်ဆိတ်၊ စိုစွတ် အေးမြလျက်၊
ကျွန်ုပ်၏ အတွင်းသဏ္ဍာန်ဝယ် တခုတည်းသော တရားသဘောကို ဆင်ခြင်ပွားများလျက်၊
ထိုးထွင်းသိမြင်အပ်သော၊ ဆန့်ကျင်မှု ကင်းဆိတ်သော
ဓမ္မသဘာဝကို ကျွန်ုပ် တွေ့ရှိခဲ့ရပါသည်။
အသက်ဟုဆိုအပ်သော အရာကို လည်းကောင်း၊ အသက်ဝိညာဉ် မဟုတ်သော
အရာကို လည်းကောင်း ကျွန်ုပ် တွေ့ရှိခဲ့ရပါသည်။
ဖြစ်ပေါ်လာသမျှအရာအားလုံးသည် သဘာဝတရား၏ အစိတ်အပိုင်းများ ဖြစ်သည်။
၎င်းတို့သည် အစဉ်မပြတ် စီးဆင်းသွားနေသော ရေစီးကြောင်းသဖွယ် အင်အားကြီးမားသော
သဘာဝ၏ သွေးကြောများ ဖြစ်သည်။
သဘာဝတရားကား ကြီးမား၏။ အဆုံးအပိုင်းအခြား မရှိ။
ရေတွက်တိုင်းတာ၍ မဆုံး မကုန်နိုင်။
ကျွန်ုပ်တို့သည် အရာအားလုံးနှင့် တစုတပေါင်းတည်း
တလုံးတစည်းတည်းသာ ဖြစ်သည်။
ကျွန်ုပ်တို့သည် ထိုသဘာဝတရား၏ သဲတစ်ပွင့်မျှ ပမာဏ
အစိတ်အပိုင်းသာဖြစ်သည်။
ဤကမ္ဘာမြေကြီးပင်လျှင် အလွန်သေးငယ်လှသော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါသည်။
ကပ်ငြိတွယ်တာအပ်သောအရာ တစ်စုံတစ်ခုမျှ မရှိ။
ရယူစရာ၊ ဆုံးရှုံးစရာလည်း မရှိ။
လာသည့်အရာ၊ သွားသည့်အရာ မရှိ။
တစ်ခုတည်းသော ဓမ္မသဘောသာလျှင် ထင်ရှား၏။
အသက်ဝိညဉ်တို့သည် တစ်ခုအပေါ်တစ်ခု အနိုင်ယူကာ အဘယ့်ကြောင့်
ကျူးကျော်လွှမ်းမိုးနေကြပါသနည်း။

အို   အကြမ်းမဖက် ငြိမ်သက်ခြင်းသည်သာ ကောင်းမြတ်ခြင်းပင်တည်း။  ။
                               On the Mighty Mountain

Before dawn;
Lustrous stars,
On the distant bank of sky.
The moon with her soft, exquisite shine
Steals quietly away behind a verdant hill.
Cicadas....ray-rai,
Wild insects, frogs, large and small,
Sing melodies
In harmony with the clamorous stream and falls
Of water, gushing through rocks, whipping by clusters of trees,
So incessantly,
Under a shed,
By a projecting stone,
I sit, listening to nature,
Watching, watching:
Contemplating the Citta٭  and meditating on the self.
In this quiet presence,
As all is peaceful, still, and damply cold,
I inwardly maintain the state of oneness.
I have discovered nature
Of  interpenetration,
 Without opposites.
And I have found
That life and non-life
And all that exist
Are but nature`s vitals.
They are the stream that flows,
The stream of mighty nature,
Immense, infinite,
Beyond reckoning.
we are one
With all things.
We are a unit, a particle of dust,
Tiny indeed on this very earth.
There is nothing gained, nothing lost,
Nothing come, nothing gone.
Thus evident is unity.
Wherefore should lives trespass one another?
                                  O non-violence !


Monday, July 14, 2014

http://thakyarmingyi.blogspot.com/ ကို နိုင်ငံရေးရာတိုတိုထွာထွာတွေ ရေးဖို့လုပ်ထားတာကြာပါပြီ...ဒါပေမယ့် အဲဒီတုန်းက စစ်အစိုးရရဲ့ ကလေးဆန်မှုတွေကြောင့် မရေးဖြစ်ခဲ့ဘူး..ခု ဒီမိုကရေစီကူးပြောင်းစ အခြေအနေပါ..ဒါပေမယ့် ဒီမိုကရေစီ ကူးပြောင်းစ နိုင်ငံတွေမှာ လူထုအနေနဲ့ စားကြောင်ဖားကြီးတွေရဲ့ တွန်းလှဲမှုကိုအလူးအလဲ ခံရတတ်စမြဲပါ..ဒါကို လူထုအနေနဲ့ သတိ၊ ဥာဏ်ပညာ ကိုလက်ကိုင်ထားကြရန် သိကြားမင်းကြီးမှ  နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်..
http://thakyarmingyi.blogspot.com/ ကို နိုင်ငံရေးရာတိုတိုထွာထွာတွေ ရေးဖို့လုပ်ထားတာကြာပါပြီ...ဒါပေမယ့် အဲဒီတုန်းက စစ်အစိုးရရဲ့ ကလေးဆန်မှုတွေကြောင့် မရေးဖြစ်ခဲ့ဘူး..ခု ဒီမိုကရေစီကူးပြောင်းစ အခြေအနေပါ..ဒါပေမယ့် ဒီမိုကရေစီ ကူးပြောင်းစ နိုင်ငံတွေမှာ လူထုအနေနဲ့ စားကြောင်ဖားကြီးတွေရဲ့ တွန်းလှဲမှုကိုအလူးအလဲ ခံရတတ်စမြဲပါ..ဒါကို လူထုအနေနဲ့ သတိ၊ ဥာဏ်ပညာ ကိုလက်ကိုင်ထားကြရန် သိကြားမင်းကြီးမှ  နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်..

Saturday, May 24, 2014

လွမ်းတယ်…..အောင်ဆန်း..၇ယ်
နတ်မောက်…
မင်းဘာမှ ထပ်မလုပ်နဲ့..
ထိန်လင်းကို ငါတို့ဆီ ပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ။
ခင်ကြည်…
ညည်းယောက်ျားကို သေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့ေ၇ွှကလေးတစ်ပဲတစ်မူးတောင်
အမေ့အိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းကစိက်မပျက်စေနဲ့။
ဗိုလ်ထွန်းလှ…
ခင်ဗျာဆ၇ာကိုကြည့်ပြောအုန်း
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိ၇င် မျက်နှာမထားတတ်အောင်
၇ှက်နေ၇ှာအုန်းတော့မယ်။
ဆ၇ာတော် ဦးသောဘိတ…
ဒီတခါကြမ်းတမ်းမိလို့ ဒီကလေးကို မ၇ိုက်ပါနဲ့
၇၇င်၇ မ၇၇င်ချဆိုတာ
ကျွန်တော်တို့အတွက်ပါဘု၇ား။
ဦးဘ၀င်း…
ခင်ဗျားညီအငယ်ဆုံးလေးကို ခွင့်လွှတ်ပေးပါ။
သူပြောခိုင်းတဲ့ ၇ည်းစားစကားပြောပေးလိုက်ပါ
စစ်သားကြီးအသည်းက ဆေး၇ုံပေါ်မှာ ကျန်ခဲ့၇င်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။
၇ဲဘော်ကျော်စိန်…
ခင်ဗျားကားမောင်း၇င်
သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ
ကျွန်တော်တို့ အတိတ်ကြီး၊ပစ္စုပ္ပန်ကြီး၊ အနာဂတ်ကြီး။
ဟေ့လူ…
ပလေဒီယံ၇ုပ်၇ှင်၇ုံမန်နေဂျာ…
သူ့ဟာသူ ငါးမူးတန်းကကြည့်ကြည့်၊
တစ်မတ်တန်းကကြည့်ကြည့် သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။
ဗိုလ်မှူးကြီးဆူဇူကီး…..
တွေ့တယ်မလား..
ခင်ဗျားကို လက်ဆွဲနှုတ်ဆက်၇င်း
ခင်ဗျားကို တိုက်သင့်၇င် တိုက်၇မှာပဲလို့ပြောခဲ့တဲ့
 အညာသားလေးကို၊
အဲ့သတ္တိ အဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြော၇ဲတာတကောင်မှ မရှိဘူး။
အမွိုင်…
မင်းမြေကို သူနင်းလိုက်တော့
တွန့်မသွားဘူးလား
အာရှတိုက်၇ဲ့ကြယ်တစ်လုံးကို
နှစ်လလောက် ထမ်းထားလိုက်၇တာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။
ဦးစော…
ခင်ဗျာကိုမေ့ထားပါ့မယ်
ခွင့်လွှတ်လို့တော့ မ၇သေးဘူး
ဒါပေမယ့်….မပူပါနဲ့။
ဒီနေ့ခေတ်မှာလဲ ခင်ဗျားလိုလူတွေအများကြီး၇ယ်။
မစ္စတာနေရူး…
ခင်ဗျားသူ့ကို
လောင်ကုတ်ကြီးပေးလိုက်တာ
ကျေးဇူးတင်တယ်ဗျာ
အခုကျွန်တော်တို့မှာ
ဒါကြီးခြုံပြီးနွေးနေ၇တာ။
ပဲခူးဆောင်…
ခင်ဗျားအခန်းထဲက
ကြမ်းပိုးတွေ မောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပြစ်လိုက်နဲ့
မခေါက်၇သေးတဲ့အ၀တ်တွေ တန်ပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့
ကျွန်တော်တို့ ဇိမ်နဲ့နေနေ၇တာ။
ညိုညိုစိန်…
ညည်းတစ်သက်လုံး
မင်းသမီးလုပ်လာတာ အနယ်နယ်အ၇ပ်၇ပ်၊
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုးတွေ့ဖူး၇ဲ့လား၊
ကျုပ်မှာ ကာမပိုင်နဲ့ဗျ..တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီဆယ်မယ့်
ညည်းတောင် ကြက်သီးဖြန်းဖြန်းထသွား၇ဲ့ မဟုတ်လား။
ဆာစတက်ဖို့က၇စ်ပ်…
သူခင်ဗျားအင်္ကျီအိတ်ကြီး ပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံသြပါနဲ့။
၃၂ နှစ်နဲ့သေခဲ့တာတောင်
ကျွန်တော်တို့ နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုံး။
ဦးဌေးမြိုင်(သို့)ဒဂုန်တာ၇ာ…
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ
သူက ကြားချင်တယ်ဆို တီးပေးလိုက်ပါဗျ၊
နှလုံးသားမရှိတာမဟုတ်ပါဘူး၊ နှလုံးသားရှိလွန်းလို့ပါ။
ဂျူဗလီဟော…
ကျေးဇူးပြုပြီး
ရွှေတိဂုံဘု၇ားလမ်းဘက် လှည့်မထားပါနဲ့။
ခင်ဗျားကိုမြင်တိုင်း
မျက်၇ည်ဝဲ၇င်း အလေးပြုမိလို့ပါ။
၇ဲဘော်ကလေးတွေ…
စိတ်မကောင်းမဖြစ်နဲ့၊
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေ
လက်မဖွဲ့လို့ စိတ်ဆိုးမယ့် လူစားလား။
ငွေသော်တာေ၇ာင်ခြည်..ဆိုတာ
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။
ပြည်ထဲေ၇းဝန်ကြီး ဦးမြ…
ခင်ဗျား…မှားတယ်..
သူ့ရုံးခန်းရှေ့က တပ်စိပ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့၇မှာ၊
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။
ကိုကျော့မောင်…
သူ့မင်္ဂလာဆောင်မှာ
ရွှေကြိုးသွားတားတော့ ဆွဲယူလွှင့်ပစ်လိုက်တာ
စိက်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံ သင်ယူခဲ့တဲ့
ပညာတွေထဲမှာ
အဲလို အပိုဆာဒါးတွေ မပါဘူး။
မေမြို့….
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့၊
နိုင်ငံေ၇းလောက က ထွက်၇င် ခြံစိုက်မယ်၊
စာေ၇းမယ်ဆိုတဲ့သူ
ကျည်ဆံ ၁၃ တောင့် စိုက်သွားပြီ။

ေ၇းလို့မကုန်အောင် ကျွန်တော်တို့ေ၇းနေပြီ။

Featured Post

ခွေးကိုက်ခံရလျှင်

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။ ၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ...

Popular Posts